၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ နှစ်သစ်အရောက်တွင် ရှမ်းပြည်နယ် ဒေသအနှံ့တို့၌ တိုက်ပွဲများတဖန် ဖြစ်ပွားလာပြန်သဖြင့် အစိုးရစစ်တပ်က ရှမ်းပြည်သူများအပေါ် လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုများ ထပ်မံ ဖြစ်ပေါ် ဆက်လက် တိုးပွားနေလျက် ရှိခြင်

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုုင်မှ  နောက်ဆုံးရသတင်း စာအမှတ် (၁ /၂၀၁၈)

ဇန်နဝါရီလ ၂၆ ရက် ၂၀၁၈ ခု

၂၀၁၇ ခုနှစ်အကုန် ၂၀၁၈ နှစ်သစ်အရောက်တွင် ရှမ်းပြည်နယ် ဒေသအနှံ့တို့၌ တိုက်ပွဲများတဖန် ဖြစ်ပွားလာပြန်သဖြင့်  အစိုးရစစ်တပ်က ရှမ်းပြည်သူများအပေါ် လူ့အခွင့်အရေး ဖောက်ဖျက်  ကျူးလွန်မှုများ ထပ်မံ ဖြစ်ပေါ် ဆက်လက် တိုးပွားနေလျက် ရှိခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် မှ ၂၀၁၈ ခုနှစ် ဇန္နဝါရီလ ၇ ရက် ကာလအတွင်း ရှမ်းပြည်နယ်  အခြေစိုက် တိုင်းစစ်ဌာ နချုပ်များ လက်အောက်ခံ အစိုးရစစ်တပ်တပ်ရင်း ၆ ခု တို့သည် တနိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး စာချုပ် NCA အား လက်မှတ် ရေးထိုးထားပြီးဖြစ်ခြင်းကို ဂရုမစိုက် လေးစား လိုက်နာမှု မရှိဘဲ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့ အားထိုးစစ်ဆင် တိုက်ခိုက်မှု၊ ရှမ်းပြည် မြောက်ပိုင်း တောင်ပို်င်း နှင့်အရှေ့ပိုင်း ဒေသ တို့တွင် အရပ်သား ပြည်သူများ အပေါ် ဖိနှိပ် အနိုင်ကျင့်အကြမ်းဖက်မှု၊ မတရား ညှဉ်းပမ်း နှိပ်စက် ရိုက်နှက်မှု၊ ဥပဒေမဲ့ ဖမ်း ဆီး ချုပ်နှော င်မှု၊ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊အတင်းအကြပ် လုပ်အား ခိုင်းစေမှု ၊ အစားအေ သာက် ကြက်ဝက်များ ခိုးဝှက် ယူငင် စားသောက်မှု၊ လှေလှည်း မော်တော်ယဉ် မြင်း နွား များအား အတင်း အဓမ္မ ချောဆွဲ ယူဆောင် အသုံးပြုမှု၊ အိုးအိမ် ရပ်ရွာ များအား ဖျက်ဆီး မီးရှို့မှု မီးရှို့ပစ်ရန် ခြိမ်းခြောက်မှု၊ လယ်ယာ ခြံမြေများအား မတရား သိမ်းပိုက်မှု၊ ရွှေငွေပစ္စည်း ဥစ္စာများအားခြိမ်း ခြောက် လုယက်ယူငင်မှု အစရှိသည့်  လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန် မှုများ ပြုလုပ်ခဲ့ ပြုလုပ် နေလျက်ရှိပါသည်။

ယခင်နှစ်ကုန် နှင့် ယခုနှစ်ဆန်းကာလအတွင်း ရှမ်းပြည် နယ်မြေဒေသအချို့တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်ရပ်မြောက်များ စွာ အနက် SHRF ဒေသခံ စေတနာ့ဝန်ထမ်းများက သူတို့လက်လှမ်းမှီသမျှ ဒေသအချို့သို့ ကွင်းဆင်း သွားရောက် စုံစမ်း မေးမြန်း ရယူ စုဆောင်း ပေးပို့လာသော သတင်း အချက် အလက် အချို့တို့ကို SHRF ဗဟို ရုံးက ဖြစ်စဉ်တခုချင်း အလိုက် မှတ်တမ်းတင် ပြုစု ရေးသား၍ စုစည်း ထုတ်ပြန် လိုက်ပါသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ အရှေ့မြောက်ဖက် မိုင် ၃၀ အကွာ နမ့်ယမ် ၌ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)က တည်ထောင်ထားသော မူးယစ်ေ ဆးဝါး စွဲလူနာများ ဆေးဖြတ်ကုသပေးရေး နှင့် ပြန်လည်ထူထောင်ရေး ဗဟိုဠာန စခန်း အား အစိုးရစစ်တပ် အရှေ့မြောက်ပိုင်းတိုင်း လက်အောက်ခံ ခြေလျင်တပ်ရင်း အမှတ် ၁၄၇ နှင့် ၂၄၃ မှ ပူးပေါင်းအင်အားတရာကျော်ဖြင့် ဝင်ရောက် စီးနင်းတိုက်ခိုက်  မီးရှို့ဖျက်ဆီး ပစ်ခဲ့ပါသည်။ ထိုနေ့တွင်ပင် အဆိုပါ စစ်ကြောင်းမှ စစ်သားများက ရွာသား ၄ ဦး အားမတရားစွပ်စွဲ ဖမ်းဆီးသွားပြီး ၎င်းတို့ထဲမှ တဦးကို ပြင်းထန်စွာ ရိုက်နှက် နှိပ်စက်မှု ပြုခဲ့သည့်အပြင် နမ့်ယမ်ရွာသား အချို့၏ မော်တော်ကား ၅ စီးအား အလကား အသုံးပြုရန် အတင်း ချောဆွဲ ယူဆောင်သွားခဲ့ပါ သည်။

၂၀၁၈ ခုနှစ် ဇန္နဝါရီလ ၃ ရက်နေ့တွင် ခိုလမ် အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဠာနချုပ် လက်အောက်ခံ အစိုးရစစ်တပ် ခြေလျင်တပ်ရင်း အမှတ် ၂၉၂ နှင့် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဠာနချုပ် လက်အောက်ခံ အစိုးရစစ်တပ် ခြေမြန် တပ်ရင်းအမှတ် ၃၃၂ ပူးပေါင်း စစ်ကြောင်းတ ခုသည် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် နယ်မြေအတွင်း တပ်စွဲ ထားသော အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုး ထားခဲ့ပြီးသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/ SSA) ၏ စစ်စခန်းတခုအားပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ဇန္နဝါရီလ ၅ ရက်နေ့တွင် ထိုစစ် ကြောင်းသည် ရွာသားတဦးအား ဖမ်းဆီး ချောဆွဲ၍ ၅ရက် တိုင်တိုင်လမ်းပြအဖြစ် အတင်း စေခိုင်း အသုံးပြုခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဇန္နဝါရီလ ၅ရက် နှင့် ၆ ရက်နေ့တို့တွင် ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဠာနချုပ် လက်အောက်ခံ  အစိုးရစစ်တ ပ် ခြေမြ န်တပ်ရင်း အမှတ် ၃၃၃ နှင့် ခြေလျင်တပ်ရင်း အမှတ် ၄၃ ပူးပေါင်း စစ်ကြောင်းတခုသည် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်း မြို့နယ် နယ်မြေအတွင်း တပ်စွဲ လှုပ်ရှားနေသော  အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားခဲ့ပြီးသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) တပ်ဖွဲ့အချို့ နှင့် ထိတွေ့ တိုက်ခိုက်မှု ၃ကြိမ် ဖြစ်ပွား ခဲ့ပြီးသည့် နောက် အစိုးရ စစ်တပ် စစ်သားများက အနီးအနားရွာများမှ ရွာသားအချို့တို့အား RCSS/SSA ဘက်သား ဟု စွပ်စွဲ အပြစ်တင် ခေါ်ယူစစ်ဆေးကာ ရွာများ ကို မီးရှို့ ဖျက်ဆီးရန်နှင့် ရွာသားများ၏ ဆန်စပါး စားသောက်စရာများ အား သိမ်းပိုက် သယ်ယူသွားရန် ကြိမ်းမောင်း ဟိန်းဟောက် ခြိမ်းခြောက်မှု ပြုခဲ့ကြပါသည်။

ရှမ်းပြည်နယ် အခြေစိုက် အစိုးရစစ်တပ် စစ်တိုင်းဌာနချုပ် အားလုံး၏ လက်အောက်မှ တပ်ရင်းများက ရှမ်းပြည်နယ်မြေဒေသ အတွင်း ထိုကဲ့သို့ စစ်ရေး တိုက်ခိုက်မှု နှင့် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှု များ ပြုနေခြင်းတို့သည် အလွန် စိုးရိမ်ဖွယ်ရာ အခြေအနေပင် ဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ မှန်သမျှတို့အား ထိုးစစ်ဆင် တိုက်ခိုက် နှိမ်နင်းစေရန်သော်၄င်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များအား ကူညီထောက်ပံ့ အားပေးနေသည် ဟု သံသယ ဖြစ်ဖွယ်ရှိသော အရပ်သား ပြည်သူ ကျေးရွာလူထု တို့အပေါ် ဗိုလ်ကျ အနိုင်ကျင့် အကြမ်းဖက် နှိပ်ကွပ်စေရန်သော်၄င်း နေပြည်တော်ရှိ အစိုးရစစ်တပ် အဆင့်မြင့် အာဏာပိုင်တို့ထံမှ လျှို့ဝှက် ည ွှန်ကြား အမိန့်ပေးချက်အရ အောက်ခြေအဆင့် တပ်ဖွဲ့များက လိုက်နာ လုပ်ဆောင်ရခြင်း ဖြစ် သည် ဟူသော အချက်မှာ ရှင်းလင်း ထင်ရှား လှပါသည်။ မကြာမှီ ကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အတွက် ကြိုတင်ပြင်ဆင်မှု ပြုသည့်အနေဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (ရှမ်းပြည်တပ်မတော်)မှ လက်ရှိကာလတွင် ဦးစီး စီစဉ် ကျင်းပသော CSSU ၏ လူထုနှင့် တွေ့ဆုံ အမြင်သဘောထားခံယူသည့် စည်းဝေးပွဲများကို အစိုးရစစ်တပ်အာဏာပိုင်တို့က ပိတ်ပင်တားဆီး ကန့်သတ်မှု ပြုနေခြင်း သည်လည်း ယခု ၂၀၁၈ နှစ်သစ်တွင် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖေါ်ဆောင်ရန် အတွက် မဟုတ်ဘဲ အစိုးရစစ်တပ်သည် စစ်ရေး အရှိန်အဟုန်ကို ပိုမို မြှင့်တင်သွားရန် ဦးတည် ရည်ရွယ်နေခြင်းသာ ဖြစ်ကြောင်း ထင်ရှားမြင်သာစွာ လှစ်ဟ ညွှန်ပြနေလျက် ရှိပ ါသည်။

လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများ

လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများအား အသေးစိပ်ဖြစ်စဉ်နှင့်တကွ တင်ပြချက် မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မြောက်ပိုင်းရှမ်းပြည် ။

သီပေါမြို့နယ် တွင် အပြစ်မဲ့ရွာသား ၄ ဦးတို့အား အစိုးရစစ်တပ် ခြေလျင်တပ်ရင်း အမှတ် ၁၄၇ နှင့် ၂၄၃ တို့က ဥပဒေ စည်းမျဉ်းနှင့်အညီ မဟုတ်ဘဲ ဖမ်းဆီး အရေးယူခြင်း

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ အရှေ့မြောက်ဖက် မိုင် ၃၀ အကွာ နမ့်ယမ် ၌ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က တည်ထောင်ထားသော မူးယစ်ဆေး ဝါး စွဲ လူနာများ ဆေးဖြတ်ကုသပေးရေး နှင့် ပြန်လည်ထူထောင်ရေးဗဟိုဠာနစခန်းအား အစိုးရစစ်တပ် အရှေ့မြောက်ပိုင်း တိုင်း လက်အောက်ခံ ဖြေလျင်တပ်ရ င်း အမှတ် ၁၄၇ (နောင်ကော့ တွင် တပ်စွဲထား) နှင့် ၂၄၃ (နမ့်လန် တွင် တပ်စွဲထား) မှ ပူးပေါင်း အင်အား တရာကျော်ဖြင့် ဝင်ရောက် စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးပစ်ခဲ့ပါသည်။

ထိုဖြစ်စဉ် ဖြစ်ပွါးခဲ့ပြီးသည့်နောက်တွင် နမ့်ဟျိုးရှိ သူတို့၏ ပြောင်းခင်းအလုပ်မှ အိမ်ပြန်လာကြသော ဝမ်ကောင်းယုမ်း ရွာသား ၃ ဦး တို့အား လမ်းခရီးပေါ်၌ အဆိုပါ စစ်ကြောင်းက ဖမ်းဆီးသွားခဲ့ပါသည်။ ဝေါ်ကီ တော်ကီ ဆက်သွယ်ရေးစက် တလုံး ပါရှိလာသော ရွာသား တဦးမှာ တပ်မတော် စစ်သားများ၏ ရိုက်နှက် နှိပ်စက်မှုကို အပြင်းအထန်ခံရသည့်ပြင် စစ်သားတယောက်က ၄င်း၏ ဦးခေါင်း ထိပ်အေ ရပြားကိုပါ ဓါးဖြင့် လှီးဖြတ်ခဲ့ပါသည်။

ထိုနေ့ နေ့ခင်း ၂ နာရီ အချိန်ခန့်တွင် ဝမ်နမ့်လင်းရွာသား တအာန်း ပလောင်လူမျိုး ဇနီးမောင်နှံ ၂ ဦးတို့ ဆောင်ကဲရွာ ဖက်သို့ ဦးတည် သွားနေကြစဉ် လမ်းခရှီးပေါ်၌ ရွာသား ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်လာသော အစိုးရစစ်တပ် စစ်ကြောင်း နှင့် ဆုံမိကြရာ အဖမ်းခံရသူ ရွာသား ၃ ဦးတို့၏ ဦးခေါင်းကို ပလပ်စတစ်အိပ်ကြီးများဖြင့် စွပ်ထားသည်ကို တွေ့ရှိရကြောင်း ပြန်လည်ပြောပြပါ သည်။ အဆိုပါ တအာန်း ပလောင်လူမျိုး ဇနီးမောင်နှံ ၂ ဦးတို့ကို အစိုးရစစ်တပ် စစ်ကြောင်းက တားဆီး ရပ်တန့်ကာ သူတို့သည် ဘယ်ရွာမှာနေထိုင်သည် ဘာအလုပ်လုပ်ကိုင်သည် ဘယ်ရွာသို့ ဘာကိစ ္စဖြင့်သွားရောက်မည် စသဖြင့်  ၂ နာရီ ကျော်ကြာ စစ်ဆေး မေးမြန်း ခဲ့ပြီးသည့်နောက် ထိုအေ ကြာင်း နှင့် အစိုးရစစ်တပ်စစ်ကြောင်း လှုပ်ရှားမှုသ တင်းကို ဘယ်သူ့ကိုမှ ပြန်လည်ပြောမပြရန် ခြိမ်း ခြောက် ကြိမ်းမောင်း သတိပေးလိုက်ပြီး သူတို့ကိုပြန်လည်လွတ်ပေးလိုက် ကြောင်း သိရှိခဲ့ရပါသည်။

ထိုနေ့ ညနေခင်းပိုင်းတွင် ဝမ်မိုင်ရွာမှ ရွာသားတဦးမှာ အမဲလိုက် တူမီးသေနတ်တလက် ကိုင်ဆောင်မှု ဖြင့် ထိုစစ်ကြောင်း၏ ဖမ်း ဆီး သွားခြင်းကို ခံလိုက်ရပါသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လုင်းစိုင်းခမ်း အောင်၊ သီပေါမြို့နယ် ဆောင်ကျဲကျေးရွာအုပ်စု ဥက ္ကဌ နှင့် ပန်ဆန်ကျေးရွာအုပ်စု ဥက ္ကဌ တို့လိုက်ပါလျက် ဆောင်ကျဲရွာ ဘုန်း တော်ကြီးကျောင်းအတွင်း ယာယီ စခန်းချနေကြသော အစိုးရစစ်တပ် စစ်ကြောင်းမှူး ထံ သွားရောက် တွေ့ဆုံကာ စစ်ကြောင်းမှ ဖမ်း ဆီးခေါ်ဆောင်သွားသော ရွာသား ၄ ဦးတို့အား ပြန်လည် လွတ်ပေးရန် ဆွေးနွေး တောင်းဆို ပန်ကြားမှု ပြုခဲ့ကြပါသည်။ စစ်ကြောင်းမှူး ဖြစ်သူ ဗိုလ်ကြီး ကျော်ခိုင်က ရွာသား ၂ ဦးကို မကြာမှီပြန်လည် လွတ်ပေးပါမည်၊ သို့သော်လည်း တူမီးသေနတ် တလက် နှင့် ဝေါ်ကီတော်ကီ ဆက်သွယ်ရေး စက်တို့နှင့်အတူ ဖမ်းဆီးရမိထားသော ကျန်ရွာသား ၂ ဦးကိုမူ ဆက်လက်ချုပ်နှောင်၍ ဥပဒေ အတိုင်း အရေးယူ အပစ်ပေးသွားရပါမည် ဟု ပြန်ကြားပြောဆိုခဲ့ပါသည်။ ထို့နောက် ဇန်နဝါရီလ ၂ ရက်နေ့တွင် အစိုးရ စစ်တပ် စစ်သားများက ထိုရွာသား ၄ ဦးတို့အား တပ်ရင်းအခြေစိုက်ရာ နောင်ကော့ တပ်စခန်း သို့ ပြောင်းရွေ့ ပို့ဆောင် လိုက်ပါ တော့သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ တွင် အစိုးရစစ်တပ်က အဆိုပါ ရွာသား ၄ ဦး စလုံးတို့အား လားရှိုး ရဲဌာန သို့လွှဲပြောင်း ပေးပို့ လိုက်ပြီး ချုပ်နှောင်ထားကြောင်းကို ရွာသားများ၏ မိဘဆွေမျိုး များထံမှ သိရှိရပါသည်။

ဖမ်းဆီး ချုပ်နှောင်ခံရသော ရွာသား ၄ ဦးတို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

( ၁ ) စိုင်းလူ၊ အသက် ၃၀ နှစ်၊ အဖ လုင်းဆောယ၊ ဝမ်ကွန်ယုန်း ရွာသား၊ ဆိုင်ကျောက် ကျေးရွာအုပ်စု၊ သီပေါမြို့နယ်။ (ဝမ်ကွန်ယုန်းရွာသည် အိမ်ခြေ ၃၀ ရှိသော ရွာငယ်လေးဖြစ်) စိုင်းလူသည် ဝေါ်ကီတော်ကီ ဆက်သွယ်ရေးစက်တလုံး နှင့်အတူ ဖမ်းဆီးခံရသူဖြစ်ပြီး သူသည် တပ်မတော် စစ်သား များ ၏ အပြင်းအထန် ရိုက်နှက် နှိပ်စက်မှု ဒဏ်ကို ခံခဲ့ရသူ ဖြစ်ပါသည်။

( ၂ ) စိုင်းလူး၊ အသက် ၃၅ နှစ်၊ အမိ နိုင်းနန်း၊ ဝမ်ကွန်ယုန်းရွာသား။

( ၃ ) စိုင်းအုန်းကျော်၊ အသက် ၄၀ နှစ်၊ အဖ လုင်းကျော်၊ ဝမ်ကွန်ယုန်းရွာသား။

( ၄ ) စိုင်းတူး၊ အသက် ၃၀ နှစ်၊ အဖ ချင်းအောင် အမိ နိုင်းမိုင်၊ ဝမ်မိုင်ရွာသား၊ ဆိုင်ကျောက် ကျေးရွာအုပ်စု၊ သီပေါမြို့နယ်၊ သူသည် တူမီးသေနတ်တလက်နှင့်အတူ ဖမ်းဆီးခံရသူ ဖြစ်ပြီး ဝမ်မိုင်ရွာ နှင့် ကွန်ယုန်းရွာ အကြားလမ်းခရီးတနေရာတွင် စစ်ကြောင်းမှ စစ်သားများ၏ ၀ိုင်းဝန်းဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်ကြောင်း တွေ့မြင်ခဲ့သည့် ရွာသားများက ပြန်လည် ပြောပြပါသည်။

သီပေါမြို့နယ် နယ်မြေအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ စစ်စခန်းအချို့အား ထိုးစစ်ဆင် စီးနင်း တိုက်ခိုက်မှု ပြုရာတွင် အစိုးရစစ်တပ် ခြေလျင်တပ်ရင်း အမှတ် ၂၄၃ နှင့် ၁၄၇ တို့က တပ်သားများ အားသယ်ယူပို့ဆောင်ရေး ၌ ရွာသားများ၏ မော်တော်ကား အချို့အား အတင်း ချောဆွဲ အသုံးပြုခဲ့ခြင်း

သီပေါမြို့နယ် နမ့်ယမ်ရွာရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ မူးယစ်ဆေးဖြတ်ဗဟိုဌာန စစ်စခန်း အား အစိုးရစစ်တပ် ခြေလျင်တပ်ရင်း အမှတ် ၂၄၃ နှင့် ၁၄၇ တို့က ဝင်ရောက် စီးနင်း တိုက်ခို်က် ဖျက်ဆီးခဲ့သည့် နေ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဝမ်နောင်ပူရွာ ရွာသားများအား အစိုးရစစ်တပ် စစ်ကြောင်း တပ်ဖွဲ့ တပ်သားများ ကို ဝမ်ပန်ခူးရွာမှစတင်ထွက်ခွါ၍ ဝမ်နမ့်ယမ်ရွာဖက်သို့ သယ်ယူပို့ဆောင်ရေးအတွက် ဝမ်ကုန်းယုန်းရွာ ရွာသားများထံမှ မော်တော်ယဉ် ထရပ်ကား ၂ စီး အတင်းတောင်းဆို ချောဆွဲ အသုံးပြုခဲ့ပြီး တိုက်ပွဲပြီး ဆုံးသွားသောအခါ၌လည်း ထိုထရပ်ကားများ ကို တပ်သားများအား ဝမ်ကုန်းနျုရွာသို့ ပြန်လည် ပို့ဆောင်စေခဲ့ပါသည်။

နမ့်ယမ်ရွာရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ မူးယစ်ဆေးဖြတ်ဗဟိုဌာန စစ်စခန်းအား တိုက်ခိုက် ဖျက်ဆီး မီးရှို့ခဲ့ပြီးသည့်နောက် ထိုဒီဇင်ဘာလ ၃၁ ရက်နေ့ည သန်းခေါင်ယံ အချိန်တွင် ထိုအစိုးရစစ်တပ် စစ်ကြောင်းသည် နမ့်ယမ်ရွာမှ ပြန်လည်ဆုတ်ခွါခဲ့ပါသည်။ အစိုးရစစ်တပ် စစ်ကြောင်းသည် အနောက်စူးစူးသို့ဦးတည်၍ ဝမ်ဟမ်ဟျိုးရွာကို ဖြတ်သန်းကာ ကုန်းယုန်းရွာသို့ ရောက်ရှိလာပြီး ထိုမှတဆင့် ထရပ်ကားများဖြင့် ဆောင်ကျဲ ရွာဖက်ဆီသို့ ဆက်လက် ထွက်ခွါခဲ့ကြပါသည်။

အစိုးရစစ်တပ် စစ်ကြောင်း၏ အတင်း ချောဆွဲ ယူဆောင် အသုံးပြုမှုကို ခံကြရသော ကုန်းယုန်းရွာမှ ထရပ်ကားပိုင်ရှင်တို့မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

( ၁ ) နိုင်းအောင်၊ မုဆိုးမ၊ ကုန်းယုန်းရွာ

( ၂ ) စိုင်းခမ်းပန်၊ ကုန်းယုန်းရွာ

( ၃ ) စိုင်းခမ်းလူ၊ ကုန်းယုန်းရွာ

ရှမ်းပြည် တောင်ပိုင်း

အစိုးရစစ်တပ် ခြေလျင်တပ်ရင်း အမှတ် ၂၉၂ နှင့် ခြေမြန်တပ်ရင်းအမှတ် ၃၃၂ တို့က ဖမ်းဆီးကာ လမ်းပြအဖြစ် အတင်းခိုင် းစေမှုကို ရွာသားအချို့ ခံလိုက်ရခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွှဲ တနာရီခွဲအချိန်ခန့်တွင် လွိုင်လင်မြို့နယ် နောင်လိုင် ကျေးရွာအုပ်စု ဝမ်လုံ ခင်ရွာအနီး တောအုပ်တခုတွင်းရှိ နတ်ကွန်း၌ ခေတ ္တခဏ စခန်းချ ထမင်းစားနေသော တပ်သား ရှမ်းပြည် ပြန်လည်ထူ ထောင် ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် မှ တပ်သား ၄ ဦးပါ ကင်းတပ်ဖွဲ့ငယ် တခုကို အစိုးရစစ်တပ် ခြေလျင်တပ်ရင်း အမှတ် ၂၉၂ နှင့် ခြေမြန်တပ်ရင်း အမှတ် ၃၃၂ တို့မှ ပူးပေါင်းတပ်သားအင်အား ၉၀ ပါ စစ်ကြောင်းတခုက ၀ိုင်းဝန်း တိုက်ခိုက်ရာ  ရှမ်းပြည်တပ်မတော် စစ်သားတဦး ကျဆုံးပြီး တဦးဒဏ်ရာရရှိကာ ကျန် ၂ ဦးမှာ ထွက်ေြ ပးလွတ်မြောက်သွားခဲ့သည် ဟု ဆိုပါသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် အစိုးရစစ်တပ် ခြေလျင်တပ်ရင်းအမှတ် ၂၉၂ မှ စစ်ကြောင်း တခုသည် လွိုင်လင်မြို့ နယ် ဝမ်နောင်ပါတက်ရွာ အတွင်းသို့ ဝင်ရောက်လာပြီး ရွာသူကြီးအား သူတို့ အတွက် လမ်းပြတဦး စီစဉ်ပေးပါရန် တောင် းဆိုခဲ့ပါသည်။ သို့နှင့် ဝမ်နောင်ပါတက်ရွာ ကုန်းအောက်ရ ပ်ကွက်နေ စိုင်းထွန်း အသက် ၁၉ နှစ်သည် ထိုစစ်ကြောင်းအတွက် လမ်းပြအဖြစ် အတင်း ခိုင်းစေ အသုံးပြုခြင်းကိုခံခဲ့ရကာ ထိုစစ်ကြောင်းအား ဝမ်နောက်ပါတက်ရွာမှ ၅ မိုင်ဝေးကွာသည့် လွိုင်လင်မြို့ နယ် နောင် လိုင်ကျေးရွာအုပ်စု ဝမ်လွိုင်ခန်ရွာ တောင်ဖက်ရှိ ဝမ်နောင်ဟန်ရွာအထိ လိုက်ပါပို့ဆောင်ခဲ့ ရပြီး နောက် ထိုညနေတွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု သိရှိရပါသည်။

(မှတ်ချက်။   ။ အစိုးရစစ်တပ် ခြေလျင်တပ်ရင်းအမှတ် ၂၉၂ သည် ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်လက် အောက်ခံ တပ်ရင်းတခုဖြစ်ပြီး နမ့်စမ်မြို့နယ် ပိန်းစိုင်ကျေးရွာအုပ်စု ကောင်းဆိုင်းရွာတွင် တပ်ရင်းစခန်းတည်ရှိသည်။ မိုင်းပန်မြို့ တွင် တပ်စခန်းချထားသော အစိုးရစစ်တပ် ခြေမြန်တပ်ရင်း ၃၃၂ သည် အမှတ် ၁၇ စကခ ၏ ကိုင်တွယ်ထိန်း ချုပ်မှုအောက် နှင့် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတခု ဖြစ်ပါသည်။)

ရှမ်းပြည် အရှေ့ပိုင်း

အစိုးရစစ်တပ် ခြေမြန်တပ်ရင်းအမှတ် ၃၃၃ နှင့် ခြေလျင်တပ်ရင်းအမှတ် ၄၃ တို့မှ စစ်သားများ မိုင်းပျဉ်းမြို့နယ် အတွင်း ပြည်သူ လူထုထံမှ အစားအသောက်များကို အတင်းအကြပ် လုယက် ယူငင်ခြင်း နှင့် ကျေးရွာတရွာအား မီးရှို့ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်ခြင်း

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်တွင် မိုင်းပျဉ်းမြို့နယ် မိုင်းပူး လုံကျေးရွာအုပ်စု ဝမ်ပျိန်း ဆန်ရွာ နှင့် မတ်ဟင်တန်ရွာအကြားရှိ ဟွေဟိုခီယာ၌ အစိုးရစစ်တပ် ခြြေ မန်တပ်ရင်း ၃၃၃ နှင့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် တပ်ဖွဲ့တဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ပါသည်။ ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း မိုင်းပူးလုံ ကျေးရွာအုပ်စု ဝမ်လောင်း ကျောက်ရွာ နှင့် ဝမ်ပျိန်းဆန်ရွာ အကြား၌ အထက်ပါ တပ်ဖွဲ့ ၂ ဖွဲ့တို့ ထပ်မံ ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွါးပြန်ပါသည်။ ထို ဇန်နဝါရီလ ၆ ရက်နေ့တွင်ပင် မိုင်းပျဉ်းမြို့နယ် ယန်းခမ်းကျေးရွာအုပ်စု လွိုင်ခေး၌ အစိုးရစစ်တပ် ခြေလျင်တပ်ရင်းအမှတ် ၄၃ နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ တဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ ကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ညနေတွင် အစိုးရစစ်တပ် ခြေမြန်တပ်ရင်းအမှတ် ၃၃၃ စစ်ကြောင်း မှူးက ဝမ်လောင်း ကျောက် ရွာ ရွာသူကြီးအားဆင့်ခေါ် တွေ့ဆုံကာ ထိုဒေသအတွင်း ရှမ်းပြည် ပြ န်လည်ထူ ထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် တပ်ဖွဲ့များ၏ လှုပ်ရှားမှု အခြေအနေ သတင်းများကိုမေးမြန်း စုံစမ်းပြီး စစ်ကြောင်းမှစစ်သား များစား သုံးရန်အတွက် ဝမ် လောင်း ကျောက်ရွာ  ရွာသားများက ဝက်သား ၁၀ ပိသာ (၁၆ ကီလိုခန့်) လာရောက်ပေးသွင်းရန် တောင်းဆို မှု ပြုခဲ့သဖြင့် ရွာသူကြီး ဖြစ်သူက မိမိရွာသားများသည် ဆင်းရဲကြသဖြင့် ဝက်သားဝယ်ယူပေးသွင်းနိုင်ရေးအတွက် ငွေကြေးမရှိကြကြောင်း တောင်းပန် ပြောဆိုခဲ့ပါသည်။ သို့သော် မည်သို့ပင် တောင်းပန်တိုးလျှိုး စေကာမူ စစ်ကြောင်းမှူးက လက်မခံဘဲ ဆက်လက် ကြိမ်းမောင်း ဟိန်းဟောက်၍ အတင်းအကြပ် တောင်းဆို အမိန့်ပေးနေသောကြောင့် မတတ်သာဘဲ ရွာသားများထံမှ ငွေ စုဆောင်းပြီး ဝက်သား ၈ ပိသာကို တောင်းတောင်းပန်ပန်ဖြင့် သွားရောက်ပေးသွင်းခဲ့ရကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် လွိုင်ခေး၌စခန်းချတပ်စွဲထားသော အစိုးရစစ်တပ် တပ်ဖွဲ့မှူး သည် မိုင်းပျဉ်းမြို့နယ် ယန်းခမ်းကျေးရွာအုပ်စု ဝမ်နားယန်းရွာ ရွာသူကြီးအား ဆင့်ခေါ်တွေ့ဆုံပြီး ကျေးရွာဧည့် သည်စာရင်းနှင့်ပါတ်သက်၍ စစ်ဆေး မေးမြန်းမှု ပြုခဲ့ပါသည်။ ထို့အပြင် နောက်နောင်ကာ လတွင် ထိုဒေသ၌ တိုက်ပွဲထပ်မံဖြစ်ပွါးလာပါက အစိုးရစစ်တပ်အနေဖြင့် အနီး အနားမှ ကျေးရွာများ အား ဖျက်ဆီးမီးရှို့ပစ်ရလိမ့်မည်ဟု ကြိမ်းမောင်း ခြိမ်းခြောက် သတိပေးခဲ့ပါသည်။ ထို့နောက် မကြာ သေး မှီ ကပစ်ခတ်ခဲ့ခြင်း ပြု မပြု သိရှိရစေရန် ဒေသခံကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ဝင်များတို့၏ သေနတ်ပြောင်းဝ များကို အစိုးရစစ်တပ် စစ်သားများက နမ်းကြည့်စေပြီး စစ်ဆေးခဲ့ကြသည် ဟု ဆိုပါသည်။

(မှတ်ချက် ။   ။ မိုင်းဆတ်မြို့တွင် စခန်းချ တပ်စွဲထားသော အစိုးရစစ်တပ် ခြေမြန်တပ်ရင်းအမှတ် ၃၃၃ သည် အမှတ် ၁၄ စကခ ၏ ကိုင်တွယ်ထိန်းချုပ်မှု နှင့် ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတခု ဖြစ်ပါသည်။)

ဆက်သွယ်ရန်

လွန် ့စိုင်း                       +၆၆ (၀) ၉၃-၂၉၇-၇၇၅၄  ( ဗမာ၊ အင်္ဂလိပ်)

နန်းစံတောင်း                    + ၆၆ (၀)၈၁-၆၀၃-၆၆၅၅  (ရှမ်း၊ အင်္ဂလိပ်၊ ထိုင်း)

စိုင်းဟော်ရှဲန်                    +၆၆ (၀) ၆၂-၉၄၁-၉၆၀၀   (ရှမ်း၊ အင်္ဂလိပ်)

PDF files:>>> Shan Burmese English

 

ထုတ်ပြန်ချက်