Facebook
Mail
Twitter
Youtube
ပင်မစာမျက်နှာ
ထုတ်ပြန်ချက်
ဗီဒီယိုကဏ္ဍ
မြေပုံ
သတင်းလွှာ
SHRF အကြောင်း
Tai/Shan
English
Search
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)
ပင်မစာမျက်နှာ
ထုတ်ပြန်ချက်
ဗီဒီယိုကဏ္ဍ
မြေပုံ
သတင်းလွှာ
SHRF အကြောင်း
Tai/Shan
English
ထုတ်ပြန်ချက်
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး နယ်မြေဒေသ အတွင်း အစိုးရစစ်တပ်က ပိုမိုလှုပ်ရှားခါ မြေမြှပ်မိုင်းထောင်ခြင်း၊ ရွာသားများကို ချောဆွဲ ခြင်းများ လုပ်သည်
December 21, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း စာအမှတ် ( ၁၂ / ၁၇ ) ဒီဇင်ဘာလ ၂၁ ရက်နေ့ ၂၀၁၇ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး နယ်မြေဒေသ အတွင်း အစိုးရစစ်တပ်က ပိုမိုလှုပ်ရှားခါ မြေမြှပ်မိုင်းထောင်ခြင်း၊ ရွာသားများကို ချောဆွဲ ခြင်းများ လုပ်သည်။ ၂၀၁၇ ခုနှစ်...
အစိုးရစစ်တပ် ဖြစ်သော ခမရ ၁၄၇ သည် သီပေါနယ်မြေတွင်း SSPP/SSA ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် တွင် ဒေသခံများကို အတင်းအဓမ္မစေခိုင်းခြင်း၊ အခကြေးငွေမဲ့စွာအစားအသောက်ခြင်း၊ ရွာသားများ၏ ကုန်တင်ကားများကို ချောဆွဲခြင်းများပြုလုပ်
December 4, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံရသတင်း အမှတ်စဉ် (၁၁/၂၀၁၇) ဒီဇင်ဘာလ ၄ ရက်နေ့ ၂၀၁၇ ခု။ အစိုးရစစ်တပ် ဖြစ်သော ခမရ ၁၄၇ သည် သီပေါနယ်မြေတွင်း SSPP/SSA ကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် တွင် ဒေသခံများကို အတင်းအဓမ္မစေခိုင်းခြင်း၊ အခကြေးငွေမဲ့စွာအစားအသောက်ခြင်း၊ ရွာသားများ၏ ကုန်တင်ကားများကို ချောဆွဲခြင်းများပြုလုပ် နိုဝင်ဘာ လ...
လွန်ခဲ့သည့် ၄ လ တွင် တရားမဝင်ဖမ်းဆီးအရေးယူထား သော ဟိုပုံး လယ်သမား ၉ ဦးကိုပြန်လည်အမှုရုပ်သိမ်းပေးရန် တောင်းဆိုခြင်း
November 28, 2017
နိုဝင်ဘာလ ၂၈ ရက်နေ့ ၂၀၁၇ ခု လွန်ခဲ့သည့် ၄ လ တွင် တရားမဝင်ဖမ်းဆီးအရေးယူထား သော ဟိုပုံး လယ်သမား ၉ ဦးကိုပြန်လည်အမှုရုပ်သိမ်းပေးရန် တောင်းဆိုခြင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အဆက်သွယ် ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဇူလိုင်လ ၁၅ နှင့် သြဂုတ်လ ၄ ရက်နေ့...
ရှမ်းတိုင်းရင်းသားရွှေ့ပြောင်းနေထိုင်သူများကိုအထောက်အပံ့ပေးရန်ဦးဇော်ဌေးမှကမ်းလှမ်းခြင်းနှင့်ပတ်သက်၍ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) ၏သတင်းထုတ်ပြန်ချက်
October 31, 2017
၂၀၁၇အောက်တိုဘာ၃၁ရက် ရှမ်းတိုင်းရင်းသားရွှေ့ပြောင်းနေထိုင်သူများကိုအထောက်အပံ့ပေးရန်ဦးဇော်ဌေးမှကမ်းလှမ်းခြင်းနှင့်ပတ်သက်၍ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) ၏သတင်းထုတ်ပြန်ချက် နိုင်ငံတကာမှအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၏စားနပ်ရိက္ခာအကူအညီဖြတ်တောက်ခြင်းခံခဲ့ရသည့်ရွှေ့ပြောင်းနေထိုင်ရသူရှမ်းတိုင်းရင်းသားများအတွက်အကူအညီတောင်းခံလာပါက အစိုးရ၏အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနမှကူညီနိုင်ရန်ပြင်ဆင်ထားကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကသတင်းမီဒီယာများကိုပြောကြားလိုက်သည်ကိုတွေ့ရပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍မြန်မာနိုင်ငံအစိုးရကရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) သို့တိုက်ရိုက်ဆက်သွယ်ခြင်းမရှိပါ။ထို့အပြင်တိုင်းရင်းသားပြည်နယ်များအားလူဦးရေလျော့နည်းအောင်မြန်မာ့တပ်မတော်မှစနစ်တကျဆက်လက်ဆင်နွှဲနေသည့်စစ်ဆင်ရေးအားအာရုံလွှဲပြောင်းစေသည့်အသွင်ဆောင်နေသောကြောင့်အဆိုပါကမ်းလှမ်းမှုမှန်ကန်ခြင်းရှိမရှိသံသယဖြစ်ရပါသည်။ ရွှေ့ပြောင်းနေထိုင်ကြရသည့်ရှမ်းတိုင်းရင်းသားအများစုသည်၁၉၉၆−၁၉၉၈ကာလရှမ်းပြည်နယ်အလယ်ပိုင်းဒေသအတွင်းမြန်မာ့တပ်မတော်ကအကြီးအကျယ်မြေလှန်ဖျက်ဆီးမှုများကြောင့်လူဦးရေသုံးသိန်းထက်မနည်း၎င်းတို့၏အိမ်ယာများကိုစွန့်ပစ်ကာထွက်ပြေးခဲ့ကြရပါသည်။ရွာသားပေါင်းရာနှင့်ချီ၍ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊အသတ်ခံရခြင်း၊အဓမ္မပြုကျင့်ခံရခြင်းများလည်းရှိခဲ့ပါသည်။ကျေးရွာပေါင်း၁၄၀၀ခန့်အတင်းအဓမ္မပြောင်းရွှေ့ခြင်းခံခဲ့ရပြီးအဆိုပါကျေးရွာအများစုသည်နှစ်ပေါင်းနှစ်ဆယ်ကြာယနေ့ထိတိုင်လူသူကင်းမဲ့နေရပါသည်။မြေယာများကိုလည်းမြန်မာ့တပ်မတော်တပ်ဖွဲ့များကသိမ်းယူထားခြင်းကိုခံထားရပါသည်။ ယနေ့အချိန်အခါတွင်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တွင်စစ်အင်အားအကြီးအကျယ်တိုးချဲ့ကာထိုးစစ်ဆင်နေစဉ်အတွင်းမှာပင်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်အလားတူကြောက်မက်ဖွယ်အဖြစ်ဆိုးများနှင့်ကြုံတွေ့ရပါသည်။မြန်မာ့တပ်မတော်သည်လူမျိုးစုများအပေါ်စနစ်တကျရက်စက်စွာတုန့်ပြန်နေဆဲဖြစ်သော်လည်းမည်သို့သောအပြစ်ဒဏ်ခတ်ခြင်းကိုမှခံရခြင်းမရှိပေ။ထို့ကြောင့်ရှမ်းပြည်နယ်နှင့်ထိုင်းနိုင်ငံနယ်စပ်သို့ရောက်ရှိနေသည့်ပြောင်းရွှေ့နေထိုင်ကြရသူရှမ်းတိုင်းရင်းသားအသိုင်းအဝန်းအနေဖြင့်မိမိတို့နေရင်းရပ်ရွာများသို့မပြန်နိုင်ကြသေးခြင်းဖြစ်ပါသည်။ မြန်မာ့တပ်မတော်ကစနစ်တကျဆက်လက်ကျူးလွန်နေသည့်ရာဇဝတ်မှုများနှင့်ပတ်သက်၍မြန်မာနိုင်ငံအစိုးရကနှုတ်ဆိတ်နေချိန်တွင်ရွှေ့ပြောင်းနေထိုင်ကြရသည့်ရှမ်းတိုင်းရင်းသားများအားကူညီမည်ဟူသောကမ်းလှမ်းချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ “မြန်မာအစိုးရကနေပဋိပက္ခတွေကိုနိုင်ငံရေးနည်းအရဖြေရှင်းနိုင်တာကိုပဲကျွန်တော်တို့လိုချင်တာပါ။မြန်မာစစ်တပ်တွေကိုကျွန်တော်တို့ဒေသကနေဆုတ်သွားစေချင်တယ်။စစ်ရေးနဲ့နှိပ်စက်ညှဉ်းပန်းနေတာတွေကိုရပ်စေချင်တယ်။ဒါတွေဖြစ်မလာသေးဘဲနဲ့တော့ကျွန်တော်တို့ရပ်ရွာကိုပြန်ဖို့မဖြစ်နိုင်သေးပါဘူး” ဟုကုန်းကျော်ဒုက္ခသည်စခန်းမှရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) ဥက္ကဋ္ဌဖြစ်သူစိုင်းလျဲန်းကပြောပါသည်။ ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) အနေဖြင့်ယခင်တစ်ခါကထုတ်ပြန်ထားသည့်အရေးပေါ်တောင်းပန်လွှာအတိုင်းရှမ်းတိုင်းရင်းသားရွှေ့ပြောင်းနေထိုင်ရသူများနှင့်ဒုက္ခသည်များမိမိတို့နေရင်းဒေသသို့လုံခြုံမှုရှိရှိ၊ဂုဏ်သိက္ခာရှိရှိဖြင့်မိမိတို့ဆန္ဒအလျောက်ပြန်နိုင်သည့်အချိန်ကာလအထိနိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်တိုက်ရိုက်အကူအညီများကိုဆက်လက်ပေးသွားပါရန်ထပ်လောင်းတောင်းဆိုအပ်ပါသည်။ ရှမ်းပြည်နယ်နှင့်ထိုင်းနိုင်ငံနယ်စပ်ရှိရွှေ့ပြောင်းနေထိုင်သူစခန်းများနှင့်ဒုက္ခသည်စခန်းများတွင်နေထိုင်သူလူဦးရေ၆,၀၀၀ကျော်အတွက်စားနပ်ရိက္ခာအကူအညီများကို နိုင်ငံတကာအလှူရှင်များက၂၀၁၇အောက်တိုဘာလမှစတင်ဖြတ်တောက်လိုက်ပြီဖြစ်ပါသည်။ ဆက်သွယ်ရန်− (၁) စိုင်းလျဲန်း၊ +66 (0) 86 188 9827 (၂) စိုင်းပိန်း၊ +66 (0) 82 181 4891 ရှမ်းဒုက္ခသည်များ၏အခြေအနေနှင့်ပတ်သက်၍ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) ၏အရေးပေါ်တောင်းပန်လွှာနှင့်ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏သတင်းထုတ်ပြန်ချက်များ (၂၀၁၇ဩဂုတ်၃၀ရက်) ကို http://bit.ly/2zZUpREတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ PDF files:>>>
၂၀၁၇ခုနှစ် ဇူလိုင်လ ကုန်မှစ၍ အစိုးရစစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပုံးမြို့နယ်အတွင်း ကင်းလှည့် စဉ် ရိုက်နှက် ခြင်း၊ ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း ၊လူ့အခွင့်အရေးချိုးဖောက်ခြင်း များကို ကျုးလွန်
September 21, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းစာအမှတ်(၁၀/၁၇) စက်တင်ဘာလ၂၁ ရက်နေ့ ၂၀၁၇။ ၂၀၁၇ခုနှစ် ဇူလိုင်လ ကုန်မှစ၍ အစိုးရစစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပုံးမြို့နယ်အတွင်း ကင်းလှည့် စဉ် ရိုက်နှက် ခြင်း၊ ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း ၊လူ့အခွင့်အရေးချိုးဖောက်ခြင်း များကို ကျုးလွန် ၂၀၁၇ခုနှစ် ဇူလိုင်နှင့်သြဂုတ်လ အတွင်း အစိုးရစစ်တပ်ခလရ ၂၄၉ နှင့် ခမရ ၄၂၅...
မိုင်းရယ်မြို ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းအစိုးရစစ်တပ်၏သေနတ်၊ လက်နက်ကြီးဖြင့်မဆင်မခြင်ပစ်ခတ်ခဲ့သောကြာင့် အနီးနားရှိဒေသခံများမိုင်းရယ်မြို့ပေါ်သို့ထွက်ပြေးနေရ- ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး တဦးရိုက်ခံခဲ့ရ
September 14, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းစာအမှတ်(၉/၁၇) စက်တင်ဘာလ ၁၄ ရက်နေ့ ၂၀၁၇ မိုင်းရယ်မြို ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းအစိုးရစစ်တပ်၏သေနတ်၊ လက်နက်ကြီးဖြင့်မဆင်မခြင်ပစ်ခတ်ခဲ့သောကြာင့် အနီးနားရှိဒေသခံများမိုင်းရယ်မြို့ပေါ်သို့ထွက်ပြေးနေရ- ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး တဦးရိုက်ခံခဲ့ရသည်။ စက်တင်ဘာ ၁၀ ရက် မနက် ၈ နာရီတွင် မိုင်းရယ်အခြေစိုက် အစိုးရစစ်တပ် ခမရ ၃၂၅ မှတပ်သား အယောက်...
ထိုးစစ်ဆင်နေသည်အစိုးရစစ်တပ်သည်တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားသော (RCSS/SSA)နှင့်ဟိုပုံးမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီးနောက်အရပ်သားများကိုဖမ်းဆီးနှိပ်စက်ခြင်း ပျောက်ဆုံးခြင်းများဖြစ်ပွား
August 4, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း စာအမှတ် ( ၇ / ၁၇ ) သြဂုတ်လ ၄ ရက်နေ့ ၂၀၁၇ ခု။ ထိုးစစ်ဆင်နေသည်အစိုးရစစ်တပ်သည်တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားသော (RCSS/SSA)နှင့်ဟိုပုံးမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီးနောက်အရပ်သားများကိုဖမ်းဆီးနှိပ်စက်ခြင်း ပျောက်ဆုံးခြင်းများဖြစ်ပွား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့်အစိုးရစစ်တပ်တို့ ဇူလိုင် ၁၄ ရက်နေ့တွင်တို က်ပွဲဖြစ်ပြီးနောက် လက်တုန့်ပြန်သည့် အနေဖြင့်ဇူလိုင်လ ၁၆-၃၀ ရက် ၂၀၁၇...
မကြာသေးမီက အဆုတ်နာ(တီဘီ) ရောဂါဖြစ်ပွားမှု မြင့်တက်လာသောကြောင့် ဒေသခံများက နမ္မ ကျောက်မီး သွေးမှ နှစ်ရှည် လေထုညစ်ညမ်းမှု ကြောင့် ဖြစ်နိုင်ကြောင်းစိုးရိမ်နေ
July 11, 2017
ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ နောက်ဆုံးရသတင်း စာအမှတ် ( ၆ / ၂၀၁၇ ) ဇွန်လိုင်လ ၁၁ ရက် ၂၀၁၇ ခု မကြာသေးမီက အဆုတ်နာ(တီဘီ) ရောဂါဖြစ်ပွားမှု မြင့်တက်လာသောကြောင့် ဒေသခံများက နမ္မ ကျောက်မီး သွေးမှ နှစ်ရှည် လေထုညစ်ညမ်းမှု ကြောင့် ဖြစ်နိုင်ကြောင်းစိုးရိမ်နေ ရှမ်းပြည်နယ်...
အစိုးရစစ်တပ်ကရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA) ကိုမိုင်းပျင်းတွင်တိုက်ခိုက်ခြင်း၊ လူ့အခွင့်အရေးချိုးဖေါက်ခြင်းတို့ကြောင့် ရှမ်းပြည်နယ်တွင် ငြိမ်းချမ်းရေးလုပ်ဆောင်နေသည့်တိုင် ဘဝလုံခြုံမှုမရှိ
July 7, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုုင်မှ နောက်ဆုံးရသတင်းစာအမှတ် ( ၅ / ၂၀၁၇ ) ဇွန်လိုင်လ၇ရက်၂၀၁၇ခု အစိုးရစစ်တပ်ကရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA) ကိုမိုင်းပျင်းတွင်တိုက်ခိုက်ခြင်း၊ လူ့အခွင့်အရေးချိုးဖေါက်ခြင်းတို့ကြောင့်ရှမ်းပြည်နယ်တွင်ငြိမ်းချမ်းရေးလုပ်ဆောင်နေသည့်တိုင်ဘဝလုံခြုံမှုမရှိ မကြာသေးမီ၂၀၁၇ခုဇွန်လ၁၇ရက်နေ့ကရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းပျင်းမြို့နယ်မိုင်းပူးအနီး၌ဖြစ်ပွါးသောရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)နှင့်အစိုးရတပ်တို့တိုက်ပွဲသည်ဤနှစ်ပထမပိုင်း အတွင်းဖြစ်သည့်တိုက်ပွဲများတွင်တွင်နောက်ဆုံးဖြစ်သည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)သည်တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကိုလက်မှတ်ရေးထိုးပြီးငြိမ်းချမ်းရေးဖြစ်စဉ် တွင်တက်ကြွစွာပါဝင်နေသော်လည်းအစိုးရစစ်တပ်တို့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)ကိုတိုက်ခိုက်သည်၊မိုင်းပျင်းတွင်ကင်းလှည့်သည်၊ရှမ်းစစ်သားတို့နှင့်ဆက်စပ်သည်ဆိုကာရွာသားတို့ကိုမတရားဖမ်းဆီးခြင်းနှိပ်စက်ခြင်းများလုပ်နေသည်။ ဤမှတ်တမ်းမှာ၂၀၁၇ခုဖေဖဝါရီမှဧပြီလအတွင်းမိုင်းပျင်းရှိအစိုးရတပ်ခမရ ၂၇၇နှင့်၅၂၇တို့က ဒေသခံရွာသားများအပေါ်ကျူးလွန်သည့်မတရားဖမ်းဆီးမှု၊နှိပ်စက်မှု၊လုယက်မှုတို့ကိုပြုစုထားခြင်းဖြစ်သည်။ ဖြစ်ရပ်တခုမှာသံလွင်မြစ်နှင့်၁၀ကီလိုမီတာဝေးသောကတ်လင်းရွာတွင်ဧပြီလ၂၂ရက်နေ့ကပလောင်ရွာသား၆ယောက်ကိုရိုက်နှက်စစ်ဆေးပြီးသူတို့ကိုကျင်းတူးခိုင်းခါရင်စို့အထိမြေကျင်းတွင်တနာရီခန့်မြုပ်ထားသည်။ရွာလူကြီးအပါအဝင် တခြားရွာသားနှစ်ယောက်ကိုလည်းကြိုးနှင့်သုံးရက်ကြာချည်ထားသည်။ မိုင်းပျင်းမြို့နယ်အနောက်ဖျားသည်သံလွင်မြစ်နှင့်ထိစပ်နေသည်။ မိုင်းတုံရေကာတာကြီး၏ရေလွှမ်းနယ်မြေဖြစ်သည်။ထိုရေကာတာမှာအစိုးရ၊ထိုင်းနှင့်တရုတ်တို့အရင်းအနှီးမြုပ်ထားသည့်ရေကာတာဖြစ်သည်။၂၀၁၇ခုဇွန်၁၈၊ထုတ်ပရာချာချတ်ထူရကစ်စာစောင်တွင်ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ကရင်ပြည်နယ်သံလွင်မြစ်ပေါ်ရှိဟတ်ကြီးရေကာထာမှာအစိုးရနှင့်တိုင်းရင်းသားတို့ကြားပဋိပက္ခကြောင့်နားထားခါမိုင်းတုံရေကာတာကိုဆက်လက်လုပ်ဆောင်မည်ဟုဆိုသည်။ ဤသည်မှာရှမ်းပြည်နယ်တွင်ပဋိပက္ခမရှိသယောင်မှားယွင်းဖေါ်ပြမှုဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသောဖြစ်ရပ်များအရမိန်းတုံရေကာတာနှင့်ရေလွှမ်းမည့်နေရာတို့တွင်တိုက်ပွဲများနှင့်အစိုးရစစ်တပ်မှလူ့အခွင့်အရေးချိုးဖေါက်မှုများ ကျူးလွန်လုပ်ဆောင်နေစဲဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့်ပဋိပက္ခများရှိနေသည့်ကရင်ပြည်နယ်မှရေကာထာစီမံကိန်းကိုပြန်လည်သုံးသပ်သည်မှာအမျှော်အမြင်ကြီးရာရောက်သကဲ့သို့ရှမ်းပြည်နယ်အတွက်လည်းထိုနည်းတူလုပ်ဆောင်သင့်ကြောင်းအကြံပြုအပ်ပါသည်။ လူ့အခွင့်အရေးချိုးဖေါက်မှုများမှတ်တမ်း - ရှမ်းလူ့အခွင့်အရေးမဏ္ဍိုုင် ယောက်ျားနှစ်ဦးမတရားဖမ်းဆီးခံရပြီး၊တစ်ဦးကိုအစိုးရစစ်တပ်ကရိုက်နှက်ခြင်း ဖေဖဝါရီလ၉ရက်၊၂၀၁၇တွင်မိုင်းပျင်းမြို့နယ်မိုင်းမန်းနှင့်မိုင်းပူးအွန်ကြားရှိနားလေနှင့်ပန်ဟိုင်းကျေးရွာအနီးနား RCSS/SSA နှင့်အစိုးရစစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲအပြီးထိုနေ့မှာပင်မိုင်းတုံတပ်ရင်း ၂၂၇မှတပ်သားအယောက်၃၀ခန့် လောက်သည်မိုင်းပူးအွန်ကြောပေါ်တွင်မိုင်းမန်းမှမြင်းဝယ်၍ပြန်လာသောဝမ်ပျက်မှမော်တော်ဆိုင်ကယ်စီးလာသောယောက်ျားနှစ်ဦးနှင့်ဆုံပါသည်။ မြန်မာ့တပ်သားမှထိုလူနှစ်ဦးကိုရပ်ခိုင်းပြီးဖမ်းဆီးကာမိုင်းမန်းကျေးရွာအုပ်စု၏ကောင်းဂတ်ရွာရှိအခြေစိုက်စခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ဖမ်းဆီးချုပ်နှောင်ခံရသောရွာသားနှစ်ဦးမှာလုင်းကွန်းနှင့်ပါကိုတ်၏သားစိုင်းစုအသက်၃၉၊ လုင်းမန်မာ့နှင့်ပါမန်အောင်၏သားစိုင်းဝဏ္ ,အသက်၃၀တို့ဖြစ်ကြသည်။ အစိုးရတပ်မှသေနတ်ဒင်ဖြင့်ရိုက်၍ခေါင်းမှသွေးထွက်ခဲ့ရပါသည်။ သို့သော်ဆေးကုသမှုမရရှိခဲ့။ ဖေဖဝါရီလ၁၂တွင်စိုင်းဝဏ္ဍ၏မိဘနှင့်ဆွေမျိုးတို့မှမိုင်းမန်းရှိအစိုးရစစ်တပ်အခြေစိုက်စခန်းသို့သွားခဲ့ပါသည်။...
ရွာသူရွာသား အယောက် ၆၀၀ သည် သတ္တုတွင်းရပ်တန့်ဖို့ တောတောင်ရေရှည်တည်တံ့စေရန် ဆုတောင်းပွဲကို နမ္မတွင်ဦးစီးကျင်းပ
June 29, 2017
ရှမ်းပြည်တောင်သူလယ်သမားများကွန်ယက် (နမ္မရှမ်းတောင်သူလယ်သမား) မှသတင်းထုတ်ပြန်ချက် ဇွန်လ ၂၉ ရက် ၂၀၁၇ ခု ရွာသူရွာသား အယောက် ၆၀၀ သည် သတ္တုတွင်းရပ်တန့်ဖို့ တောတောင်ရေရှည်တည်တံံံ့စေရန်ဆုတောင်းပွဲကို နမ္မတွင်ဦးစီးကျင်းပ ဇွန်လ ၂၃ ရက် ၂၀၁၇ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို ့နမ္မကျေးရွာအုပ်စု တခြားရွာမှရွာပေါင်း ၃၀ ကျော်မှ ရွာသူ...
1
...
11
12
13
...
18
Page 12 of 18
ထုတ်ပြန်ချက်
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကျောက်မဲ၊ မိုးကုတ်နှင့် နောင်ချိုမြို့ များတွင် အရပ်သား ၈ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရ
July 2, 2025
ဂြိုလ်တုဓာတ်ပုံများက UWSA မြောက်ပိုင်းဒေသ မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှုများ တိုးချဲ့ လာသည် ကို ထုတ်ဖော်ပြသနေ
June 19, 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲ့သည် နေအိမ် အလုံး၄၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးလယ်သမားတစ်ဦးကို လည်လှီး သတ်ဖြတ်ခဲ့
May 20, 2025
ဂြိုလ်တုဓာတ်ပုံများမှ ဖော်ပြနေသော ထိုင်းနယ်စပ်မှ ၂၅ကီလိုမီတာသာ ကွာ၀ေးသော မိုင်းဆတ်မြို့ တောင်ဘက်ရှိ မြေရှားသတ္တုတွင်းများ
May 15, 2025
ဓနုတို့၏အချက်အချာနယ်မြေတွင် စစ်ကောင်စီက ပြင်းထန်စွာပိုမိုပြုလုပ်လာသည့် အစုအပြုံလိုက် ညှဥ်းပန်းနှိပ်စက်မှုများ
April 24, 2025