ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက် ခိုက်မှု တို့ ကြောင့် အမျိုးသမီး ၃ ဦးနှင့် မိန်းကလေးငယ် ၁ ဦးတို့ဒဏ်ရာရပြီး နေအိမ်များထိခိုက်ပျက်စီးခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်

ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက် ခိုက်မှု တို့ ကြောင့် အမျိုးသမီး ၃ ဦးနှင့် မိန်းကလေးငယ် ၁ ဦးတို့ဒဏ်ရာရပြီး နေအိမ်များထိခိုက်ပျက်စီးခဲ့

ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ်တွင်  ၂၀၂၃ ခုနစ်စက်တင်ဘာလ ၂၀ မှ စက်တင်ဘာလ ၂၅ ရက်အထိ စစ် ကောင်စီနှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြားဖြစ်ပွားခဲ့သော တိုက်ပွဲများအ တွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုကခိုက်မှုများကြောင့်  အမျိုးသမီး ၃ ဦးနှင့် မိန်းက လေးငယ် ၁ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့သည်။

စက်တင်ဘာလ ၁၇ ရက်တွင် မူဆယ်မြို့နယ် တောင်ဘက်စွန်း ၀ိန်းနန်းကျေးရွာတောင်ဘက်တွင် စစ်ကောင် စီတပ်နှင့် TNLA တို့တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ၏လက်နက်ကြီးကြောင့်ဒဏ်ရာရသောအမျိုးသမီး

စက်တင်ဘာလ ၁၈ ရက် နေ့တွင် မူဆယ်မြို့အပြင်ဘက် စန်းဆာ တောင်နှင့် ခူး၀ိန်းရွာတို့တွင် အခြေချထားသော စစ်ကောင်စီတပ်မ ၉၉ မှအင်အား ၄၀ ခန့်နှင့် မြို့မပြည်သူ့စစ်၊ကောင်းခါးပြည်သူ့စစ်နှင့် ပိန်းဆာပြည်သူ့စစ်တို့မှ တပ်သားများ စုစုပေါင်းအင်အား ၁၀၀ ခန့် သည် TNLA တပ်ဖွဲ့မှအခြေချနေထိုင်သော စယ်လန့်ကျေးရွာ အရှေ့ ဘက် လွယ်တေးမိန်းကိုဦးတည် တိုက်ခိုက်ခဲ့ကြသည်။ စစ်ကောင်စီ တပ်သည် လွိုင်စန်းဆာတောင်မှန၍ ညအချိန်အထိ လက်နက်ကြီး များ ကိုရမ်းသမ်း ပစ်ခတ်ခဲ့ရာ ည ၈နာရီ၀န်းကျင်တွင် စယ်လန့် ကျေးရွာ အုပ်စု မန်ကန်ရွာအတွင်းသို့ လက်နက်ကြီးကျရောက်ကာ အသက် ၄၀ ၀န်းကျင်အမျိုးသမီးတစ်ဦး ဘယ်ဘက်ပေါင်တွင်ဒဏ် ရာရ ရှိခဲ့ပြီး နေအိမ် အချို့ထိခိုက်ပျက်စီးခဲ့သည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် လွယ်စန်းဆာ တောင်၌တပ်စွဲထား သော စစ်ကောင်စီတပ်သည် တိန်းလုံ (ရှေ့) ကျေးရွာအုပ်စု စန်းဆာ ရွာအတွင်းသို့ TNLA တပ်ဖွဲ့၀င်များမရှိဘဲ လက် နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ စန်းဆာ ကျေးရွာ အတွင်း သို့လပ်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၅၀ ၀န်းကျင် နန်းလင်း၊ နန်းဆွဲ့ နှင့် အသက် ၁၇ နှစ်အရွယ် နန်းအီ တို့ လက်နက်ကြီးထိမှန်ကာဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့သည်။

စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်း၌ စစ်ကောင်စီနှင့် TNLAတို့တိုက်ပွဲအကြားတွင် မူဆယ်နှင့် စယ်လန့်ကျေးရွာ အုပ်စုအကြားရှိ ဆုတောင်းတောင်ပေါ်သို့ လက်နက်ကြီးကျရောက်ခဲ့ပြီး ဆုတောင်းတောင်ဘုန်းကြီးကျောင်းရှိ သံ ဃာ တစ်ပါးလက်နက်ကြီးထိမှန်ခဲ့သည်။ဒေသခံလူမှူကယ်ဆယ်ရေး အသင်းတစ်ခုမှ ၄င်းကိုမူဆယ် ဆေးရုံသို့ပို့ဆောင်ခဲ့သည်။

 စက်တင်ဘာလ ၂၅ ရက်နေ့ ည၁၀ နာရီခွဲ၀န်းကျင်တွင် စစ်ကောင်စီတပ်သည် မူဆယ်မြို့ မော်တောင်းကျေးရွာ အုပ်စု မန့်ဟန်ရွာကို TNLA တပ်ဖွဲ့များရှိနေသည်ဟုဆိုကာ လေကြောင်းမှ ၁၀ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ရာ နေအိမ် ၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့သည်။

တိုက်ပွဲများကြောင့် မူဆယ်မြို့ နမ့်ကတ်ကျေးရွာအုပ်စု ၊စယ်လန့်ကျေးရွာအုပ်စု နှင့် ၀ိန်းနန်းကျေးရွာမှ  ဒေသခံ ၇၀၀ ၀န်းကျင်သည် မူဆယ်မြို့ နမ့်စန့်ကျေးရွာဇရပ်၊မန်နိမ်ရွာဇရပ်၊ပန်ခမ်းကျေးရွာဘုန်းကြီးကျောင်း၊ နမ့်ခမ်းမြို့ ကောင်း တပ် ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတို့တွင်ထွက်ပြေးတိမ်းရှောင်နေရသည်။ ၄င်းတို့သည် သြဂုတ်လနောက် ဆုံးပတ်တွင် တိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများဖြစ်ပြီး တိုက်ပွဲများငြိမ်သက် သွားသည့်စက်တင် ဘာလ ပထမပတ်တွင်မှ နေအိမ်သို့ပြန်လာသူများဖြစ်သည်။

ဘုန်းကြီးကျောင်း၌တိမ်းရှောင်နေကျသေားစစ်ရှောင်များ

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်         +66 947 286 696                   Signal (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်     +66 981 183 767                   (မြန်မာ)

 

PDF ဖိုင်ဆွဲယူရန် >>> Shan Burmese English

ထုတ်ပြန်ချက်