ထုတ်ပြန်ချက်
Open letter to SMEC by Karli-KunHing People
Open letter to SMEC by Karli-KunHing People
To the Australian company, Snowy Mountains Engineering Corporation (SMEC):
We believe you know well about the situation on the...
Naypyidaw must immediately stop its attacks in central Shan State and let communities return home
Naypyidaw must immediately stop its attacks in central Shan State and let communities return home
Shan Community Based Organisations (CBOs) strongly denounce the current military...
ရှမ်းပြည်အလယ်ပိုင်းတွင်ဗမာတပ်များ မဆင်မခြင်တိုက်ခိုက်မှုများကျယ်ပြန့်လာမှုကြာင့် အရပ်သူအရပ်သား ၆၀၀၀ ကျော်တို့ ပြောင်းရွှေ့ရပြီး အရပ်သား ၄ ယောက်တို့မှာလက်နက်ကြီး ငယ်များဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ် ရာရ။
ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှထုတ်ပြန်ချက်
နိုဝင်ဘာလ ၃ ရက် ၂၀၁၅ ခုနှစ်
ရှမ်းပြည်အလယ်ပိုင်းတွင်ဗမာတပ်များ မဆင်မခြင်တိုက်ခိုက်မှုများကျယ်ပြန့်လာမှုကြာင့် အရပ်သူအရပ်သား ၆၀၀၀ ကျော်တို့ ပြောင်းရွှေ့ရပြီး အရပ်သား ၄ ယောက်တို့မှာလက်နက်ကြီး ငယ်များဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရ။
ဗမာစစ်တပ်တို့ကရှမ်းပြည်အလယ်ပိုင်းအတွင်းရှိရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့ကို တိုက်ခိုက်သည့်အပြင်ရပ်သူ၊ရပ်သားတို့ကိုလက်နက်ကြီး၊ငယ်ဖြင့်အရမ်းမဲ့ပစ်ခတ်မှုကိုကျွန်တော်တို့ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် ( SHRF )မှ ပြင်းပြင်းထန်ထန်ကန့်က ွက်ရှုတ်ချလိုက်ပါသည်။ထိုတိုက်ခိုက်မှုသည်(၃)မြို့ နယ်အတွင်းရှိ(၂၂) ရွာမှအရပ်သူ၊...
If Naypyidaw wants peace, it must stop its military advances into Shan ceasefire territories
Statement by Shan Community Based Organizations
October 15, 2015
If Naypyidaw wants peace, it must stop its military advances into Shan ceasefire territories
Shan Community Based Organisations...
Burma Army shelling, killing and torture of civilians in Mong Pawn constitute war crimes
Burma Army shelling, killing and torture of civilians in Mong Pawn constitute war crimes
On September 12, 2015, about 100 Burmese government troops attacked Nawng...
မိုင်းတုံရေကာတာနှင့်ပတ်သတ်ပြီး ကွန်ဟိန်းလူထု ၃၀၀ ဆန္ဒပြမည့်သတင်းကြောင့် သြစတြေးလျ ကုမဏီမှ အတိုင်ပင်ခံပုဂ္ဂိုလ်များ လူထုနှင့်တွေ့ဆုံပွဲရုပ်သိမ်းလိုက်ရ
ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှ ထုတ်ပြန်ကြေငြာချက်
မေလ ၁ ရက်နေ့ ၂၀၁၅ ခုနှစ်
မိုင်းတုံရေကာတာနှင့်ပတ်သတ်ပြီး ကွန်ဟိန်းလူထု ၃၀၀ ဆန္ဒပြမည့်သတင်းကြောင့် သြစတြေးလျ ကုမဏီမှ အတိုင်ပင်ခံပုဂ္ဂိုလ်များ လူထုနှင့်တွေ့ဆုံပွဲရုပ်သိမ်းလိုက်ရ
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့ပြည်သူလူထု ( ၃၀၀ ) ကျော်နှင့် အတူကွန်ဟိန်းမြို့ရှမ်းလွတ်တော်ကိုယ် စားလှယ်မှ သံလွင်မြစ်ပေါ် အကြီးမားဆုံး မိုင်းတုံရေကာတာတည်ဆောက်မည့်လုပ်ငန်းအား ဆန့်ကျင်ဆန္ဒပြ...
မြန်မာစစ်တပ်မှမိဘများရှေ့မှာသားကိုပစ်သတ်ပြီးရွာသား၁၂၀၀ကိုရွာသားများအားသတ်ဖြတ်သည့်သောင်းကျန်းသူဆန့်ကျင်ရေးဆန္ဒပြရန်မိုင်းယော်တွင်အဓမ္မစေခိုင်း
ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများ၏ထုတ်ပြန်ချက်
ဇန်နဝါရီလ ၇ ရက်နေ့ ၂၀၁၅
မြန်မာစစ်တပ်မှမိဘများရှေ့မှာသားကိုပစ်သတ်ပြီးရွာသား၁၂၀၀ကိုရွာသားများအားသတ်ဖြတ်သည့်သောင်းကျန်းသူဆန့်ကျင်ရေးဆန္ဒပြရန်မိုင်းယော်တွင်အဓမ္မစေခိုင်း။
ဒီဇင်ဘာ၁၂ရက်ကရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းယော်မြို့နယ်ဝမ်ထင်ကျေးရွာတွင်အသက်၃၂နှစ်အရွယ်စိတ်ဝေဒနာရှင်စိုင်းဆမ်တစ်ကိုမြန်မာစစ်တပ်ခလရ၅၇၃မှစစ်သားများကအိမ်ပေါက်ဝ၌မိဘများရှေ့တွင်ပစ်သတ်လိုက်သည်။စစ်သားများစိုင်းဆမ်တစ်ကိုအိမ်ပြင်သို့ခေါ်ထုတ်ရာ၎င်းထွက်လာစဥ်အိမ်ပေါက်ဝလှေခါးထစ်တွင်ပစ်သတ်လိုက်ခြင်းဖြစ်သည်။
နောက်နှစ်ရက်ကြာဒီဇင်ဘာ၁၄ရက်၌မိုင်းယောင်းမြို့နယ်ရှိကျေးရွာ၆၆ရွာနှင့်မြို့ပေါ်ရှိရပ်ကွက်၉ခုလုံးမှရွာသား၁၂၀၀ကျော်ကိုမိုင်းယော်အားကစားကွင်းတွင် “ သောင်းကျန်းသူအဖွဲ့” ဆန့်ကျင်ရေးဆန္ဒပြရန်မြန်မာစစ်တပ်မှအဓ္ဓမစေခိုင်းခဲ့သည်။တအိမ်တယောက်လာခိုင်းပြီးကြိုတင်ရေးထားသည့်သောင်းကျန်းသူဆန့်ကျင်ရေးမိန့်ခွန်းကိုကျေးရွာကိုယ်စားလှယ်တို့အားတယောက်၅၀၀၀၀ကျပ်ပေး၍ဖတ်ခိုင်းသည်။ရွာသားများကို“သောင်းကျန်းသူချေမှုန်းရေး” ကြွေးကြော်သံများအားဗမာလိုအော်ခိုင်းသည်။မိုင်းယောင်းတွင်အဓိကလုပ်ရှားနေသောအဖွဲ့မှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS ) ဖြစ်ပြီးမြန်မာအစိုးရနှင့်၂၀၁၁ဒီဇင်ဘာလကအပစ်ရပ်သဘောတူထားသောအဖွဲ့ဖြစ်သည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှဤသို့ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်းကိုရှုတ်ချပါသည်။ဤအမှုနှင့်ပတ်သက်၍တာဝန်ရှိသူတို့ကိုအရေးယူပေးရန်တောင်းဆိုသည်။
မြန်မာစစ်တပ်မှကျူးလွန်သည့်ပြစ်မှုအတွက်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တခုကိုအပစ်ဖို့ခါမြန်မာစစ်တပ်အရာရှိတို့ကလူထုဆန္ဒပြမှုအဖြစ်ကျေးရွာသားများအားစေခိုင်းခြင်းကိုလည်းကျွန်ုပ်တို့ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှရှုတ်ချပါသည်။ရွာသားများကိုဤသို့စေခိုင်းခြင်းသည်လူ့အခွင့်အရေးကိုချိုးဖောက်ရာကျပြီး၊အသိဥာဏ်နှင့်ဂုဏ်သိက္ခာကိုစော်ကားရာရောက်သည်။အစိုးရကတိုင်းပြည်တွင်ငြိမ်းချမ်းရေးတည်ဆောက်နေပါသည်ဟုဆိုသော်လည်းမြန်မာစစ်တပ်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားဤသို့ဆန့်ကျင်ရေးလုပ်ရှားမှုလုပ်နေသည်မှာအလွန်ဆိုးဝါးသောလုပ်ရပ်ဖြစ်သည်။
ဒီဇင်ဘာလ၁၂ရက်နေ့စိုင်းဆမ်တစ်ကိုတရားမဲ့သတ်ဖြတ်ပုံအသေးစိပ်
အောက်ပါအချက်လက်များမှသတ်ဖြတ်မှုကိုကိုယ်တိုင်မြင်တွေ့ခဲ့သည်စိုင်းဆမ်တစ်၏ဖခင်ဖြစ်သူလုမ်းနံအုမ်း၏ပြောပြချက်ဖြစ်သည်။သတ်ဖြတ်ပြီးနောက်မြန်မာစစ်တပ်သည်မိုင်းယောင်းရဲကိုအခင်းဖြစ်ပွါးရာသို့ဆင့်ခေါ်လိုက်သည်။ရဲကဖြစ်စဥ်ကိုလုမ်းနံအုမ်းနှင့်သူ၏ဇနီးအားလုံးမေးမြန်းခြင်းမလုပ်သည်မှာလည်းမှတ်သားထားစရာြဖစ်ပါသည်။
လုမ်းနံအုမ်း၏ပြောပြချက်
ကျနော်ကတိုင်းလိရှမ်းပါ။လယ်သမားတစ်ဦးပါ။မိုင်းယော်မြို့နယ်ဝမ်တပ်ကျေးရွာအုပ်စုဝမ်ထင်မှာနေပါတယ်။ကျတော်တို့ရွာမှာအိမ်၁၃အိမ်ရှိပြီးလူ၆၃ဦးရှိပါတယ်။ကျတော်ဇနီးကပါရှံအင်းလို့ခေါ်တယ်။ကျတော်တို့မှာသားသမီးသုံးယောက်ရှိပါတယ်။အကြီးဆုံးသားကတရုတ်ပြည်ရှစ်ဆောင်ပနားမှာရဟန်းဝတ်ပါတယ်။သမီးကအိမ်ထောင်ကျပြီးသူ့ယောကျာ်းနဲ့တခြားရွာမှာနေပါတယ်။အငယ်ဆုံးသားစိုင်းဆမ်တစ်ကကျတော်တို့နဲ့နေပါတယ်။သူကအသက်၃၂နှစ်ရှိပါပြီ။ယခင်ကလယ်လုပ်ပြီး၊၂၀၁၁ခုမှာအက်စ်အက်စ်အေတောင်ပိုင်းအဖွဲ့မှာတနှစ်သွားလုပ်ပါတယ်။နောက်ထွက်လာတယ်။ထွက်လာတဲ့အကြောင်းကိုလည်းမိုင်းယော်ရှိမြန်မာစစ်တပ်ခမရ၃၃၄မှာ၂၀၁၂ခုနှစ်ကသတင်းပို့ထားပါတယ်။နောက်တနှစ်လောက်ကြာတော့သူကစိတ်မမှန်တော့ပါဘူး။
ဒီဒေသရဲ့လူတွေကစိုင်းဆမ်တစ်စိတ်မမှန်ဘူးဆိုတာသိကြပါတယ်။ဒေသခံတွေကစိုးရိမ်ပြီးရဲတိုင်လို့မိုင်းယောင်းထောင်မှာ၄၅ရက်ထောင်ကျခံရဖူးပါတယ်။သူဘယ်သူကိုမှထိခိုက်အောင်မလုပ်ဘူးပါ။လွန်ခဲ့တဲ့သုံးလကကျန်တော်ကားတစီးဝယ်ပါတယ်။သူလည်းကားမောင်းပြီးလျောက်လည်တတ်ပါတယ်။အိမ်ထဲမှာကားထားပါတယ်။သူကကားထဲမှာအိပ်တာကြိုက်တယ်။
၂၀၁၄နိုဝင်ဘာ၁၈ရက်နေ့အိမ်ရှေ့မှာရပ်ထားတဲ့ကားပေါ်မှာစိုင်းဆမ်တစ်ကအိပ်နေပါတယ်။သူကတခြားရွာသားတွေလည်းဝတ်တတ်ကြသလိုစစ်ဘောင်းဘီကိုဝတ်ထားပါတယ်။ခမရ၃၃၅ကစစ်သားတချို့လည်းကင်းလှည့်လာကြတယ်။သူ့ကိုတွေ့တော့ကားထဲကနေထွက်လာခိုင်းတယ်။သူကမထွက်လာဘဲမောင်းပြေးတယ်။စစ်သားတွေလည်းသေနတ်နဲ့ပစ်လို့ကားကိုရှစ်ချက်မှန်တယ်။စစ်သားတွေကသူတို့အရာရှိခင်မောင်သန်းကိုဖုန်းဆက်အကြောင်းကြားတော့ခင်မောင်သန်းကစကားပြန်နဲ့အတူကျန်တော်အိမ်ကိုရောက်လာတယ်။ကျန်တော်ကကျန်တော်သားစိတ်မမှန်တာကိုရှင်းပြတော့သူတို့ကဘာမှအရေးမယူကြပါဘူး။
ဒီဇင်ဘာလ၁၂ရက်နေ့ည၉း၃၀မှာခမရ၅၇၃ကရဲထွန်းအောင်လို့ခေါ်တဲ့မြန်မာစစ်တပ်အရာရှိနဲ့သူ့တပ်သား၁၂ယောက်ရောက်လာပြီးအိမ်မှာရှိတဲ့လူကိုစစ်ပါတယ်။သူတို့နဲ့အတူစကားပြန်ကျန်တော်တို့ရွာကနန်းမွန်း၊ရွာလူကြီးနွင်းလီ၊ကျေးရွာအုပ်စုလူကြီးနွင်းအိမ်တို့ပါတယ်။သူတို့ကကျတော်သားစိုင်းဆမ်တစ်ဘယ်မှာလဲလို့မေးတယ်။ကျန်တော်တို့ကလည်းအိမ်မှာရှိတဲ့ကားထဲမှာအိပ်နေတယ်လို့ပြောပြတယ်။သူတို့ကားထဲကထွက်လာဖို့သူတို့ကခေါ်ထုတ်တယ်။ဒါပေမဲ့သားကမထွက်လာဘူး။စစ်သားအုပ်လည်းရွာထဲကတခြားအိမ်တွေကိုလှည့်ပြီးလူစစ်ကြတယ်။
ည၁၀း၃၀မှာကျန်တော်တို့အိမ်ကိုပြန်လာကြပြီးဝိုင်းလိုက်တယ်။ကျန်တော့်ဇနီးနဲ့ကျန်တော်တို့ကအိပ်ပျော်နေကြပြီ။စစ်သားတွေငကျန်တော်တို့ကိုနှိုးတယ်။မီးဖွင့်ဖို့ပြောတယ်။စိုင်းဆမ်တစ်ကိုလည်းကားထဲကထွက်လာဖို့ပြောတယ်။သူကမထွက်လာဘူး၊ “ကျန်တော်ဘာအပြစ်မှမရှိဘူး” လို့ပြောတယ်။စစ်သားတွေကကားမောင်းမပြေးနိုင်အောင်ကားဘီးကိုလေလျော့တာကျန်တော်တွေ့တယ်။သေနတ်တွေနဲ့လည်းသူ့ကိုချိန်ထားကြတယ်။သူတို့ကပစ်သတ်မှာစိုးလို့ကျန်တော်ကသားကိုကားထဲကထွက်လာဖို့ပြောလိုက်တယ်။
သားကကားထဲကထွက်လာပါတယ်။သူကသူအမြဲဆောင်ထားလေ့ရှိတဲ့သစ်သားအိမ်နဲ့ဒါးမြှောင်းရယ်၊လက်လုပ်သေနတ်တို့ကိုလက်ဝါးနှစ်ဘက်ထဲမှာထားပြီးလက်ဆန့်ထွက်လာပါတယ်။သေနတ်ကဒါးမြောင်းအိမ်ပေါ်မှာတင်လျက်ပါ။ဘယ်သူကိုမှချိန်ရွယ်ထားခြင်းမရှိပါဘူး။သူကကားထဲကနေ အိမ်ထဲက သူ့ခန်းထဲကိုဝင်သွားပါတယ်။ စစ်ဗိုလ်ရဲ့အနား တပေလောက်ကဖြတ်သွားတာပါ။ စစ်ဗိုလ်တောင် တိမ်းပေးလိုက် ရတယ်။ စိုင်းဆမ်တစ်က ဘယ်သူ့ကိုမှ ရန်မမူတာထင်ရှားပါတယ်။ စစ်ဗိုလ်ကလွှဲလို့ စစ်သားတွေ အားလုံးက သူ့ကိုသေ နတ်နဲ့ချိန်ထားကြတယ်။
စိုင်းဆမ်တစ်က သူ့အခန်းထဲ သူဝင်ပြီးတံခါးကို ပိတ်ထားလိုက်တယ်။ ဆယ်မိနစ်လောက်ကြာတယ်။ စစ်ဗိုလ်က သူ့ကိုထွက်လာခိုင်းတယ်။...
ငြိမ်းချမ်းရေးတည်ဆောက်စဥ်ကာလတွင်ရှမ်းပြည်နယ်အလယ်ပိုင်း၌ဘာကြောင့်ကြီးမားတဲ့ထိုးစစ်တွေဆင်နေရသနည်းဆိုသည်ကိုသမ္မတအိုဘားမားကမြန်မာအစိုးရကိုမေးရမည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ရက်
ငြိမ်းချမ်းရေးတည်ဆောက်စဥ်ကာလတွင်ရှမ်းပြည်နယ်အလယ်ပိုင်း၌ဘာကြောင့်ကြီးမားတဲ့ထိုးစစ်တွေဆင်နေရသနည်းဆိုသည်ကိုသမ္မတအိုဘားမားကမြန်မာအစိုးရကိုမေးရမည်။
၂၀၁၄ဇွန်လမှစ၍ရှမ်းပြည်အလယ်ပိုင်းတွင်မြန်မာစစ်တပ်မှကြီးမားသည့်ထိုးစစ်များဆင်နေခြင်းသည်လက်ရှိတည်ရှိဆဲအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ရကျသည်။မြန်မာအစိုးရကြွေးကြော်နေသည့်တပြည်လုံးအပစ်အခတ်ရပ်စဲရေးတည်ဆောက်နေပါသည်ဆိုသည့်နှင့်လည်းလုံးဝဆန့်ကျင်နေပါသည်။သမ္မတအိုဘားမားသည်နေပြည်တော်၌သမ္မတဦးသိန်းစိန်နှင့်တွေ့ချိန်တွင်ထိုထိုးစစ်တို့ကိုချက်ချင်းရပ်ဆိုင်းရန်နှင့်ပြည်တွင်းစစ်ရပ်စဲရန်အတွက်ပြောပေးရန်နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန်ကျွန်ုပ်တို့ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများနေနှင့်တောင်းဆိုလိုက်ပါသည်။
၂၀၁၄ခုဇွန်လမှစ၍ရှမ်းပြည်တပ်မတော် ( မြောက်ပိုင်း ) လက်အောက်ရှိကျေးသီးနှင့်မိုင်းရှူးမြို့နယ်မှနေရာများကိုမြန်မာစစ်တပ်မှထောင်ချီသည့်အင်အားများဖြန့်ကျက်၍တိုက်ခိုက်သိမ်းပိုက်နေခဲ့သည်။ရှမ်းပြည်တပ်မတော် ( မြောက်ပိုင်း ) သည်၂၀၁၂ခုနှစ်ကအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုအသစ်ပြန်လည်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။မြန်မာစစ်တပ်သည်ဂျက်လေယာဥ်များ၊ရဟတ်ယာဥ်များအသုံးပြုပြီးအရပ်သားများနေထိုင်ရာဒေသများကိုလက်နက်ကြီးများဖြင့်ပစ်ခြင်းကြောင့်ရာနှင့်ချီသောရွာသားများသိမ်းရှောင်ထွက်ပြေးကြရပြီးရွာသားများကိုနှိပ်စက်သတ်ဖြတ်ခြင်း၊ ပစ္စည်းများလု ယက်ခြင်းကြောင့် ရွာသား ၃၀၀ ခန့်မှာ ဒေသရှိဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြရသည်မှာ ၄ လ ကျော်ခဲ့ပြီ။ ရွာထဲတွင် မြန်မာစစ်တပ်မှ တပ်စွဲထားသဖြင့် ရွာသို့မပြန်နိုင်ကြပေ။
စစ်ဆင်ရေး၏ ရည်မှတ်ချက်တခုမှာ တိုင်းရင်းသားဒေသရှိ သယံဇာတ ပေါကြွယ်သော နေရာများကို သိမ်းပိုက်ထိန်းချုပ်ရန် ဖြစ်ကြောင်းထင်ရှားသည်။ ထိုသယံဇာတ တို့ကိုနိုင်ငံရေးဆွေးနွေးပွဲနှင့်...
ကျေးသီးမြို့နယ်အတွင်းမြန်မာစစ်တပ်များမှလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပြည်သူလူထုများနေထိုင်ရာနေရာများအတွင်းမော်တာများဖြင့်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား
ရှမ်းလူ့အခွင့်အေရေးမဏ္ဏိုင်မှသတင်းထုတ်ပြန်ချက်
အောက်တိုဘာလ ၂၂ရက် ၂၀၁၄
ကျေးသီးမြို့နယ်အတွင်းမြန်မာစစ်တပ်များမှလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပြည်သူလူထုများနေထိုင်ရာနေရာများအတွင်းမော်တာများဖြင့်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား
ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော်SSPP/SSA အားမြန်မာ့စစ်တပ်မှစစ်ရေးဆင်လျက်ရှိရာရှမ်းပြည်နယ်အလယ်ပိုင်းကျေးသီးမြို့နယ်အတွင်းမြန်မာစစ်တပ်များကလူ့အခွင့်အရေးချိုးဖောက်မှုများကိုဆက်လက်ကျူးလွန်လျက်ရှိသည်။ကျွန်ုပ်တို့ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှလက်ရှိကောက်ယူရရှိထားသည့်အချက်အလက်များအရအောက်တိုဘာလ၁၂ရက်နေ့မှ၁၈ရက်နေ့အတောအတွင်းရွာသား၅ဦးမှာရိုက်နက်ညှင်းပန်းနှိပ်စက်ခြင်းခံရပြီး၊ကိုယ်ဝန်အရင့်အမာများနှင့်အမျိုးသမီးတစ်ဦးအပါအဝင်စုစုပေါင်း၇ဦးမှာအိမ်တွင်း၌တစ်ပတ်တိတိဖမ်းဆီးထိန်းသိမိးထားခြင်းကိုခံခဲ့ကြရသည်။အောက်တိုဘာလ၁၃ရက်နေ့တွင်လည်းမြန်မာစစ်တပ်တို့မှမော်တာများဖြင့်လူနေရွာအတွင်းပစ်ခတ်ရာလူနေအိမ်နှင့်ဥစ္စာပစ္စည်းများပျက်ဆီးသွားရုံမကရွာသားပေါင်း၁၈၀ကျော်ခန့်မှာရွာဘုန်ကြီးကျောင်းအတွင်းပြေးဝင်ခိုလုံကြရသည်။
ယင်းသို့မြန်မာစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မော်တာဖြင့်ပစ်ခတ်မှုများအားပြီးခဲ့သည့်အောက်တို ဘာလ ၈ ရက်နေ့က ခိုလမ် အခြေစိုက်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ( ရလခ ) တိုင်းမှ SSPP/SSA အားတပ်များ ဆုတ်ခွာ ရန်ညွှန်ကြားထားသည့်နေရာတစ်ဝိုက် တွင်တည်ရှိသည့်ရွာများအတွင်းဖြစ်ပွားခဲ့သည်။ ယင်းနယ်မြေမှာ SSPP/SSA တို့ရာစုနှစ် နှင့် ချီထိန်းချုပ်ရာနယ်မြေဖြစ်ပြီး လက်ရှိတွင် မြန်မာစစ်တပ်မှ SSPP/SSA အားထိုးစစ်ဆင်နေခြင်း နှင့် ဖိအားပေးကာတပ်များအားဆုတ်ခွာခိုင်းနေမှုများမှာ ၎င်းတို့မြန်မာအစိုးရ...
ရှမ်းပြည်နယ်အလယ်ပိုင်းအတွင်းမြန်မာစစ်တပ်မှစစ်ဆင်တိုက်ခိုက်မှုများပြန်လည်လုပ်ဆောင်လျက်ရှိရာလက်နက်ကြီးများအသုံးပြုခြင်းကြောင့်ဒေသခံပြည်သူများမှအသက်ဆုံးရှုံးမှုနှင့်ကြုံတွေ့ကာရာနှင့်ချီသည့်ပြည်သူလူထုတို့နေရပ်မှတိမ်းရှောင်နေကြရ
ရှမ်းလူ့အခွင့်အရေးဖောင်းဒေးရှင်းမှထုတ်ပြန်ချက်
အောက်တိုဘာလ ၁၀ ရက်၊၂၀၁၄
ရှမ်းပြည်နယ်အလယ်ပိုင်းအတွင်းမြန်မာစစ်တပ်မှစစ်ဆင်တိုက်ခိုက်မှုများပြန်လည်လုပ်ဆောင်လျက်ရှိရာလက်နက်ကြီးများအသုံးပြုခြင်းကြောင့်ဒေသခံပြည်သူများမှအသက်ဆုံးရှုံးမှုနှင့်ကြုံတွေ့ကာရာနှင့်ချီသည့်ပြည်သူလူထုတို့နေရပ်မှတိမ်းရှောင်နေကြရ
အောက်တိုဘာလအစပိုင်းမှစပြီးမြန်မာအစိုးရတပ်မှရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အားဦးတည်ကာထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခြင်းကြောင့်ကျေးသီးမြို့နယ်အတွင်းရှိဒေသခံပြည်သူတို့မှာကြီးမားသည့်ပျက်ဆီးဆုံးရှုံးမှုများ၊ထိခိုက်ဒါဏ်ရာရမှုများအပြင်အသက်ဆုံးရှုံးကြရသည်အထိကြုံတွေ့နေကြရသဖြင့်ပြည်သူလူထုတို့မှာနေရပ်မှထွက်ပြေးသိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့်အောက်တိုဘာလ၂ရက်နေ့မှ၄ရက်နေ့အတွင်းမြန်မာစစ်တပ်၏စစ်ကြောင်း၉ကြောင်းမှလူအင်အား၂၀၀၀ခန့်မနည်းသည့်စစ်ဆင်အားဖြင့်ကျေးသီးမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းများအားစတင်ကာထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ယင်းတို့စစ်ဆင်တိုက်ခိုက်ရာ ( ၆၀, ၈၀နှင့်၁၂၀မမ ) မော်တာစက်သေနတ်များလက်နက်ကြီးများကိုအသုံးပြုပစ်ခတ်ခဲ့ရာဒေသခံပြည်သူလူထုများနေထိုင်သည့်ရွာအတွင်းသို့ထိမှန်ကျရောက်လျက်ရှိသည်။ယင်းသို့ပစ်ခတ်ခဲ့ခြင်းကြောင့်မော်တာကျည်ထိမှန်သဖြင့်သက်ကြီးရွာသားနှစ်ဦးမှာသေဆုံးသွားပြီးတစ်ဦးမှာအပြင်းအထန်ဒါဏ်ရာရရှိခဲ့သည်။ရပ်ရွာလူကြီးနှစ်ဦးမှာသေဆုံးသွားပြီးတစ်ဦးမှာအပြင်းအထန်ဒါဏ်ရာရရှိခဲ့သည်။ရပ်ရွာလူကြီးနှစ်ဦးမှာလည်းစျေးဝယ်သွားရာလမ်းတွင်ပစ်သတ်ခံခဲ့ရသည်။ထို့အပြင်မြန်မာစစ်တပ်မှဒေသခံရွာသားများအားရိုက်နှက်ခြင်းနှင့်ပစ္စည်းဥစ္စာများအားလုယူခြင်းစသည့်အခွင့်အရေးချိုးဖောက်မှုများကိုလုပ်ဆောင်လျက်ရှိသည်။
တာဖာဆောင်ကျေးရွာအုပ်စုအတွင်းလက်နက်ကြီးများမော်တာကျည်များဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့်ရာနှင့်ချီသည့်ဝမ်ငူးလိမ်ရွာမှရွာသားများမှရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည်။ယင်းသို့ပစ်ခတ်လိုက်သည့်မော်တာကျည်များမှာလည်းပြီးခဲ့သည့်ဇွန်လကတိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာကြရသည့်တာဖာဆောင်ရွာမှစစ်ပြေးဒုက္ခသည်ပေါင်း၂၀၀ကျော်ခန့်ခိုလှုံနေသည့်ဝမ်ဝပ်ဘုန်းကြီးကျောင်းတည်ရှိရာဝမ်ဝပ်ရွာအတွင်းလည်းမော်တာကျည်များကျရောက်ခဲ့သည်။
မြန်မာစစ်တပ်မှတိုက်ပွဲအတွင်း SSPP/SSA တပ်စခန်းအချို့ကိုသိမ်းပိုက်ထားပြီးနောက်အောက်တိုဘာလ၅ရက်နေ့နောက်ပိုင်းတွင်ထိုးစစ်ဆင်တိုက်ခိုက်မှုများတစ်ခဏရပ်တန့်သွားသော်လည်းမြန်မာစစ်တပ်မှယင်းဒေသခံပြည်သူများမှအချိန်မရွေးတိုက်ပွဲများထပ်မံဖြစ်ပွားမည်ကိုစိုးရိမ်ကြောက်လန့်လျက်ရှိသည်။
ထို့ကြောင့်ဒေသခံပြည်သူလူထုများအားကြီးမားသည့်ပျက်စီးဆုံးမှုနှင့်ထိခိုက်မှုစသည့်အန္တရယ်များဖြင့်ကြုံတွေ့စေရုံမျှမကလက်ရှိငြိမ်းချမ်းရေးဖော်ဆောင်လျက်ရှိသောလုပ်ငန်းစဥ်ကိုတိုက်ရိုက်ထိခိုက်ပျက်ပြားစေသည့်မြန်မာအစိုးရစစ်တပ်မှထိုးစစ်ဆင်တိုက်ခိုက်နေမှုများကိုကျွန်ုပ်တို့ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှပြင်းထန်စွာရှုတ်ချလိုက်ပါသည်။ထို့အပြင်မြန်မာအစိုးရအား၎င်းသည်လက်ရှိတွင်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အားသဘောရိုးသဘောမှန်ဖြင့်ဖော်ဆောင်နေကြောင်းပြသလိုပါကလက်ရှိစစ်ဆင်တိုက်ခိုက်နေမှုများအားလုံးကိုရပ်တန့်ရုံမျှမကတပ်များအားလည်း SSPP/SSA ထိန်းချုပ်နယ်မြေများအတွင်းမှပြန်လည်ရုပ်သိမ်းဆုတ်ခွာပေးရန်တိုက်တွန်းလိုပါသည်။
ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ချိန်အတောအတွင်းမြန်မာစစ်တပ်မှလူ့အခွင့်အရေးချိုးဖောက်မှုများအသေးစိပ် ( အောက်တိုဘာလ၃ရက်နေ့မှ၆ရက်နေ့အထိ )
မော်တာကျည်ထိမှန်ကာအသက်၅၃နှစ်အရွယ်ရွာသားတစ်ဦးသေဆုံး
အောက်တိုဘာလ၃ရက်နေ့တွင်မြန်မာစစ်တပ်မှပစ်ခတ်လိုက်သည့်မော်တာကျည်မှာရှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ်ဝမ်ဝပ်ကျေးရွာအုပ်စုငူးလိမ်ရွာအတွင်းသို့ထိမှန်ကျရောက်ခဲ့သည်။ယင်းသို့ပစ်ခတ်လိုက်သည့်လက်နက်ကြီးမှာအသက်၅၃နှစ် ( ဦး ) လုံးဝါလိန်လျန်းနေအိမ်အားထိမှန်သဖြင့်၎င်းမှာပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ထို့ပြင်မော်တာကျည်အပိုင်းအစများထိမှန်သဖြင့်နွား၅ကောင်သေဆုံးသွားပြီးငူးလိမ်ရွာမှအခြားရွာသားတစ်ဦးဖြစ်သူစိုင်းရွှေအောင်၏နေအိမ် ( ၂၉၀၀၀၀၀ကျပ်တန်ဖိုးရှိ ) နှင့်လုံးထွန်း၏နေအိမ် ( ၃၈၅၀၀၀ကျပ်တန် ) တို့မှာပျက်ဆီးဆုံးရှူံးသွားခဲ့သည်။အိမ်ခြေ၁၀၀ခန့်ရှိငူးလိမ်ရွာမှရွာသားများမှာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရွာသားနှစ်ဦးမှမိုင်းရယ်စျေးသို့သွားရာလမ်းတွင်ပစ်သတ်ခံရ
ပြီးခဲ့သည့်အောက်တို့ဘာ၃ရက်နေ့တွင်ရွာသားနှစ်ဦးမှာမိုင်းရယ်စျေးသို့သွားရာလမ်းတွင်မြန်မာစစ်တပ်မှပစ်သတ်ခြင်းခံခဲ့ရသည်။ယင်းရွာသားနှစ်ဦးမှာဝလူမျိုးနမ့်ပေါင်ရွာလူကြီးတစ်ဦးဖြစ်သူ ( ဦး ) လုံးမွန်းနှင့်တန့်ယန်းမြို့နယ်လွယ်မိုင်းပတ်ရွာမှရွာသားတစ်ဦးဖြစ်သူစိုင်းဆွေတို့ဖြစ်သည်။စိုင်းဆွေမှာဒေသအတွင်းရှိ “ဗိုလ်မွန်း” ပြည်သူ့စစ်မှတပ်သားဟောင်းတစ်ဦးဖြစ်သည်။
ယင်းရွာသားနှစ်ဦးမှာပုံအမ်းရွာမှမိုင်းရယ်သို့ဆိုင်ကယ်ဖြင့်ကျွဲဝယ်ရန်သွာရာလွိုင်ဂျုကျိအနီးတပ်စွဲထားသည့်မြန်မာစစ်တပ်မှာ၎င်းတို့နှစ်ဦးအားပစ်သတ်ခဲ့သည်။ယင်းသို့ပစ်သတ်ခဲ့ပြီးနောက်မြန်မာစစ်တပ်တပ်သားများမှ၎င်းတို့ဆိုင်ကယ်နှစ်စီးအားမီးရှို့ဖြတ်ဆီးခဲ့သည်။
မော်တာကျည်ထိမှန်ခြင်းကြောင့်အသက်၇၇နှစ်အရွယ်ရွာသားတစ်ဦးသေဆုံးပြီး၎င်း၏သားမက်မှာလည်းပြင်းထန်စွာဒါဏ်ရာရရှိ
အောက်တိုဘာလ၄၇က်နေ့ကမြန်မာစစ်တပ်မှကျေးသီးမြို့နယ်မိုင်းကောင်-နောင်ဆွမ်းကျေးရွာအုပ်စုဝမ့်မတ်ဟု ( ရွာ ) အတွင်းသို့မော်တာကျည်များပစ်ခတ်ခဲ့သည်။ထိုသို့ပစ်ခတ်ရာယင်းရွာနေ ( ဦး ) ပေါထောဝ့်ဥအသက်၇၇နှစ်မှာ၎င်း၏နေအိမ်ခြံဝင်းအတွင်းထင်းပုံနီးအကာအကွယ်ပုန်းခိုနေရာမှမော်တာကျည်ထိမှန်သဖြင့်ယင်းနေရာ၌ပွဲခြင်းပြီးသေဆုံးသွားခဲ့ရသည်။၎င်း၏သားမက်ဖြစ်သူစိုင်းယာစိန်အားလည်းကျည်အပိုင်းအစများထိမှန်ကာပြင်းထန်စွာဒါဏ်ရာရရှိသဖြင့်ဆေးရုံသို့ပို့လိုက်ရသည်။မော်တာကျည်အပိုင်းအစများကြောင့် ( ဦး ) ပေါထောင့်ဥနေအိမ်မှာပျက်ဆီးကာ၎င်း၏နွားအချို့မှာလည်းထိခိုက်ကာဒါဏ်ရာရှိသွားသည်။မပေါက်ကွဲသေးသည့်၆၀မမမော်တာကျည်တစ်လုံးအားလည်း၎င်းနေအိမ်အနီးကျရောက်လျက်ရှိသည်။
ရွာသားတစ်ဦးမှာရိုင်ဖယ်သေနတ်ဒင်ဖြင့်အရိုက်ခံရ
အောက်တိုဘာလ၄ရက်နေ့တွင်ဝမ်ဖြတ်ရွာအတွင်းအသက်၁၈နှစ်ရွာသားတစ်ဦးမှာမြန်မာစစ်တပ်မှတပ်သားများကပြင်းထန်စွာရိုက်နက်ခဲ့ခြင်းကိုခံခဲ့ရသည်။ယင်းမြန်မာစစ်တပ်မှာဝမ်ဖြတ်စောင့်တပ်တပ်ရင်း၂၂မှစစ်သားများဖြစ်သည်။၎င်းတပ်သားများမှာရွာအတွင်းသို့ဝင်ရောက်လာပြီးစိုင်းမောင်နုကိုတွေ့ရာတစ်စုံတစ်ရာမေးမြန်းခြင်းမပြုဘဲ၎င်းအားရိုင်ဖယ်သေနတ်ဒင်းဖြင့်ရိုင်ဖယ်သေနတ်ဒင်းဖြင့်ရိုက်နက်ခဲ့သည်။ယင်းသို့ရိုက်နှက်ရာစိုင်းမောင်နု၏အမေဖြစ်သူ ( ဒေါ် ) ပါယုံတောင်းပန်သော်လည်း၎င်းတို့စိတ်ကျေနပ်သည်အထိရိုက်နက်ခဲ့ပြီးနောက်၎င်းတို့တပ်စခန်းရှိရာသို့ပြန်လည်ထွက်ခွာခဲ့သည်။
ရွာသားပိုင်ပစ္စည်းများအားလုယူခြင်း
အောက်တိုဘာလ၄ရက်နေ့တွင်အင်အား၃၀ခန့်ရှိသည့်ဝမ်ဖြတ်တပ်စခန်းမှမြန်မာတပ်သားများသည်ဝမ်ဖြတ်ရွာအတွင်းဝင်ရောက်ကာရွာသားတစ်ဦးဖြစ်သည့် ( ဦး ) လုံးအွန်အသက်၅၀ပိုင်ဆိုင်သည့်ပစ္စည်းများအားလုယူသွားခဲ့သည်။ယင်းသို့မြန်မာတပ်သားများလုယူသွားသည့်ပစ္စည်းများမှာTV နှစ်လုံး၊မိုဘိုင်းဖုန်းတစ်လုံး၊ဝတ်စုံတစ်စုံနှင့်၎င်း၏ကြက်များဖြစ်သည်။
ရွာသားများအားတန့်ယန်းမြို့အပြင်ဖက်သို့ ရိက္ခာများသယ်ယူခြင်းမပြုရန် ပိတ်ပင်ထား
အောက်တိုဘာလ ၆ ရက်နေ့တွင် တန့်ယန်းမြို့အတွင်း တပ်စွဲထားသော မြန်မာစစ်တပ်မှ ရွာသားများအား ဘက်ထရီများ၊ ဖယောင်းတိုင်များ၊ ဆားနှင့် ဟင်းချိုမုန့်များ နှင့် စားသုံးဆီများအား ရောင်းဝယ်ခြင်းနှင့် မြို့ပြင်သို့ ပို့ဆောင်ခြင်းများ မပြုလုပ်ရန် ပိတ်ပင်ထားခဲ့သည်။
အသေးစိတ်သိရှိလိုပါက ။ ။...