ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ထုတ်ပြန် ကြေညာချက်
၁၅ ရက် မေလ ၂၀၂၅
ဂြိုလ်တုဓာတ်ပုံများမှ ဖော်ပြနေသော ထိုင်းနယ်စပ်မှ ၂၅ကီလိုမီတာသာ ကွာ၀ေးသော မိုင်းဆတ်မြို့ တောင်ဘက်ရှိ မြေရှားသတ္တုတွင်းများ
ဂြိုလ်တုဓာတ်ပုံများက ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလို မီတာသာ ကွာ၀ေးသော မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသရှိ မြေရှား သတ္တုတွင်း ၂ ခု၏ ပုံရိပ်များကို ထင် ရှားစွာ ပြသနေသည်။ ၄င်းကအဆိုပါ မြေရှား သတ္တုတွင်းများမှ စွန့်ပစ် ပစ္စည်းများသည် နမ့်ခုတ်မြစ် အတွင်း သို့ စီး၀င်သော ရေအရင်းအမြစ်များကို ညစ်ညမ်းစေပြီး နယ်စပ်နှစ်ဘက်လုံးရှိ မြစ်အောက်ပိုင်းတွင် နေထိုင်သော ဒေသခံပြည်သူ တစ်သန်းကျော်၏ ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက် လာမည်ကိုစိုး ရိမ်ဖွယ်ရာဖြစ်နေသည်။


ဂြိုလ်တုဓာတ်ပုံများမှ ဖော်ပြသောပုံရိပ်များအရ အဆိုပါ သတ္တုတွင်းများ၏ပုံသဏ္ဍန်မှာ ကချင်ပြည်ရှိ တရုတ်ကုမ္ပဏီများမှ terbium (Tb) နှင့် dysprosium (Dy) တို့ကို ပမာဏများစွာတူးဖော်နေသာ မြေရှားသတ္တုတွင်းများ၏ ပုံသဏ္ဍာန်ကဲ့သို့ လုပ်ငန်းသုံးကန်အ၀ိုင်းများအား စီတန်းထားသည်ကို တွေ့ရသည်။
ကချင်ပြည်ရှိ မြေရှားသတ္တုတွင်းတူးဖော်မှုသည် သဘာ၀ပတ်၀န်းကျင်ကိုပြင်းထန်စွာထိခိုက်စေသော in situ leaching” နည်းလမ်းဖြင့်တူးဖော်ခြင်းဖြစ်ပြီး ၄င်းမှာ မြေရှားသတ္တုများကိုထုတ်ယူရန် တောင်များကို အပေါက်ဖောက်ကာ ပိုက်များများမှတစ်ဆင့် ဓာတုပစ္စည်းများလောင်းထည့် ရခြင်းဖြစ်သည်။ ထို့နောက် အဆိုပါ ဓာတုပစ္စည်းအရည်များကို ကန်အတွင်းသို့ ပြန်ထည့်သွင်းပြီး အခြားဓာတုပစ္စည်းများကို ထပ်ထည့်ကာ မြေရှားသတ္တု ကိုထုတ်ယူခြင်းဖြစ်သည်။
ဂြိုလ်တုဓာတ်ပုံမှတ်တမ်းပုံဟောင်းများအရ နမ့်ခုတ်မြစ်အရှေ့ ဘက်မှ ၄ ကီလိုမီတာကွာ၀ေးသော အဆိုပါမြေရှားသတ္တုတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး နမ့်ခုတ်မြစ်မှ ၂ ကီလိုမီတာ ကွာဝေးသော မြေရှားသတ္တုတွင်းမှာမူ၂၀၂၄ နှစ်လယ်ပိုင်း တွင်စတင်ခဲ့ခြင်းဖြစ်သည်။


ယခုအချိန်တွင် မီဒီယာအများစုမှာ မိုင်းယောင်းဒေသရှိ နမ့်ခုတ်မြစ်တစ်လျှောက်တွင် တူးဖော်နေသည့် ရွှေတွင်းများကိုသာ အဓိကထားအာရုံစိုက် ဖော်ပြနေကြသည်။ အဆိုပါရွှေတွင်းနေရာများ၏ ဂြိုလ်တု ဓာတ်ပုံများမှာ လက်ရှိတွင် မြေရှားသတ္တုတွင်းများဟု ယူဆရသော သတ္တုတွင်းများ၏ ပုံသဏ္ဍာန်နှင့် ကွာခြားသည်။ နမ့်ဆိုင်မြစ်တစ်လျှောက်ရှိ စွန့်ပစ်ရေကန်အသုံးပြု၍ ထုတ်ယူသော ရွှေတွင်းများ၏ ဂြိုလ်တုဓာတ်ပုံများနှင့်လည်း ကွာခြားသည်။
ကချင်ဒေသရှိ သဘာ၀ပတ်၀န်းကျင်ပျက်စီးမှုများနှင့် မြေရှားသတ္တုတွင်းများအနီးနေထိုင်သော ဒေသခံ များ၏ ကျန်းမာရေးထိခိုက်မှုများကို စနစ်တကျမှတ်တမ်းတင် ထုတ်ပြန်ထားမှုများ ရှိထားပြီးဖြစ်သည်။ အောက်ခြေမှတူးဖော်ထုတ်ယူမှုသည် မြေပြိုမှုများဖြစ်စေခြင်း၊ မြေပေါ်၊မြေအောက်ရေများ အဆိပ်သင့် စေခြင်း၊ ငါးများနှင့် တောရိုင်းတိရစ္ဆာန်များကို သေဆုံးစေခြင်း နှင့် စိုက်ပျိုးပင်များကို ထိခိုက်စေခြင်းများ ဖြစ်စေသည်။
မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းများမှာ နမ့်ခုတ်မြစ်အတွင်းသို့ အဆိပ်များစွန့်ထုတ်နေပြီဖြစ်ရာ ရွှေတွင်း များကြောင့် ရှိနေနှင့်ပြီးသားဖြစ်နေသော ညစ်ညမ်းမှုများထက် ပိုမိုဆိုးရွားနိုင်ကာ ရှမ်းပြည် တောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နမ့်ခုတ်မြစ်တစ်လျှောက်တွင်နေထိုင်သော ဒေသခံများ ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည်။ထိုင်းနိုင်ငံတွင် နမ့်ခုတ်မြစ်သည် ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် တာတွန်းရွာ မှတစ်ဆင့် ချင်းရိုင်ခရိုင်ကို ဖြတ်သန်းစီးဆင်းကာ ချင်းဆန်မြို့နယ်တွင် မဲခေါင်မြစ်အတွင်းသို့ စီး၀င်သည်။
မြေရှားသတ္တုတူးဖော်မှုနှင့်ဖြစ်ပေါ်လာနိုင်သော နယ်စပ်ဖြတ်ကျော်သက်ရောက်မှုများမှာ နယ်စပ် နှစ်ဘက် ၂နိုင်ငံလုံးရှိ တာ၀န်ရှိသူများမှ အဆောတလျင်စုံစမ်းရန်လိုအပ်နေပြီး သတ္တုတူးဖော်မှုနှင့် ပတ်သက်နေသော အချက်အလက်များအားလုံးကို အများပြည်သူသိရှိစေရန် ထုတ်ဖော်ပြသရန် လိုအပ်ပါ သည်။ မြေရှားသတ္တုတွင်းများတည်ရှိရာ မိုင်းယွန်းဒေသသည် မြန်မာစစ်ကောင်စီနှင့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA တို့ ပူးပေါင်းထိန်းချုပ်ရာ ဒေသဖြစ်သည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် 66 94 728 6696 Signal (ရှမ်း, အင်္ဂလိပ်)
ယိင်းလျန်းဟန် 1 825 425 4099 Signal (မြန်မာ)
ယိင်းဟွမ် 082-893-2552 Signal (ထိုင်း)
Download PDF files >>>