အစိုးရစစ်တပ်ကရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA) ကိုမိုင်းပျင်းတွင်တိုက်ခိုက်ခြင်း၊ လူ့အခွင့်အရေးချိုးဖေါက်ခြင်းတို့ကြောင့် ရှမ်းပြည်နယ်တွင် ငြိမ်းချမ်းရေးလုပ်ဆောင်နေသည့်တိုင် ဘဝလုံခြုံမှုမရှိ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုုင်မှ  နောက်ဆုံးရသတင်းစာအမှတ် ( ၅ / ၂၀၁၇ )

ဇွန်လိုင်လ၇ရက်၂၀၁၇ခု

အစိုးရစစ်တပ်ကရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA) ကိုမိုင်းပျင်းတွင်တိုက်ခိုက်ခြင်း၊ လူ့အခွင့်အရေးချိုးဖေါက်ခြင်းတို့ကြောင့်ရှမ်းပြည်နယ်တွင်ငြိမ်းချမ်းရေးလုပ်ဆောင်နေသည့်တိုင်ဘဝလုံခြုံမှုမရှိ

မကြာသေးမီ၂၀၁၇ခုဇွန်လ၁၇ရက်နေ့ကရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းပျင်းမြို့နယ်မိုင်းပူးအနီး၌ဖြစ်ပွါးသောရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)နှင့်အစိုးရတပ်တို့တိုက်ပွဲသည်ဤနှစ်ပထမပိုင်း အတွင်းဖြစ်သည့်တိုက်ပွဲများတွင်တွင်နောက်ဆုံးဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)သည်တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကိုလက်မှတ်ရေးထိုးပြီးငြိမ်းချမ်းရေးဖြစ်စဉ် တွင်တက်ကြွစွာပါဝင်နေသော်လည်းအစိုးရစစ်တပ်တို့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် (RCSS/SSA)ကိုတိုက်ခိုက်သည်၊မိုင်းပျင်းတွင်ကင်းလှည့်သည်၊ရှမ်းစစ်သားတို့နှင့်ဆက်စပ်သည်ဆိုကာရွာသားတို့ကိုမတရားဖမ်းဆီးခြင်းနှိပ်စက်ခြင်းများလုပ်နေသည်။ ဤမှတ်တမ်းမှာ၂၀၁၇ခုဖေဖဝါရီမှဧပြီလအတွင်းမိုင်းပျင်းရှိအစိုးရတပ်ခမရ  ၂၇၇နှင့်၅၂၇တို့က ဒေသခံရွာသားများအပေါ်ကျူးလွန်သည့်မတရားဖမ်းဆီးမှု၊နှိပ်စက်မှု၊လုယက်မှုတို့ကိုပြုစုထားခြင်းဖြစ်သည်။

ဖြစ်ရပ်တခုမှာသံလွင်မြစ်နှင့်၁၀ကီလိုမီတာဝေးသောကတ်လင်းရွာတွင်ဧပြီလ၂၂ရက်နေ့ကပလောင်ရွာသား၆ယောက်ကိုရိုက်နှက်စစ်ဆေးပြီးသူတို့ကိုကျင်းတူးခိုင်းခါရင်စို့အထိမြေကျင်းတွင်တနာရီခန့်မြုပ်ထားသည်။ရွာလူကြီးအပါအဝင် တခြားရွာသားနှစ်ယောက်ကိုလည်းကြိုးနှင့်သုံးရက်ကြာချည်ထားသည်။ မိုင်းပျင်းမြို့နယ်အနောက်ဖျားသည်သံလွင်မြစ်နှင့်ထိစပ်နေသည်။ မိုင်းတုံရေကာတာကြီး၏ရေလွှမ်းနယ်မြေဖြစ်သည်။ထိုရေကာတာမှာအစိုးရ၊ထိုင်းနှင့်တရုတ်တို့အရင်းအနှီးမြုပ်ထားသည့်ရေကာတာဖြစ်သည်။၂၀၁၇ခုဇွန်၁၈၊ထုတ်ပရာချာချတ်ထူရကစ်စာစောင်တွင်ထိုင်းစွမ်းအင်ဝန်ကြီးဌာနက ကရင်ပြည်နယ်သံလွင်မြစ်ပေါ်ရှိဟတ်ကြီးရေကာထာမှာအစိုးရနှင့်တိုင်းရင်းသားတို့ကြားပဋိပက္ခကြောင့်နားထားခါမိုင်းတုံရေကာတာကိုဆက်လက်လုပ်ဆောင်မည်ဟုဆိုသည်။ ဤသည်မှာရှမ်းပြည်နယ်တွင်ပဋိပက္ခမရှိသယောင်မှားယွင်းဖေါ်ပြမှုဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသောဖြစ်ရပ်များအရမိန်းတုံရေကာတာနှင့်ရေလွှမ်းမည့်နေရာတို့တွင်တိုက်ပွဲများနှင့်အစိုးရစစ်တပ်မှလူ့အခွင့်အရေးချိုးဖေါက်မှုများ ကျူးလွန်လုပ်ဆောင်နေစဲဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့်ပဋိပက္ခများရှိနေသည့်ကရင်ပြည်နယ်မှရေကာထာစီမံကိန်းကိုပြန်လည်သုံးသပ်သည်မှာအမျှော်အမြင်ကြီးရာရောက်သကဲ့သို့ရှမ်းပြည်နယ်အတွက်လည်းထိုနည်းတူလုပ်ဆောင်သင့်ကြောင်းအကြံပြုအပ်ပါသည်။

လူ့အခွင့်အရေးချိုးဖေါက်မှုများမှတ်တမ်း –  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုုင်

ယောက်ျားနှစ်ဦးမတရားဖမ်းဆီးခံရပြီး၊တစ်ဦးကိုအစိုးရစစ်တပ်ကရိုက်နှက်ခြင်း

ဖေဖဝါရီလ၉ရက်၊၂၀၁၇တွင်မိုင်းပျင်းမြို့နယ်မိုင်းမန်းနှင့်မိုင်းပူးအွန်ကြားရှိနားလေနှင့်ပန်ဟိုင်းကျေးရွာအနီးနား RCSS/SSA နှင့်အစိုးရစစ်တပ်အကြားတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲအပြီးထိုနေ့မှာပင်မိုင်းတုံတပ်ရင်း ၂၂၇မှတပ်သားအယောက်၃၀ခန့် လောက်သည်မိုင်းပူးအွန်ကြောပေါ်တွင်မိုင်းမန်းမှမြင်းဝယ်၍ပြန်လာသောဝမ်ပျက်မှမော်တော်ဆိုင်ကယ်စီးလာသောယောက်ျားနှစ်ဦးနှင့်ဆုံပါသည်။ မြန်မာ့တပ်သားမှထိုလူနှစ်ဦးကိုရပ်ခိုင်းပြီးဖမ်းဆီးကာမိုင်းမန်းကျေးရွာအုပ်စု၏ကောင်းဂတ်ရွာရှိအခြေစိုက်စခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ဖမ်းဆီးချုပ်နှောင်ခံရသောရွာသားနှစ်ဦးမှာလုင်းကွန်းနှင့်ပါကိုတ်၏သားစိုင်းစုအသက်၃၉၊ လုင်းမန်မာ့နှင့်ပါမန်အောင်၏သားစိုင်းဝဏ္ ,အသက်၃၀တို့ဖြစ်ကြသည်။ အစိုးရတပ်မှသေနတ်ဒင်ဖြင့်ရိုက်၍ခေါင်းမှသွေးထွက်ခဲ့ရပါသည်။ သို့သော်ဆေးကုသမှုမရရှိခဲ့။ ဖေဖဝါရီလ၁၂တွင်စိုင်းဝဏ္ဍ၏မိဘနှင့်ဆွေမျိုးတို့မှမိုင်းမန်းရှိအစိုးရစစ်တပ်အခြေစိုက်စခန်းသို့သွားခဲ့ပါသည်။ သားဖြစ်သူ၏ရိုက်နက်ခံရသောဒဏ်ရာကိုတွေ့ကာစိုင်းဝဏ္ဍ၏အမေကွယ်လွန်ခဲ့သည်။ ထို့နောက်စိုင်းဝဏ္ဍကိုအစိုးရစစ်တပ်မှထိုနေ့တွင်ပြန်လွတ်ပေးခဲ့ပြီးနောက်နှစ်ရက်အကြာတွင်စိုင်းဆုကိုလွတ်ပေးခဲ့သည်။ နှစ်ဦးစလုံးစိတ်ဒဏ်ရာရရှိခဲ့ပြီးထိုအဖြစ်အပျက်နောက်ပိုင်းတခြားလူနှင့်တွေ့ဆုံစကားမပြောရဲတော့ပါ။

ငွေနှင့်ပစ္စည်းများကိုအစိုးရစစ်တပ်မှလုယက်

မတ်လ၁၉၊၂၀၁၇တွင်စစ်ဆင်ရေးကွပ်ကဲရေး (MOC14) လက်အောက်ရှိမိုင်းဆတ်အခြေစိုက်အစိုခြေလျင်တပ်၅၂၇နှင့်မိုင်းမန်းရှိလားဟူပြည်သူ့စစ်များမှအယောက်၄၀ခန့်ကကား၃စီးဖြင့် မိုင်းမားဖက်မှလာကာခမ်းပတ်ရွာမိုင်းပူးအွန်ကျေးရွာအုပ်စု မိုင်းပျင်းမြို့နယ်သို့လာခဲ့ပါသည်။နောက်တစ်ရက်မတ်လ၂၀တွင်ထိုအစိုးရစစ်တပ်သားများကခမ်းပတ်ရွာအတွင်းလှည့်လည်ကာရွာသူရွာသားများ၏ပစ္စည်းများကိုလုယက်ခဲ့ပါသည်။ ဆုံးရှုံးသောရွာသူရွာသားများ၏ပစ္စည်းများမှာ

၁။လုံးအိန်းစံ, အသက်၃၉နှင့်ပါယွန်းအသက်၃၉တိုမှဖုန်းတစ်လုံး၊တန်ဖိုး၇၅၀၀ကျပ်ရှိသောဓားနှင့်ငွေသား၃၀၀,၀၀၀ကျပ်ဆုံးရှုံးခဲ့ပါသည်။

၂။လုံးမဟာအသက် ၄၇ နှင့်ပါအောင်အသက် ၅၂ တို့မှ ၆၀,၀၀၀ ကျပ်နှင့်ညီမျှသောဆန်အိတ်၅အိတ်၊ဆိုလာပြားတစ်ချပ်တန်ဖိုး၅၀၀၀၀ကျပ်၊ ဘက်ထရီ ၂၈,၀၀၀ကျပ်တန်တစ်လုံး၊ဓားတစ်လက်၁၅,၀၀၀နှင့်ကြက်တစ်ကောင်တန်ဖိုး၇,၀၀၀ကျပ်တို့ဆုံးရှုံးခဲ့ပါသည်။

တအာန်းရွာသူရွာသား၆ဦးကိုရိုက်နှက်ပြီးကိုယ်တစ်ဝက်မြေမြှပ်ခံရ၊ရွာသူကြီးနှင့်ရွာသားတစ်ဦးကိုရှမ်းစစ်သားများနှင့်အဆက်အသွယ်ရှိသည်ဟူသောစွပ်စွဲချက်ဖြင့်ဖမ်းဆီး

ဧပြီ၂၂၊၂၀၁၇တွင်အစိုးရစစ်တပ်ရင်း၂၄၇မှတပ်သားအယောက်၂၀ ခန့်ကရွာသူရွာသား၆ယောက်ကိုနိပ်စက်ညှင်းပန်းခဲ့ပြီးနှစ်ဦးကိုဖမ်းဆီးသည့်အပြင်ကတ်လင်းရွာစံမောင်းကျေးရွာအုပ်စုမိုင်းပျင်းမြို့နယ်မှ တအာန်းရွာသူကြီး အပါအဝင်ဒေသခံတစ်ဦးကိုပါဖမ်းဆီးခဲ့သည်။ထိုနေ့နေ့လည်တွင်အစိုးရစစ်သားများသည်ကတ်လင်းရွာထဲသို့သွားကာတစ်အိမ်လျင်တစ်ဦးကျကတ်လင်းဘုန်းကြီးကျောင်းသို့စုဝေးရန်ဆင့်ခေါ်ခဲ့သည်။  (ကတ်လင်းတွင်အိမ်ခြေ၃၀ရှိသည်။)

ကတ်လင်းဘုန်းကြီးကျောင်း

တပ်သားများကဘုန်းကြီးကျောင်းသို့လာရောက်စုဝေးနေသောဒေသခံများကိုရှမ်းစစ်သားအကြောင်းတဦးချင်းစီမေးမြန်းပါသည်။အချို့သောဒေသခံမကျားကဗမာစကား ကောင်းကောင်းနားမလည်သောကြောင့်မေးခွန်းများကိုမဖြေနိုင်ခဲ့ပါ။ ထို့နောက်ဒေသခံ၆ဦးကိုနှိပ်စက်ခဲ့ပြီးတစ်ဦးချင်းဆီကိုဘုန်းကြီးကျောင်းအနောက်ဘက်ရှိပြောင်းဖူးခြံထဲတွင်၅ပေခန့်အကျယ်၊တစ်ပေခန့်အနက်ကိုကျင်းတူးခိုင်းပါသည်။ ထို့နောက်ထို၆ဦးစလုံးကိုကျင်းထဲအတင်းအဓမ္မဆင်းနေခိုင်းကာမြေကြီးဖြင့်ရင်ဘတ်အထိဖို့ပြီး တစ်နာရီခန့်နေခိုင်းပါသည်။ပြီးနောက်ကျင်းထဲမှထွက်လာခိုင်းကာ”မင်းတို့သေမဲ့စာရင်းထဲမှာပါသွားပြီ”ဟုပြောခဲ့သည်။

ထို၆ဦးထဲမှတစ်ဦး(ပေါပရိုင်အသက်၃၀)ကိုအစိုးရတပ်သား၅၆ယောက်တို့မှမေးခွန်းမေးနေစဉ်ရိုက်နှက်ကြသည်။ နဖူး၊ဘယ်ဖက်မျက်လုံးနှင့်နှာခေါင်းတို့ထိခိုက်သည်။မျက်လုံးပွန်းပဲ့သွားခါနှာခေါင်းမှသွေးထွက်သည်အထိထုရိုက်ခဲ့ပါသည်။ ထိုဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်းပေါပရိုင်ကရွာထဲမနေရဲတော့ပဲကတ်လေရွာရှိအမေအိမ်သို့သွားနေခဲ့သည်။ကတ်လေရွာသည်နမ့်ဆန့်နှင့်မိုးနဲမြို့နယ်ကြားတွင်ရှိပြီး ကားဖြင့်၇နာရီခန့်စီးရသည်။ ပါပရိုင်သည်တစ်ပတ်ခန့်ဘာမမစားနိုင်ပဲတစ်ကိုယ်လုံးတုန်ယင်နေခဲ့သည်။ ထို့အနောက်သူ့အမေကဝိဉာဉ်ခေါ်ပေးမှပုံမှန်အတိုင်းပြန်ဖြစ်လာသည်ဟုသိရသည်။အစိုးရစစ်တပ်ကဘာမှအကူအညီမပေးပေ။

ပေါပရိုင်နေအိမ်

ပေါပရိုင်မေးခွန်းမေးမြန်းခံရစဉ်အစိုးရစစ်သားမှအခြားရွာသားစိုင်းစိန်စန်၏ဓာတ်ပုံကိုထုတ်ပြခဲ့ပြီးရှမ်းစစ်သားဟုတ်မဟုတ်မေးခဲ့သည်။ ဗမာစကားကောင်းကောင်းနားမလည်သောကြောင့်ဟုတ်တယ်ဟုဖြေကြားမိကာစိုင်းစိန်စန်မှာ ရှမ်းစစ်သားနှင့်အဆက်အသွယ်ရှိသည်ဟုအကြောင်းပြချက်ဖြင့်ဖမ်းဆီးခဲ့သည်။ ထို့နောက်စိုင်းစိန်စန်ကိုရွာသူကြီးလုင်းစံရွှေနှင့်အတူဖမ်းဆီးခဲ့သည်။လက်ကိုနောက်ပြန်ကြိုးတုပ်ထားပြီးဘုန်းကြီးကျောင်းအေနာက်ဖက်တွင်၃ရက်ကြာထားခဲ့သည်။ ဒေသခံများကလုင်းစံရွှေ၏နမ့်စံမှဗမာစကားကောင်း ကောင်းနားလည်သောအမျိုးထံဖုန်းဆက်အကူအညီတောင်းခဲ့သည်။ထိုလူကသူတို့နှစ်ဦးမှာ RCSS စစ်သားများမဟုတ်ဘူးဟုရှင်းပြမှပြန်လွတ်ပေးခဲ့သည်။

ဖမ်းဆီးခံရသောရွာသားနှစ်ဦး၏ကအချက်အလက်

၁။ရွာသူကြီးလုံးဆမ်ရွှေ၊အသက်၄၀သည်ပေါမင်နှင့်မေမင်တို့၏သားဖြစ်သည်။ ရှမ်းစစ်တပ်ကိုရွာအပြင်ဘက်မှာတပ်စွဲရန်ခေါ်ဆိုခဲ့သည်ဟုစွပ်စွဲခံရ

၂။စိုင်းစိမ်းဆန်၊အသက်၃၀သည်ကတ်လင်းလုင်းကျန်စံနှင့်ပါကျန်စံတို့၏သားဖြစ်သည်ရှမ်းစစ်သားနှင့်ပတ်သက်သည်ဟုစွပ်စွဲခံရ

ဆက်သွယ်ရန်လိပ်စာ

စိုင်းဟော်ရှဲန်               +၆၆ (ဝ) ၆၂-၉၄၁-၉၆၀၀   (ရှမ်း၊အင်္ဂလိပ်)

စိုင်းကွန်းလောဝ်း          +၆၆ (ဝ) ၆၅-၀၂၆-၆၁၀၄ ( ဗမာ၊အင်္ဂလိပ်)

နန်းလွန့်လှိုင်း              +၆၆ (ဝ) ၆၃-၈၃၈-၉၀၂၉ ( ဗမာ၊အင်္ဂလိပ်)

နန်းစံတောင်း              + ၆၆ (ဝ) ၈၁-၆၀၃-၆၆၅၅ (ရှမ်း၊အင်္ဂလိပ်၊ထိုင်း)

 

PDF Files >> Shan Burmese English Thai

ထုတ်ပြန်ချက်