ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု ထုတ်ပြန်ချက်
2023 ခုနှစ် ဒီဇင်ဘာလ 21 ရက်
ရှမ်းမြောက်ရှိတရုတ်ရေနံနှင့်သဘ၀ဓာတ်ငွေ့ပိုက်လိုင်းတလျှောက် စစ်ကောင်စီ၏တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူများစွာ သေဆုံးပြီး ပိုက်လိုင်းပေါက်ကွဲမည်ကို စိုးရိမ်မှုမြင့်တက်
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖော် ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးစတင်အပြီး ရှမ်းမြောက်ရှိတရုတ်ပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတလျှောက်ရှိမြို့နယ်များကို စစ်ကောင်စီက လေကြောင်းမှလည်းကောင်း၊ ကုန်းကြောင်းမှလည်းကောင်း အဆင်အခြင်းမဲ့ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၇ဦးသေဆုံးပြီး ၃၃ဦးဒဏ်ရာရကာ အဆောက်အဦး ၁၆၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရသည်။
၁၀၂၇ စစ်ဆင်ရေး၏ အဓိကပစ်မှတ်နေရာသည် တရုတ်နယ်စပ်တလျှောက်ရှိမြို့နယ်များဖြစ်ပြီး ဗမာပြည်အတွင်း ပိုက်လိုင်းဖြတ်သန်းသွားရာ နမ့်ခမ်းမြို့လည်း ပါဝင်သည်။ သို့ရာတွင် ညီနောင်မဟာမိတ်သုံးဖော်က စစ်ကောင်စီ၏ ထောက်ပို့များကို ဖြတ်တောက်ထားရာ ပိုက်လိုင်း၏တောင်ဖက်တလျှောက် ရှိမြို့နယ်များဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊သီပေါမြို့နယ်အတွင်း မန္တလေး-မူဆယ် အဝေးပြေးလမ်းတလျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ အဆိုပါမြို့နယ်များအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ၌ ပိုက်လိုင်းများအနီးတွင် စစ်ကောင်စီ၏ လေကြောင်းမှလည်းကောင်း၊ လက်နက်ကြီး ဖြင့်လည်းကောင်း အဆင်အခြင်းမဲ့တိုက်ခိုက်မှုများကြောင့် အန္တရာယ်ကြီးမားလွန်းသော ပိုက်လိုင်းပေါက်ကွဲမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။
လေကြောင်းတိုက်ခိုက်မှုများသည် အောက်တိုဘာလ ၂၉ရက်နေ့တွင် စစ်ကောင်စီက တအာင်းတပ်မတော် TNLA နှင့် မန္တလေး PDF များလှုပ်ရှား ရာ ဒေသဖြစ်သည့် နောင်ချိုမြို့အနောက်ဖက် ၆ကီလိုမီတာဝေးကွာသည့် ကျောက်ကြမ်း ရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အချိန်ကတည်းက စတင်ခဲ့သည်။ လေကြောင်းတိုက် ခိုက်မှုကြောင့် ဟိန္ဒူဘာသာရေးကျောင်းတစ်ကျောင်းပျက်စီးခဲ့ပြီး အရပ်သားပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်။ ကျောက်ကြမ်းရွာတောင်ဖက် မီတာ ၁၀၀ ပင်မဝေးသည့်နေရာတွင် ပိုက်လိုင်းတည်ရှိသည်။
နောက်ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီက နောင်ချိုမြို့ အနောက်ဖက် အဝေးပြေးလမ်းရှိ ရွာများရှိ TNLA နှင့် PDF တပ်သား များကိုတိုက်ထုတ်ရန် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် နေအိမ် ၃၀ ကျော်ပျက်စီး ပြီး အရပ်သားပြည်သူ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် ရွှေညောင်ပင်နှင့် အုမ်းမခါးကျေးရွာနှစ်ရွာသည် ပိုက်လိုင်းအနီးတွင် တည်ရှိသည်။
နိုဝင်ဘာလ ၆ရက်နေ့တွင် TNLA နှင့် PDF တပ်များသည် ကျောက်မဲမြို့နယ်ကို ဖြတ်သန်းသွားသည့် မန္တလေးမူဆယ် အဝေးပြေး လမ်းရှိ စစ်ကောင်စီ၏ ဂုတ်ထိပ်တံတားအစောင့်တပ်များကို တိုက်ခိုက်ခဲ့သည်။ ယင်းနောက် ရက်အနည်း ငယ်အကြာတွင် ဂုတ်ထိပ် တံတား အရှေ့ဖက် အဝေးပြေးလမ်းမရှိ ကျောက်မဲမြို့နယ်၊ နောင်ပင်ကျေးရွာအုပ်စုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး ပိုက် လိုင်း အနီးရှိ ကျေးရွာလေးရွာမှ နေအိမ် ၂၀ကျော် ပျက်စီးခဲ့သည်။ ညနေ ၅နာရီအချိန်၌ စစ်ကောင်စီတပ်သား ၅၀ခန့်သည့် ပိုက်လိုင်း စခန်းသို့ရောက်ရှိလာပြီး ပိုက်လိုင်းစခန်းအ တွင်းမှပစ္စည်းများကိုလည်းကောင်း၊ အနီးရှိ ပန်တိန်ကျေးရွာအတွင်း နေအိမ် ၂၀ခန့်မှ ဆန်၊ ဆီနှင့် အခြား အိမ်အသုံး ဆောင်ပစ္စည်းများကို ခိုးယူသွားသည်။ စစ်ကောင်စီမီ ဒီယာများမှ ပိုက်လိုင်းစခန်း ခိုးယူခံရသည့် ဓာတ်ပုံများကို ဖော်ပြကာ အဆိုပါထိခိုက်ဆုံးရှုံးမှုများကို TNLA ကပြုလုပ်သည်ဟု စွပ်စွဲခဲ့သည်။
နိုဝင်ဘာလ နှောင်းပိုင်းတွင် တိုက်ပွဲများသည် အဝေးပြေးလမ်းမ အရှေ့ဖက် ကျောက်မဲမြို့နယ်မှ သီပေါမြို့နယ်အထိ ကူးစက်လာခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်သော်လည်းကောင်း၊ သီပေါမြို့အတွင်းနှင့် မြို့ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်သားများ၏ အဆင်အခြင်မဲ့ပစ်ခတ်မှုကြောင့်သော်လည်းကောင်း အရပ်သား ပြည် သူတစ်ဦးသေဆုံးခဲ့ပြီး ၈ဦးဒဏ်ရာရှိခဲ့သည်။ နိုဝင်ဘာလ ၂၇ရက်နေ့တွင် စစ်ကောင်စီက ကျောက်မဲမြို့ အရှေ့ဖက် မူဆယ်-မန္တလေးအဝေးပြေးလမ်းမပေါ်ရှိ ဗူးခါးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်သုံးလုံးပျက်စီးခဲ့သည်။ ဗူးခါးရွာသည် ပိုက်လိုင်းမြောက်ဖက် မီတာ ၅၀၀ သာဝေးကွာသည့်နေရာတွင် တည်ရှိသည်။
ဒီဇင်ဘာလမှစ၌ နမ့်ခမ်းမြို့တောင်ဖက်စွန်းတွင်အခြေစိုက်သည့် စစ်ကောင်စီတပ်ရင်းကို TNLA ၏တိုက်ခိုက်မှုမှ ကာကွယ်ရန် စစ်ကောင်စီသည် နမ့်ခမ်းမြို့အတွင်းနှင့် မြို့ပတ်ပတ်လည်ကို လက်နက်ကြီးများဖြင့်သော်လည်းကောင်း၊ လေကြောင်းမှသော်လည်းကောင်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ဒီဇင်ဘာလ ၁၆ရက်နေ့အထိ အဆိုပါတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူသေဆုံးမှု ၁၆ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ဦးရှိကာ နေအိမ်အလုံး ၁၀၀ ကျော် ပျက်စီးခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလ ၁၆ရက်နေ့ ညအတွင်းမှာပင် နမ့်ခမ်းမြို့အနောက်တောင်ဖက် ၁၀ကီလိုမီတာဝေးကွာသည့်ဟိုနားကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၅ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့သည်။ ပိုက်လိုင်းသည် ဟိုနားကျေးရွာသည် ဘေးကပ်ရပ်တွင် ဖြတ်သန်းသွားပြီး ကျေးရွာ၏မြောက်ဖက် မီတာ ၄၀ သာကွာဝေးသည်။
မြေအောက်တွင် တစ်မီတာခန့်သာ မြှုပ်နှံထားသည့်ပိုက်လိုင်းတည်ရှိရာနေရာများကို လေကြောင်းမှလည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း အကြိမ်ကြိမ်တိုက်ခိုက်နေမှုများကြောင့် လက်နက်ကြီးကျည်က ပိုက်လိုင်းကို တိုက်ရိုက်ထိမှန်ပြီး ပြင်းထန်သောပေါက်ကွဲမှုဖြစ်ကာ ကျယ်ပြန့်သောအကွာအဝေးအထိ အရပ်သားပြည် သူပေါင်း များစွာအား ထိခိုက်မည်ကို ဒေသခံများက စိုးရိမ်လျက်ရှိပါသည်။
အဆိုပါစီမံကိန်းစတင်ကတည်းကသျှမ်းပြည်မြောက်ပိုင်း ပိုက်လိုင်းတစ်လျောက်တွင်နေထိုင်သောဒေသခံများသည် ပိုက်လိုင်းယိုစိမ့်မှုနှင့်ပေါက်ကွဲမှုကို စိုးရိမ်ကြောက်ရွံ့ခဲ့ကြသည်.။
အောက်တိုဘာ ၂၉ မှ နို၀င်ဘာ ၂၈အထိ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ ပစ်ခတ်မှုနှင့်မြေမြုပ်မှိုင်းတို့ကြောင့် အရပ်သား ၈ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရကာ အိမ်ခြေ ၄၀ကျော်ပျက်စီးခဲ့သည်။
စဥ် | ရက်စွဲ | ကျေးရွာ၊
ရပ်ကွက် |
ဖြစ်စဥ် | သေဆုံး | ဒဏ်ရာရ | ပျက်စီး |
1. | ၂၉.၁၀.၂၀၂၃ | ကျောက်ကြမ်း
ကျေးရွာ |
မနက်(၇)နာရီ(၂၀)မိနစ်ခန့် တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားချင်းမရှိဘဲ ဗုံးလာကြဲခဲ့
|
၁
(ကျား) 50 ဝန်းကျင် |
၂
(မ) ၄၀ခန့် ကျား ၂၈
|
ဟိန္ဒူဘုရားကျောင်း ပျက်စီး |
2. | ၁.၁၁.၂၀၂၃
မှ ၃.၁၁.၂၀၂၃ |
အုမ္မသီးရွာ | စစ်ကောင်စီမှ နေ့စဥ် လေ ကြောင်းမှ ၁၅ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ | နေအိမ် ၅လုံးထက် မ နည်း ပျက်စီး | ||
3. | ၁.၁၁.၂၀၂၃
မှ ၅.၁၁.၂၀၂၃ |
ရွှေညောင်ပင်ရွာ | စစ်ကောင်စီမှ နေ့စဥ် လေ ကြောင်းမှ ၁၅ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ | နေအိမ် ၅လုံးထက် မနည်းပျက်စီး | ||
4. | ၁.၁၁.၂၀၂၃
မှ ၅.၁၁.၂၀၂၃ |
အုမ္မခါးရွာ | စစ်ကောင်စီမှ နေ့စဥ် လေ ကြောင်းမှ ၁၅ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ | နေအိမ် ၅လုံးထက် မနည်းပျက်စီး | ||
5.
|
၁.၁၁.၂၀၂၃
မှ ၅.၁၁.၂၀၂၃ |
ဆမ္မဆယ်ရွာ | စစ်ကောင်စီမှ နေ့စဥ် လေ ကြောင်းမှ ၁၅ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ | ၁
(ကျား) |
၃
(ကျား ၂၊မ ၁) |
နေအိမ် ၁၅ လုံးထက်မ နည်းပျက်စီး |
6. | ၂.၁၁.၂၀၂၃ | ဟိုခိုရွာ | ည ၁၂ နာရီ၀န်းကျင်တွင် တိုက် ပွဲတစ်စုံတစ်ရာဖြစ်ပွား ချင်း မရှိဘဲ ဂျက်ဖိုက်တာတစ် စီးဖြင့် ပေါင် ၅၀၀ဗုံးနှစ်လုံး လာ ရောက်ကြဲချခဲ့ | နေအိမ် ၃ လုံးထက် မနည်းပျက်စီး | ||
7. | ၉.၁၁.၂၀၂၃ | သုံးဆယ်ရွာ | နေ့ခင်း ၃နာရီခန့်တွင် ကျေး ရွာ အနီးလက်နက်ကြီး ကျရောက်ကာဒဏ်ရာရ | မ
၁ |
||
8. | ၁၅.၁၁.၂၀၂၃
|
ဇီးဖြူရေရွာ | စစ်ကောင်စီမှ ညနေ ၅နာရီ ခန့်တွင် သံဘိုစခန်းမှ ကျေး ရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ် | ၁
(မ)၁၂နှစ်၊ ၁ (ကျား) ၁နှစ် |
၁
(မ)၃၅နှစ်၊ ၁ (ကျား) ၄နှစ် |
|
9. | ၁၅.၁၁.၂၀၂၃
|
စျေးရပ်ကွက် | စစ်ကောင်စီတပ်သားများမှ ၎င်းအား ည၉နာရီတွင် လမ်းပေါ်၌ပစ်ခတ် | ၁
(ကျား) ၅၀နှစ်ဝန်းကျင် |
||
10 | ၁၅.၁၁.၂၀၂၃
|
ဆမ္မဆယ်ရွာ | စစ်ကောင်စီတပ်သားများမှ ကျေးရွာအတွင်း လမ်း လျှောက်နေသော စိတ်ဝေဒ နာ ခံစားနေရသည့် အမျိုးသမီးတစ်ဦးကို ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိ | ၁
(မ) ၂၆နှစ် |
||
11. | ၁၉.၁၁.၂၀၂၃
|
ဒိုးပင်ရွာ | စစ်ကောင်စီမှ ဒိုးပင်ရဲစ ခန်းပေါ်သို့ ဂျက်တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးလာကြဲခဲ့ | နေအိမ်၃လုံး၏ အမိုးများ ပျက်စီး | ||
12. | ၂၂.၁၁.၂၀၂၃
|
ကုန်းစုံရွာ | ညနေ ၃နာရီခန့်တွင် လယ် သမားတစ်ဦး ကျွဲကျောင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိ | ၁
(ကျား) ၅၈နှစ် |
||
13. | ၂၈.၁၁.၂၀၂၃
|
သုံးဆယ်ရွာ | စစ်ကောင်စီမှ နံနက် ၁၁နာရီ ခန့်တွင် Than Bo စခန်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ် | ၂
(ကျား) ၂၈နှစ် နှင့် ၄၀နှစ် |
နို၀င်ဘာ ၉မှဒီဇင်ဘာ၅အထိ သီပေါမြို့နယ်နှင့်ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှု၊ ပစ်ခတ်မှုနှင့် မြေမြုပ်မှိုင်းတို့ကြောင့် အရပ်သား ၅ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရကာ အိမ်ခြေ ၂၀ကျော် ပျက်စီးခဲ့သည်။
စဥ် | ရက်စွဲ | ကျေးရွာ၊ ရပ်ကွက် | ဖြစ်စဥ် | သေဆုံး | ဒဏ်ရာရ | ပျက်စီး |
1. | ၉.၁၁.၂၀၂၃
|
မန်ကောင်းမှူးရွာ
ကျောက်မဲ |
သူ၏ လိမ္မော်ခြံသို့အသွား မြေမြှုပ်မိုင်းနင်းမိ | ၁ (ကျား) ၆၉ နှစ် | ||
2. | ၁၂.၁၁.၂၀၂၃
|
ကျင်သီရွာ သီပေါ | စစ်ကောင်စီတပ်သားက နံနက် ၇ နာရီခန့်တွင် အရပ် သားတစ်ဦးအား ပစ်ခတ် | ၁ (ကျား) ၆၀နှစ်ဝန်း ကျင် | ||
3. | ၁၃.၁၁.၂၀၂၃
|
ဇီးပင်စခန်း ကျောက်မဲ | စစ်ကောင်စီမှ လေကြောင်းဖြင့် ည၉နာရီမှ ညသန်း ခေါင်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ | နေအိမ် ၁လုံးပျက်စီး | ||
4. | ၁၃.၁၁.၂၀၂၃
|
တောင်ကြူရှော ကျောက်မဲ | စစ်ကောင်စီ တပ်- ၅၀၂ တပ်သားများက ညနေ ၃: ၃၀နာရီတွင် ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ် | ၁ (ကျား) ၈နှစ် | ||
5. | ၁၄.၁၁.၂၀၂၃
|
ပါပုတ် ကျောက်မဲ | စစ်ကောင်စီတပ်သားများက မွန်းလွဲ ၁နာရီခန့်တွင် ကျေး ရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်၊ လက်နက်ကြီး ကျည်သည် အရပ်သားတစ် ဦးအိမ်ရှေ့သို့ ကျရောက် ပေါက်ကွဲကာ အဆိုပါအရပ် သားသေဆုံး | ၁ (ကျား) ၄၀နှစ် | ||
6. | ၁၅.၁၁.၂၀၂၃
|
ဇီးပင်စခန်း၊ပင်တီး၊ ပန်တိန်၊ ခေါက်ခက်
ကျောက်မဲ |
စစ်ကောင်စီမှ MI-35 ဂျက်တိုက်လေယာဉ်ကို အသုံးပြုကာ မန္တလေး-မူဆယ် အဝေးပြေးလမ်းရှိ နောင်ပိန်ကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့၊ ဗုံးတစ်လုံးသည် ဇီးပင်ပိုက်လိုင်းထိန်းချုပ်ရေးစခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ | ၁ (ကျား) | နေအိမ် ၁၀လုံးထက်မနည်း ပျက်စီး | |
7. | ၂၂.၁၁.၂၀၂၃
|
စံဖိတ်ရွာ
သီပေါ |
စစ်ကောင်စီတပ်သားများက နံနက် ၁၀: ၁၅ နာရီခန့်တွင် ကျေးရွာအတွင်းသို့ လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသား ၃ဦး ဒဏ်ရာရ | ၃ (ကျား) ၃၀နှစ်ဝန်း ကျင် | ||
8. | ၂၂.၁၁.၂၀၂၃
|
ရွှေပြည်သာကွက်သစ် သီပေါ | စစ်ကောင်စီတပ်သားများမှ နံနက် ၁၀: ၁၅နာရီ ခန့်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ် | ၂ (မ) ၃၀နှစ်ဝန်း ကျင်နှင့် ၅၀နှစ် ဝန်း ကျင် | ||
9. | ၂၂.၁၁.၂၀၂၃
|
နားလွယ်ရွာ သီပေါ | စစ်ကောင်စီတပ်သားများက နံနက် ၁၀: ၁၅နာရီခန့်တွင် နားလွယ်ရွာအနီးရှိ လယ် ကွင်းများထဲသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်သဖြင့် ကောက်ရိတ်နေသော လယ်သမားတစ်ဦးထိခိုက် | ၁ (ကျား) ၅၀နှစ် | ||
10. | ၂၂.၁၁.၂၀၂၃
|
စံဖိတ်ရွာ သီပေါ
|
နမ္မတူတံတားအနီးရှိ စစ်ကောင်စီကင်းစခန်းမှလက်နက်ကြီးဖြင့်ပစ်ခတ် | ၁ (ကျား) ၄၉နှစ် | ||
11. | ၂၅.၁၁.၂၀၂၃
|
မန်လွယ်နားပန် သီပေါ | စစ်ကောင်စီမှ နံနက် ၅နာရီတွင် ကျေးရွာ အတွင်းသို့ လက်နက် ကြီးဖြင့် ပစ်ခတ်သဖြင့် ဗုံးခိုကျင်းအတွင်းပုန်းနေသော လူတစ်ဦး ဒဏ်ရာရ | ၁ (ကျား) ၄၁နှစ် | ||
12. | ၂၇.၁၁.၂၀၂၃
|
နမ့်ဟူးရွာ ကျောက်မဲ | စစ်ကောင်စီတပ်သားများက မွန်းတည့်ချိန်တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့၊ လက်နက်ကြီးကျည်တစ်လုံးသည် နမ့်ဟူးဘုန်းကြီး ကျောင်းသို့ ကျရောက် ပေါက်ကွဲကာ ဘုန်းကြီးတစ် ဦးဒဏ်ရာရ | ၁ (ကျား) ၅၀နှစ် | ||
13. | ၂၇.၁၁.၂၀၂၃
|
ဗူးခါးရွာ ကျောက်မဲ | စစ်ကောင်စီမှ ညနေ ၄နာရီမှ ၆နာရီအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ | ၁ (ကျား) | နေအိမ် ၃လုံးပျက်စီး | |
14. | ၂၇.၁၁.၂၀၂၃
|
ပန်ပေါင်းရွာ ကျောက်မဲ | စစ်ကောင်စီမှ ည ၉နာရီတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့
|
၁ (မ) | တိုးဂိတ်၁ဂိတ်၊ နေအိမ် ၁၀လုံးပျက်စီး၊ ကားနှစ် စီးမီးလောင်ပျက်စီး | |
15. | ၂၈.၁၁.၂၀၂၃
|
လွယ်ခေါ်ရွာ ကျောက်မဲ | စစ်ကောင်စီမှ နံနက် ၈: ၃၀နာရီတွင် ကျေးရွာအ တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ | ၁ (ကျား) ၂၉နှစ် | ||
16. | ၅.၁၂.၂၀၂၃ | မိုင်းလုံရွာ
ကျောက်မဲ |
စစ်ကောင်စီမှ နံနက်၅နာ ရီတွင် ကျေးရွာအတွင်းသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ | ၁ (မ) ၃၅နှစ် |
၂၀၂၃ နို၀င်ဘာ ၂၁ မှဒီဇင်ဘာ ၁၆အထိ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ပစ်ခတ် မှုနှင့်မြေမြုပ်မှိုင်းတို့ကြောင့် အရပ်သား ၁၄ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရကာ အိမ်ခြေ ၁၀၀ကျော်ပျက်စီးခဲ့သည်။
စဥ် | ရက်စွဲ | ကျေးရွာ၊
ရပ်ကွက် |
ဖြစ်စဥ် | သေဆုံး | ဒဏ်ရာရ | ပျက်စီး |
1 | ၂၁.၁၀.၂၀၂၃ | ပေါက်နေရပ်ကွက် | စစ်ကောင်စီပစ်လွှတ်လိုက်သော လက်နက်ကြီး ကျည် သည် ပေါက်နားရပ်ကွက် သို့ကျရောက်ပေါက်ကွဲကာ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ | ၁ (ကျား) ၄၀နှစ်ဝန်းကျင်၊ ၁ (မ) ၂၇နှစ်ဝန်းကျင် | ||
2 | ၂၆.၁၀.၂၀၂၃ | မန်နားရပ်ကွက် | စစ်ကောင်စီမှ နံနက် ၅နာရီ တွင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး၏နေအိမ်သို့ကျရောက်ပေါက်ကွဲကာ အိမ်ထဲတွင် အိပ်နေသော အမျိုးသမီးကိုထိမှန်ခဲ့ | ၁ (မ) ၁၇နှစ်
|
နေအိမ် ၁လုံးပျက်စီး | |
3 | ၁.၁၂.၂၀၂၃ | ပေါက်လုံရပ်ကွက် | စစ်ကောင်စီမှ နံနက် ၈နာရီ တွင် လေကြောင်း ဗုံးကြဲ တိုက် ခိုက်မှုပြုလုပ်ခဲ့ | ၁ (မ) ၇၈နှစ်
|
၁ (ကျား) ၂၉နှစ် | နေအိမ် ၇လုံးပျက်စီး |
4 | ၁.၁၂.၂၀၂၃ | နောင်စန့်ရပ်ကွက် | စစ်ကောင်စီမှ ည ၉: ၃၀နာရီ ခန့်တွင် လေကြောင်းဗုံး ကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့၊ ဗုံးကြဲမှုတွင် Cluster ဗုံးများ ပါ ပါဝင် | ၁ (ကျား) ၅၂နှစ် | ဘုန်းကြီးကျောင်း၁ကျောင်း၊ နေအိမ် ၄လုံး ပျက်စီး | |
5 | ၁.၁၂.၂၀၂၃ | ဟိုကပ်ရပ်ကွက် အောင်မေတ္တာရပ်ကွက် | စစ်ကောင်စီမှ ည ၉: ၃၀နာ ရီတွင် ရပ်ကွက်တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ | ၁ (ကျား) ၂၈နှစ်၊
၂ (မ) ၄၆နှစ် နှင့် ၁၉နှစ်၊ ကလေး၂ (ကျား) ၁၂နှစ် နှင့် ၁၆နှစ်၊ ကလေး ၁ (မ) ၁၇နှစ် |
||
8 | ၆.၁၂.၂၀၂၃ | ဟိုနားရွာ | စစ်ကောင်စီမှ ညသန်း ခေါင်တွင် လေကြောင်းဗုံး ကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ | ၂ (ကျား) ၄၆နှစ် နှင့် ၃၅နှစ်၊
၂ (မ) ၅၆နှစ် နှင့် ၅၀နှစ်၊ ကလေး ၁ (မ) ၅နှစ် |
၂ (ကျား)၊
၁ (မ)၊ ကလေး ၁ (မ) ၅နှစ်
|
ဂိုဒေါင်တစ်လုံးပျက်စီး |
9. | ၆.၁၂.၂၀၂၃ | ပန်လော့ရွာ | စစ်ကောင်စီမှ ညီနောင်မဟာ မိတ်သုံးဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲအတွင်း ညသန်းခေါင် ၁၂နာရီအချိန်တွင် လေ ကြောင်း ဗုံးကြဲတိုက်ခိုက် မှုပြုလုပ်ခဲ့ | နေအိမ် ၇လုံးပျက်စီး | ||
10. | ၄.၁၂.၂၀၂၃ | လွယ်အွန်ရွာ | စစ်ကောင်စီမှ ညီနောင်မ ဟာမိတ်သုံးဖွဲ့နှင့် ဖြစ်ပွား သောတိုက်ပွဲအတွင်း ညသန်း ခေါင် ၁၂နာရီအချိန်တွင် လေ ကြောင်းဗုံးကြဲတိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့ | နေအိမ် ၉လုံးပျက်စီး | ||
11. | ၁.၁၂.၂၀၂၃ | ပေါက်လုံရပ်ကွက် | စစ်ကောင်စီမှ နံနက် ၈နာရီ ခန့်တွင် လူနေထူထပ်ရာ မြို့အတွင်းသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ | ၁ (မ) | နေအိမ် ၇လုံးပျက်စီး | |
12. | ၁.၁၂.၂၀၂၃ | နောင်စန့်ရပ်ကွက် | စစ်ကောင်စီမှ ည ၉နာရီတွင် လူထူထပ်ရာမြို့အတွင်းသို့ Cluster ဗုံးအသုံးပြု၍ လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ | ၁ (ကျား) | ဘုန်းကြီးကျောင်း ၁ကျောင်း၊ နေအိမ် ၄လုံးပျက်စီး | |
13. | ၁၁.၁၂.၂၀၂၃ | ပေါက်နေရပ်ကွက် | စစ်ကောင်စီမှ ည ၇နာရီတွင် မြို့မရဲစခန်းကို ပေါင်၅၀၀ဗုံး နှစ်လုံးအသုံးပြု၍ လေ ကြောင်း တိုက်ခိုက်မှုပြု လုပ်ခဲ့ | နေအိမ် ၁၁လုံးပျက်စီး | ||
14.. | ၁၁.၁၂.၂၀၂၃ | ကောင်းဆာရပိကွက် | စစ်ကောင်စီမှ ည၇နာရီတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ | ၁ (ကျား) ၆၀နှစ် | ||
15. | ၁၂.၁၂.၂၀၂၃ | သာယာကုန်းရပ်ကွက်၊ ကောင်းဆာရပ်ကွက် | စစ်ကောင်စီမှ ဂျက်တိုက်လေ ယာဉ် ၆စီးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ | ၁ (ကျား) | နေအိမ် ၉လုံးနှင့် ဘုန်းကြီး ကျောင်း ၁ကျောင်း ပျက်စီး
|
|
16. | ၁၃.၁၂.၂၀၂၃ | မိုခမ်းရပ်ကွက် | စစ်ကောင်စီမှ MI-35 ဂျက် တိုက်လေယာဉ်ဖြင့် လေ ကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ | ဘုန်းကြီးကျောင်း ၁ ကျောင်း နှင့် နေအိမ် ၅လုံးပျက်စီး | ||
17 | ၁၃.၁၂.၂၀၂၃ | မန့်ဟောင်းရွာ | စစ်ကောင်စီမှ နံနက် ၆နာရီ တွင် ဂျက်တိုက်လေ ယာဉ် ဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ | နေအိမ် ၅လုံးပျက်စီး | ||
18 | ၁၅.၁၂.၂၀၂၃ | နောင်ခမ်းရွာ | စစ်ကောင်စီမှ နံနက် ၆နာရီ တွင် ဂျက်တိုက်လေ ယာဉ် ဖြင့် လေကြောင်းဗုံး ကြဲတိုက် ခိုက်မှုပြုလုပ်ခဲ့ | နေအိမ် ၃လုံးပျက်စီး | ||
19 | ၁၅.၁၂.၂၀၂၃ | အောင်မေတ္တာရပ်ကွက် | စစ်ကောင်စီမှ နံနက် ၁၁နာရီ တွင် ဂျက်တိုက်လေ ယာဉ် ဖြင့် လေကြောင်းဗုံးကြဲ တိုက် ခိုက်မှုပြုလုပ်ခဲ့ | နေအိမ် ၁၂လုံးပျက်စီး | ||
20 | ၁၆.၁၂.၂၀၂၃ | အောင်မင်္ဂလာရပ်ကွက် | စစ်ကောင်စီမှ မွန်းတည့် အချိန်တွင် ပေါင်၅၀၀ ဗုံးနှစ် လုံးအသုံးပြုကာ လေ ကြောင်း တိုက်ခိုက်မှုပြု လုပ်ခဲ့ | နေအိမ် ၁၅လုံးပျက်စီး |
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် +66 99 246 5673/ +66 94 728 6696 Signal (ရှမ်း, အင်္ဂလိပ်)
ယိင်းလျန်းဟန် +66 99 289 6080 Signal (မြန်မာ)
Download PDF files >>>