Facebook
Mail
Twitter
Youtube
ပင်မစာမျက်နှာ
ထုတ်ပြန်ချက်
ဗီဒီယိုကဏ္ဍ
မြေပုံ
သတင်းလွှာ
SHRF အကြောင်း
Tai/Shan
English
Search
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)
ပင်မစာမျက်နှာ
ထုတ်ပြန်ချက်
ဗီဒီယိုကဏ္ဍ
မြေပုံ
သတင်းလွှာ
SHRF အကြောင်း
Tai/Shan
English
ထုတ်ပြန်ချက်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့် လေ ကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူလေးဦးသေဆုံးကာ အိမ်ပေါင်းများစွာထိခိုက်ပျက်စီးခဲ့
May 9, 2023
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက် ၂၀၂၃ ခုနှစ် မေလ ၉ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့် လေ ကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူလေးဦးသေဆုံးကာ အိမ်ပေါင်းများစွာထိခိုက်ပျက်စီးခဲ့ ၂၀၂၃ ခုနစ် ဧပြီလအတွင်းဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်ဖွဲ့များနှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တို့၏တိုက်ပွဲများအပြီးတွင် စစ်ကောင်စီ၏ ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများနှင့်...
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူ အနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံခဲ့ရ
March 23, 2023
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖေါက်မှု သတင်းထုတ်ပြန်ချက် ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူ အနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံခဲ့ရ ယခုနှစ်ဦးမှစတင်ကာ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့်...
အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့တွင် သီပေါမြို့ရှိ နမ္မမြစ်အတွက် ကျေးရွာအုပ်စု လေးခုမှ ဒေသခံများစုစည်းကာ ဆုတောင်းပွဲပြုလုပ်ခဲ့
March 14, 2023
ရှမ်းပြည်မြစ်ချောင်းများကွန်ယက်၏ ထုတ်ပြန်ကြေညာချက် မတ်လ ၁၄ ရက် ၂၀၂၃ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့တွင် သီပေါမြို့ရှိ နမ္မမြစ်အတွက် ကျေးရွာအုပ်စုလေးခုမှ ဒေသခံများစုစည်းကာ ဆုတောင်းပွဲပြုလုပ်ခဲ့ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့အထိမ်းအမှတ်အဖြစ် ယနေ့တွင်တွင်သီပေါမြို့ရှိ ကျေးရွာအုပ်စုလေးခုမှ ဒေသခံများသည် နမ္မမြစ်နံဘေးတွင်စုစည်းခဲ့ကြသည်။ ယနေ့တွင် နမ့်မ၊နားနွဲ့၊မောက်တောင်းနှင့်မိုင်းကျစ်ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများသည် ”မြစ်များသည် တစ်စုံတစ်ဦးတစ်ဖွဲ့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ရောင်းရန်မဟုတ်” ”ကမ္ဘာတည် သရွေ့ရှမ်းပြည်ကမြစ်တွေလွတ်လပ်စွာစီးဆင်းနိုင်ပါစေ” အစရှိသည့်ရှမ်းမြန်မာ နှစ်ဘာသာပါရှိသော...
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကာလအတွင်း ပြည်သူ ၆ ဦး နှိပ်စက်ခံရပြီး ၂ ဦးသတ်ဖြတ်ခံရ
February 27, 2023
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကာလအတွင်း ပြည်သူ ၆ ဦး နှိပ်စက်ခံရပြီး ၂ ဦးသတ်ဖြတ်ခံရ ၂၀၂၃ ခုနစ် ဖေဖော်၀ါရီ ၁၀ ရက်မှစတင်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် လုံခံကျေးရွာအနီးတွင်...
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကျေးရွာအုပ်စု (၁၁) ခုရေလွှမ်းမိုးခံရနိုင်
February 23, 2023
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကျေးရွာအုပ်စု (၁၁) ခုရေလွှမ်းမိုးခံရနိုင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွယ်စောင့်ကျေးရွာအုပ်စု တောင်ခြေရွာရှိ နမ္မတူမြစ်(ခေါ်) ဒုဌ၀တီမြစ်ပေါ်၌ တည်ဆောက်လျက်ရှိသော အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် သီပေါမြို့ပေါရှိ ကျေးရွာအုပ်စု (၁၁) ခုမှာ ရေလွှမ်းမိုးခံရနိုင်ချေရှိနေသည်။ မိမိတို့အဖွဲ့အစည်းမှ လက်ခံရရှိထားသော စစ်ကောင်စီလက်အောက်ခံ သီပေါမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ၂၀၂၂ ခုနစ်...
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တီကျစ်ကျောက်မီးသွေးတွင်း အနီးတွင် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့ကြောင့် ယာဥ်မောင်းတစ်ဦးပစ်သတ်ခံရပြီး လယ်သမားတစ်ဦးဒဏ်ရာရရှိ
January 18, 2023
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တီကျစ်ကျောက်မီးသွေးတွင်း အနီးတွင် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့ကြောင့် ယာဥ်မောင်းတစ်ဦးပစ်သတ်ခံရပြီး လယ်သမားတစ်ဦးဒဏ်ရာရရှိ ၂၀၂၃ ဇန်န၀ါရီလ ၇ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့ တီကျစ်ကျောက်မီးသွေးတွင်းအနီးတွင် စစ်ကောင်စီနှင့်...
သီပေါမြို့နယ်၌ SSPP/SSA တပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားစဥ်စစ်ကောင်စီတပ်မှရမ်းသမ်းပစ်ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရ
December 2, 2022
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးလူ့ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက် သီပေါမြို့နယ်၌ SSPP/SSA တပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားစဥ်စစ်ကောင်စီတပ်မှရမ်းသမ်းပစ်ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရ ၂၀၂၂ ခုနစ် နို၀င်ဘာလ ၂၅ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် အပစ်ရပ်လက်နက်ကိုင်တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်အား စစ်ကောင်စီတပ်မှတိုက်ခိုက်စဥ် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံ ၇၀၀...
ရှမ်းပြည်တောင်ပိုင်းမိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့
October 12, 2022
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေးချိုးဖေါက်မှု ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက် ရှမ်းပြည်တောင်ပိုင်းမိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ ၂၀၂၂ ခုနစ်စက်တင်ဘာလတွင် မိုးဗြဲမြို့နယ်၌ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများအတွင်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် ...
ရှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦးမှ နွားကျောင်းထွက်လာသည့် လယ်သမားအား ရိုက်နှက်ကာ လည်ပင်းအားဓါးဖြင့်ခုတ်မှုဖြစ်ပွား
September 13, 2022
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက် ရှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦးမှ နွားကျောင်းထွက်လာသည့် လယ်သမားအား ရိုက်နှက်ကာ လည်ပင်းအားဓါးဖြင့်ခုတ်မှုဖြစ်ပွား ရှမ်းပြည်တောင်ပိုင်းကျေးသီးမြို့တွင် နွားကျောင်းထွက်လာသည့်လယ်သမားတစ်ဦးအား စစ်ကောင်စီတပ်သားသုံးဦးမှ ၄င်းတို့ စစ်တပ်စခန်းအနီးတွင် ရိုက်နှက်ကာ လယ်ပင်းအား ဓါးဖြင့်ခုတ်ကာ အကြမ်းဖက်နှိပ်စက်ခဲ့သည်။ ၂၀၂၂ ခုနစ် သြဂုတ်လ...
တာချီလိတ်မြို့အရှေ့ဘက်ခြမ်း၌ အလွန်အကျွံရွှေတူးဖော်မှုများ၏အကျိုးဆက်ကြောင့်ရွှံ့နွံရေလွှမ်းမိုးမှုကို ဒေသ ခံ များကြုံတွေ့နေရ
August 24, 2022
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နှင့် သျှမ်းကျောင်းသားများသမဂ္ဂ မှ နောက်ဆုံးရထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၄ ရက် တာချီလိတ်မြို့အရှေ့ဘက်ခြမ်း၌ အလွန်အကျွံရွှေတူးဖော်မှုများ၏အကျိုးဆက်ကြောင့်ရွှံ့နွံရေလွှမ်းမိုးမှုကို ဒေသ ခံ များကြုံတွေ့နေရ ၂၀၂၂ ခုနစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် တာချီလိတ်မြို့ အရှေ့မြောက်ဘက်မှ ၄၀ ကီလိုမီတာကွာ၀ေးသော နားဟိုင်း လုံကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်...
1
...
3
4
5
...
18
Page 4 of 18
ထုတ်ပြန်ချက်
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ကျောက်မဲ၊ မိုးကုတ်နှင့် နောင်ချိုမြို့ များတွင် အရပ်သား ၈ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရ
July 2, 2025
ဂြိုလ်တုဓာတ်ပုံများက UWSA မြောက်ပိုင်းဒေသ မိုင်းပေါက်တွင် မြေရှားသတ္တုတူးဖော်မှုများ တိုးချဲ့ လာသည် ကို ထုတ်ဖော်ပြသနေ
June 19, 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲ့သည် နေအိမ် အလုံး၄၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးလယ်သမားတစ်ဦးကို လည်လှီး သတ်ဖြတ်ခဲ့
May 20, 2025
ဂြိုလ်တုဓာတ်ပုံများမှ ဖော်ပြနေသော ထိုင်းနယ်စပ်မှ ၂၅ကီလိုမီတာသာ ကွာ၀ေးသော မိုင်းဆတ်မြို့ တောင်ဘက်ရှိ မြေရှားသတ္တုတွင်းများ
May 15, 2025
ဓနုတို့၏အချက်အချာနယ်မြေတွင် စစ်ကောင်စီက ပြင်းထန်စွာပိုမိုပြုလုပ်လာသည့် အစုအပြုံလိုက် ညှဥ်းပန်းနှိပ်စက်မှုများ
April 24, 2025