ရှမ်းပြည်မြောက်ပိုင်းတွင်ပဋိပက္ခများကျယ်ပြန့်လာသည့်ကြား၌ပင် ငွေရည်ပုလဲကုမ္ပဏီသည် နမ္မ ရေဝေ ဒေသတွင် ကျောက်မီးသွေးတွင်းအသစ်တူးဖော်မှူများကိုပြုလုပ်နေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်

ရှမ်းပြည်မြောက်ပိုင်းတွင်ပဋိပက္ခများကျယ်ပြန့်လာသည့်ကြား၌ပင် ငွေရည်ပုလဲကုမ္ပဏီသည် နမ္မ ရေဝေ ဒေသတွင် ကျောက်မီးသွေးတွင်းအသစ်တူးဖော်မှူများကိုပြုလုပ်နေ

ယခုနစ် နိုဝင်ဘာလဆန်းမှစတင်၍ စစ်ကောင်စီတပ်၏အကျိုးတူစီးပွားဖက်ကုမ္ပဏီဖြစ်သော ငွေရည်ပုလဲကုမ္ပဏီသည် သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စုတွင် ဒေသခံများ၏ကန့်ကွက်မှုများကို လျစ်လျူရှုကာ ရေဝေဒေသ၌ ကျောက်မီးသွေးတွင်းသစ်တူးဖော်မှုများပြုလုပ်လျက်ရှိရာ ရှမ်းပြည်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာသည်။

လူဦးရေ ၆၀ ခန့်ရှိသော မြန်မာအလုပ်သမားများသည် ဘတ်ဟိုးကားသုံးစီးကို အသုံးပြုကာ ဟိုနားဖရေ၀ေတောအုပ်တွင် တူးဖော်ခြင်းလုပ်ငန်းများကို စတင်ခဲ့သည်။ ယင်းနေရာသည် နမ္မဒေသခံ ၃၀၀၀ ကျော်အတွက် ရေအရင်းအမြစ်ရရှိရာဒေသဖြစ်ပြီး စိုက်ပျိုးမြေဧကရာကျော်ကို ရေပေးနေသော ဒေသဖြစ်သည်။

ယင်းကုမ္ပဏီသည် စစ်တပ်အာဏာသိမ်းခြင်းကို အခွင့်ကောင်းယူ၍ ရေ၀ေဒသကို ကာကွယ်ရန် သဘောတူ ညီချက် ကို ပယ်ဖျက်ကာ ဟိုနားဖဒေသတွင် ကျောက်မီးသွေးစမ်းသပ်တူးဖော်ခြင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့ သည်။ ယခုနှစ် စက်တင်ဘာလ ၅ရက်နေ့တွင် ယင်းကုမ္ပဏီက နမ္မဒေသခံ ၂၅၀ခန့်ကို အစည်းအဝေးခေါ်ကာ ၎င်း တို့ သည် နမ္မရှိ မြေဧက ၂၇၉၆.၇၅ ဧကတွင် ကျောက်မီးသွေးတူးဖော်ရန် စစ်ကောင်စီထံမှ ၅နှစ် ခွင့်ပြု မိန့်ရ ရှိထား ပြီဖြစ်ပြီး ဒေသခံများသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆက်လက်တူးဖော်သွား မည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

စက်တင်ဘာလ ၁၅ရက်နေ့တွင် ကုမ္ပဏီကိုယ်စားလှယ်သည် နမ္မရှိကျေးရွာလူကြီးများအား ဟိုနားဖတွင် ကျောက်မီးသွေးတူးဖော်ခြင်းကို အောက်တိုဘာလအကုန်တွင် စတင်မည်ဖြစ်ကြောင်းပြောပြီး ထိခိုက်ပျက်စီး မှုများအတွက် ငွေကျပ် သိန်း ၂၅၀ ပေးခဲ့သည်။ လယ်ယာမြေဆုံးရှုံးရသော လယ်ပိုင်ရှင်များသည် တဦးလျှင် ငွေကျပ် ၃သိန်း  သာရရှိပြီး အခြားသောရွာသားများသည် တဦးလျှင် ငွေကျပ် ၅၀၀၀၀ ရရှိခဲ့သည်။

ယင်းကုမ္ပဏီ၏ အစောပိုင်းကျောက်မီးသွေးတူးဖော်မှုမှာပင် အနီးရှိလယ်ယာမြေများ ပျက်စီးဆုံးရှုံးသွားသည်ကို မြင်တွေ့ရပြီး ဒေသခံများသည် ၎င်းတို့၏အဖိုးတန်သော ရေ၀ေဒေသတခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်နေ ကြ သည်။ ၄င်းနေရာတွင် ကျောက်မီးသွေးတူးဖော်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ဒေသခံလယ်သမားများ အမှီပြုနေရသော ရေအရင်းအမြစ်များ ပိတ်ဆို့ပျက်စီးခဲ့ပြီး သီးနှံအထွက်နှုန်းလျော့နည်းခဲ့သည်။

ဤကျောက်မီးသွေးတွင်းသစ်သည် ငွေရည်ပုလဲကုမ္ပဏီကနမ္မတွင်စတုတ္ထအကြိမ်မြောက် လာရောက်တူးဖော်သော တွင်းဖြစ်သည်။ ထိုကုမ္ပဏီသည် ကျောက်မီးသွေးတူးဖော်မျုကို ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး စစ်အစိုးရနှင့် အကျိုး တူဖက်စပ်လုပ်ကိုင်လျက်ရှိသောလုပ်ငန်းဖြစ်သည်။ လေထုနှင့် ရေညစ်ညမ်းခြင်း၊ လယ်ယာမြေပျက်စီးခြင်း၊ မြေပြိုခြင်း စသော သက်ရောက်မှုများစွာကြောင့် ဒေသခံများသည် ယင်းကဲ့သို့ ကျောက်မီးသွေးတူးဖော်ခြင်း လုပ် ငန်းများကို ရပ်တန့်ရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ဒေသခံရွာသားများသည် ယင်းဒေသတွင်လှုပ်ရှားနေသော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကို ထိုကျောက်မီးသွေး တူးဖော်ြခင်းလုပ်ငန်းများရပ်တန့်သွားအောင် ကူညီပေးရန် တောင်းဆိုခဲ့သည်။ အောက်တိုဘာလတွင် သီပေါမြို့နယ်တဝိုက်ရှိ ဒေသခံလူငယ်များသည် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းရေးနှင့် ပက်သက်သည့် ပိုစတာများ ပြုလုပ်ခဲ့ပြီး ပြည်သူလူထုအား Crown ဘိလပ်မြေနှင့် ဆင်းရွှေလီ သ ကြား အပါအဝင် ငွေရည်ပုလဲကုမ္ပဏီထုတ်ကုန်များကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့သည်။

အောက်တိုဘာလ ၂၇ရက်နေ့၌ ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကိုစတင်ခဲ့ပြီး ရှမ်းမြောက်တွင် တိုက် ပွဲများအကြီးအကျယ်ဖြစ်ပွား၍ လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်တွင် စစ်ဘေးရှောင်ရသည်များ ရှိနေသော်လည်း ငွေရည်ပုလဲကုမ္ပဏီသည် ကျောက်မီးသွေးတွင်းသစ်တွင် တူးဖော်မှုများ ဆက်လက်လုပ်ဆောင် နေသည်။ အောက် တိုဘာလ ၃၀ရက်နေ့တွင် စစ်ကောင်စီက နမ့်ပေါင်ကျေးရွာကို ဂျက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့သောကြောင့် လားရှိုး မြို့နယ်တောင်ပိုင်းမှ ဒေသခံ ၄၀၀ ကျော်သည် နမ့်ပေါင်မှ ၅မိုင်ခန့်ကွာဝေးသော နမ္မသို့ စစ်ဘေးရှောင် ထွက် ပြေးခဲ့ရသည်။

ငွေရည်ပုလဲကုမ္ပဏီအနေဖြင့် ဒေသခံပြည်သူလူထုမျာ၏ ဆန္ဒကို အလေးထားရန်နှင့် နမ္မအပြင် ကျေးသီး ရှိ စစ်တပ် လက်နက်ကုမ္ပဏီကို ထောက်ပံ့ပေးနေသော ပင်းပက် သံသတ္တုတူးဖော်ရေးစက်ရုံ အပါအဝင် ရှမ်းပြည်တဝှမ်းရှိ ဒေသကို ထိခိုက်ပျက်စီးစေသော သယံဇာတတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် SHRF မှထပ်လောင်း ပြောဆိုပါသည်။ မြန်မာပြည်မှ ပြည်သူများကိုလည်း ငွေရည်ပုလဲကုမ္ပဏီထုတ်ကုန်များ အားလုံးကို သပိတ်မှောက် ခြင်းအားဖြင့် ဖိအားပေးရန် တောင်းဆိုလိုက်ပါသည်

၂၀၂၃ ခုနှစ်အတွင်း နမ္မဒေသခံများက ငွေရည်ပုလဲကုမ္ပဏီ၏ လုပ်ငန်းများအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ

March 2023 ဟိုနဖမြစ်ဝှမ်းကုန်းတန်းအနီးရှိ လယ်ယာမြေပိုင်ရှင် လယ်သမားများအပါအဝင် နမ္မကျေးရွာ ဒေသခံ ၁၀၀ ကျော်သည် နမ္မရွာဘုန်းကြီးကျောင်းတွင် အစည်းအဝေးကျင်းပပြီး နမ္မဒေသရှိ ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများကို ဆန့်ကျင်ကန့်ကွက်ရန် ဆွေးနွေးခဲ့ကြသည်။ ထို အစည်းအဝေးတွင် SSPP/SSA ထံသို့ တူးဖော်ခြင်းလုပ်ငန်းများရပ်ဆိုင်းရေးတွင် ပါဝင်ကူ ညီ ပေးရန် စာပို့မည့်အကြောင်း ဆုံးဖြတ်ခဲ့ကြပြီး SSPP/SSA တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အဆိုပါစာကို ပေးအပ်ခဲ့သည်။
April 2023 နမ္မကျေးရွာမှ လယ်သမားအချို့သည် SSPP/SSA ဌာနချုပ်ဖြစ်သော ဝမ်ဟိုင်းသို့သွားကာ SSPP ဗဟိုကော်မတီဝင်တစ်ဦးနှင့် တွေ့ဆုံ၍ ငွေရည်ပုလဲကုမ္ပဏီက ၎င်းတို့၏ဆန္ဒကိုအလေး မထားပဲ ကျောက်မီးသွေးတူးဖော်မှုများ လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့သည်။ သူတို့သည် SSPP အား ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ ရပ်ဆိုင်အောင် ကူညီဆောင်ရွက် ပေး ရန် တောင်းဆိုခဲ့သည်။ SSPP တာဝန်ရှိသူက ဒေသခံများအနေဖြင့် ကျောက်မီးသွေးတူး ဖော် ခြင်း ကို လက်မခံပါက ယင်းကုမ္ပဏီမှပြုလုပ်သော အစည်းအဝေးများကို မတက်ရောက်ရန်၊ သူတို့အား တူးဖော်ရေးနှင့် သက်ဆိုင်သည့်စက်ပစ္စည်းများကို ပြန်လည်ရုပ်သိမ်းဖို့ ပြောကြား ရန်၊ အကယ်၍သူတို့က ထိုပြောကြားချက်များကို လက်မခံပါက SSPP ထံသို့ တဖန်ပြန် လာ ရန် အကြောင်းပြန်ခဲ့သည်။
June 5, 2023 ငွေရည်ပုလဲကုမ္ပဏီကိုယ်စားလှယ်သည် နမ္မဒေသခံလယ်သမားများနှင့်တွေ့ဆုံကာ ဟိုနားဖ မြစ်ဝှမ်းကုန်းတန်းတွင် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းစတင်ခြင်းကို ခွင့်ပြုရန် ဖျောင်း ဖျခဲ့သည်။
Sept 4, 2023 SSPP ဗဟိုကော်မတီဝင်တစ်ဦးသည် နမ္မကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံများ နှင့် တွေ့ ဆုံကာ ၎င်းတို့သည်လည်း နမ္မဒေသတွင် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများကို ဆန့် ကျင်ကြောင်း၊ ဒေသခံများအနေဖြင့် ကျောက်မီးသွေးတူးဖော်ခြင်းကို ဆန့်ကျင်နေသည့် CBOs/CSOs အရပ်ဖက်အဖွဲ့အစည်းများနှင့် အတူရပ်တည်ရန်လိုအပ်ကြောင်း ပြောကြား ခဲ့ သည်။
Sept 5, 2023 ဦးဇော်ဝင်း (ငွေရည်ပုလဲကုမ္ပဏီမန်နေဂျာ)၊ စိုင်းမောင် (လုပ်ငန်းမန်နေဂျာ) နှင့် အခြားသော ကုမ္ပဏီဝန်ထမ်းတို့သည် နမ္မ၊ ဝမ်လုံကျေးရွာရှိ ဒေသခံ ၂၅၀ခန့်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့က ဒေသခံပြည်သူများ သဘောမတူလျင့်ကစား ၎င်းတို့သည် အစိုးရထံမှ တူးဖော်ရေးခွင့်ပြုမိန့် ရရှိထားပြီဖြစ်သောကြောင့် ဟိုနားဖတွင် ကျောက်မီးသွေး တူးဖော်ခြင်းကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ၎င်းတို့က လယ်သမားများအား စစ်အစိုးရ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးဖြန့်ချီရေးနှင့်သတ္တု တူးဖော်ရေး အားနမ္မဒေသရှိ မြေ ၂၇၉၆.၇၅ ဧကတွင် ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်း ခွင့်ပြုမိန့် မိတ္တူကို ပြသခဲ့သည်။ (ခွင့်ပြုမိန့်စတင်ချိန်မှာ ၂၀၂၀ခုနှစ် ဩဂုတ်လဖြစ်ပြီး သက် တမ်းကုန်ဆုံးချိန်မှာ ၂၀၂၅ခုနှစ် ဩဂုတ်လတွင်ဖြစ်သည်)။ သို့ရာတွင် ဒေသခံလယ် သမား များသည် တူးဖော်ခြင်းလုပ်ငန်းကို လက်မခံပဲ ငြင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် ကုမ္ပဏီ ဝန်ထမ်းများသည် နမ္မသို့ ကြိမ်ဖန်များစွာ လာရောက်ပြီး လယ်သမားတစ်ဦးချင်းနှင့် တွေ့ဆုံ ကာ ကျောက်မီးသွေးတူးဖော်ခြင်းကို သဘောတူရန် ဖျောင်းဖျခဲ့သည်။
Sept 15, 2023 ငွေရည်ပုလဲကုမ္ပဏီကိုယ်စားလှယ်များသည် နမ္မသို့ရောက်ရှိလာပြီး ကျေးရွာရှိအကြီး အကဲ များနှင့် တွေ့ဆုံကာ အောက်တိုဘာလကုန်တွင် ဟိုနဖ၌ ကျောက်မီးသွေးတူးဖော်ခြင်းကို စ တင်မည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ သူတို့သည်ငွေကျပ်ငွေသား သိန်း ၂၅၀ ကို ထိခိုက်ဆုံးရှုံးမှုများအတွက်ဟူ၍ပေးခဲ့သည်။ ထိုငွေကြေးများကို လယ်ယာမြေထိခိုက်သော လယ်သမားများအား တစ်ဦးလျှင် ၃ သိန်းကျပ်စီနှင့် အခြားရွာသားများအား တစ်ဦးလျှင် ၅ သောင်းကျပ်စီ ခွဲဝေပေးခဲ့သည်။
Oct 1, 2023 ရေးအရင်းအမြစ်ဌာနမှ တာဝန်ရှိသူသည် နမ္မဒေသခံများထံသို့ ရောက်ရှိလာပြီး အကယ်၍ ဟိုနားဖတွင် စိုက်ပျိုးရေးအတွက်အသုံးပြုသော ရေအရင်းအမြစ်များ ပျက်စီးခဲ့ပါက နမ္မ မြောက်ပိုင်းရှိ နမ့်ကောင်းခါးချောင်းမှ လယ်ယာမြေများသို့ လွှဲပြောင်း ရေလွှဲပေးမည်ဖြစ် ကြောင်း ပြောခဲ့သည်။ နမ့်ကောင်းခါးချောင်းတွင် ရေအနည်းငယ်သာရှိပြီး ရေပိုက်ကိုလည်း ရှည်လျားစွာသွယ်တန်းရမည်ဖြစ်သောကြောင့် ဒေသခံလယ်သမားများက ဤအချက်ကို ငြင်း ဆိုခဲ့သည်။ ထိုနေ့တွင် ရှမ်းလူငယ်အဖွဲ့သည် သီပေါမြို့နယ်တွင် နမ္မရှိကျောက်မီး သွေးတူး ဖော်ခြင်းလုပ်ငန်းများကိုဆန့်ကျင်ရန်နှင့် ငွေရည်ပုလဲကုမ္ပဏီထုတ်ကုန်များကို သပိတ်မှောက် ရန် တိုက်တွန်းသည့် ပိုစတာများ ပြုလုပ်ခဲ့သည်။
October 2023 နမ္မမှ လယ်သမားများသည် SSPP/SSA သို့ စာထပ်မံရေးသားပေးပို့ခဲ့ပြီး ငွေရည်ပုလဲ ကုမ္ပ ဏီ၏ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းနှင့် ရေလွှဲပြောင်းရေးစီမံကိန်းကို တားမြစ် ပေး ရန် တောင်းဆိုခဲ့သည်။

လားရှိုးမြို့တောင်ပိုင်း၊ နမ့်ပေါင်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄၀၀ ကျော် နမ္မသို့ တိမ်းရှောင်ရခြင်း

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော MNDAAမှ တပ်သား များသည် နမ့်ပေါင်ရဲစခန်းကို တိုက်ခိုက်ခဲ့သည်။ ထိုနေ့ နေ့လည်ပိုင်းတွင် နမ့်ပေါင်ရှိ စစ်ကောင်စီတပ်က MNDAA တပ်သားများကို ပြန်လည်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀၀ ခန့်သည် နမ့်ပေါင်ရှိ ကန်၀ိန်း ဘုန်းကြီးကျောင်းနှင့် ၀ေလု၀ုန်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နမ့်ပေါင်၌ စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက် ခိုက် ခဲ့ပြီး ဒေသခံတစ်ဦး၏အိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။ နမ့်ပေါင်တွင် နောက်ထပ်လေကြောင်း တိုက်ခိုက် မှုများ ဖြစ် မည်ကို စိုးရိမ်သောကြောင့် ဒေသခံအများစုသည် လားရှိုးမြို့၊ သီပေါမြို့နယ်ရှိ နမ္မကျေးရွာ စသောဒေသများသို့ ပြောင်းရွှေ့တိမ်းရှောင်ခဲ့ကြသည်။

နမ့်ပေါင်မှ စစ်ဘေးရှောင် ၄၀၀ ကျော်သည် နမ္မကျေးရွာအုပ်စုရှိ ဒေသအသီးသီးသို့ ထွက်ပြေးခိုလှုံခဲ့ရသည်များမှာ အောက်ပါအတိုင်းဖြစ်သည်။

နမ္မကျေးရွာအုပ်စုအတွင်းနေရာများ ဦးရေ
နမ္မဘုန်းကြီးကျောင်း 57
၀မ်လုံကျေးရွာ 133
ပိန်းဆိုင်းကျေးရွာ 18
နားနန်းကျေးရွာ 41
နောင်နွေးကျေးရွာ 110
ကုန်းဘောင်းကျေးရွာ 45
နားကွန်ရွာ 24
စုစုပေါင်း 428

နမ္မသို့ရောက်ရှိလာသောအဆိုပါစစ်ဘေးရှောင် များသည် တိုက် ပွဲများကို စိုးရိမ်မှုရှိသော်လည်း တစ်ပတ်အကြာ၊ နိုဝင် ဘာလ ၆ ရက်တွင် စပါးရိတ်သိမ်းရန် ၎င်းတို့၏အိမ်သို့ ပြန်ခဲ့ ကြရသည်။

နိုဝင်ဘာလ ၂၁ရက်နေ့နှင့် ၂၂ရက်နေ့တွင် MNDAA က ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ခမရ ၂၉၁ မှ လက် နက် ကြီးများဖြင့် အဆင်အခြင်မဲ့ပစ်ခတ်ခဲ့သော ကြောင့် ဒေသခံ ၈၀ ခန့်သည် ၎င်းတို့ဆွေမျိုးများရှိရာ နမ္မသို့ ထွက် ပြေး တိမ်းရှောင်ခိုလှုံခဲ့ရပြန်သည်။

နမ္မဘုန်းကြီးကျောင်းသို့ထွက်ပြေးလာသောစစ်ရှောင်များ

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                               +66 99 246 5673/  +66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                           +66 99 289 6080                                          Signal (မြန်မာ)

 

Download PDF files>>> Shan Burmese English

 

 

 

 

 

ထုတ်ပြန်ချက်