ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲ့သည် နေအိမ် အလုံး၄၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးလယ်သမားတစ်ဦးကို လည်လှီး သတ်ဖြတ်ခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် မေလ ၂၀ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲ့သည် နေအိမ် အလုံး၄၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးလယ်သမားတစ်ဦးကို လည်လှီး သတ်ဖြတ်ခဲ့

၂၀၂၅ခုနှစ်၊ မေလ ဒုတိယအပတ်တွင် ရှမ်း ပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာ၌ ကင်းလှည့်နေသည့် စစ်ကောင်စီ နှင့် ပအို့ဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့ စစ် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ကျေး ရွာ ရှိ နေအိမ် အလုံး ၄၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးလယ်သမားတစ်ဦးကို လည်လှီးသတ်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီသည် လေကြောင်းမှဗုံးကြဲသဖြင့် အနီးနားရှိရွာများမှ ဘုန်းကြီးကျောင်း ၁ကျောင်းနှင့် နေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့သည်။

၂၀၂၅ခုနှစ်၊ မေလ ၆ရက်နေ့မှစ၍ ဒေသခံ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ စစ်ရေး လှုပ် ရှားလျက် ရှိသော ဖယ်ခုံမြို့နယ် နယ်စပ် အနီး၊ ညောင်ရွှေမြို့နယ်တောင်ပိုင်းနှင့် ဆီ ဆိုင် မြို့ နယ် ကြားတွင် စစ်ကောင် စီနှင့် PNO တပ်သား ၂၀၀ ကျော် လာရောက်တပ်ဖြန့် ထားသဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပေါ် လာသည်။

၂၀၂၅ခုနှစ်၊ မေလ ၉ရက်နေ့ နံနက်အစော ပိုင်း တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့သည် စန့်စွဲကျေးရွာသို့ရောက်ရှိလာပြီး နေအိမ်အလုံး ၂၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုနေ့ညနေတွင် စစ်ကောင်စီနှင် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့သည် စန့်စွဲကျေးရွာအပြင်ရှိ ၎င်း၏ တောင်ယာကို စောင့် နေသော လုံကျင်းအမည်ရှိ အသက်၅၄နှစ်အရွယ် လယ်သမားတစ်ဦးကို ဖမ်းဆီးပြီး သူ၏လည်ကို ဓား ဖြင့်လှီးကာ သတ်ဖြတ်ခဲ့သည်။ ထိုတပ်ဖွဲ့ဝင်များသည် အဆိုပါ လယ်သမားပါလာသော ငွေ ကျပ် ၉,၇၀၀,၀၀၀ ကိုလည်း လုယူသွားခဲ့သည်။

မေလ ၁၀ရက်နေ့ နေ့လယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့သည် စန့်စွဲကျေးရွာရှိ နောက်ထပ်နေအိမ် ၁၀လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စန့်စွဲကျေးရွာသည် ညောင်ရွှေမြို့တောင်ဖက် ၆၆ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ လွန်ခဲ့သော ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီနှင့် PNO တပ်သားများသည် ကျေးရွာအတွင်းသို့ ဝင်လာပြီး ရွာသား များ ပိုင်ဆိုင်သည့် ပစ္စည်းများကို လုယက်ကာ ကျေးရွာသားများအားလုံးကို ထွက်ပြေးစေခဲ့သည်။ ထိုအချိန်မှစ၍ ထိုကျေးရွာသည် လူမရှိသလောက် ခေါင်ခိုက်သွားပြီး ရွာနီးနားရှိ မိမိတို့၏ တောင်ယာများကို စောင့်ရှောက် နေသော ရွာသားအနည်းငယ်သာ ရှိတော့သည်။

မေလ ၁၂ရက်နေ့ နေ့လယ် ၁၁နာရီဝန်းကျင်တွင် စန့်စွဲကျေးရွာအနောက်တောင်ဖက် ၉ကီလိုမီတာအကွာရှိ လင်လမ်ကျေးရွာအုပ်စု၊ တောင်ပို့ကွဲကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် တောင်ပို့ကွဲဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

စင်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးသွားသောတောင်ပို့ကွဲရွာဘုန်းတော်ကြီးကျောင်း
စင်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးသွားသောတောင်ပို့ကွဲရွာဘုန်းတော်ကြီးကျောင်း

မေလ ၁၃ရက်နေ့ ညနေ၅နာရီဝန်းကျင်တွင် စန့်စွဲကျေးရွာတောင်ဖက် ၄.၆၈ ကီလိုမီတာအကွာရှိ စန့် လိတ်ကျေးရွာနှင့် စန့်စွဲကျေးရွာ အရှေ့တောင်ဖက် ၇.၆ ကီလိုမီတာ အကွာရှိ နားကုန်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အနည်းဆုံး နေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့သည်။

ထို့နောက် မေလ ၁၃ရက်နေ့ ည ၉:၄၅ နာရီတွင် စစ်ကောင်စီနှင့် PNO တပ်သားများသည် စန့်စွဲကျေးရွာရှိ နောက်ထပ်နေအိမ် ၁၀လုံးကို မီးရှို့ခဲ့သည်။ စန့်စွဲကျေးရွာတွင် မူလက အိမ်ခြေ ၈၀ကျော် ရှိခဲ့သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                 +66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်               +1 825 425 4099         Signal (မြန်မာ)

Download PDF files: Shan Burmese English

ထုတ်ပြန်ချက်