မကြာသေးမီက အဆုတ်နာ(တီဘီ) ရောဂါဖြစ်ပွားမှု မြင့်တက်လာသောကြောင့် ဒေသခံများက နမ္မ ကျောက်မီး သွေးမှ နှစ်ရှည် လေထုညစ်ညမ်းမှု ကြောင့် ဖြစ်နိုင်ကြောင်းစိုးရိမ်နေ

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ  နောက်ဆုံးရသတင်း စာအမှတ် ( ၆ / ၂၀၁၇ )

ဇွန်လိုင်လ ၁၁ ရက် ၂၀၁၇ ခု

မကြာသေးမီက အဆုတ်နာ(တီဘီ) ရောဂါဖြစ်ပွားမှု မြင့်တက်လာသောကြောင့် ဒေသခံများက နမ္မ ကျောက်မီး သွေးမှ နှစ်ရှည် လေထုညစ်ညမ်းမှု ကြောင့် ဖြစ်နိုင်ကြောင်းစိုးရိမ်နေ

 ရှမ်းပြည်နယ် မြောက်ပိုင်းသီပေါမြို နမ္မ ကျေးရွာတွင်တူးဖော်နေသော ကျောက်မီးသွေးတွင်းကြောင့် မကြာသေးမီ အဆုတ်နာ(တီဘီ) ရောဂါဖြစ်ပွား မြင့်တက်လာသောကြောင့် ဒေသခံများက နမ္မ ကျောက်မီးသွေးမှ နှစ်ရှည် လေထုညစ်ညမ်းမှု ကြောင့် ဖြစ်နိုင်ကြောင်းစိုးရိမ်နေ ကြသည်။ ကျောက်မီးသွေးတူးဖော်ခြင်းကြောင့် ကျန်းမာရေး ပိုမို ထိခိုက်မည် ကိုလဲ စိုးရိမ်ပူပန် နေကြသည်။

၂၀၁၅ ခုနှစ်ကတည်းက ရွာ ၅ ရွာ မှ ဒေသခံ ၁၀ ဦး (ကျား ၈၊ မ ၂) တို့ တီဘီ ရောဂါ ကြောင့် သီပေါမြို့ ရှိဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ထိုဒေသခံများထဲ မှ တစ်ဝက်ခန့် နားကွန်ရွာတွင်ရှိသော နားကွန်ကျောက်မီးသွေးတွင်း နား မှာ နေကြသူများ ဖြစ်သည်။နားကွန်ကျောက်မီးသွေးတွင်း ကို ၂၀၀၄ မှစတင်တူးဖော်ပြီး ၂၀၁၄ တွင် တိုးချဲ့တူး ဖော်လာသည် ကို တွေ့ရသည်။
လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အကြောင်းအရာများ မှာတူးဖော်ခြင်း ကြောင့်ဖြစ်ပေါ်လာသောဖုန်မှုန့်၊ ကျောက်မီးသွေး သိမ်းဆည်းထားခြင်း နှင့်သယ်ယူပို့ဆောင်ခြင်း၊ ကျောက်မီးသွေးများ ပုံထားခြင်း ကြောင့်ဖြစ် ပေါ်သောအနံံ့အသက်နှင့် မီးခိုးငွေ့ များကြောင့် ဖြစ်သည်။ နားကွန်မှရွာသားများက ကျောက်မီးသွေးမှ အနံ့ အသက်ဆိုးကို နေ့ရောညပါ ရှုရှိုက်နေရသည် ဟုပြောလာသည်။
တီဘီရောဂါခံစားနေရသော ဒေသခံများစာရင်း
စဉ် အသက် ကျား/မ 
   ရြာ
ဖြစ်ပွားသည့်နေ့ 
အသေးစိတ်အချက်
၄၅ ကျား နားကွန်နွဲ့ ၂၀၁၇
၃၀ နားကွန် ၂၀၁၇ ရောဂါအခြေနေဆိုးဝါး, သီပေါဆေးရုံတွင်ဆေးကုသမှုခံယူ၊

ကလေး၃ ယောက်ရှိ

၂၃ ကျား ဝမ်လုံ နမ္မ ၂၀၁၆
၁၅ ကျား နားကွန် ၂၀၁၆
၄၁ ကျား နားကွန် ၂၀၁၅
၇၀ ကျား နားကွန် ၂၀၁၅ ဇနီးပြီးခဲ့သောနှစ်လကချောင်းအလွ

န်ဆိုးပြီးသေဆုံး TB ကြောင့်ဟုသံသယရှိ
၅၈ ကျား ပါတက် ၂၀၁၅
၅၁ ကျား နောင်နွေး ၂၀၁၅
၄၃ ကျား နောင်နွေး ၂၀၁၅
၁၀ ၅၅ နားကွန် ၂၀၁၃ ရောဂါဖြစ်ပြီးနောက်ပိုင်းနားကွ

န်မှတစ်ခြား တစ်နေရာသို့ရွှေ့ပြောင်း
တီဘီ  ရောဂါသည် များ သီပေါသို့ တစ်လတစ်ခါ ဆေးစစ်ကုသ မှုခံယူကြရသည်။
အသက် ၇၀ ခန့်ရှိပြီဖြစ်သော တီဘီရောဂါသည် က သူဒီရောဂါ စတင်ဖြစ်ပွားသည့် ၂၀၁၅ မှ၍ စီးပွားရေး ငွေရေးကြေးရေးပြဿနာဖြစ်လာသည်ဟုပြောပြသည်။လယ်သမားဖြစ်ပြီး ပြောင်းဖူးစိုက်ပျိုးသည်။ နေကောင်းစဉ် က တစ်နှစ်ဝင်ငွေ ၃၀၀,၀၀၀ ကျပ် ရရှိသည်။ အခုတော့ နေမကောင်းသည့် အပြင် ကျောက်မီးသွေးတွင်းမှ လေထုညစ်ညမ်းမှု (ဖုန်မှုန့်နှင့် အနံ့အသက်ဆိုး) ကြောင့် တစ်နှစ်ဝင်ငွေ ၅၀,၀၀၀ ကျပ်သာရရှိတော့သည် ဟုသိရသည်။
ထိုသူက ” ကျွန်တော့် ပြောင်းခင်း ၂ ဧက က အဲ့ဒီ ကျောက်မီးသွေးတွင်းနဲ့ ၁၃၀ မီတာလောက်ပဲဝေးတယ်, ကျွန်တော့် ပြောင်းခင်းဆီသွားတိုင်း အနံ့အသက်ဆိုးကိုရှုနေရတယ်, အဲ့ဒီအနံ့ကြောင့်ကျွန်တော် ထမင်းစား လို့တောင်မရဘူး” ဟုပြောသည်။
နေမကောင်းဖြစ်လာသည့် အချိန်မှစ၍ သူသည် တစ်လ မှာ ၃-၄ ရက်လောက် သီပေါဆေးရုံတွင် ဆေးစစ်ကု သမှှုခံယူရကာ  ကြာတော့စီးပွားရေးထိခိုက်လာရသည်။ ဒီနှစ်အစောပိုင်း တွင် သူ၏ ဇနီးနေ မကောင်းဖြစ်ပြီး ချောင်းအလွန်ဆိုးကာ လွန်ခဲ့သည့် နှစ်လတွင် သေဆုံးသွားသည်။ သူ၏ ဇနီးလဲ တီဘီ ရောဂါ ကြောင့်ဟုသံသယ ရှိသော်လည်း ငွေကြေးအလုံအလောက်မရှိသောကြောင့် ဆေးရုံ သို့သွားရောက် မစစ်ဆေး နိုင်ခဲ့ ။
နားကွန် ကျောက်မီးသွေးမှ ထုတ် သောအနံ့ အသက်ဆိုး
တီဘီရောဂါသည်အများစုက၂၀၁၅ တွင်ကူးစက်ခဲ့သည်။ ရွာသားအများစု မှာ ချောင်းဆိုး နေသည်ကိုတွေ့သော ကြောင့် ရွာသူကြီးက သီပေါသို့ဆေးစစ်ကုသမှုခံယူဖို့ စီစဉ်ရသည်။ ထိုမတိုင်ခင်က ရွာသူရွာသားများက ပြည်သူ့ဆေးရုံသို့ ခရီးအကွာအဝေး နှင့်ငွေကြေးအကုန်အကျ အပြင် ဗမာစကား မပြောတတ် သောကြောင့် သွားရောက်ရန်ဝန်လေးကြသည်။ ဆေးရုံရှိ ဝန်ထမ်းအများစုကလည်း ရှမ်းစကားမပြော တတ်သော ကြောင့် ဆက်သွယ်ရာမှာလည်း အခက်အခဲရှိသည်။
ဒေသခံများ က ယခု ၂၀၁၇ တွင် လေထုညစ်ညမ်းမှု ပိုဆိုးလာသည်ဟုပြောသည်။ နမ့်မရှိ ကျောက်မီသွေး တွင်းကို မန္တလေးအခြေစိုက် ငွေရည်ပုလဲကုမ္ပဏီ က ၂၀၀၄ မှ စတင်တူး ဖော်ခဲ့သည်။ တူးဖော်သည့် လုပ်ငန်းခွင်သုံးနေရာမှပိန်းဆိုင်းရှိ ကျောက်မီးသွေးတွင်း ကို ရပ်ဆိုင်းထားသော်လဲ နားကွန်နှင့် ပန်ငါးရှိ ကျောက်မီးသွေးတွင်း ကိုဆက်လက်လုပ် ဆောင်နေပြီး နေ့စဉ်နေ့တိုင်း နောင်ချို နှင့်မန္တလေး ရှိငွေရည်ပုလဲ ဘိလပ်မြေစက်ရုံ နှင့် သကြားစက်ရုံသို့ ပို့ဆောင်နေ သည်ဟုသိရသည်။
ကျောက်မီးသွေး ကား အလုပ်လုပ်နေပုံ
နမ္မ ကျေးရွာအုပ်စုတွင် ကျေးရွာ ၇ ရွာရှိပြီး လူဦးရေ ၁,၅၀၀ ခန့်နေထိုင်ပြီး အသက်မွေးဝမ်းကြောင်းအတွက် လယ်ယာစိုက်ပျိုးခြင်း ကိုသာ အားထားနေရသည်။ ကျောက်မီးသွေးတွင်းကြောင့် လေထုညစ်ညမ်းမှုအပြင် စိုက်ပျိုးမြေဆုံးရှူံးခြင်း၊ ရေစီးရေလာပိတ်ဆို့ခြင်း အပြင် ရေညစ်ညမ်းခြင်း၊ ကျောက်မီးသွေးသယ်လာသော ကားများမဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆတိုက်မှုများ ဖြစ်ရသည်ဟုသိရသည်။ ဒေသခံများ ကတီဘီရောဂါဖြစ်ပွား မှုသည်အသက်ရှုရာတွင်ဖုန့်မှုန့်နှင့် တခြားဓါတုပစ္စည်းများရေရှည်ပါဝင်ခဲ့သောကြောင့် အဆုတ်ကိုထိခိုက်စေသည်။ ကျောက်မီးသွေးတူးဖေါ်မှု၏ ဆိုးကျိုးများ ကြောင့်ဟု စိတ်ပူကြသည်။ ထို့အပြင်ထိ ရောက်သော ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိပေ။
နမ္မ ဒေသခံများသည် ကျောက်မီးသွေးတူးဖော်ခြင်းရပ်တန့်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။၂၀၁၆ခု ဧပြီ လ တွင် ရွာသူရွာသား ၂၅၀ ခန့် က ငွေရည်ပုလဲ ကုမ္ပဏီ မန်နေဂျာနှင့်တွေ့ဆုံခဲ့ပြီး ကျောက်မီးသွေးတူးဖော် ခြင်းကို ရပ်တန့်ရန် နှင့် ပိန်းဆိုင်းရှိ မတူးဖော် တော့သည် ကျောက်မီးသွေးတွင်းဟောင်းကိုလဲ မြေပြန်ဖို့ပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါတွင်းဟောင်းသည် ယခုအခါတွင် အဆိပ်ရေကန် သဖွယ်ဖြစ်ပေါ်နေသည်ဟုသိရသည်။ သို့သော်လဲ မေလ ၂၀၁၆ ထိ လုပ်ဆောင်ခြင်းမရှိသည့်အပြင်တစ်ချိန်ထဲတွင် အစိုးရစစ်တပ် က အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် SSPP/SSA ကို ဝေဟင်မှ ဗုံးများကျဲပြီး ကျောက်မီးသွေးတွင်း၏ တောင်ဘက်မှ နှင်ထုတ်ခဲ့သည်။ ထိုးစစ်ကာလတွင်ရွာသူရွာသားများ နှိပ်စက်ခံရပြီး အသတ်ခံကြရသည်။ ကျောက်မီးသွေးတူး ဖော်ခြင်းကိုလဲ ထိုးစစ်ဆင်ပြီး တပတ်အကြာတွင် အချိန်ပြည့် ပြန်စခဲ့သည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန်         +၆၆:(ဝ) ၆၂-၉၄၁-၉၆၀၀ ( ရှမ်း, အင်္ဂလိပ်)
စိုင်းကွန်းလျောင်း    +၆၆:(ဝ) ၆၅-၀၂၆-၆၁၀၄ (အင်္ဂလိပ် , ဗမာ)

PDF FIles >> Shan Burmese English

ထုတ်ပြန်ချက်