Facebook
Mail
Twitter
Youtube
ပင်မစာမျက်နှာ
ထုတ်ပြန်ချက်
ဗီဒီယိုကဏ္ဍ
မြေပုံ
သတင်းလွှာ
SHRF အကြောင်း
Tai/Shan
English
Search
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)
ပင်မစာမျက်နှာ
ထုတ်ပြန်ချက်
ဗီဒီယိုကဏ္ဍ
မြေပုံ
သတင်းလွှာ
SHRF အကြောင်း
Tai/Shan
English
AUTHOR NAME
SHRF
180 POSTS
0 COMMENTS
ထုတ်ပြန်ချက်
အထက်ရဲရွာရေကာတာဆောက်လုပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို တာလုံရွာသူရွာသားများ ပြင်းပြင်း ထန်ထန် ဆန့်ကျင်(ကန့်ကွက်)
March 8, 2018
တာလုံရွာသူရွာသားများ၏ သဘောထားထုတ်ပြန်ကြောဌာချက် ၈ ရက်၊ မတ်လ၊ ၂၀၁၈ အထက်ရဲရွာရေကာတာဆောက်လုပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို တာလုံရွာသူရွာသားများ ပြင်းပြင်း ထန်ထန် ဆန့်ကျင်(ကန့်ကွက်) ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာစီမံကိန်းအတွက် Myanmar Environment Institute (MEI) ဦးဆောင်ကျင်း ပမည့်ညှိနှိုင်း ဆွေးနွေး ခြင်းအစီအစဉ်ကို သီပေါမြို့နယ် တာလုံကျေးရွာသူရွာသားများမှ ပြင်းပြင်း...
ထုတ်ပြန်ချက်
ဟိုပုန်းမြို့နယ်မှ ရွာသား လယ်သမားများအား အစိုးရစစ်တပ်က ဖမ်းဆီးတရားစွဲဆိုကာ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ မတရား အပြစ်ပေး စီရင်ချက်ချမှတ်ခဲ့မှုကို ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ကန့်ကွက်ရှုတ်ချခြင်း
March 1, 2018
ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် မှ ထပ်မံ ဖြည့်စွက် ထုတ်ပြန်လိုက်သည့် နောက်ဆုံးပေါ် ကြေညာချက် စာအမှတ် (၂/၂၀၁၈) ၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ဟိုပုန်းမြို့နယ်မှ ရွာသား လယ်သမားများအား အစိုးရစစ်တပ်က ဖမ်းဆီးတရားစွဲဆိုကာ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ မတရား...
ထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ နှစ်သစ်အရောက်တွင် ရှမ်းပြည်နယ် ဒေသအနှံ့တို့၌ တိုက်ပွဲများတဖန် ဖြစ်ပွားလာပြန်သဖြင့် အစိုးရစစ်တပ်က ရှမ်းပြည်သူများအပေါ် လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုများ ထပ်မံ ဖြစ်ပေါ် ဆက်လက် တိုးပွားနေလျက် ရှိခြင်
January 26, 2018
ရှမ်းလူ့အခွင့်အရေး မဏ္ဍိုုင်မှ နောက်ဆုံးရသတင်း စာအမှတ် (၁ /၂၀၁၈) ဇန်နဝါရီလ ၂၆ ရက် ၂၀၁၈ ခု ၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ နှစ်သစ်အရောက်တွင် ရှမ်းပြည်နယ် ဒေသအနှံ့တို့၌ တိုက်ပွဲများတဖန် ဖြစ်ပွားလာပြန်သဖြင့် အစိုးရစစ်တပ်က ရှမ်းပြည်သူများအပေါ် လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုများ ထပ်မံ ဖြစ်ပေါ်...
ထုတ်ပြန်ချက်
ငြိမ်းချမ်းရေးဆွေးနွေးမှုများပိတ်ဆို့နေချိန်နှင့် ပဋိပက္ခမြင့်တက်နေချိန် တောင်ကြီးမြို့တွင် IFC မှ ရေကာ တာဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်ခြင်းသည် ရှမ်းပြည်သူပြည်သားများအား မကျေမနပ်မှုများဖြစ်ပေါ်စေသည်
January 15, 2018
ရှမ်းပြည်နယ်တွင်းရှိ မြစ်ချောင်းများအတွက် လုပ်ရှားမှု ကွန်ယက်မှ ထုတ်ပြန်ကြေငြာချက် (ASSR) ဇန်နဝါရီလ ၁၅ ရက် ၂၀၁၈ ငြိမ်းချမ်းရေးဆွေးနွေးမှုများပိတ်ဆို့နေချိန်နှင့် ပဋိပက္ခမြင့်တက်နေချိန် တောင်ကြီးမြို့တွင် IFC မှ ရေကာ တာဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်ခြင်းသည် ရှမ်းပြည်သူပြည်သားများအား မကျေမနပ်မှုများဖြစ်ပေါ်စေ သည်။ ၂၀၁၆ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation...
ထုတ်ပြန်ချက်
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး နယ်မြေဒေသ အတွင်း အစိုးရစစ်တပ်က ပိုမိုလှုပ်ရှားခါ မြေမြှပ်မိုင်းထောင်ခြင်း၊ ရွာသားများကို ချောဆွဲ ခြင်းများ လုပ်သည်
December 21, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း စာအမှတ် ( ၁၂ / ၁၇ ) ဒီဇင်ဘာလ ၂၁ ရက်နေ့ ၂၀၁၇ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး နယ်မြေဒေသ အတွင်း အစိုးရစစ်တပ်က ပိုမိုလှုပ်ရှားခါ မြေမြှပ်မိုင်းထောင်ခြင်း၊ ရွာသားများကို ချောဆွဲ ခြင်းများ လုပ်သည်။ ၂၀၁၇ ခုနှစ်...
ထုတ်ပြန်ချက်
လွန်ခဲ့သည့် ၄ လ တွင် တရားမဝင်ဖမ်းဆီးအရေးယူထား သော ဟိုပုံး လယ်သမား ၉ ဦးကိုပြန်လည်အမှုရုပ်သိမ်းပေးရန် တောင်းဆိုခြင်း
November 28, 2017
နိုဝင်ဘာလ ၂၈ ရက်နေ့ ၂၀၁၇ ခု လွန်ခဲ့သည့် ၄ လ တွင် တရားမဝင်ဖမ်းဆီးအရေးယူထား သော ဟိုပုံး လယ်သမား ၉ ဦးကိုပြန်လည်အမှုရုပ်သိမ်းပေးရန် တောင်းဆိုခြင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အဆက်သွယ် ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဇူလိုင်လ ၁၅ နှင့် သြဂုတ်လ ၄ ရက်နေ့...
ထုတ်ပြန်ချက်
ရှမ်းတိုင်းရင်းသားရွှေ့ပြောင်းနေထိုင်သူများကိုအထောက်အပံ့ပေးရန်ဦးဇော်ဌေးမှကမ်းလှမ်းခြင်းနှင့်ပတ်သက်၍ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) ၏သတင်းထုတ်ပြန်ချက်
October 31, 2017
၂၀၁၇အောက်တိုဘာ၃၁ရက် ရှမ်းတိုင်းရင်းသားရွှေ့ပြောင်းနေထိုင်သူများကိုအထောက်အပံ့ပေးရန်ဦးဇော်ဌေးမှကမ်းလှမ်းခြင်းနှင့်ပတ်သက်၍ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) ၏သတင်းထုတ်ပြန်ချက် နိုင်ငံတကာမှအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၏စားနပ်ရိက္ခာအကူအညီဖြတ်တောက်ခြင်းခံခဲ့ရသည့်ရွှေ့ပြောင်းနေထိုင်ရသူရှမ်းတိုင်းရင်းသားများအတွက်အကူအညီတောင်းခံလာပါက အစိုးရ၏အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနမှကူညီနိုင်ရန်ပြင်ဆင်ထားကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကသတင်းမီဒီယာများကိုပြောကြားလိုက်သည်ကိုတွေ့ရပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍မြန်မာနိုင်ငံအစိုးရကရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) သို့တိုက်ရိုက်ဆက်သွယ်ခြင်းမရှိပါ။ထို့အပြင်တိုင်းရင်းသားပြည်နယ်များအားလူဦးရေလျော့နည်းအောင်မြန်မာ့တပ်မတော်မှစနစ်တကျဆက်လက်ဆင်နွှဲနေသည့်စစ်ဆင်ရေးအားအာရုံလွှဲပြောင်းစေသည့်အသွင်ဆောင်နေသောကြောင့်အဆိုပါကမ်းလှမ်းမှုမှန်ကန်ခြင်းရှိမရှိသံသယဖြစ်ရပါသည်။ ရွှေ့ပြောင်းနေထိုင်ကြရသည့်ရှမ်းတိုင်းရင်းသားအများစုသည်၁၉၉၆−၁၉၉၈ကာလရှမ်းပြည်နယ်အလယ်ပိုင်းဒေသအတွင်းမြန်မာ့တပ်မတော်ကအကြီးအကျယ်မြေလှန်ဖျက်ဆီးမှုများကြောင့်လူဦးရေသုံးသိန်းထက်မနည်း၎င်းတို့၏အိမ်ယာများကိုစွန့်ပစ်ကာထွက်ပြေးခဲ့ကြရပါသည်။ရွာသားပေါင်းရာနှင့်ချီ၍ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊အသတ်ခံရခြင်း၊အဓမ္မပြုကျင့်ခံရခြင်းများလည်းရှိခဲ့ပါသည်။ကျေးရွာပေါင်း၁၄၀၀ခန့်အတင်းအဓမ္မပြောင်းရွှေ့ခြင်းခံခဲ့ရပြီးအဆိုပါကျေးရွာအများစုသည်နှစ်ပေါင်းနှစ်ဆယ်ကြာယနေ့ထိတိုင်လူသူကင်းမဲ့နေရပါသည်။မြေယာများကိုလည်းမြန်မာ့တပ်မတော်တပ်ဖွဲ့များကသိမ်းယူထားခြင်းကိုခံထားရပါသည်။ ယနေ့အချိန်အခါတွင်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တွင်စစ်အင်အားအကြီးအကျယ်တိုးချဲ့ကာထိုးစစ်ဆင်နေစဉ်အတွင်းမှာပင်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်အလားတူကြောက်မက်ဖွယ်အဖြစ်ဆိုးများနှင့်ကြုံတွေ့ရပါသည်။မြန်မာ့တပ်မတော်သည်လူမျိုးစုများအပေါ်စနစ်တကျရက်စက်စွာတုန့်ပြန်နေဆဲဖြစ်သော်လည်းမည်သို့သောအပြစ်ဒဏ်ခတ်ခြင်းကိုမှခံရခြင်းမရှိပေ။ထို့ကြောင့်ရှမ်းပြည်နယ်နှင့်ထိုင်းနိုင်ငံနယ်စပ်သို့ရောက်ရှိနေသည့်ပြောင်းရွှေ့နေထိုင်ကြရသူရှမ်းတိုင်းရင်းသားအသိုင်းအဝန်းအနေဖြင့်မိမိတို့နေရင်းရပ်ရွာများသို့မပြန်နိုင်ကြသေးခြင်းဖြစ်ပါသည်။ မြန်မာ့တပ်မတော်ကစနစ်တကျဆက်လက်ကျူးလွန်နေသည့်ရာဇဝတ်မှုများနှင့်ပတ်သက်၍မြန်မာနိုင်ငံအစိုးရကနှုတ်ဆိတ်နေချိန်တွင်ရွှေ့ပြောင်းနေထိုင်ကြရသည့်ရှမ်းတိုင်းရင်းသားများအားကူညီမည်ဟူသောကမ်းလှမ်းချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ “မြန်မာအစိုးရကနေပဋိပက္ခတွေကိုနိုင်ငံရေးနည်းအရဖြေရှင်းနိုင်တာကိုပဲကျွန်တော်တို့လိုချင်တာပါ။မြန်မာစစ်တပ်တွေကိုကျွန်တော်တို့ဒေသကနေဆုတ်သွားစေချင်တယ်။စစ်ရေးနဲ့နှိပ်စက်ညှဉ်းပန်းနေတာတွေကိုရပ်စေချင်တယ်။ဒါတွေဖြစ်မလာသေးဘဲနဲ့တော့ကျွန်တော်တို့ရပ်ရွာကိုပြန်ဖို့မဖြစ်နိုင်သေးပါဘူး” ဟုကုန်းကျော်ဒုက္ခသည်စခန်းမှရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) ဥက္ကဋ္ဌဖြစ်သူစိုင်းလျဲန်းကပြောပါသည်။ ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) အနေဖြင့်ယခင်တစ်ခါကထုတ်ပြန်ထားသည့်အရေးပေါ်တောင်းပန်လွှာအတိုင်းရှမ်းတိုင်းရင်းသားရွှေ့ပြောင်းနေထိုင်ရသူများနှင့်ဒုက္ခသည်များမိမိတို့နေရင်းဒေသသို့လုံခြုံမှုရှိရှိ၊ဂုဏ်သိက္ခာရှိရှိဖြင့်မိမိတို့ဆန္ဒအလျောက်ပြန်နိုင်သည့်အချိန်ကာလအထိနိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်တိုက်ရိုက်အကူအညီများကိုဆက်လက်ပေးသွားပါရန်ထပ်လောင်းတောင်းဆိုအပ်ပါသည်။ ရှမ်းပြည်နယ်နှင့်ထိုင်းနိုင်ငံနယ်စပ်ရှိရွှေ့ပြောင်းနေထိုင်သူစခန်းများနှင့်ဒုက္ခသည်စခန်းများတွင်နေထိုင်သူလူဦးရေ၆,၀၀၀ကျော်အတွက်စားနပ်ရိက္ခာအကူအညီများကို နိုင်ငံတကာအလှူရှင်များက၂၀၁၇အောက်တိုဘာလမှစတင်ဖြတ်တောက်လိုက်ပြီဖြစ်ပါသည်။ ဆက်သွယ်ရန်− (၁) စိုင်းလျဲန်း၊ +66 (0) 86 188 9827 (၂) စိုင်းပိန်း၊ +66 (0) 82 181 4891 ရှမ်းဒုက္ခသည်များ၏အခြေအနေနှင့်ပတ်သက်၍ရှမ်းပြည်ဒုက္ခသည်များကော်မတီ (ထိုင်းနယ်စပ်) ၏အရေးပေါ်တောင်းပန်လွှာနှင့်ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏သတင်းထုတ်ပြန်ချက်များ (၂၀၁၇ဩဂုတ်၃၀ရက်) ကို http://bit.ly/2zZUpREတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ PDF files:>>>
ထုတ်ပြန်ချက်
၂၀၁၇ခုနှစ် ဇူလိုင်လ ကုန်မှစ၍ အစိုးရစစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပုံးမြို့နယ်အတွင်း ကင်းလှည့် စဉ် ရိုက်နှက် ခြင်း၊ ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း ၊လူ့အခွင့်အရေးချိုးဖောက်ခြင်း များကို ကျုးလွန်
September 21, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းစာအမှတ်(၁၀/၁၇) စက်တင်ဘာလ၂၁ ရက်နေ့ ၂၀၁၇။ ၂၀၁၇ခုနှစ် ဇူလိုင်လ ကုန်မှစ၍ အစိုးရစစ်တပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပုံးမြို့နယ်အတွင်း ကင်းလှည့် စဉ် ရိုက်နှက် ခြင်း၊ ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း ၊လူ့အခွင့်အရေးချိုးဖောက်ခြင်း များကို ကျုးလွန် ၂၀၁၇ခုနှစ် ဇူလိုင်နှင့်သြဂုတ်လ အတွင်း အစိုးရစစ်တပ်ခလရ ၂၄၉ နှင့် ခမရ ၄၂၅...
ထုတ်ပြန်ချက်
မိုင်းရယ်မြို ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းအစိုးရစစ်တပ်၏သေနတ်၊ လက်နက်ကြီးဖြင့်မဆင်မခြင်ပစ်ခတ်ခဲ့သောကြာင့် အနီးနားရှိဒေသခံများမိုင်းရယ်မြို့ပေါ်သို့ထွက်ပြေးနေရ- ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး တဦးရိုက်ခံခဲ့ရ
September 14, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းစာအမှတ်(၉/၁၇) စက်တင်ဘာလ ၁၄ ရက်နေ့ ၂၀၁၇ မိုင်းရယ်မြို ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းအစိုးရစစ်တပ်၏သေနတ်၊ လက်နက်ကြီးဖြင့်မဆင်မခြင်ပစ်ခတ်ခဲ့သောကြာင့် အနီးနားရှိဒေသခံများမိုင်းရယ်မြို့ပေါ်သို့ထွက်ပြေးနေရ- ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး တဦးရိုက်ခံခဲ့ရသည်။ စက်တင်ဘာ ၁၀ ရက် မနက် ၈ နာရီတွင် မိုင်းရယ်အခြေစိုက် အစိုးရစစ်တပ် ခမရ ၃၂၅ မှတပ်သား အယောက်...
သတင်းလွှာ
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသောကြောင့်ရှမ်း-မြန်မာနယ်စပ် ရှိ ဒုက္ခသည် များကို အကူအညီ မဖြတ်တောက်သင့်
August 30, 2017
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းစာအမှတ်(၈/၁၇) သြဂုတ်လ ၃၀ရက်နေ့ ၂၀၁၇။ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသောကြောင့်ရှမ်း-မြန်မာနယ်စပ် ရှိ ဒုက္ခသည် များကို အကူပအညီ မဖြတ်တောက်သင့်။ ဖြစ်စဉ်အကျဉ်း လက်ရှိထိုင်းနိုင်ငံနှင့် ရှမ်းပြည်နယ်စပ်တလျှောက်တွင် ရှမ်းပြည်တွင်းမှနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ Internally Displaced Persons IDPs နေထိုင်သည့် စခန်း ၆ ခုရှိပြီး လူဦးရေစုစုပေါင်း ၆၂၀၀ ခန့်ရှိပါသည်။ထိုဒုက္ခသည် များသည်ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်နေထိုင်အလုပ်လုပ်ကိုင်ခြင်းမဟုတ်ဘဲရှမ်းပြည်နယ်စပ်တလျှောက်တွင်သာခိုလှုံ...
1
...
10
11
12
...
18
Page 11 of 18
Latest news
ရှမ်းပြည်အရှေ့ပိုင်း နမ့်ခုတ်မြစ်တစ်လျောက်ရှိ မြေရှားနှင့်ရွှေတူးဖော်မှုများ တိုးချဲ့လာမှုနောက်တွင် တရုတ်အစိုးရ ကျောထောက်နောက်ခံကုမ္ပဏီများရှိနေ
October 28, 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ မီးရှို့မှုများနှင့် တရားလက်လွတ်ဖမ်းဆီးမှုများ
October 16, 2025
ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၏ အရပ်သား ပြည်သူများအပေါ် တရားလက်လွတ် သတ် ဖြတ်မှုနှင့် အဓမ္မပြုကျင့်မှုများ
October 6, 2025
UWSA ထိန်းချုပ်ထားသော oမြောက်ပိုင်းဒေသ မြေရှားသတ္တုတွင်းများ၏ အောက်ဘက်တွင်ရှိသော မိုင်းခတ် မြို့နယ် တွင် နှုန်းတင်ရေကြီးများမှုကြောင့် လယ်ယာမြေများပျက်စီး
September 18, 2025
ကျောက်မဲမြို့တွင် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုများဖြစ်စေနိုင်သော လေကြောင်းနှင့် မြေပြင်တိုက် ခိုက် မှု များ ကြောင့် ပြည်သူ ၈,၆၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရ
September 9, 2025