ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး နယ်မြေဒေသ အတွင်း အစိုးရစစ်တပ်က ပိုမိုလှုပ်ရှားခါ မြေမြှပ်မိုင်းထောင်ခြင်း၊ ရွာသားများကို ချောဆွဲ ခြင်းများ လုပ်သည်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း စာအမှတ် ( ၁၂ / ၁၇ )

ဒီဇင်ဘာလ ၂၁ ရက်နေ့ ၂၀၁၇

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး နယ်မြေဒေသ အတွင်း အစိုးရစစ်တပ်က ပိုမိုလှုပ်ရှားခါ မြေမြှပ်မိုင်းထောင်ခြင်း၊ ရွာသားများကို ချောဆွဲ ခြင်းများ လုပ်သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် အပစ်ခတ်ရပ်ဆဲရေးလက်မှတ် ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA ၏ နယ်မြေဖြစ်သော ရှမ်းပြည်နယ်အရှေ့ ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် အစိုးရ စစ်တပ်က  စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသောကြောင့်   ဒီဇင်ဘာ လ ၄ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားသည်။ အစိုးရစစ်တပ် ခလရ ၅၁၉ နှင့် ခလရ ၂၇၈ အင်အား ၁၀၀ ခန့်သည် ရွာ ၃ မှရွာသားများကို သူတို့ ၏ လမ်းပြအဖြစ် အတင်းအဓမ္မ စေခိုင်းသည်။ ဒီဇင်ဘာလ ၁၂ ရက်တွင် ရွာတရွာက ရွာသားများ ကြောက်ရွံ ့ထိပ်လန့်ပြီး ရှောင်ပြေးဖို့ ကြိုးစားရာ ခလရ ၂၇၈ က ရွာကိုပြန်ခိုင်းသည်။ ထို ရွာတစ်ဝိုက်တွင် မြေမြှပ်မိုင်း ထောင်ထားသောကြောင့် ရွာသူရွာ သားများ လယ်ယာမသွားလုပ်ရဲတော့ပေ။

အကြမ်းဖက်ခံရမှုများ  အသေးစိတ်ကို အောက်တွင်ဖော်ပြထားသည်

ခမရ ၂၇၈ နှင့် ခလရ ၅၁၉ အင်အား ၁၀၀ ဖြင့် ရွာ ၃ ရွာမှ ရွာသား ၇ ယောက်ကို လမ်းပြအဖြစ် အတင်းအဓမ္မစေခိုင်းခြင်း

နိုဝင်ဘာလ ၂၉ ရက်နေ့ ၂၀၁၇ ခုတွင် မိုင်းပျဉ်းမြို့နယ် ကျေးရွာအုပ်စုရွေးကောက်ပွဲအကြောင်းကို ဒေသခံ အုပ်ချုပ်ရေး မှူးနှင့် တွေ့ဆုံပြီး နောက်ပိုင်း ဒေသခံ တပ်မှူး ခမရ ၄၃ (ကျိုင်းတုံလက်အောက်ခံ တြိဂံတိုင်း အခြေစိုက် တိုင်းစစ်ဌာနချုပ် ) က အုပ်ချုပ်ရေးမှူးအား ဆင့်ခေါ်သဖြင့် စစ်တပ် ခမရ ၄၃ တည်ရှိရာနေရာသို့ သွားရောက်  တွေ ့ဆုံခဲ့ရသည်။ ရွာအတွင်းရှမ်းတပ် ၏ လုပ်ရှားမှှုကို အစိုးရစစ်တပ် သို့တိုင်ကြားရန် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးများကိုပြောသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ ၂၀၁၇ ခုနှစ် နေ့လည် ၂း၃၀ မိနစ် အချိန်တွင် မိုင်းတုံအခြေစိုက် အစိုးရစစ်တပ် ခလရ ၅၁၉ အင်အား ၅၀ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA တို့ နှင့် မိုင်းပျဉ်းမြို့နယ် မိုင်းပူးအွန် ကျေးရွာအုပ်စု ဟွေနွတ်ရွာ မြောက်ဘက်မိုင်ဝက်နီးပါး အကွာတွင် နာရီဝက် အကြာတိုက်ပွဲဖြစ် ပွားခဲ့သည်။

နောက်တစ်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အစိုးရစစ်တပ်က ဟွေနွတ်ရွာသား ၅ ယောက်ကို ပစ္စည်းသယ်ခိုင်း  ပြီး မိုင်းပျဉ်းနှင့် မိုင်းပူူးအွန်ကြားရှိ ယန်းခမ်းကျေးရွာအုပ်စု ဝမ်နားယန်း ရွာသို့ လမ်းပြ အဖြစ်စေခိုင်းသည်။

ရွာသား ၅ ယောက်မှာ လုင်းနမ်ဆိုင် အသက် ၄၈ နှစ်၊ လုင်းခမ်းဟန် အသက် ၅၅ နှစ်၊ လုင်းဖုန်မ အသက် ၄၅ နှစ် လုင်းကြံငင်း အသက် ၄၇ နှစ် နှင့် အိုက်ကမ် အသက် ၄၅ နှစ်။ အိုက်ကမ်နှင့် လုံးကြံငင်း သည် စစ်တပ်၏ အထုတ်အ ပိုးများကို သယ်ယူပေးရသည်။ ဝမ်ဟွေနွတ်ရွာ သည် တအောန်း လူမျိုးများနေထိုင်ပြီး အိမ်ခြေ ၃၀ နှင့် လူဦးရေ ၁၀၀ ကျော် နေထိုင်သည့်ရွာဖြစ်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့ထဲတွင် မိုုင်းဆတ် အခြေစိုက် အစိုးရစစ်တပ် ခလရ ၂၇၈ အင်အား ၅၀ ခန့်က ဝမ်တာကျင်း ကျေးရွာအုပ်စု မိုင်းပျဉ်းမြို ့နယ် ဝမ်နားဂုတ်ရွာ အသက် ၄၀ အရွယ် ရှိသည့် လုင်းနန္ဒ ကို စစ်သား၏ အထုတ်အပိုးသယ်ယူ ခိုင်းပြီး ဝမ်တာကေကျေးရွာအုပ်စု မိုင် ၅ မိုင် တုံလိုင်းရွာသို့ လမ်းပြခိုင်းသည်။ ၁၆ ကီလိုဂရမ် ရှိ အထုပ်အပိုးကို သယ်ယူ ရပြီး တုံလိုင်းရွာရောက်သည့် ချိန်တွင် ပြန်လည်လွတ်ပေးလိုက်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့ တွင် ဝမ်ယောင် ကျေးရွာမှ အသက် ၄၀ ရှိ ရွာသားလုင်းနော်ကို ဝမ်ယောင်းမှ နမ့်ခတ် ထိ ခလရ ၂၇၈ ကပစ္စည်းနှင့် ရိက္ခါ သယ်ခိုင်းသည်။ ဝမ်နမ့်ခတ်သည် ဝမ်ယောင်၏ အရှေ့ဘက်မိုင် ၁၀ တွင်ကွာဝေးသည်။ ပြန်မလွတ်ခင် အစိုးရတပ်သားနှင့် အတူတစ်ညတာနေခဲ့ ရသည်။

အစိုးရစစ်တပ် ခလရ ၂၇၈ အဖွဲ့သည် ရွာသားများကို ခြိမ်းခြောက်ခြင်းနှင့် တိမ်းရှောင်မှုကိုပိတ်ပင်ခြင်းနှင့် ကျေးရွာ တစ်ဝိုက်တွင် မြေမြှပ်မိုင်းများမြှပ် ထားခြင်းများပြုလုပ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ၂၀၁၇ ခုနှစ်တွင် ခလရ ၂၇၈ သည် ဝမ်ယောင် ရွာမှ ဝမ်နားကုတ် ကျေးရွာသို့ ဦးတည်ပြီး အင်အား ၅၀ ခန့်ဖြင့် ချီတက်လာသည်။ မနက်ပိုင်းအချိန် ၄း ၃၀ မိနစ် မှ ၅း ၃၀ မိနစ်တွင် ရှမ်းစစ်သားကို အိမ်တိုင်းဝင်ရှာသည်။ ဝမ်ယောင်းရွာ ဥက္ကဌ လုင်းငင်းအိမ်တွင် အမဲလို်က်သေနတ်ဟောင်း တစ်လက်ကို တွေ့သဖြင့် ထိုသေနတ်ကို RCSS မှ ပေးထားသည်ဟုစွပ်စွဲသည်။ ဒီအမဲလိုက်သေနတ်သည် စစ်တပ်က ပြည်သူ့စစ်ဆီအပ်ပေးသောကြောင့် သူရှင်းပြမှ ပြီးသွားသည်။

နောက်နေ့မနက် ၈ နာရီခန့်တွင် အစိုးရစစ်တပ်က ရွာတွင်းရှိတစ်အိမ်တစ်ယောက်စီ လုင်းငင်းအိမ်သို့လာ ခိုင်းသည်။

အစည်းအဝေးတွင် အစိုးရစစ်တပ်က ရွာသားများကို ‘နင်တို့ ရှမ်းစစ်တပ်တွေ့လား ?’ ‘သူတို့ဘယ်မှာလဲ ?’ ရွာသားများက ဘာမှ မတွေ့ခဲ့ဘူး၊ သူတို့ဘယ်မှာလဲ မသိဘူးဟု ဖြေသည့် အချိန်တွင် အစိုးရစစ်သားများက ရှမ်းတပ်ဓာတ်ပုံ အဟောင်း တပုံကိုယူထုတ်ပြီး ရွာသားများကို ပြသခဲ့သည်။ ရွာသားများက ဒီတပ် ကိုမသိဘူး၊ ရွာရဲ့ အဝေးမှာရှိမယ်ထင်တ ယ်လို ့ပြောကြသည်။ တပ်မှူးက လုုင်းငင်းဘက်လှည့်သွားပြီး တကယ်လို့များ ဒီတစ်ဝိုက်မှာ ပေါက်ကွဲသံထပ်ကြားရင် လုင်းငင်းကိုဖမ်းမည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့သည်။

အစိုးရစစ်တပ်က လုင်းငင်းကိုခြိမ်းခြောက်သံကြားလိုက်သဖြင့် ရွာသားများကြောက်ရွံ့ ပြီး နေ့လည် ၁း၃၀ မိနှစ်တွင် ရွာသားများ ကား ၄ စီးဖြင့် ဝမ်ဖြစ်ရွာတောင်ဘက်သို့ ၇ မိုင် နှင့် ဝမ်ဖြစ် နှင့် ၃ မိုင်အကွာ လွန့်စိုင်းရွာ သို့စတင်တိမ်းရှောင် လိုက်သည်။ ဝမ်ယောင်းရွာသည် အိမ်ခြေ ၁၇ အိမ်ရှိပြီး ရွာသူရွာသားပေါင်း ၅၀ ခန့် ရှိသည်။

မွန်းလွဲပိုင်း ၄ နာရီ အချိန်တွင် ရွာသားများတိမ်းရှောင်နေသည်ကို အစိုးရစစ်တပ်က တွေ့လိုက်သဖြင့် ရွာတွင်တိမ်းရှောင်ဖို့ပြင်ဆင်နေသော ရွာသားနှစ် ဦး၊ စိုင်းဝါလိန် နှင့် စိုင်းစုနန္ဒာ တို့ကို ‘ဘယ်သူကနင်တို့ကို တိမ်းရှောင်ခိုင်းတာလဲ ? ရှမ်းတပ်တွေလား ဒါမှ မဟုတ် ငါတို့လား?’ ဟုမေးမြန်းသည်။ ရွာသားက ဘယ်သူမှ တိမ်းရှောင်ခိုင်းတာမဟုတ်ဘူး ငါတို့ဟာငါတို့ တိမ်းရှောင်နေတာဟု ပြန်ဖြေသည်။

အစိုးရစစ်တပ်က ရွာသားများကိုရွာပြန်ခိုင်းသည်။ နောက်ထပ် ကားနဲ့ရွာထဲကနေထပ်တိမ်း ရှောင်တာ တွေ့မည်ဆိုပါကရွာသားများကို ဖမ်းမည်ဟုပြောသည်။ တစ်နေ့ထဲတွင် တိမ်းရှောင်နေသောရွာသူရွာသား များ ရွာသို့ပြန်လာခဲ့ရသည်။

ထိုနေ့ကစပြီး ဝမ်ယောင်းကျေးရွာတွင် အစိုးရစစ်တပ်များ မြေမြှပ်မိုင်းမြှပ်နှံနေသည်ကို ရွာသားမှ တပ်အပ်မြင်ခဲ့ သည်။ ရွာ၏တောင်ဘက် တစ်မိုင်ခန့်အကွာတွင် မြေမြှပ်မိုင်းတစ်လုံး နှင့် မြောက်ဘက်ပိုင်းတွင် ၁၂ လုံးမြှပ်ထား သည်။ မြေမြှပ်မို်င်းကြောင့် ရွာသူရွာသားများ လယ်ယာသွားလုပ်ဖို့မရဲတော့ပေ။ မြေမြှပ်မိုင်းကို ပြန်လည်ထုတ် ယူဖို့ရွာသားမျာက တောင်းဆိုကြသည်။

မိုင်းပျဉ်းနယ်မြေတွင်း သွားလာလုပ်ရှားနေသော အစိုးရ တပ်ဖွဲ့

မိုင်းပျဉ်းမြို့နယ်တွင် အစိုးရစစ် တပ်ရင်း ၁၀ ခုမျှ သွားလာလှုပ်ရှားလျက်ရှိသည်။ ခမရ ၄၃ (မိုင်းပျဉ်း အခြေစိုက်)၊ ခမရ ၂၄၆ (ကွန်ဟိန်း)၊ ခမရ ၂၄၇ (နမ့်စန်) ၊ ခမရ (မိုင်းတုံ)၊ ခလရ ၂၇၈ (မိုင်းဆတ် )၊ ခလရ ၃၃၃ ( မိုင်းဆတ်)၊ ခလရ ၃၆၀ (မိုင်းပိုင်း)၊ ခလရ ၅၁၉ ( မိုင်းတုံ )၊ ခလရ ၅၂၇ (မိုင်းဆတ်)နှင့် ခလရ ၅၂၈ (မိုင်းပျဉ်း)။

ဇူလိုင်လ ၂၀၁၇ ထဲတွင် အစိုးရ စစ်တပ် ၂၇၇ ၊ ၅၂၇ နှင့် ပြည်သူ့စစ်များပူးပေါင်းပြီး မိုင်းပျဉ်း ရှိ ကျေးရွာများတွင် ရွာသား များကို ဥပဒေမဲ့စွာ ဖမ်းဆီးနှိပ်စက်ခြင်း၊ လုယက်ခြင်းများ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ အချက်အလက်များစုဆောင်း တင်ပြထားသည်။

RCSS/SSA သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးစာချုပ်ရေးထိုး ထားပြီး အောက်တိုဘာလ ၂၀၁၅ သမတဦးသိန်စိန် လက်ထက်တွင် တစ်နို်င်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကိုချုပ်ဆိုထားသောအဖွဲ့လည်းဖြစ်သည်။ အစိုးရစစ်တပ်မှ တိုက်ပွဲများ ဖြစ်ပွားအောင်လှုံ့ဆော်နေခြင်း နှင့် ပြည်သူလူထု ရွာသူရွာသားများကို အကြမ်းဖက်နှိပ်စက် ခြင်းများပြုလုပ်ခြင်း သည် NCA ငြိမ်းချမ်းရေးစာချုပ် ကိုတိုက်ရိုက်ချိုးဖောက်နေသည်။

ဆက်သွယ်ရန်

Sai Hor Hseng                                    +66: (0) 62- 941-9600        (English, Shan)

Ying Lawnt Lieng                                +66: (0) 63-838-9029         (English, Burmese)

Office                                                    +66: (0) 93-297-7754

PDF files:>>> Shan Burmese English

ထုတ်ပြန်ချက်