ရှမ်းပြည်အလယ်ပိုင်းတွင်ဗမာတပ်များ မဆင်မခြင်တိုက်ခိုက်မှုများကျယ်ပြန့်လာမှုကြာင့် အရပ်သူအရပ်သား ၆၀၀၀ ကျော်တို့ ပြောင်းရွှေ့ရပြီး အရပ်သား ၄ ယောက်တို့မှာလက်နက်ကြီး ငယ်များဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ် ရာရ။

ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှထုတ်ပြန်ချက်

နိုဝင်ဘာလ ၃ ရက် ၂၀၁၅ ခုနှစ်

ရှမ်းပြည်အလယ်ပိုင်းတွင်ဗမာတပ်များ မဆင်မခြင်တိုက်ခိုက်မှုများကျယ်ပြန့်လာမှုကြာင့် အရပ်သူအရပ်သား ၆၀၀၀ ကျော်တို့ ပြောင်းရွှေ့ရပြီး အရပ်သား ၄ ယောက်တို့မှာလက်နက်ကြီး ငယ်များဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရ။

 

ဗမာစစ်သားမှလုံးပွဲကိုသေနတ်ဖြင့်ပစ်ရာလက်မောင်းတွင်ဒဏ်ရာရ
ဗမာစစ်တပ်တို့ကရှမ်းပြည်အလယ်ပိုင်းအတွင်းရှိရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့ကို  တိုက်ခိုက်သည့်အပြင်ရပ်သူ၊ရပ်သားတို့ကိုလက်နက်ကြီး၊ငယ်ဖြင့်အရမ်းမဲ့ပစ်ခတ်မှုကိုကျွန်တော်တို့ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် ( SHRF )မှ ပြင်းပြင်းထန်ထန်ကန့်က ွက်ရှုတ်ချလိုက်ပါသည်။ထိုတိုက်ခိုက်မှုသည်(၃)မြို့ နယ်အတွင်းရှိ(၂၂) ရွာမှအရပ်သူ၊ ရပ်သား ( ၆၀၀၀ ) ကျော်တို့မှာ အောက်တိုဘာလ အစောပိုင်းကာလကတည်းက မိမိတို့အိုးအိမ်ကိုစွှန့်ပစ်ပြောင်းရွှေ့နေနေရသည်။
အောက်တိုဘာလ ၆ ကတည်းက ဗမာစစ်တပ်(၁၄)တပ်ရင်းပေါင်းတို့မှာ မိုင်းရှူး၊မိုင်နောင်နှင့်ကျေးသီး မြို့နယ်
အထဲတွင်တပ်အင်အားအကြီးမားဆုံးတပ်ဖြန့်ကျက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်
(SSPP/SSA) တို့ကိုထိုမြေနယ်နိမိတ်မှထ ွက်ခွာသ ွားရန်တိုက်ထုတ်နေသည်။လက်ရှိတ ွင်ထိုမြေနယ်နိမိတ်
သည်ယခုအချိန်ထိရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ၏အုပ်ချုပ်မှုအောက်တ ွင်နှစ်ပေါင်းများစွာ က
တည်းကအုပ်ချုပ်နေဆ ဲဖြစ်သည်။ ထို့ပြင်ဇန်နဝါရီလ ၂၀၁၂ခုနှစ်တ ွင်ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)
တို့နှင့်နစ်ဦးနှစ်ဘက်အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်တ ွင်ထိုနယ်ကိုအုပ်ချုပ်ရန်သဘောတူစာချုပ်ခဲ့သည့်
နယ်နိမိတ်ဖြစ်သည်။ ဗမာအစိုးရဘက်မှနှစ်ဦးနှစ်ဘက်အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုဗြောင်ဆက်
လျှက်ချိုးဖောက်လျှက်ရှိနေသည်။ 
လက်နက်ကြီးဗုံးကျည်ကျသဖြင့်ပျက်စီးသွားသော(နန်းကိန်)၏အိမ်

အစဦးပိုင်းတိုက်ခိုက်မှုသည်စစ်ရေးအရရော စီးပွားရေးအရပါ အချက်အချာကျသည့် မိုင်းရှူးမြို့နယ်ရှိ
တာဆမ်ပူး မြစ်မှဖြတ်ရာထိတိုက်ခိုက်သိမ်းသဖြင့်ရပ်သူ၊ရွာသား(၃၆၀၀) ကျော်တို့မှာအိုး အိမ်ကိုစွန့်ပစ်ထ ွက်
ပြေးခဲ့ရသည်။သို့ဖြစ်စေကာမူရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့
၂၀၁၅ ခုနှစ်တ ွင်တာ့ဆမ်ပူး ကိုဆုတ်ခွာပေးခဲ့ရသည်။ယခုဗမာစစ်တပ်သားတို့သည်ကျေးသီးမြို့တ ွင်းရှိဝမ်
ဟိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့ဌာနချုပ်အနီးထိတိုးလျှက်ရှိနေသည်။အောက်တိုဘာလ ၂၅
ရက်၂၀၁၅ ခုနှစ်တ ွင်ဗမာဘက်မှ ဝမ်ဟိုင်း တ ွင်းရှိရွာသူ၊ရွာသားတို့ကိုတိုက်လေယာဉ်ဖြင့်ဗုံးကျဲမည့်ဟန်
ခြိမ်းခြောက်ခဲ့သည်။

အောက်တိုဘာလ ၂၆ ရက်နေ့၂၀၁၅ ခုနှစ်တ ွင်ဗမာစစ်တပ်သားမှ ဝမ်ဟိုင်း၏တောင်ဘက်ရှိဝမ်မွေတော်ရွာ
ကိုလက်နက်ကြီးဖြစ်ပစ်ခတ်သဖြင့်ရွာသူ၊ရွာသား၏ အိမ်များပျက်စီးဆုံးရှူံးပြီး (၂၅)နှစ်ရှိရွာသားတစ်ဦးမှာ ထို
ပေါက်က ွဲမှုမှကြိုးစားထ ွက်ပြေးရာမှဗုံးထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရလိုက်သည်။ထိုတစ်ရက်တည်းမှာပင်
ဝမ်ဟိုင်း ရှေ့တောင်ပိုင်းဘက်ရှိဝမ်ကုန်းနိမ်း မှအသက်(၅၃)နှစ်ရှိလယ်သမားတစ်ယောက်သည်သူ့အိမ်ကို
အောက်တိုဘာလအစောပိုင်းကတည်းကစွန့်ခွာပြေးခဲ့ရပြီး ယခုချိန်တ ွင်သူ၏လယ်၊ယာမြေကိုပြန်လည်ကြည့်ရှု
ရန်အပြန်တ ွင် ဗမာစစ်သားမှထိုသူကိုပစ်ခတ်ဒဏ်ရာရစေခဲ့သည်။

မိုင်းရှူးမြို.နယ် ဟိုင်းပါဘုန်းကြီးကျောင်းတွင်းရှိဒုက္ခသည်စခန်း

အောက်တိုဘာလ ၂၈ ရက်၂၀၁၅ ခုနှစ်ဗုဒ္ဓဘာသာဝင်တို့၏ သီတင်းကျွတ်ရက်ဖြစ်ရာ ဝမ်ဟိုင်း ကျေးရွာမှရွာ
သူ၊ရွာသား ရာကျော်တို့မှာ ညသန်းခေါင်ယံအချိန်တ ွင်ဘုန်းကြီးကျောင်းတ ွင်ရိုးရာထုံးတမ်းစဉ်လာအတိုင်းဝါ
ကျွတ်ပွဲကျင်းပရာ ဗမာစစ်သားဘက်မှစ၍ ၁၂၀ မမ ဖြစ်ပစ်ခတ်ခဲ့သည်။ ထိုဗုံးကျည်သည်ဝမ်ဟိုင်း ရွာထ ဲတ ွင်
အမြောက်ကျည်ဆန်(၈) လုံးကျခဲ့ပြီး ၂ အိမ်ပျက်စီးခဲ့ပြီး အသက်(၄၀) နှစ်ရှိအမျိုးသမီးကြီး (၁) ဦးနှင့်သူမ၏
သမီး အသက်(၅) နှစ်တို့အိပ်နေချိန်တ ွင်ဗုံးကျထိမှန်ဒဏ်ရာရခဲ့သည်။

ဤတိုက်ခိုက်မှုဖြစ်စဉ်သည်ဝမ်ဟိုင်း လူဦးရေ (၂၀၀၀) တို့မှာမိမိ၏အိမ်ကိုစွန့်ပစ်ပြီးအနီးနားရှိမြို့ ရွာများတ ွင်
စစ်ဘေးဒုက္ခသည်အဖြစ်ထ ွက်ပြေးတိမ်းရှောင်နေရပြီးထိုနည်းသူစွာအခြားသောနေရာမှထ ွက်ပြေးတိမ်းရှောင်သူ
မှာ ယခုချိန်ထိဆက်လျှက်တိုက်ခိုက်မှု တေ ွကြောင့်တိမ်းရှောင်သူလူဦးရေစုစုပေါင်းမှာ (၆၀၀၀) ကျော်ခဲ့ပြီ
ဖြစ်သည်။ စစ်ပြေးဒုက္ခသည်တို့မှာမိမိတို့အိုး၊အိမ်၊ လယ်၊ယာ တို့ကိုစွန့်ခွာထ ွက်ပြေးကြရပြီး လူသားချင်းစာနာ
ထောက်မှုကိုအမှန်တကယ်လိုနေကြသည်။ စာသင်ကျောင်း (၁၄) ကျောင်းကိုပိတ်လိုက်ရသဖြင့်ကျောင်းသူ၊
ကျောင်းသား ပေါင်း (၁၂၅၀)ယောက်တို့မှာ ကျောင်းမတက်နိုင်ပဲ ရှိနေပေ။

လက်နက်ကြီးကျည်ဆန်ကြောင့်ထိခိုက်ဒဏ်ရာရသူစိုင်းအုံး

ယခုလိုဗမာစစ်တပ်တို့မရပ်မနားရှမ်းအုပ်ချုပ်နယ်မြေထိကျူးကျော်တိုက်ခိုက်ခြင်းကြောင့်ဒေသခံရွာသူ၊ရွာ
သားအများ ထိခိုက်နစ်နာမှုများကို ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်(SHRF) မှရှူတ်ချပါသည်။ဗမာအစိုးရ သည်
ဤတိုက်ခိုက်မှု၊နေရာရွှေ့ပြောင်းရမှု၊ အခွင့်ရေးချိုးဖောက်မှုတေ ွကိုလုံးဝတာဝန်ယူရမည်။ ဤသို့တိုက်ခိုက်မှုမှာ
နေပြည်တော်သည် ငြိမ်းချမ်းရေးမျက်နှာဖုံးကိုခွာချ ခြင်းဖြစ်သည်။ဆေ ွးနွေးမှုအပေါ်တ ွင်လစ်လျူရှူထားပြီး
ဆေ ွးနွေးခြင်းဖြင့်ပဋိပက္ခဖြေရှင်းရေးကိုစိတ်ဝင်စားမှုမရှိပဲ ဗမာစစ်တပ်တို့သည်တိုင်းရင်းသားတို့အပေါ်တ ွင်ဖိနှိပ်
ချုပ်ချယ်မှုတစ်ခုတည်းကိုသာလုပ်နေသည်။

နေပြည်တော်စစ်တပ်များအဓမ္မကျူးကျော်တိုက်ခိုက်မှုကိုနိုင်ငံတကာမှပြစ်တင်ရှူတ်ချပြီး။တိုင်းရင်းသားနယ်မြေ
အတ ွင်းထိုးစစ်ဆင်မှုများမရပ်မချင်း ၎င်းတို့အားအထောက်ပံ့ပေးခြင်း ကိုရပ်ဆိုင်းရန်ရှမ်းလူ့အခွင့်မဏ္ဍိုင်မှ
လူသိရှင်ကြားပြင်းပြင်းထန်ထန်တိုက်တွန်းလိုက်ပါသည်။

ဗမာစစ်တပ်မှတိုက်ခိုက်မှုအတောအတွင်းတွင်ထိခိုက်ဒဏ်ရာရသူရွာသူ၊ရွာသားများ၏အသေးစိတ်အချက်လက်

ရက်စွဲ ထိခိုက်ဒဏ်ရာရတယ်သူ နေရာ အသေးစိတ်
အောက်တိုဘာလ
၂၆ ရက်နေ့၂၀၁၅
ခုနှစ် နံနက်၁၀ နာရီ
ဗမာစစ်သား ပစ်ခတ်သဖြင့် အသက်၅၃နှစ်ရွာသား(၁)ဦး
လက်မောင်းတွင်ဒဏ်ရာရ
ဝမ်ကုန်းနိမ်(ဟိုင်းပါ)ကျေးရွာ
မိုင်းရှူးမြို့နယ်
ဝမ်ဟိုင်းစစ်ပြေးဒုက္ခသည်မှ လုံးပွဲသည်၎င်း၏လယ်၊ယာကိုကြည့်ရှူရန်အပြန်တွင် ဗမာစစ်သားမှပစ်ခတ်သဖြင့် လက်မောင်းတွင် ကျည်ဆန်၂ဆန်ထိမှန်ခဲ့သည်။ ဝမ်ဟိုင်း ဆေးပေးခန်းတွင် အရေးပေါ်ကုသခဲ့သည်။
အောက်တိုဘာလ
၂၆ ရက်၂၀၁၅
ခုနှစ်ည ၉ နာရီ
လက်နက်ကြီးပစ်ခတ်သဖြင့်အသက်
၂၅ နှစ်ရွာသား(၁)ဦး၏ ဝမ်းဗိုက်ထိမှန်ပြီး ဒေသခံ(၃)အိမ်ပျက်စီး
ဝမ်မွေတော်
ဝိင်းကောင်
ကျေးရွာ၊
မိုင်းနောင်မြို့နယ်
ဗမာစစ်တပ်သားများပစ်ခတ်မှုကြောင့် စိုင်းအုံးမှာထွက်ပြေးနေရင်းဗုံးဆန်စထိမှန် ပြီးသွေးထွက်များသဖြင့်ထိုသူအားမိုင်းနောင်ဆေးရုံသို့ အောက်တိုဘာလ၂၇ရက်နေ့တွင်ပို့ခဲ့သည်။
အောက်တိုဘာလ
၂၈ ရက်နေ့ ၂၀၁၅ ခုနှစ် ညသန်းခေါင်ယံ
(၁၂၀) မမဖြင့် ပစ်ခတ်မှုကြောင့်
အသက်(၄၀)အမျိုးသမီး(၁)ယောက်
နှင့်(၅)နှစ်သမီး(၁)ယောက်တို့ ထိမှန်ဒဏ်ရာရပြီး အိမ်(၂)အိမ်အပြင်ကား(၁)စီးပျက်စီး
ဝမ်ဟိုင်း
ကျေးသီးမြို့နယ်
ဗမာစစ်တပ်သားများ လက်နက်ကြီးဖြင့် ဝမ်ဟိုင်းရွာ ရွာသူ၊ရွာသား (၂၀၀)ကျော်တို့ သီတင်းကျွတ်ပွဲတော်ကိုဘုန်းကြီးကျောင်းတွင် ကျင်းပနေချိန်ဗမာစစ်တပ်သားများလက်နက်ကြီးဖြင့် ဝမ်ဟိုင်းရွာတွင်းသို့ ပစ်ခိုက်ခဲ့သည်။ အမြှောက်ကျည်သည် ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းအနီးတွင် ကျရောက်ခဲ့ပြီးအိမ်(၂)အိမ်ကိုထိမှန်ရာမှ နန်းကိန်နှင့်သူမ၏သမီးလေး နန်းဟွမ်ခေါင်တို့ အိပ်နေချိန်၎င်း၏အိမ်ပါ ထိမှန်ခဲ့သည်။ ကျည်ဆန်မှာ နန်းကိန်နဖူးကိုထိမှန်ပြီး နန်းဟွမ်ခေါင်မှာမူဦးခေါင်းနှင့်ခြေထောက်ကိုထိမှန်ခဲ့သည်။

 

အောက်တိုဘာလ ၆ ရက်နေ့ ၂၀၁၅ ခုနှစ်မှစ၍ ဗမာစစ်သားတို့တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်အလယ်ပိုင်းမှေဒ
သခံများစစ်ပြေးဒုက္ခသည်များထွက်ပြေးရာရွာအရေအတွက်

ယခုလက်ရှိဒုက္ခသည်စခန်း အရေအတွက် မူရင်းဒုက္ခသည်စခန်း
ဝမ်ဆော့ရွာ၊မိုင်းရှူးမြို့နယ် 1,900 ၂၂ ရွာထဲမှဝမ်လွေ၊
ကုန်းခန်၊မိုင်းအတ်၊ကုန်းစံ၊ဝမ်နေ၊ဝမ်ဟိုင်း၊ဝမ်ထမ်၊ဝမ်ကျောင်း၊နမ့်ပါမုံး၊နမ့်ဆုန်၊ဖက်ကီး တို့အပါအဝင်ဖြစ်ပါသည်။
မိုင်းရှူးမြို့နယ်
– ဝတ့်ဟွမ်ယန်ဘုန်းကြီးကျောင်း
– ကျောင်းဝိင်းဆန်ဘုန်းကြီးကျောင်း
– ရပ်ကွက် (၁) ပေါက်ခေ
480
ဟိုင်းပါဘုန်းကြီးကျောင်း၊ဟိုင်းပါရွာ
မိုင်းရှူးမြို့နယ်
1,300
မင်္ဂလာရန်အောင်ဘုန်းကြီးကျောင်း
မိုင်းနောင်မြို့နယ်
280
တူယား 150
ကျိုင်းလိန်၊ဝမ်ဝ၊ခုမ်ပန်၊ကျေးသီး၊ပန်လော့ 2,000 ဝန်းကျင်ခန့် ဝမ်ဟိုင်း
စုစုပေါင်း 6,110

 

အသေးစိတ်အချက်လက်သိလိုပါက

Sai Hor Hseng                                    +66 (0) 62- 941-9600   (English, Shan)

Sai Kheun Mai                                    +66 (0) 94-638-6759   (English, Burmese)

 DOWNLOAD PDF: Shan Burmese English

ထုတ်ပြန်ချက်