ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်ပိုက်လိုင်းတလျှောက် စစ်ကောင်စီ၏ ဆက်လက်တိုက်ခိုက်နေမှုများကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်ပိုက်လိုင်းတလျှောက် စစ်ကောင်စီ၏ ဆက်လက်တိုက်ခိုက်နေမှုများကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရ

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၁ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်များတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။ စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုပြု လုပ်ခဲ့ရာ အဆိုပါမြို့နယ်များရှိဒေသများသည် တရုတ်ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများနှင့် အလွန်နီးကပ်လျက်ရှိသည်။

အရပ်သားထိခိုက်သေဆုံးမှုများသည် နမ္မတူမြို့နယ်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး နမ္မတူမြို့နှင့် မြို့ပြင်ရှိ ကျေးရွာများကို ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် စစ်ကောင်စီသည် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ တိုက်ခိုက်မှုကို မဟန့်တားနိုင်ခဲ့ပဲ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် TNLA သည် နမ္မတူမြို့နယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

ဒီဇင်ဘာလ ၂၃ရက်နေ့တွင် ခမရ ၃၂၄ အခြေစိုက် စစ်ကောင်စီတပ်သားများ၏ အဆင်အခြင်မဲ့ လက်နက် ကြီး ပစ်ခတ်မှုများကြောင့် နမ္မတူမြို့၊ နယ်မြေ ၃ ရှိ အရပ်သားလေးဦးသေဆုံးခဲ့ပြီး ဗလီကျောင်းတစ်ကျောင်းနှင့် နေအိမ် ငါး လုံးထိခိုက်ပျက်စီးခဲ့သည်။ ဒီဇင်ဘာလ ၂၅ရက်နေ့တွင် စစ်ကောင်စီမှ လက်နက်ကြီးများ ထပ်မံပစ်ခတ်ခဲ့သဖြင့် မြို့တွင်းရှိ ၁၉နှစ်အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီမှ နယ်မြေ ၃အား ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။ ထပ်မံ၍ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နယ်မြေ ၅ ကို လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခဲ့သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် စစ်ဖြစ်ပွားခြင်းမရှိသည့် နမ္မတူမြို့နယ်တောင်ဖက် ပိုက်လိုင်းတလျှောက်ရှိကျေးရွာများကိုလည်း ပစ် မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် စစ်ကောင်စီသည် ပိုက် လိုင်း ၏အနောက်ဖက် မီတာ၂၀၀အကွာရှိ မန်လီကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြု လုပ်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ စေတီတစ်ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ဇန်နဝါရီလ ၅ရက်နေ့ ညနေ ၃နာရီတွင် စစ် ကောင်စီသည် ပိုက်လိုင်း၏ အရှေ့ဖက် မီတာ ၄၀၀အကွာရှိ မန်ဆာကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် နေအိမ်၁၂လုံး ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် ဇန်နဝါရီလ ၁၀ရက်နေ့ ညနေ ၄း၃၀ နာရီဝန်းကျင်ခန့်တွင် မန်လီကျေးရွာကို လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့သဖြင့် စာသင်ကျောင်းတစ်ကျောင်းနှင့် နေ အိမ် ၁၃ လုံး ထိခိုက်ပျက်စီးခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ရွာသားများသည် ၎င်းတို့နေအိမ်များတွင် နေထိုင် ရန်စိုးရိမ်ကြောက်ရွံ့နေကြပြီး ဇန်နဝါရီလ ပထမအပတ်တွင် နမ္မတူမြို့ရှိအရပ်သားလေးဦးထပ်မံသေဆုံးခဲ့သည်။ ဇန်နဝါရီလ ၄ရက်နေ့တွင် မန်ဆန်ကျေးရွာရှိ အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးသည် တောထဲတွင် ထွက်ပြေးပုန်းခိုနေစဉ် သွေးတက်ပြီးသေဆုံးခဲ့သည်။ ထိုနေ့မှာပင် မန်တီးကျေးရွာရှိ အမျိုးသားတစ်ဦးနှင့်သူ၏သမီးနှစ်ဦး (၃နှစ် နှင့် ၁၂နှစ်) တို့သည် ယာယီတည်ဆောက်ထားသော ဗုံးခိုဘန်ကာတွင် ပုန်းခိုနေစဉ် ဘန်ကာပြိုကျပြီး သေဆုံးခဲ့သည်။

နမ္မတူမြို့တွင် ကျေးရွာသားတစ်ဦး လားရှိုးမြို့သို့ စစ်ရှောင်ရန် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် စစ်ကောင်စီတပ်သားများပစ်ခတ်သဖြင့် ဒဏ်ရာရရှိခဲ့သည်။ အခြားကျေးရွာသားတစ်ဦးသည် စစ်ကောင်စီက ၎င်းတို့ အခြေစိုက်ရာနေရာအနီး ထောင်ထားသော မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့သည်။

ထိုအချိန်အတွင်းမှာပင် စစ်ကောင်စီသည် ပိုက်လိုင်းတလျှောက်ရှိ အခြားကျေးရွာများကိုလည်း လေကြောင်း တိုက် ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီသည် ကျောက်မဲမြို့အနောက်မြောက်ဖက်ရှိ ဟူးကွတ်ကျေးရွာကို လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အရပ် သားသုံးဦးဒဏ်ရာရကာ နေအိမ်၁၂လုံး ထိခိုက်ပျက်စီးခဲ့သည်။ ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် စစ်ကောင်စီမှ ကျောက်မဲမြို့မြောက်ဖက်ရှိ မိုင်းငေါ်မြို့ကို လေကြောင်း တိုက်ခိုက် မှုပြု လုပ်ခဲ့သဖြင့် နေအိမ် ၁၀ လုံး ပျက်စီးခဲ့သည်။ ထိုနေ့တွင် TNLA သည် မိုင်းငေါ့မြို့ကို သိမ်းပိုက်နိုင်ကြောင်း ကြေ ညာ ခဲ့သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ညနေတွင် သီပေါမြို့အရှေ့မြောက်ဖက်စွန်း ခလရ ၂၃ အခြေစိုက်စစ်ကောင်စီ တပ်သား များနှင့် သီပေါမြို့တောင်ဖက် သီပေါတံ တား စောင့်စစ်ကောင်စီတပ်သားများက မြို့နှင့် ၅ ကီလိုမိတာခန့်အကွာ တွင်ရှိသော နမ့်ဟူးနွဲ့ ကျေးရွာကို လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့်ပစ်ခတ်ခဲ့သည်။ လက်နက် ကြီးကျည်များသည် နမ့်ဟူးနွဲ့ ဘုရားအတွင်းနှင့် ပတ်ပတ်လည်သို့ ကျရောက်ခဲ့သည်။ ထိုဘုရားသည် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက် ပွဲဖြစ်ပွားသည့် နိုဝင်ဘာလမှစ၍ ဒေသခံကျေးရွာသား ၂၀၀ ဦးခန့် ညစဉ်ညတိုင်း လာရောက်စစ်ရှောင် အိပ်စက်ရာ နေရာဖြစ်သည်။ လက်နက်ကြီးကျည်ကျ ရောက်ပေါက် ကွဲမှုကြောင့် ဘုရားရှိအဆောက်အဦးအချို့ ပျက်စီးခဲ့သည်။ ကံအားလျော်စွာ အရပ်သားထိခိုက်မှုများ မရှိခဲ့ပါ။ လက်နက်ကြီးများကို ပိုက်လိုင်းလမ်းကြောတလျှောက် ၇ကီလိုမီတာခန့်အကွာခန့်မှ ပစ်ခတ်ခြင်းဖြစ်ပြီး လက်နက်ကြီးကျည်များသည် ပိုက်လိုင်းနှင့် မီတာ ၇၀၀ ခန့်ကွာဝေးသောနေရာသို့ ကျရောက် ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးပစ်ခတ်ချိန်တွင် ထိုဒေသ၌ တိုက်ပွဲဖြစ် ပွားခြင်းမရှိပါ။

ဇန်နဝါရီလ ၁၀ရက်နေ့တွင် စစ်ကောင်စီသည် သီပေါမြို့ အရှေ့မြောက်ဘက် ၆ ကီလိုမီတာခန့်အကွာတွင် ရှိသော ပန်နေ နှင့် ကွန်စံလိတ် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပန်နေ ဘုရား ထိခိုက်ပျက်စီးခဲ့သည်။ ပန်နေ ကျေးရွာသည် ပိုက်လိုင်း၏ အရှေ့တောင်ဖက် မီတာ ၂၀၀ခန့်အကွာတွင် တည်ရှိ သည်။ လေကြောင်းဗုံးကြဲတိုက်ခိုက်ချိန်တွင် ထိုဒေသ၌ တိုက်ပွဲဖြစ်ပွားခြင်းများမရှိပဲ အဆိုပါဗုံးကြဲခြင်းသည် TNLA တပ်သားများ အနီးရှိ စစ်ကောင်စီ ခမရ ၅၀၃ နှင့် ခမရ ၅၀၄ တပ်များအား လာရောက်တိုက်ခိုက်မည်ကို ဟန့်တား ရန်ဖြစ်ကြောင်း ထင်ရှားသည်။

သီပေါမြို့ရှိ ပိုက်လိုင်းအနီးတွင် စစ်ကောင်စီထောင်ထားသော မြေမြှုပ်မိုင်းကြောင့် လယ်သမားနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ ဇန်နဝါရီလ ၃ရက်နေ့တွင် သီပေါ မြို့အရှေ့မြောက် ၁၀ ကီလိုမီတာခန့်အကွာရှိ တာတေ ကျေးရွာနှင့် နမ္မတူ မြစ်ပေါ်ရှိ မိုးတေတံတားကို ဆက်သွယ်ထားသောလမ်းအနောက်ဖက်၌ ကျွဲပျောက် ၍ရှာနေသော လယ် သမားတစ်ဦးသည် စစ်ကောင်စီတပ်ထောင်ထားသော မိုင်းကိုနင်းမိခဲ့သည်။ ပိုက်လိုင်းသည် အဆိုပါလမ်း၏ အနောက်ဖက် မီတာ ၃၀၀အကွာတွင် တည်ရှိပြီး တရုတ်ကျောထောက်နောက်ခံစီမံကိန်းဖြစ်သည့် နမ္မတူဆည် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် နီးကပ်စွာတည်ရှိသည်။ ဇန်နဝါရီလ ၉ ရက်နေ့တွင် သီပေါမြို့မြောက်ဖက်စွန်းရှိ တုံစင့်ကျေးရွာမှ အသက်၆၃နှစ်အရွယ် လယ်သမားတစ်ဦးသည် နွားပျောက်၍လိုက်ရှာစဉ် ခလရ ၂၃ အနီး၊ ပိုက် လိုင်းနှင့် မီတာ ၇၀၀ ခန့်အကွာတွင် စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိခဲ့သည်။

ဇန်နဝါရီလ ၁၁ရက်နေ့၊ မွန်းလွဲ ၁နာရီခန့်အချိန်၌ နောင်ချိုမြို့အနောက်တောင်ဖက် ကီလိုမီတာ ၂၀ခန့်အကွာ၊ မန္တ လေး-မူဆယ် အဝေးပြေးလမ်းမပေါ်ရှိ အုံးမ သီး ကျေးရွာတွင် အ‌ခြေစိုက်သော စစ်ကောင်စီတပ်သားများသည် သုံး ဆယ် ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားသုံးဦး (အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် လေး နှစ် အရွယ်ကလေးတစ်ဦး) သေဆုံးခဲ့ပြီး နေအိမ်ငါးလုံး ထိခိုက်ပျက်စီးခဲ့သည်။အုံးမသီးကျေးရွာသည် ပိုက် လိုင်း ၏ အရှေ့ဖက် မီတာ ၆၀၀ခန့်အကွာတွင် တည်ရှိပြီး လက်နက်ကြီးများကို ပိုက်လိုင်းများကိုဖြတ်ကျော်ကာ ပစ်ခတ် ခဲ့သည်။

ပိုက်လိုင်းတလျှောက် ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများသည် ပိုက်လိုင်းပေါက်ကွဲပြီး ကြီးမားသော ထိခိုက် မှုများဖြစ်လာနိုင်သည်ဟူသော ဒေသခံပြည် သူများ ၏ စိုးရိမ်မှုများကို မြင့်တက်စေလျက်ရှိသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းတိုက်ခိုက်မှုနှင့် မြေမြုပ်မိုင်းတို့ကြောင့် မြို့နယ်အသီးသီးရှိ အရပ်သားသေဆုံး၊ပျက်စီးမှုဇယား

နမ္မတူမြို့

 

 

ရက်စွဲ ကျေးရွာ၊

ရပ်ကွက်

ဖြစ်စဥ် သေဆုံး ဒဏ်ရာရ ပျက်စီး
၂၂.၁၂.၂၀၂၃ ခိုဖိတ်ရွာ

နမ္မတူ

လားရိူးမြို့သို့ ဆိုင်ကယ်ဖြင့်စစ် ရှောင်ရန် သွားနေစဥ် လမ်းတွင် စစ်ကောင်စီမှ သေ နတ် ဖြင့်ပစ်ခတ် ကျား ၁

(၄၀ ၀န်းကျင်)

 

၂၃.၁၂.၂၀၂၃ ရပ်ကွက် ၃

နမ္မတူ

စစ်ကောင်စီတပ် ခမရ ၃၂၄ မှ လက်နက် ကြီးဖြင့်ရမ်းသမ်းပစ်ခတ် ကျား ၂

(၃၀ နှင့် ၅၀ ၀န်းကျင်)

မ ၂

(၁၇ နှစ် ၃၅ နှစ်)

ဗလီအဆောက်အအုံ တခု

အိမ် ၅လုံးပျက်စီး

၂၅.၁၂.၂၀၂၃ နားလင်းရွာ

နမ္မတူ

မနက် ၁ နာရီခွဲခန့်တွင် စစ်ကောင်စီမှ လေ ကြောင်းမှလာရောက် ဗုံးကြဲခဲ့ နေအိမ် ၂လုံးပြာကျ
၂၅.၁၂.၂၀၂၃ ရပ်ကွက် ၃

နမ္မတူ

ညနေ၅နာရီခွဲခန့်တွင် စစ်ကောင်စီမှ Y 12 လေယာဥ်ဖြင့်ဗုံးလာကြဲခဲ့ ကျား ၂

(၄၀ ၀န်းကျင်၊

၂၀၀န်းကျင်)

၂၅.၁၂.၂၀၂၃ နမ္မတူမြို့ စစ်ကောင်စီမှမြို့အတွင်းသို့လက်နက်ကြီး ပစ်ခတ်

(၁၉ နှစ်)

၂၉.၁၂.၂၀၂၃ မန်လီရွာ

နမ္မတူ

ညနေ ၄နာရီခွဲခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲ မ ၁

(၂၂နှစ်)

ဘုန်းကြီးကျောင်းပျက်စီး
၂၉.၁၂.၂၀၂၃ ရပ်ကွက် ၅ ပန်ဟိုက်

နမ္မတူ

ညနေ ၄နာရီ၀န်းကျင်တွင် စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့်လာရောက်ဗုံးကြဲ ကျား ၂

(၃၀ ၀န်းကျင်)

၂.၁.၂၀၂၄ ရပ်ကွက် ၃

နမ္မတူ

ခမရ ၃၂၄ အနီး အပေါ့ရပ်သွားစဥ်မိုင်းနင်းမိ ကျား ၁

(၂၅နှစ်)

၄.၁.၂၀၂၄ မန်တီးရွာ

မိုင်းရင်အုပ်စု

နမ္မတူ

ည ၁၂ နာရီ၀န်းကျင် ဗုံးခိုကျင်းထဲရှိနေစဥ် ဗုံးခိုကျင်းပြိုကျသေဆုံး ကျား ၁

(၄၀နှစ်)

မ ၂

(၃နှစ်၊ ၁၂ နှစ်)

၁၀ ၄.၁.၂၀၂၄ မန်စံကျေးရွာ တောထဲတိမ်းရှောင်စဥ် လက်နက်ကြီး သံကြား၍ သွေးတက်သေဆုံး ကျား ၁

(၃၅ နှစ်)

၁၁ ၅.၁.၂၀၂၄ မန်ဆာရွာ

နမ္မတူ

နေ့ခင်း ၃နာရီ၀န်းကျင်တွင် တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြာင်းဖြင့် လာရောက်ဗုံးကြဲ နေအိမ် ၁၂လုံးပျက်စီး
၁၂ ၁၀.၁.၂၀၂၄ မန်လီရွာ ညေန၄နာရီ ၃၀၀န်းကျင်တွင် တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြာင်းဖြင့် လာရောက်ဗုံးကြဲ စာသင်ကျောင်း ၁

အိမ် ၁၂ လုံး

သီပေါမြို့

စဥ် ရက်စွဲ ကျေးရွာ၊

ရပ်ကွက်

ဖြစ်စဥ် သေဆုံး ဒဏ်ရာရ ပျက်စီး
၂၈.၁၂.၂၀၂၃ နမ့်ဟူးနွဲ့ရွာ

သီပေါ

စစ်ကောင်စီမှပစ်ခတ်သောလက်နက်ကြီးနှစ်လုံးသည် စစ်ရှောင်များရှိနေသောကျောင်းဆောင်သို့ကျရောက်ခဲ့ ဇရပ် ၁ခုနှင့် ကျောင်းဆောင်ပျက်စီး
၃.၁.၂၀၂၄ မိုးတေရွာ (တာတေရွာ)

သီပေါ

နမ္မရေကာတာစီမံကိန်းအသွားလမ်းသို့ကျွဲပျောက်ရှာကာ မိုင်းနင်းမိ ကျား

(၂၈နှစ်)

၉.၁.၂၀၂၄ တုံစင့်ကျေးရွာ ဆိတ်နှင့်နွားများကိုသွားရှာစဥ်မြေမြုပ်မှိုင်းနင်းမိ ကျား ၁

(၆၃ နှစ်)

၁၀.၁.၂၀၂၄ ပန်နေရွာ တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ညနေ ၅နာရီခန့်တွင် လေကြာင်းမှဗုံးကြဲ ဘုန်းကြီးကျောင်းပျက်စီး

ကျောက်မဲနှင့်နောင်ချိုမြို့

စဥ် ရက်စွဲ ကျေးရွာ၊

ရပ်ကွက်

ဖြစ်စဥ် သေဆုံး ဒဏ်ရာရ ပျက်စီး
၁၉.၁၂.၂၀၂၃ ဟူးကွတ်ရွာ ကျောက်မဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညနေ၄နာရီခန့်တွင် စစ်ကောင်စီ မှ လေယာဥ်ဖြင့်လာပစ် ကျား ၁

မ ၂

အိမ် ၂၀ ပျက်ဆီး
၃၁.၁၂.၂၀၂၃ မိုင်းငေါ့ကျောက်မဲ မနက် ၇နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲ အိမ် ၁၀ လုံးပျက်စီး
၁၁.၁.၂၀၂၄ သုံးဆယ်ရွာ၊နောင်ချို အုံးမသီးရှိစစ်တပ်မှ လက်နက်ကြီးဖြင့် နေ့လည် ၁ နာရီခန့်တွင်ရမ်းပစ် မ ၁

(၃၀ နှစ်ခန့်)

ကျား ၁

(၃၀ ခန့်)

ကလေး

(၄နှစ်)

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                               66 99 246 5673/  66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                            66 99 289 6080                                          Signal (မြန်မာ)

Download PDF files >>> Shan Burmese English

ထုတ်ပြန်ချက်