၂၀၁၇ခုနှစ် ဇူလိုင်လ ကုန်မှစ၍ အစိုးရစစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပုံးမြို့နယ်အတွင်း ကင်းလှည့် စဉ် ရိုက်နှက် ခြင်း၊ ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း ၊လူ့အခွင့်အရေးချိုးဖောက်ခြင်း များကို ကျုးလွန်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းစာအမှတ်(၁၀/၁၇)

စက်တင်ဘာလ၂၁ ရက်နေ့ ၂၀၁၇။

၂၀၁၇ခုနှစ် ဇူလိုင်လ ကုန်မှစ၍ အစိုးရစစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပုံးမြို့နယ်အတွင်း ကင်းလှည့် စဉ် ရိုက်နှက် ခြင်း၊ ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း ၊လူ့အခွင့်အရေးချိုးဖောက်ခြင်း များကို ကျုးလွန်

၂၀၁၇ခုနှစ် ဇူလိုင်နှင့်သြဂုတ်လ အတွင်း အစိုးရစစ်တပ်ခလရ ၂၄၉ နှင့် ခမရ ၄၂၅ တို့သည် ဟိုပုံးမြို့နယ်အတွင်းရှိ ရွာ၃ရွာထဲသို့ ဝင်ရာက်စီးနင်းခဲ့သည်။ ရွာနှစ်ရွာကို သန်းခေါင်အချိန်တွင် ဝင်သည်။ရွသား၅ဦးကို ရိုက်နှက်ပြီး ၁၆နှစ်အ ရွယ်လူငယ်တစ်ဦး အပါအဝင် ၁၁ ယောက်ကိုဖမ်းဆီးသည်။ ဇူလိုင် ၃၁တွင် ခမရ၄၂၁မှ အပစ်မဲ့ရွာသား တစ်ဦးကို ပစ်သတ်ခဲ့သည်။ စက်တင်ဘာ ၉ တွင် ခမရ ၅၁၄ က ရွာစာရေးကို ဖမ်းဆီး နှိပ်စက်ခဲ့သည်။

ဇူလိုင်မှစက်တင်ဘာလ အထိ အစိုးရစစ်တပ်မှဟိုပုံးမြို့အတွင်း ဖမ်းဆီးနှိပ်ဆက်ညှင်းပန်းသည့်ဖြစ်ရပ်မှတ်တမ်း ကို SHRF မှဖော်ပြထားသည်။

ရက်စွဲ လူ့အခွင့်အရေး ချိုးဖောက်ခံရသော ဒေသခံများ ချိုးဖောက်ခံခဲ့ ရပုံ ဟိုပုံးမြို့နယ်အတွင်း ရှိတည်နေရာ ကျုးလွန်သည့်အစိုးရစစ်တပ်
တပ်သား တပ်

 

အမိန့်တာဝန်

 

၃၁.၇.၂၀၁၇ ၁ဦး ပစ်သတ် ခိုတောင်းမြောက်ဖက် နမ့်ပါချီးရွာအုပ်စု ခမရ ၄၂၁ အမှတ်၇ စစ်ဆင်ရေးကွပ်ကဲမှုဌာန(ဖယ်ခုံ)
၃၁.၇.၂၀၁၇ ၁ဦး ရိုက်နှက်စစ်ဆေးမေးမြန်း နားပုံ ခမရ၄၂၅ အမှတ်၇ စစ်ဆင်ရေးကွပ်ကဲမှုဌာန
၁.၈.၂၀၁၇ ၃ဦး ရိုက်နှက်စစ်ဆေးမေးမြန်း နားပုံ တပ်သား ၄၀ ခလရ၂၄၉ အရှေ့ပိုင်း စစ်ဌာနချုပ် (တောင်ကြီး)
၃.၈.၂၀၁၇ ၉ဦး၊ ၁၆နှစ်အ ရွယ်ကလေး ညသန်းခေါင်အချိန်အတွင်းလတ်ထိပ်ခတ်ပြီး စစ်တပ် ထောင်တွင်ချုပ် နှောင် ကုန်ကုန်း၊ မိုင်းပျဉ်း ရွာအုပ်စု ၃၀ ဦး ခလရ၂၄၉ အရှေ့ပိုင်း စစ်ဌာနချုပ် (တောင်ကြီး)
၄.၈.၂၀၁၇ ၁ဦး ဖမ်းဆီး၊အချုပ်ထည့် မက်လန်း၊လိုင်းဆတ်ကျေးရွာအုပ်စု ၃၀ ဦး ခလရ၂၄၉ အရှေ့ပိုင်း စစ်ဌာနချုပ် (တောင်ကြီး)
၁၀.၉.၂၀၁၇ ၁ဦး သတိလစ်သည်အထိရိုက်နှက်၊ညလုံးပေါက်ကျိုးတုပ် နမ့်ခုတ်ရွာ၊ နားပုံကျေးရွာအုပ်စု ၄၅ ခမရ အမှတ်၂ စစ်ဆင်ရေးကွပ်ကဲမှုဌာန(မိုင်းကိုင်)

 

အထက်ပါလူ့အခွင့်အရေးချိုးဖောက်မှုသည်ဟိုပုံးမြို့နယ်အတွင်း သြဂုတ် ၄၊၂၀၁၇တွင် အစိုးရစစ်တပ်နှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသော RCSS/SSA တို့ တိုက်ပွဲ ဖြစ်ပြီးနောက် ပေါ် ပေါက်ခဲ့ခြင်းဖြစ့သည်။SHRF၏ သြဂုတ်လ ၄၊၂၀၁၇ တွင် ထုတ်ပြန်ချက်အရ အစိုးရစစ်တပ်မှ ဇူလိုင် ၁၆မှ၃၀အတွင်း ဟိုပုံးမြို့နယ်နေရာအနှံအပြား တွင် လူ့အခွင့်အရေး ချိုးဖောက် ခဲ့သည်ကို ဖေါ်ပြထားသည်။ ၁၂နှစ်အရွယ်ကလေးတဦးထံမှ တွေ့သော ဝေါ်ကီတော်ကီ ကြောင့်ဇူလိုင်လ ၁၈တွင် အစိုးရစစ်တပ်မှ ဖမ်းဆီးခဲ့ပြီး သြဂုတ်၁၅ တွင် ပြန်လွတ်ပေးခဲ့သည်။ ၄ပတ်အကြာထိန်းသိမ်းခဲ့သည်။

ဖါလိုင်းအခြေစိုက် ခလရ ၂၄၉မှ သြဂုတ်၂၈နှင့်၃၀ ကြားတွင် စစ်ဆင်ရေးလုပ်ဆောင်ပြီးသည့်နောက်ပိုင်းတွင် ဒေသခံ များ စိုးရိမ်ထိတ်လန့်နေကြသည်။သြဂုတ်၂၆၊၂၀၁၇ တွင် ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုမှ ရွာ၄ရွာ ၏ရွာသူကြီးထံ သို့စစ်ဆင်ရေးလေ့ကျင့်မည့်အကြောင်းကို စာရေးပို့ခဲ့သည်။ ဒေသခံများကို လက်နက်ကြီးတွေပစ်ခတ် မည်ဖြစ်သော ကြောင့် ထိုနေရာနှင့်ဝေးဝေးနေရန် သတိပေးခဲ့သည်။

သြဂုတ် ၃၁နှင့် စက်တင်ဘာ၂၊၂၀၁၇ တွင် ခမရ၂၁၆ မှ ဒေသခံများ၏ ထရပ်ကားကို ချောဆွဲပြီး ရက္ခာသယ်ကာ ဟိုပုံးမြို့နယ်အတွင်းလမ်းပြခိုင်းစေခဲ့သည်။

အစိုးရစစ်တပ်က ဟိုပုံးတွင် ကင်းလှည့်စဉ် လုယက်မှုများကိုလည်းကျူးလွန်သည်။

လူ့အခွင့်အရေးချိုးဖောက်ပုံအသေးစိတ်

ခမရ၄၂၁ မှတပ်သား ရွာသားတဦးကိုပစ်သတ်

ဇူလိုင် ၃၁၊၂၀၁၇ ညနေပိုင်းတွင် စိုင်းစုခမ်း(အသက်၃၇) ခိုတောင်းမြောက်အရပ်ရှိတောင်ပေါ်လမ်းလျောက်နေစဉ် ခမရ ၄၂၁ နှင့်ဆုံမိပြီး ပစ်သတ်ခံခဲ့ရသည်။

ခိုတောင်းရွာမှ ရွာသားများကသေနတ်သံကြားခဲ့သည်။ စိုင်းစုခမ်း အိမ်ကိုပြန်မရောက်လာသောကြောင့် ရွာသားများက အသတ်ခံရပြီဟုသံသယ ရှိသော်လဲ ထိုနေရာသို့သွားမကြည့်ရဲ ခဲ့။

သြဂုတ်လ ၂၈တွင် ရဲသားကစိုင်းစုခမ်း၏မိန်းမကို စိုင်းစုခမ်းထွက်ပြေးလို့ခမရ၄၂၁ မှတပ်သားကပစ်သတ်လိုက် ကြောင်းပြောသည်။ထို နောက်မှရွာသားများက ရုပ်အလောင်းကိုသယ်ယူကာ သဂြိုလ်ပေးခဲ့ရသည်။

စိုင်းစုခမ်းတွင် ကလေး၃ယောက်ရှိသည်။

ခမရ၄၂၅ နှင့်ခလရ၂၄၉မှရွာသား၄ဦးကို စစ်ဆေးရိုက်နှက်

ဇူလိုင် ၃၁၊၂၀၁၇တွင် နားပုံရွာတွင်နေထိုင်သော ထွန်းထွန်း(အသက်၄၄) ရွာ၏မြောက်ဖက်အရပ် တောထဲနွားကျောင်း နေစဉ် ခမရ ၄၂၅မှတပ်သားများ နှင့်ဆုံမိသည်။တပ်သားများကသူ့ကို စိစစ်မေးမြန်း အကြိမ်ကြိမ်ရိုက်နှက်ခဲ့ပြီးမှ ပြန်လွတ်ပေးခဲ့သည်။ဒဏ်ရာကြောင့်အလုပ်၅ရက်မလုပ်နိုင်ခဲ့။

သြဂုတ် ၁၊၂၀၁၇ မနက် ၁၁နာရီခန့်တွင် ခလရ၂၄၉မှ တပ်သားအယောက် ၄၀လောက်က နားပုံရွာထဲသို့လာပြီး အိမ်တွေထဲ အထိဝင်ရှာဖွေကြသည်။ လုံးအာရိယ (အသက် ၅၈) ကသူ၏အိမ်ရှေ့တွင်ထိုင်နေစဉ် ထိုတပ်သားများက RCSS/SSA စစ်သား၏အဖေဟုစွပ်စွဲကာ သားဖြစ်သူကိုမေးပါတော့သည်။လက်သီးဖြင့် ၃ချက်ထိုးပြီး ပြန်လွတ်ပေး ခဲ့သည်။

ထိုစစ်သားများကပင် ခြံမှပြန်လာသောရွာသား၂ဦးကို ရှမ်းစစ်သားများအကြောင်းမေးပြီး ရိုက်နှက်သည်။ နှစ်ယောက် စလုံးကို ကြိုးတုပ်ခေါ်သွားပြီးညနေပိုင်းမှပြန်လွတ်ပေးခဲ့သည်။ထိုနှစ်ယောက်၏အမည်မှာ-

၁.လုံးစံမောင်၊ အသက်၄၇ ၊လုံးကာလင် ပါမွန်းတို့၏သား

၂.စိုင်းကာလိ၊ အသက်၁၉၊ လုံးကျော် ပါစေ တို့၏သား

၁၆နှစ်အရွယ်လူငယ်တစ်ဦးအပါအဝင် ၁၀ယောက်ကိုအစိုးရစစ်တပ် ခလရ ၂၄၉ မှ သန်းခေါင်ချိန်တွင်ဖမ်းဆီး

သြဂုတ် ၃၊ ၂၀၁၇ တွင် အစိုးရစစ်တပ် ခလရ ၂၄၉ မှနားကွန်ရွာ၊မိုင်းပျဉ်း ဟိုပုံးမြို့နယ်တွင် ရွာသား ၁၀ဦးကို သန်းခေါင်ချိန်တွင်ဖမ်းဆီးသည်။

ထိုနေ့မနက်စောစော ၁း၃၀တွင် ဖါလိုင်းအခြေစိုက် ခလရ၂၄၉ မှတပ်သားအယောက် ၃၀ခန့်ကကုန်ကုန်းရွာသို့ ရောက်သည်။ကုန်ကုန်းတွင် အိမ်ခြေ ၆၅ အိမ်ရှိသည်။ကားကိုရွာထဲမှာ ရပ်ပြီး လုံးဝမ်း အိမ်သို့တိုက်ရိုက်သွားကာ ဝိုင်း ထားပြီးတံခါးခေါက်သည်။

လုံးဝမ်းပြီးတံခါးဖွင့်ပေးသည်နှင့်ချက်ချင်း အိမ်ထဲသို့ဝင်ရှာဖွေတော့သည်။ရှမ်းစစ်သားများမတွေ့၍ လုံးဝမ်းနှင့် သူ၏ ၁၆နှစ်အရွယ်သားကိုဖမ်းဆီးခေါ်ဆောင်သွားသည်။ထို့နောက်လုံးလမ်အိမ်သို့သွားကာ လုံးလမ်ကို ဖမ်းဆီးသည်။ ထို့နောက် လုံးကုနအိမ်သို့ထပ်ဝင်ကာ ၄ယောက်(လုံးကုန၊သူ၏သားမက်၂ ယောက်၊အလုပ်သမား) ကိုဖမ်းဆီးခဲ့သည်။ ပါနွဲ့အိမ် ကိုဝင်ကာနောက်ထပ်နှစ်ဦးကိုဖမ်းဆီးခဲ့သည်။ အကုန်လုံးရွာသား၁၀ ယောက်ကို လက်ထိတ်ခတ်ဖ မ်းဆီးသည်။

အစိုးရစစ်တပ်မှဖမ်းဆီးနေစဉ် အိမ်နားတဝိုက်ကိုပါ ဓာတ်ပုံရိုက်နေသည်ကို အခြားဒေသခံများကတွေ့သည်။ ၂း၃၀တွင် စခန်းသို့ရွာသား ၁၀ ယောက်ကိုပါ ခေါ်သွားသည်။

၁၆နှစ်အရွယ်ကလေး၏မိခင်မှ ဆရာမထံပြောကြားရာမှ တပ်သို့ဖုန်းဆက်ပြီး ပြန်လွတ်ရန်ပြောခဲ့သည်။ မနက်၈ နာရီ တွင် ပြန်လွတ်လာပြီး တပ်မှအိမ်သို့လမ်းလျောက်လာခဲ့ရသည်။

ထိုနေမှာပဲ မနက်၉နာရီတွင်ကုန်ကုန်းမှ ရွာသူကြီးနှင့် နောက်ထပ် ၉ ယောက်တို့က ထိုတပ်ထဲသို့ကား၃စီးနှင့်သွားကာ ဖမ်းဆီးခံခဲ့ရသော သူများနှင့်တွေ့ရန်တောင်းဆိုခဲ့သော်လဲ တွေ့ခွင့်မပေးခဲ့။ တပ်မှူးမှ ရွာသူကြီးကိုပြန်ရန်ပြောခဲ့ပြီးလို အပ်ပါကခေါ်မည်ဟုပြောခဲ့သည်။”သူတို့ကိုဘာမှမလုပ်ပါဘူး၊ အထက်အမိန့်အရဖမ်းဆီးရတာပါ” ဟုတပ်မှူးကပြော သည်။

ကား၃စီးအနက် တစ်စီးမှာ လုံးစံစိုင်း၏ကားဖြစ်ပြီး အဖမ်းအဆီးခံရသူတွေထဲမှတစ်ယောက်ဖြစ်သည်။ အစိုးရတပ်သား များကမှတ်မိ၍ ထိုကားကိုထားခဲ့ရန် ပြောသည်။အပြန်တွင် ကားနှစ်စီးသာကျန်သည်။

နောက်နေ့တွင် ရွာသူကြီးနှင့်အခြားရွာသားများနှင့်ထိုတပ်သို့ပြန်လွတ်ဖို့သွားစောင့်နေကြသည်။ ည၁၀နာရီတွင် လုံးစံစိုင်းမှ အပ အခြားသူများကိုပြန်လွတ်ပေးခဲ့သည်။ RCSS/SSA၏တပ်သားဟုစွပ်စွဲခံရသည်။ ပြန်လည်လွတ်မြောက်သောသူတွေက သူတို့ကို ၄-၅ ယောက်တစ်ခန်းထားပြီး အိမ်သာသွားရင်လက်ထိတ် မဖြုတ်ပေး ဘူးဟုပြောသည်။

ဖမ်းဆီးခံရသောရွာသား၁၀ ဦး၏နံမည်-

၁။ လုံးဝမ်း၊ အသက် ၅၀၊ လုံးဝေပန်တ၏သား

၂။စိုင်းနွံမိန်း၊ အသက် ၁၆၊လုံးဝမ်း၏သား

၃။လုံးလမ်၊ အသက် ၄၉

၄။လုံးကုန၊အသက်၅၇၊ လုံးလမ်၏သား

၅။လုံးစံစိုင်း၊အသက် ၄၇၊လုံးဥတ္တမ၏သား လုံးကုန၏သားမက်

၆။စိုင်းနွံ၊အသက် ၂၇၊ လုံးဒေါန ပါလန်၏သား၊ လုံးကုန၏သားမက်

၇။စိုင်းပေါက်၊ အသက်၂၂၊ လုံးစံမတ် ပါတင်၏သား၊ လုံးကုနလယ်လုပ်သား

၈။လုံးအေး၊ အသက်၃၉၊ လုံးမိုင်၏သား

၉။စိုင်းနော်၊အသက် ၁၈၊ လုံးဖြိုး ပါနွဲ့၏သား

၁၀။စိုင်းထွေး၊အသက်၂၈၊ လုံးစန္ဒာ၏သား

အစိုးရစစ်တပ် ခလရ၂၄၉မှ ရွာသားမျာကိုသန်းခေါင်ချိန်တွင်ဖမ်းဆီး

သြဂုတ်၄ ၊ ၂၀၁၇ ညသန်းခေါင်ချိန်တွင်ခလရ၂၄၉ မှတပ်သား၃၀ခန့်သည် ကားနှစ်စီးဖြင့် ဟိုပုံးမြို့နယ် ၊မက်လန်းရွာ လဲဆတ်ကျေးရွာ အုပ်စုသို့ရောက်သည်။ထို့နောက် အိမ်ထဲတွင်သာမကဘုန်းကြီးကျောင်းကိုပါဝင်ရှာဖွေတော့သည်။

သူတို့ကိုယ်ရင်အခန်းထဲဝင်ရှာကာ စိုင်းစံနှင့်စိုင်းခွန်တို့၏သင်တန်းဆင်းလက်မှတ်ကိုတွေ့သည်။ ထိုလက်မှတ်မှာ RCSS/SSA (လွိုင်တိုင်းလျန်း) မှပေးသော ခေါင်းဆောင်မှုသင်တန်းဖြစ်သည်။ထို့နောက်တံဆိပ်မပါသော စစ်ဝတ်စုံ နှင့်ရှမ်းစာအုပ်ကိုတွေ့သည်။

တပ်သားမှ ထိုကိုရင်ရဲ့ရှမ်းစာပေစာအုပ်ကို နိုင်ငံရေး စာပေဟူ၍စွပ်စွဲသည်။ထို့နောက် စိုင်းစံရဲ့ သင်တန်းဆင်း လက်မှတ် ထိုကိုရင်ရဲ့သင်တန်းဆင်းလက်မှတ်ဟုဆိုသေးသည်။ကိုရင်က သင်တန်းဆင်းလက်မှတ်မှာ သူ့ဟာမဟုတ် ကြောင်း ပုံမှာလဲမတူကြောင်းပြောသည်။

ထို့နောက်တပ်သားက ကိုရင်ကို စိုင်းစံရဲ့အိမ်ကိုခေါ်သွားရန် အဓမ္မစေခိုင်းခဲ့သည်။စိုင်းစံရဲ့အိမ်ကိုရောက်တော့ စိုင်းစံ မိန်းမမှ တံခါးလာဖွင့်ကာ စိုင်းစံမရှိဘူးဟုပြောသော်လည်း မယုံ၍ အိမ်အနှံရှာခဲ့သည်။ စိုင်းစံကိုမတွေ့၍ သူ၏မိန်းမနှင့် ကလေးကိုဘုန်းကြီးကျောင်းသို့ခေါ်သွားကာ မေးမြန်းပြန်သည်။

တပ်သားက နောက်ထပ်ရွာဥက္ကဌနှင့် သူကြီးကိုခေါ်ကာ စိုင်းခွန်၏အိမ်ကိုလမ်းပြခိုင်းခဲ့သည်။အိမ်ကိုရောက်တော့ စိုင်းခွန်ကိုတွေ့သဖြင့် ဖမ်းပြီး သူတို့နှင့် ဟိုပုံးမြို့အချုပ်ရဲစခန်းသို့ခေါ်ဆောင်သွားသည်။ကိုရင်၏ ဓါတ်ပုံကို ရိုက်ကာ ကိုယ်ရေးအကျဉ်းပါမေးမြန်းသွားသည်။

စိုင်းခွန်သည် အသက်၃၀ရှိပြီး ကလေး၂ ယောက်ရှိသည်။

အစိုးရစစ်တပ် ခမရ ၂၁၆ ဒေသခံများ၏ကားကိုချောဆွဲ၍ အဓမ္မလမ်းပြခိုင်း

သြဂုတ် ၃၁၊၂၀၁၇ အစိုးရစစ်တပ် ခမရ၂၁၆ မှ တပ်သားအယောက် ၅၀လောက်က ဟိုပုံးမြို့နယ် နားပုံရွာအတွင်း လှည့်ကင်းပတ်နေစဉ် လုင်းဂျန်(အသက် ၅၂) ၏ထရပ် ကားကိုချောဆွဲအသုံးပြုခဲ့သည်။ ကားပေါ်သို့စစ်အသုံး အဆောင်တို့ကိုတင်၍ သူ့ကို ဟိုင်းခိုင်းရွာသို့မောင်းခိုင်းခဲ့သည်။အစိုးရစစ်တပ်ကို တနေကုန်မောင်းပေးနေရပြီး လုပ်အားခ နှင့်ဆီဖိုးကိုမပေးချေ။

ထိုနေ့မှာပင်တပ်သားများက စိုင်းဝါလင်စွေ(အသက်၃၄) ကိုနားပုံမှ ဟိုင်းခိုင်းသို့လမ်းပြခိုင်းသည်။

စက်တင်ဘာ၂၊၂၀၁၇ တွင် ခမရ၂၁၆ ကပင် ဟိုင်းခိုင်းရွာမှ စိုင်းပါရာ(အသက်၂၃)နှင့် စိုင်းပန်တိ(အသက်၂၅)ကို လမ်းပြခိုင်းခဲ့သည်။

အစိုးရစစ်တပ် ခမရ ၅၁၄ မှ ရွာစာရေးကို ကြိုးတုပ်ပြီး နှိပ်ဆက်

စက်တင်ဘာ ၁၀၊၂၀၁၇ တွင် ဗိုလ်မှူးစောဌေးဦးဆောင်သော အစိုးရစစ်တပ် ခမရ ၅၁၄ စစ်ဆင်ရေးကွပ်ကဲမှု ၂ လက်အောက်မှ နမ့်ခုတ်ကျေးရွာ၏ စာရေးကိုကြိုးတုပ်ပြီးရိုက်နှက်ခဲ့သည်။

ထိုနေ့တွင် တောင်ကြီးမှင်ရွာသားတချို့ကနမ့်ခုတ် သို့လာပြီးကျွဲလာဝယ်သည်။ရွာစာရေးစိုင်းပန်မှ အခွန်ကောက်ပြီး မှတ်တမ်းထဲ သို့လက်မှတ်ရေးပေးသည်။ညနေပိုင်း ၆ နာရီတွင် ၃ဦး ကျွဲကိုနမ့်ခုတ်မြောက်ဖက်မှအပြန် ကျွဲတစ်ကာင် ပျောက်နေ၍ ၃ဦးစလုံးသွားရှာနေစဉ် အစိုးရစစ်တပ်နှင့်ဆုံမိသည်။ တပ်သားတဦးက စိုင်းပန်ရေးထားသော စာချုပ်ကို တွေ့သဖြင့် စိုင်းပန်ကိုတွေ့ချင်နေသည်။ ည ၈နာရီတွင် စိုင်းပန်ကိုခေါ်ပြီးစာ ချုပ်အကြောင်းကို မေးမြန်းသည်။စိုင်းပန်မှ ရွာသူကြီး၏ခိုင်းစေမှုအရ အခွန်ကောက်ရကြောင်း ထိုအခွန်မှာလဲ ရပ်ရွာအကျိုးအတွက်ဖြစ်ကြောင်း ရှင်းပြသော်လည်း မယုံသည့်အပြင်မှောင်ခိုဟုစွပ်စွဲသည်။စိုင်းပန်မှလဲ သူမှောင်ခို လုပ်ပါကယခုလိုပင် လာတွေ့မည်မဟုတ်ဘူး ဟုပြောသည်။

စစ်သားများကဒေါသထွက်၍ လက်သီးဖြင်ထိုးခဲ့ပြီး နာရီဝက်လောက်သတိမလည်ဖြစ်ရသည်။ ည ၉နာရီ သတိပြန် လည်လာတော့ ခေါင်းပေါက်နေပြီး ဘုန်းကြီးကျောင်းရှိတိုင် တွင်ကြိုးချည်ထားပြီဖြစ်သည်။ထို့နောက် ဗိုက်ကိုကန်ပြီး ပါးကို အခါခါရိုက်သည်။နောက်နေ့မနက်ထိကြိုးချည်ထားပြီးမနက် ၉း၃၀တွင် ရွာဥက္ကဋ္ဌမှ လာရောက်ရှင်းပြခဲ့သည်။ စက်တင်ဘာ ၁၁၊၂၀၁၇ တွင် ပွန်းပဲ့ဒဏ်ရာ၊ မေးစေ့နှင့်မျက်လုံးများဖူးရောင်ကာ ခေါင်းပေါက် ဒဏ်ရာနှင့်ပြန်လွတ်ခဲ့ သည်။

ဥက္ကဋ္ဌ မှဤအကြောင်းဖြစ်စဉ်ကို ခလရ၂၄၉အခြေစိုက်သော မိုင်းပျဉ်းအထိ သွား၍ဗိုလ်မှူးကို တိုင်တန်းခဲ့သည်။ထိုမှ တောင်ပန်ပြီး ဆေးကုသဖို့အတွက် တစ်သိန်းကျပ် ကိုပေးခဲ့သည်။

စိုင်းပန်တသည် အသက် ၂၄ရှိပြီး စိုင်းလုံးစံတ၊ ပါငွေ တို့၏သားဖြစ်ပြီး ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု နမ့်ခုတ်တွင် နေထိုင်သည်။

နမ့်ခုတ်တွင် အစိုးရစစ်တပ် ခလရ ၂၂၅ နှင့် ၂၄၉ သည် ကား၊ငွေကြေး၊ ရွှေ၊မိုဘိုင်းဖုန်း၊စားစရာများကို လုယူ

ဇူလိုင်၈-၂၁ ၂၀၁၇ တွင်အစိုးရစစ်တပ် ခလရ ၂၂၅နှင့် ၂၄၉ နမ့်ခုတ်တွင် နေစဉ်အတောအတွင်း ရွာသူရွာသား၏ ပစ္စည်း ဥစ္စာကိုလုယူခဲ့ သည်။

၁။လုံးစိတ္တ၊ပါကိ တို့စီမှ ငွေသား၂၆သန်း၊ သန်း၃၀တန်ဖိုးရှိရွှေ၊ ဆီပုံး(၅၀၀၀၀)နှင့်မိုဘိုင်းဖုန်း(၁၄၀ ၀၀၀)တို့ကို လုယူသွားသည်။အိမ်၏တံခါးကိုလဲဖျက်ဆီးသွားသည်။

၂။လုံးစံလူ၊ပါမြနုတို့စီမှ ငွေသား၁၄သန်း၊ဆီပုံး(၅၀ ၀၀၀)၊ဆန်အိတ် ၁၅ အိတ်(၁၂၇ ၅၀၀) နှင့် မိုဘိုင်းဖုန်းနှစ်လုံး (၁၄၀ ၀၀၀) တို့ကိုအဓမ္မ ယူသွားသည်။

၃။လုံးစန္ဒာ၊ပါခမ်း တို့စီမှ ကားတစ်စီး(သိန်း၈၀)၊ ဆန်အိတ်၈အိတ်(၆၈ ၀၀၀)၊ ဆီပုံး၁၀ ပုံး(၅၀၀ ၀၀၀)နှင့် ကင်မရာ(၃၀၀ ၀၀၀)တို့ကိုယူသွားသည်။

၄။ပါမွန်း စီမှ မိုဘိုင်းဖုန်း(၅၀၀ ၀၀၀) ယူသွားသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                 + ၆၆ (ဝ) ၆၂-၉၄၁-၉၆၀၀ ( ရှမ်း၊ အင်္ဂလိပ် )

စိုင်းကွန်းလျောင်း            + ၆၆ (ဝ) ၉၄-၆၄၃-၄၂၃၀ ( ဗမာ၊ အင်္ဂလိပ်)

 

PDF FILES >>  Shan Burmese English

ထုတ်ပြန်ချက်