ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်၊နားမခေါ်အုပ်စု၊တာလုံကျေးရွာတွင်မြစ်ငယ်မြစ်(ခေါ်)နမ္မတူမြစ်ကမ်းဘေး၌ ဆုတောင်းပွဲ ပြုလုပ်သွားမည်

သတင်းမီဒီယာများထံနိုးဆော်အသိပေးခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊သီပေါမြို့နယ်၊နားမခေါ်အုပ်စု၊တာလုံကျေးရွာတွင်မြစ်ငယ်မြစ်(ခေါ်)နမ္မတူမြစ်ကမ်းဘေး၌ ဆုတောင်းပွဲ ပြုလုပ်သွားမည် ဖြစ်ပါသည်။

၎င်းအကြာင်းအရာနှင့်ပတ်သက်ပြီး နမ္မတူမြစ်ပေါ်တွင် ၂၀၀၈ ခုနှစ်ကတည်းက တည်ဆောက်လျှက်ရှိသော အထက်ရဲရွာရေအားလျှပ်စစ်ရေကာတာသည် ကျွန်ုပ်တို့ အရှေ့တာလုံ၊ အနောက်တာလုံကျေးရွာများနှင့် လယ် ယာဥယျာဥ်ခြံမြေများကို ၂၀၂၀ ခုနှစ် စီမံကိန်းအပြီးကာလတွင် ရေလွှမ်းသွားမည်ဟု ၎င်းတို့၏တာ၀န်ရှိသူများမှ ၂၀၁၄ ခုနှစ်တွင် ကျွန်ုပ်တို့ ရွာသူရွာသားများကို ချပြခဲ့သည်။ ကျွန်ုပ်တို့ရပ်ရွာရေလွှမ်းသွားမည်ကို သိရှိရ ကတည်းက ကျွန်ုပ်တို့ရွာသူရွာသားများအားလုံး သဘောမတူကြောင်း စာတင်ကန့်ကွက်သော်လည်း မည်သူမှ ထိရောက်စွာတာ၀န်ယူဆောင်ရွက်ပေးမှု မရှိခဲ့ပါ။

ယခု ပြုလုပ်သွားမည့် ဆုတောင်းပွဲသည် (၄) ကြိမ်မြောက်ဖြစ်ပြီး အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းပေးရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်သည်။

ကျွန်ုပ်တို့ဆုတောင်းပွဲသည် အောက်ပါ အစီအစဥ်အတိုင်း တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေရာ။              ။ တာလုံကျေးရွာ နမ္မတူမြစ်ကမ်းဘေး

ရက်စွဲ။              ။ 14.March.2018 (Wednesday)

အချိန်။              ။ မနက် ၉း၀၀ – ၁၁ နာရီထိ

ဆက်သွယ်ရန်။              ။ နန်းလော၀်ခမ်း၊ ၀၉ – ၂၆၂၁၀၈၀၆၂

စိုင်းထမ်အိုင်း၊ ၀၉ – ၉၇၁၈၇၉၉၈၂

PDF files:>>> Shan Burmese English

ထုတ်ပြန်ချက်