မိုင်းရယ်မြို ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းအစိုးရစစ်တပ်၏သေနတ်၊ လက်နက်ကြီးဖြင့်မဆင်မခြင်ပစ်ခတ်ခဲ့သောကြာင့် အနီးနားရှိဒေသခံများမိုင်းရယ်မြို့ပေါ်သို့ထွက်ပြေးနေရ- ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး တဦးရိုက်ခံခဲ့ရ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းစာအမှတ်(၉/၁၇)

စက်တင်ဘာလ ၁၄ ရက်နေ့ ၂၀၁၇

 

မိုင်းရယ်မြို ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းအစိုးရစစ်တပ်၏သေနတ်၊ လက်နက်ကြီးဖြင့်မဆင်မခြင်ပစ်ခတ်ခဲ့သောကြာင့် အနီးနားရှိဒေသခံများမိုင်းရယ်မြို့ပေါ်သို့ထွက်ပြေးနေရ- ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး တဦးရိုက်ခံခဲ့ရသည်။

စက်တင်ဘာ ၁၀ ရက် မနက် ၈ နာရီတွင် မိုင်းရယ်အခြေစိုက် အစိုးရစစ်တပ် ခမရ ၃၂၅ မှတပ်သား အယောက် ၆၀ ခန့်နှင့် နမ့်ပွန်ပြည်သူ့စစ်တို့ မိုင်ရယ်မြို့အနောက်တောင်ဖက် လွိုင်ယွဲ့ ပါကန်းရွာတွင် ကင်းလှည့်နေချိန် တွင် မြေမြှပ်မိုင်း ပေါက်ကွဲ မှုနှင့်ကြုံခဲ့ရသည်။ ထို့နောက် သူတို့လဲ တွေ့ရာကိုပစ်ခတ်ခဲ့သည်။

လွိုင်ယွဲ့ရှိ အိမ်ခြေ ၅၀၊ ဒေသခံရွာသား ၃၀၀ ခန့်လောက် က သေနတ်သံကြားသည်နှင့်ချက်ချင်း ရွာမှ ကား ၃ စီး နှင့်ထရပ်ကားတို့ဖြင့် နီးစပ်ရာ သို့ထွက်ပြေးခဲ့ရသည်။ နမ့်ပို့ ရွာ ပါကန်းကျေးရွာအုပ်စု (လူဦးရေ ၂၀၀ ခန့်အခြေချနေ ထိုင်သော ရှမ်းကျေးရွာ) သို့အယောက် ၁၀၀ခန့်လောက်က သွားရောက်ခိုလုံခဲ့ပါသည်။ နောက်ထပ်၂၀၀ ဦးကတော့ တောထဲသို့ထွက်ပြေးခဲ့ပြီး လယ်တဲတွင်ခိုလုံနေပါသည်။လွိုင်ယွဲ့သည် လားရှိုး မြို့နယ် မိုင်းရယ်မြို့အနောက်တောင်ဖက် မိုင်၂၀ ခန့်တွင်တည်ရှိပါသည်။

ထိုနေ့မနက် ၉နာရီ ၃၀ခန့်တွင် အစိုးရစစ်တပ် နှင့် လွိုင်ယွဲ့ရှိ လယ်အလုပ်သမား ကိုထမင်းပို့ပြီးပြန်လာသော စိုင်းစံလှ နှင့်ထိပ်တိုက်ဆုံခဲ့ပါသည်။ အစိုးရစစ်တပ်က သူ့ကို အကျၤ ီချွတ်ပြီး ကြိုးဖြင့်လက်နောက်ပြန်ချီကာ လွိုင်ယွဲ့ တောင်ဖက်အ ရပ်သို့ အပါခေါ်ဆောင်သွားခဲ့သည်။ ၁၀ မိနစ်ခန့်အကြာတွင် ရှမ်းစစ်သား၏ခြေရာ ကို တွေ့သောကြောင့် အနီးနားတစ် ဝိုက်တွင် ရှာနေစဉ် ပြောင်ခြံထဲမှ စိုင်းစံကျော်ကို တွေ့သဖြင့် အစိုးရစစ်တပ်မှ “ရှမ်းစစ်သားများကို တွေ့မိလား” ဟုမေးခဲ့သည်။ စိုင်းစံကျော်ကလည်း မတွေ့မိဘူးဟုသာဖြေခဲ့သည်။ တခနအကြာတွင် သေနတ်သံကို ရုတ်တရက်ကြားမိရာ မှ အစိုးရစစ်သား ကလက်သီးဖြင့်ထိုးခဲ့ ရာမှ ဘယ်ဖက်မျက်လုံးဒဏ်ရာ ရခဲ့သည်။ထီု့နောက်” ဘာလို့ငါတို့ကိုလိမ်တာလဲ” ဟုမေးခဲ့သည်။ ထို့နောက် အစိုးရစစ်တပ်မှ သေနတ်ဖြင့် အနီးနားရှိ တွေ့မိတွေ့ရာ ရမ်းပစ်ခတ်ခဲ့ပြီး သူ့ကို ၃း၃၀ မှစ၍ သူတို့ရဲ့ အထုပ်အပိုးကိုစတယ်ခိုင်းခဲ့သည်။

ထို့နောက် တောင်အရပ်သို့ဆက်လက်ခရီးဆက်ခဲ့ပြီး နမ့်ယုံးသို့ညနေ ၄း၀၀ ခန့်တွင် ရောက်ခဲ့သည်။ ကျွဲကျောင်း ပြီးပြန်လာသာ စိုင်းစံကွန်းထံမှ ဝေါ်ကီတော်ကီ တွေ့သဖြင့် သူ့ကိုလဲဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး ကျွဲတွေကိုလဲ ဒီအတိုင်းလွတ်ထားခဲ့သည်။ ရွာသား ၃ ဦးစလုံးကို မိုင်းရယ်၊ ပါကန်းကျေးရွာ နမ့်ပုတ်တွင်တစ်ည အိပ်စေခဲ့သည်။ စိုင်းစံလှနှင့် စိုင်းစံကွန်းကိုတော့ အခြားရွာသားတို့၏ အိမ်တွင် အိပ်ခိုင်းခဲ့ပြီး ကြိုးတော့မတုတ် ထားပေ။ သို့သော် စိုင်းစံကျော် ကိုတော့ ထိုရွာရှိ သက်ကြီးရွာကြီး လုံးရွှေ ၏နွားတင်းကုပ်တွင် ချည်နှောင်ပြီး ထိုနေရာမှာသာ နံနက် ၇ နာရီ ထိအိပ်စေခဲ့သည်။ စက်တင်ဘာ ၁၁ မနက်ခင်းတွင် လုံးရွှေ မှ လာပြီး အာမခံ ပေးသောကြောင့်ပြန် လွတ်ပေးခဲ့သည်။

စက်တင်ဘာ ၉ ၂၀၁၇ အပစ်အခတ်မဖြစ်ပွားခင်မိုင်းရယ်အခြေစိုက် အစိုးရစစ်တပ် ခမရ ၃၂၅ မှတပ်သား အယောက် ၆၀ ခန့်နှင့် နမ့်ပွန်ပြည်သူ့စစ်တို့ပင်ညဘုန်းကြီးကျောင်းတွင် စခန်းစိုက်ခဲ့သည်။

 

ဖမ်းဆီးခံရသောရွာသားများ၏ အချက်အလက်

 

၁။ စိုင်းစံလှ၊ အသက် ၂၉၊ လုံးအော ပါကျာ တို့၏သား၊ ပါကန်းကျေးရွာအုပ်စု လွယ်ယွဲ့၊ မိုင်းရယ်။

၂။စိုင်းစံကျော်၊ အသက် ၃၆၊ လုံးထွန်း ပါကွမ်တို့၏သား၊ ပါကန်းကျေးရွာအုပ်စု နားလန်၊ မိုင်းရယ်။

၃။ စိုင်းစံကွန်း၊ အသက် ၃၂၊ လုံးစံတ ပါမွံ တို့၏သား၊ ပါကန်းကျေးရွာအုပ်စု လွယ်ယွဲ့၊ မိုင်းရယ်။

 

စက်တင်ဘာ ၁၁၊ ၂၀၁၇ တွင် နောင်ကော ခိုင်းဆိမ် အခြေစိုက် ခမရ ၁၄၇ မှတပ်သားအယောက်၃၀ ခန့် က သီပေါမြို့ရှိ ဆောင်ကေး ဖက်မှထွက်လာပြီး ကောဝ်ကုန်းမိတ်(ရွာပျက်) ဖက်သို့အဝင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနီးနား ရွာ မှ ရွာသူရွာသားများ ထိတ်လန့်ခဲ့သည်။

 

ဆက်သွယ်ရန်

 

စိုင်းဟော်ရှဲန် + ၆၆ (ဝ) ၆၂-၉၄၁-၉၆၀၀ ( ရှမ်း၊ အင်္ဂလိပ် )

စိုင်းကွန်းလျောင်း + ၆၆ (ဝ) ၉၄-၆၄၃-၄၂၃၀ ( ဗမာ၊ အင်္ဂလိပ်)

 

PDF FILES >> Shan Burmese English

ထုတ်ပြန်ချက်