ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးလူ့ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်
သီပေါမြို့နယ်၌ SSPP/SSA တပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားစဥ်စစ်ကောင်စီတပ်မှရမ်းသမ်းပစ်ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရ
၂၀၂၂ ခုနစ် နို၀င်ဘာလ ၂၅ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် အပစ်ရပ်လက်နက်ကိုင်တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်အား စစ်ကောင်စီတပ်မှတိုက်ခိုက်စဥ် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံ ၇၀၀ ကျော်ခန့်ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
သီပေါမြို့အရှေ့ဘက်မှ ၁၀ ကီလိုမီတာ ကွာ၀ေးသော မန္တလေး-မူဆယ်လမ်းမကြီးပေါ်ရှိ ကုန်းသာကျေးရွာတွင် မနက် ၆ နာရီ၀န်းကျင်၌ စစ်ကောင်စီအင်အား ၈၀ ခန့်မှ တိုက်ပွဲကိုစတင်ခဲ့သည်။ ကုန်းသာကျေးရွာမှ ၃ ကီလိုမီတာခန့်ကွာ၀ေးသော ခိုလုံတံတားတွင် တပ်စွဲထားသည့် လားရိူးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ ၆၈ နှင့် သီပေါမြို့အခြေစိုက်တပ် ခလရ ၂၃ တပ်မှ စစ်ကောင် စီစစ်ကြောင်းသည် ကား ၁၁ စီးဖြင့် တိုက်ပွဲမဖြစ်ခင်တွင် ရောက်ရှိလာခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် ရှမ်းနှစ်သစ်ကူးပွဲတော်ကာလ ကုန်းသာကျေးရွာအတွင်းတပ်စွဲထားသည့် SSPP/ SSA တပ်ဖွဲ့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ နှစ်ဘက်အပြန်အလှန် ၁ နာရီခွဲခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ရွာအတွင်းသို့ ရမ်းသန်းပစ်ခတ်မှုကြောင့် အဆောက်အဦး ၁၄ လုံးပျက်စီးခဲ့သော်လည်း လူထု ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပါ။
တိုက်ပွဲများနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကုန်းသာကျေးရွာနှင့် အနီးနားရွာများဖြစ်ကြသော နောင်အန်၊ကုန်းပျဥ် ကျေးရွာများမှ ဒေသခံရွာသား ၇၀၀ ကျော်တို့သည် ၄င်းတို့၏နေအိမ်များမှ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ အချို့မှာကျေးရွာရှိ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ နှင့် အချို့မှာ သီပေါမြို့ပေါ်ရှိဘုန်းကြီးကျောင်းများသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများ၏ စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။
No. | ရှောင်တိမ်းရာနေရာ | အိမ်ထောင်စု | လူဦးရေ | 18နှစ် အထက် | 18နှစ် အောက် |
1 | အောင်မင်္ဂလာဘိုးတော်ကျောင်း၊သီပေါမြို့ | 117 | 350 | 170 | 180 |
2 | ကုန်းသာဘုန်းကြီးကျောင်း | 73 | 224 | 148 | 76 |
3 | ဆွတ်လန်းဘုန်းကြီးကျောင်း | 91 | 166 | 133 | 33 |
4 | ကုန်းသာဘုရားကျောင်း | 5 | n/a | n/a | n/a |
5 | မဟာစည်ကျောင်း၊သီပေါမြို့ | 3 | n/a | n/a | n/a |
စုစုပေါင်း | 289 | 740+ | 451+ | 289+ |
တိုက်ပွဲဖြစ်ပွားပြီးနောက် SSPP/SSA တပ်ဖွဲ့၀င်များမှာ ကုန်းသာကျေးရွာမှဆုတ်ခွာသွားခဲ့သော်လည်း စစ် ကောင်စီတပ်သားများမှာမူ ကုန်းသာကျေးရွာစာသင်ကျောင်းအတွင်းတပ်စွဲနေထိုင်နေကြသည်။ နို၀င် ဘာလ ၃၀ ရက်နေ့က နောက်ဆုံးရရှိသောအချက်အလက်များအရ စစ်ရှောင်ရွာသားအများစုမှာ နေအိမ်သို့ပြန်လာကြပြီး အချို့မှာ ၄င်းတို့၏နေအိမ်များကိုစစ်ကောင်စီတပ်သားများ၏ မွေနှောက်ရှာဖွေခြင်းကို ခံခဲ့ရကြောင်းသိရသည်။
အောက်ပါ ကုန်းသာရွာခံများ၏ နေအိမ်များသည် နို၀င်ဘာလ ၂၅ ရက်နေ့က လက်နက်ကြီးထိမှန်မှုကြောင့် ပျက် စီးခဲ့ရသည်။
No. | အမည် | လက်နက်ကြီးထိခိုက်မှု |
1 | နိုင်စန်းလူ | နေအိမ်ထိခိုက်ပျက်စီး |
2 | ပါမွှေးဆာ | အိမ်ရှေ့လက်နက်ထိ မီးကြိုးပျက်စီး |
3 | ဦးစောမောင် | နေအိမ်၊ရေခဲသေတ္တာ၊ရေပိုက်ပျက်စီး |
4 | ပါစန်းမိုင် | ခေါင်မိုးပျက်စီး |
5 | နိုင်းမွန်ကြာ | ခေါင်မိုးပျက်စီးပေါက်ပြဲ |
6 | ပူစန်းမတ် | ခေါင်မိုးပျက်စီးပေါက်ပြဲ |
7 | လုံးစိန် | မီးကြိုးပျက်စီး |
8 | ပါကြာ | နေအိမ်နှစ်လုံးအမိုးပျက်စီး |
9 | ဦးကျော်သက် | ခေါင်မိုးပျက်စီး |
10 | လုံးရီ | ခေါင်မိုးပျက်စီး |
11 | အေးရွက်ဆန် | ခေါင်မိုးပျက်စီး |
12 | ပါးရွှေစိန် | ခေါင်မိုးပျက်စီး |
13 | လုံးထွန်းဆာ | နေအိမ်ပျက်စီး |
14 | မကြွယ် | နေအိမ်ပျက်စီး |
PDF ဖိုင်တောင်းယူရန် >>>
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်)
ယိင်းလျန်းဟန် +66 62 569 5220 (မြန်မာ)