ရွာသူရွာသား အယောက် ၆၀၀ သည် သတ္တုတွင်းရပ်တန့်ဖို့ တောတောင်ရေရှည်တည်တံ့စေရန် ဆုတောင်းပွဲကို နမ္မတွင်ဦးစီးကျင်းပ

ရှမ်းပြည်တောင်သူလယ်သမားများကွန်ယက် (နမ္မရှမ်းတောင်သူလယ်သမား) မှသတင်းထုတ်ပြန်ချက်

ဇွန်လ ၂၉ ရက် ၂၀၁၇ ခု

ရွာသူရွာသား အယောက် ၆၀၀ သည် သတ္တုတွင်းရပ်တန့်ဖို့ တောတောင်ရေရှည်တည်တံံံ့စေရန်ဆုတောင်းပွဲကို နမ္မတွင်ဦးစီးကျင်းပ

ဇွန်လ ၂၃ ရက် ၂၀၁၇ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို ့နမ္မကျေးရွာအုပ်စု တခြားရွာမှရွာပေါင်း ၃၀ ကျော်မှ ရွာသူ ရွာ သား  ၆၀၀ သည် တောတောင်ရေရှည်တည်တံ့စေရန်အတွက်နှင့် ဒေသအတွင်း  ကျောက်မီး သွေး တူးဖော်နေမှုများ ကို ရပ်တန့်ရန်အတွက် ဘာသာရေးဆုတောင်းပွဲကိုကျင်းပခဲ့သည်။

ဆုုတောင်းပွဲတွင် သံဃာတော် ၁၅ ပါး ဦးဆောင်ပြီး နမ္မကျေးရွာအုပ်စု ၏တောင်သူလယ်သမားများအတွက် အဓိက ဖြစ်သောရေအရင်းအမြစ် ဖြစ်သည့် ဟိုနားဖ တောတောင်ထဲတွင်် ကျင်းပခဲ့သည်။ အခန်းအနားကို မနက်ပိုင်း ၉ နာရီ အချိန်တွင် ကျင်းပရာ တောတောင်တစ်ဝိုက်ကို သံဃာတော်များက ကောင်းချီးမင်္ဂလာ ပေးသည်။

ပြီးနောက် ရွာသူရွာသားများက တောတောင်၊ သဘာဝ ပတ်ဝန်းကျင်ရေရှည်တည်တံ့ရန် အတွက်ဆုတောင်း  ပေးခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း နှင့် အရှေ ့ပိုင်းရှိတောင်သူလယ်သမားများလည်းပါဝင် ဆင်နွှဲသည်။

နမ္မကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်မှ ဒေသခံ ၃၀၀၀ ကျော် သည် ထိုဒေသတစ်ဝိုက်တွင် သတ္တုတူးဖော်မှု ၏ဆိုးကျိူးများကို ဆယ်နှစ်ကျော်ကြာကြုံတွေ့နေရပြီး လယ်ယာမြေများပျက်ဆီးဆုံးရှုံး ခြင်းများ အပါအဝင် ရေမြောင်းများ ပျက်စီးခြင်း နှင့် ဖုန်မှုန့်များဖြင့်ညစ်ညမ်းခြင်းကိုကြုံတွေ ့နေရသည်။

ကျောက်မီးသွေးများကို အများအားဖြင့် နားကွန်ကျေးရွာနားတွင်  မြေကြီးအောက်သို့ အခေါင်းဖောက် တူးယူသည့်နည်းကို အသုံးပြုနေသည်။ ရွာသူရွာသားများက မြေကြီးပေါ်တွင်အက်ကြောင်း များဖြစ်ပေါ် လာသည်ကို မကြာသေးမှီ လ တွင်းက ထိတ်လန့်စွာတွေ ့မြင်ခဲ့ ရသည်။ ဇွန်လ ၂၄ ရက် ၂၀၁၇ သတ္တုတွင်း ၏အနောက်ဘက်ရှိ ပြောင်းစိုက်ခင်းထဲတွင်၂၅ ပေနက်သောတွင်း ကြီးရုတ်တရက်ပေါ်ထွက် လာသည်။ နောက်တစ်နေ့တွင် သတ္တုတွင်းတစ်တွင်းမှ အခိုးငွေ့ များရုတ်တ ရက်စတင်ထွက်လာသည်။

နမ္မထဲရှိ ပိန်းဆိုင်းကျေးရွာတွင် တခြားကျောက်မီးသွေးတွင်းကို ၂၀၁၅ ခုက တူးဖော်မှုရပ်တန့်သွားသော်လည်း တွင်း ထဲသို့မြေများပြန်လည်ဖို့ပေးခြင်းမရှိခဲ့ပါ။ တွင်းအတွင်းရေများဖြင့်ပြည့်နက်နေပြီး မြေကျွံမှုများဖြစ်ပေါ်နေ သည်။

နမ္မရှမ်းတောင်သူလယ်သမားများကွန်ယက်မှ သတ္တုတူးဖော်မှုများလုံးဝရပ်တန့်သွားရန်တောင်းဆိုသည်။

နမ္မရှမ်းတောင်သူလယ်သမားများကွန်ယက်မှ ကောက်နုတ်ထားသော ‘နမ္မတွင်းရှိသတ္တုတူးဖော်မှုချက်ချင်းရပ်’ စာအုပ်ထဲ တွင် သတ္တုတွင််းကြောင့်ထိခိုက်ပျက်ဆီးမှုများ၏ အသေးစိတ်ပါဝင်ရာ(ဒီမှာ) ထဲတွင်ဝင် ရောက်ဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်ရန်

နန်းလောဝ် + ၉၅ (၀) ၉၄၄၈၂၀၈၈၅၈

 

Download PDF files >>> Shan Burmese English

 

ထုတ်ပြန်ချက်