ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် KIA တို့၏တိုက်ပွဲများကြောင့် အရပ်သား (၂)ဦး သေ ဆုံးကာ ( ၆ ) ဦးဒဏ်ရာရ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်

ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် KIA တို့၏တိုက်ပွဲများကြောင့် အရပ်သား (၂)ဦး သေ ဆုံးကာ ( ၆ ) ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းတွင် ဇူလိုင်လ ၈ရက်မှ ၁၈ ရက်နေ့အထိဖြစ်ပွားခဲ့သော ကချင် လွတ် မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲများကြား စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများကြောင့် အရပ်သား (၂ ) ဦး သေဆုံးကာ (၆)ဦးဒဏ်ရာရရှိခဲ့သည်။

၂၀၂၃ ခုနစ် ဇူလိုင် ၈ရက်နေ့ ညပိုင်းတွင် အင်အား ၁၀၀ ၀န်းကျင်ခန့်ရှိသော လားရိူးအခြေစိုက် ခမရ ၅၀၇ တပ်နှင့် သိန္နီအခြေစိုက် ခလရ ၆၉ တပ်မှ စစ်ကောင်စီစစ်ကြောင်းကို ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့အနီး မန္တလေး-မူဆယ် လမ်းမကြီးဘေးတစ်လျောက်တွင်လှုပ်ရှားနေသော KIA တပ်ဖွဲ့မှ ချုံခိုတိုက်ခိုက်ရာမှ တိုက်ပွဲများစတင်ခဲ့သည်။

ထို့နောက် ဇူလိုင် ၁၀-၁၁ ရက်နေ့အထိတိုက်ပွဲများသည် ဆက်လက်ပြင်းထန်ခဲ့ပြီး သိန္နီမြို့မဘိမ်းကျေးရွာ မှ ကွတ် ခိုင်မြို့ နမ့်ဖတ်ကာ ကျေးရွာများအထိ ပျံ့နှံ့သွားခဲ့သည်။ ဇူလိုင် ၉ရက်နေ့ည ၆နာရီခန့်တွင်တွင် နမ့်ဖတ်ကာ အခြေ စိုက် ခလရ-၁၂၃ သည် ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အူရာဘွန်ကောင်းလိမ်ကျေးရွာအုပ်စု နားဖိုင်ရွာ အတွင်းသို့လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ  နေအိမ်တခုသို့ကျရောက်ခဲ့ပြီး အိမ်အတွင်းရှိ ညီအစ်မ နှစ်ဦး လက် နက်ကြီးထိမှန်ကာဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာဆေးကုသမှုခံယူခဲ့ရသည်။

ဇူလိုင်လ ၁၀ ရက်နေ့မနက် ၁၀ နာရီခန့်တွင် လည်း ကွတ်ခိုင်မြို့အတွင်း တိုက်ပွဲများဖြစ်ပွား ခြင်း မရှိဘဲ ကွတ်ခိုင် အမြောက်တပ်မှ လက်နက် ကြီး များ ပစ်ခတ်ခဲ့ရာ လမ်းပေါ်တွင်ဆိုင်ကယ် ဖြင့်သွား လာ နေသည့် မိုင်းယုလေးမှ ကွတ် ခိုင် မြို့တွင်းသို့ စျေး လာ ၀ယ်သူ အမျိုးသမီး တစ်ဦး ပေါင် ကိုလက်နက် ကြီးထိမှန်ဒဏ်ရာရကာ ကွတ်ခိုင်ဆေး ရုံတွင် ဆေး ကုသမှုခံယူခဲ့ရသည်။

တိုက်ပွဲများသည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ၏တောင်ဘက်နှင့်မြောက်ဘက်၊ ခိုမုန်းကျေးရွာ၊ ဖာခတ် ကျေးရွာတို့တွင် ပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်မှပစ်ခတ် လိုက် သော လက်နက်ကြီးသည် ခိုမုန်းကျေးရွာအတွင်းရှိ နွားမွေးမြူရေးခြံအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ရာ ခြံအနီး နေထိုင်သူ အသက် ၅၀ ကျော်အမျိုးသမီးထိတ်လန့်သေဆုံးကာ နွား ၅ ကောင်သေဆုံးခဲ့သည်။

ဇူလိုင်လ ၁၈ ရက်နေ့နေ့ခင်းပိုင်းတွင် ခိုမုန်းကျေးရွာ အနီးရှိ ကောင်းရာတောင်ကုန်းတွင်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ကောင်ရာတောင်ကုန်းပေါ်တွင်နေရာယူထားသော ခမရ ၈၈ စစ်ကောင်စီတပ်သည် ကောင်းရာရွာ၊မန်ပြိန်းရွာ အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ကောင်းရာကျေးရွာအတွင်းရှိ နေအိမ်နှစ်လုံး၊ မန်ပြိန်းကျေးရွာ အ တွင်းမှနေအိမ် တစ်လုံးမီးလောင်ပျက်စီးခဲ့သည်။ထိုနေ့ညနေ ၅ နာရီခန့်တွင် နမ့်ဖတ်ကာ အခြေစိုက် ခလရ-၁၂၃ တပ်မှ လက်နက်ကြီးများဖြင့်တိုက်ပွဲဖြစ်ပွားရာဘက်သို့ လှမ်းပစ်ရာ နမ့်ဖတ်ကာကျေးရွာအုပ်စု ဇီးဒဗန်ကျေး ရွာ အတွင်းသို့ လက်နက်ကြီးကျရောက်ပြီး ဒေါ်ခေါန်နန် (၄၇ နှစ်)၊ မောင်ဘရန်စစ် (၁၆ နှစ်)၊မောင်ဘရန်ဆန် (၉နှစ်) နှင့် မေရီ (၂၁နှစ်) တို့လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပြီး မောင်ဘရန်စစ် မှာ ကွတ်ခိုင်ဆေးရုံသို့အရောက်တွင် သေ ဆုံး သွားခဲ့သည်။

လက်ရှိတွင် ကောင်ရာကျေးရွာ မှ အိမ်ခြေ  ၃၀ ခန့် နှင့်မန်ပိန်းကျေးရွာမှ အိမ်ခြေ ၂၀ ခန့် စုစုပေါင်းပြည် သူ ၂၂၀ ခန့်တို့သည် ခိုမုန်းရွာ ဘုရားကျောင်းတွင်ခို လှုံ နေရပြီး ကောင်ရာကျေးရွာအတွင်းစစ်ကောင်စီမှ ၀င် ရောက် တပ်စွဲ နေ ထိုင်နေသည်ဟုသိရသည်။

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်      +6694-728-6696                   Signal (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်     +66:98118 3767                (မြန်မာ)

Download PDF files >>> Shan Burmese English

ထုတ်ပြန်ချက်