ရှမ်းတိုင်းရင်းသားရွှေ့ပြောင်းနေထိုင်သူများကိုအထောက်အပံ့ပေးရန်ဦးဇော်ဌေးမှကမ်းလှမ်းခြင်းနှင့်ပတ်သက်၍ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) ၏သတင်းထုတ်ပြန်ချက်

၂၀၁၇အောက်တိုဘာ၃၁ရက်

ရှမ်းတိုင်းရင်းသားရွှေ့ပြောင်းနေထိုင်သူများကိုအထောက်အပံ့ပေးရန်ဦးဇော်ဌေးမှကမ်းလှမ်းခြင်းနှင့်ပတ်သက်၍ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်သတင်းထုတ်ပြန်ချက်

နိုင်ငံတကာမှအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၏စားနပ်ရိက္ခာအကူအညီဖြတ်တောက်ခြင်းခံခဲ့ရသည့်ရွှေ့ပြောင်းနေထိုင်ရသူရှမ်းတိုင်းရင်းသားများအတွက်အကူအညီတောင်းခံလာပါက  အစိုးရ၏အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနမှကူညီနိုင်ရန်ပြင်ဆင်ထားကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကသတင်းမီဒီယာများကိုပြောကြားလိုက်သည်ကိုတွေ့ရပါသည်။

ဤအကြောင်းအရာနှင့်ပတ်သက်၍မြန်မာနိုင်ငံအစိုးရကရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်သို့တိုက်ရိုက်ဆက်သွယ်ခြင်းမရှိပါ။ထို့အပြင်တိုင်းရင်းသားပြည်နယ်များအားလူဦးရေလျော့နည်းအောင်မြန်မာ့တပ်မတော်မှစနစ်တကျဆက်လက်ဆင်နွှဲနေသည့်စစ်ဆင်ရေးအားအာရုံလွှဲပြောင်းစေသည့်အသွင်ဆောင်နေသောကြောင့်အဆိုပါကမ်းလှမ်းမှုမှန်ကန်ခြင်းရှိမရှိသံသယဖြစ်ရပါသည်။

ရွှေ့ပြောင်းနေထိုင်ကြရသည့်ရှမ်းတိုင်းရင်းသားအများစုသည်၁၉၉၆၁၉၉၈ကာလရှမ်းပြည်နယ်အလယ်ပိုင်းဒေသအတွင်းမြန်မာ့တပ်မတော်ကအကြီးအကျယ်မြေလှန်ဖျက်ဆီးမှုများကြောင့်လူဦးရေသုံးသိန်းထက်မနည်း၎င်းတို့၏အိမ်ယာများကိုစွန့်ပစ်ကာထွက်ပြေးခဲ့ကြရပါသည်။ရွာသားပေါင်းရာနှင့်ချီ၍ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊အသတ်ခံရခြင်း၊အဓမ္မပြုကျင့်ခံရခြင်းများလည်းရှိခဲ့ပါသည်။ကျေးရွာပေါင်း၁၄၀၀ခန့်အတင်းအဓမ္မပြောင်းရွှေ့ခြင်းခံခဲ့ရပြီးအဆိုပါကျေးရွာများစုသည်နှစ်ပေါင်းနှစ်ဆယ်ကြာယနေ့ထိတိုင်လူသူကင်းမဲ့နေရပါသည်။မြေယာများကိုလည်းမြန်မာ့တပ်မတော်တပ်ဖွဲ့များကသိမ်းယူထားခြင်းကိုခံထားရပါသည်။

ယနေ့အချိန်အခါတွင်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တွင်စစ်အင်အားအကြီးအကျယ်တိုးချဲ့ကာထိုးစစ်ဆင်နေစဉ်အတွင်းမှာပင်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်အလားတူကြောက်မက်ဖွယ်အဖြစ်ဆိုးများနှင့်ကြုံတွေ့ရပါသည်။မြန်မာ့တပ်မတော်သည်လူမျိုးစုများအပေါ်စနစ်တကျရက်စက်စွာတုန့်ပြန်နေဆဲဖြစ်သော်လည်းမည်သို့သောအပြစ်ဒဏ်ခတ်ခြင်းကိုမှခံရခြင်းမရှိပေ။ထို့ကြောင့်ရှမ်းပြည်နယ်နှင့်ထိုင်းနိုင်ငံနယ်စပ်သို့ရောက်ရှိနေသည့်ပြောင်းရွှေ့နေထိုင်ကြရသူရှမ်းတိုင်းရင်းသားအသိုင်းအဝန်းအနေဖြင့်မိမိတို့နေရင်းရပ်ရွာများသို့မပြန်နိုင်ကြသေးခြင်းဖြစ်ပါသည်။

မြန်မာ့တပ်မတော်ကစနစ်တကျဆက်လက်ကျူးလွန်နေသည့်ရာဇဝတ်မှုများနှင့်ပတ်သက်၍မြန်မာနိုင်ငံအစိုးရကနှုတ်ဆိတ်နေချိန်တွင်ရွှေ့ပြောင်းနေထိုင်ကြရသည့်ရှမ်းတိုင်းရင်းသားများအားကူညီမည်ဟူသောကမ်းလှမ်းချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

မြန်မာအစိုးရကနေပဋိပက္ခတွေကိုနိုင်ငံရေးနည်းအရဖြေရှင်းနိုင်တာကိုပဲကျွန်တော်တို့လိုချင်တာပါ။မြန်မာစစ်တပ်တွေကိုကျွန်တော်တို့ဒေသကနေဆုတ်သွားစေချင်တယ်။စစ်ရေးနဲ့နှိပ်စက်ညှဉ်းပန်းနေတာတွေကိုရပ်စေချင်တယ်။ဒါတွေဖြစ်မလာသေးဘဲနဲ့တော့ကျွန်တော်တို့ရပ်ရွာကိုပြန်ဖို့မဖြစ်နိုင်သေးပါဘူး” ဟုကုန်းကျော်ဒုက္ခသည်စခန်းမှရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်ဥက္ကဋ္ဌဖြစ်သူစိုင်းလျဲန်းကပြောပါသည်။

ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်အနေဖြင့်ယခင်တစ်ခါကထုတ်ပြန်ထားသည့်အရေးပေါ်တောင်းပန်လွှာအတိုင်းရှမ်းတိုင်းရင်းသားရွှေ့ပြောင်းနေထိုင်ရသူများနှင့်ဒုက္ခသည်များမိမိတို့နေရင်းဒေသသို့လုံခြုံမှုရှိရှိ၊ဂုဏ်သိက္ခာရှိရှိဖြင့်မိမိတို့ဆန္ဒအလျောက်ပြန်နိုင်သည့်အချိန်ကာလအထိနိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်တိုက်ရိုက်အကူအညီများကိုဆက်လက်ပေးသွားပါရန်ထပ်လောင်းတောင်းဆိုအပ်ပါသည်။

ရှမ်းပြည်နယ်နှင့်ထိုင်းနိုင်ငံနယ်စပ်ရှိရွှေ့ပြောင်းနေထိုင်သူစခန်းများနှင့်ဒုက္ခသည်စခန်းများတွင်နေထိုင်သူလူဦးရေ၆,၀၀၀ကျော်အတွက်စားနပ်ရိက္ခာအကူအညီများကို  နိုင်ငံတကာအလှူရှင်များက၂၀၁၇အောက်တိုဘာလမှစတင်ဖြတ်တောက်လိုက်ပြီဖြစ်ပါသည်။

ဆက်သွယ်ရန်

                (စိုင်းလျဲန်း၊          +66 (0) 86 188 9827

                (စိုင်းပိန်း၊             +66 (0) 82 181 4891

ရှမ်းဒုက္ခသည်များ၏အခြေအနေနှင့်ပတ်သက်၍ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်အရေးပေါ်တောင်းပန်လွှာနှင့်ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်သတင်းထုတ်ပြန်ချက်များ (၂၀၁၇ဩဂုတ်၃၀ရက်ကို http://bit.ly/2zZUpREတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

PDF files:>>> Shan Burmese English Thai

ထုတ်ပြန်ချက်