Facebook
Mail
Twitter
Youtube
ပင်မစာမျက်နှာ
ထုတ်ပြန်ချက်
ဗီဒီယိုကဏ္ဍ
မြေပုံ
သတင်းလွှာ
SHRF အကြောင်း
Tai/Shan
English
Search
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)
ပင်မစာမျက်နှာ
ထုတ်ပြန်ချက်
ဗီဒီယိုကဏ္ဍ
မြေပုံ
သတင်းလွှာ
SHRF အကြောင်း
Tai/Shan
English
ထုတ်ပြန်ချက်
ငြိမ်းချမ်းရေးဖြစ်စဥ်အတွင်းသံယံဇာတထုတ်ယူမှုကိုရပ်ဆိုင်ရန်အရေးပေါ်လိုအပ်မှုကိုရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်အတွင်းရှိလယ်သမား၏ဆန္ဒပြမှုကမီးမောင်းထိုးပြလျက်ရှိ
September 8, 2014
ရှမ်းလူထုအခြေပြုအဖွဲ့များ၏ထုတ်ပြန်ချက် စက်တင်ဘာ ၈ ရက်၊ ၂၀၁၄ ငြိမ်းချမ်းရေးဖြစ်စဥ်အတွင်းသံယံဇာတထုတ်ယူမှုကိုရပ်ဆိုင်ရန်အရေးပေါ်လိုအပ်မှုကိုရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်အတွင်းရှိလယ်သမား၏ဆန္ဒပြမှုကမီးမောင်းထိုးပြလျက်ရှိ ၂၀၁၄ခုနှစ်စက်တင်ဘာ၅ရက်နေ့ရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့၌လယ်သမား၃၀၀၀ကျော်ကသတ္တုတူးဖော်ရေးလုပ်ငန်းကိုဆန့်ကျင်ဆန္ဒပြခဲ့သည့်ဖြစ်ရပ်ကသတ္တုတူးဖော်ရေးကြောင့်ဖြစ်ပေါ်လာသောဆိုးကျိုးမှအကာအကွယ်အပေးနိုင်ခြင်းကိုမီးမောင်းထိုးပြနေသည်။ထို့အပြင်မြန်မာနိုင်ငံအတွင်းစစ်မှန်သောနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်ငြိမ်းချမ်းရေးမရသရွေ့တိုင်းရင်းသားဒေသများတွင်သံယံဇာတထုတ်ယူမှုများကိုရပ်တန့်ရန်အရေးပေါ်လိုအပ်ကြောင်းသိသာထင်ရှားစေသည်။ ၂၀၁၂ခုနှစ်အစောပိုင်းကတည်းကနမ့်ခမ်းမြို့အရှေ့တောင်ဘက်ရှိတောင်တန်းများပေါ်၌ဆီလီကွန်သတ္တုများကိုကုမ္မဏီ၆ခုကတူးဖော်ပြီးတရုတ်နိုင်ငံသို့တင်ပို့ခဲ့ကြသည်။သတ္တုတူးဖော်ရေးလုပ်ငန်းများမှအမြောက်အများထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများသည်လယ်ယာလုပ်ငန်းနှင့်သောက်သုံရေးအရင်အမြစ်အတွက်ဒေသခံရွာ၉ရွာကမှီခိုအားထားနေသည့်နမ့်ဆီးရီးချောင်းအတွင်းစုပုံနေခဲ့သည်။စွန့်ပစ်ပစ္စည်းများကြောင့်ချောင်းရေသည်ညစ်ညမ်းလာပြီးရေစီးရေလာကိုပိတ်ဆို့စေသည့်အတွက်အနီးပတ်ဝန်းကျင်ရှိလယ်ယာမြေအနည်းဆုံဧက၁၀၀ခန့်ပျက်စီးခဲ့သည်။ သတ္တုတွင်းထွက်များကိုတရုတ်နိုင်ငံသို့နေ့ညမနားသယ်ယူနေသည့်၁၀ဘီးကားများကလူနေအိမ်များကိုဖြတ်သန်းသွားသည့်အတွက်လမ်းများကိုပျက်စီးစေခြင်း၊ဖုန်ကြောင့်လေထုညစ်ညမ်းခြင်း၊ယာဥ်တိုက်မှုများကြောင့်ရွာသူရွာသားများ၏အသက်ကိုခြိမ်းခြောက်ဆုံးရှုံးစေသည့်ဖြစ်ရပ်များဖြစ်ပွားလာခဲ့သည်။ ၂၀၁၃ခုနှစ်သြဂုတ်လတွင်လယ်သမား၅၉၀၀ခန့်ကအစိုးရရုံးစိုက်ရာနေပြည်တော်ရှိသက်ဆိုင်ရာအစိုးရဌာနများသို့သတ္တုတူးဖော်ရေးလုပ်ငန်းကိုရပ်တန့်ပေးရန်လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည်။အစိုးရဌာနများသို့သတ္တုတူးဖော်ရေးလုပ်ငန်းကိုရပ်တန့်ပေးရန်လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည်။ထို့နောက်ရှမ်းပြည်နယ်သတ္တုတွင်းဝန်ကြီးစိုင်းအိုက်ပေါဝ်းကထိခိုက်ပျက်စီးမှုများကိုလာရောက်စစ်ဆေးခဲ့ပြီးကုမ္မဏီများကိုရပ်တန့်ရန်ညွန်ကြားခဲ့သည်။သို့သော်လည်းသတ္တုတူးဖော်ရေးလုပ်ငန်းကိုဆက်လက်လုပ်ဆောင်နေကြသည်။ ထို့ကြောင့်စက်တင်ဘာလ၅ရက်နေ့တွင်နမ့်ခမ်းရှမ်းလယ်သမားများအဖွဲ့ကဆန္ဒပြဖော်ထုတ်ခဲ့ပြီးသတ္တုတူးဖော်မှုကိုအမြန်ဆုံးရပ်ဆိုင်းပေးရန်တောင်းဆိုခဲ့သည်။ထို့အပြင်ပျက်စီးသွားသောလယ်သမားများကိုနဂိုမူလအနေအထားသို့ပြန်လည်ရောက်ရှိစေရေးအတွက်လုပ်ဆောင်ပေးရန်တောင်းဆိုခဲ့ကြသည်။မြို့နယ်၁၁မြို့နယ်ရှိရှမ်းလယ်သမားကွန်ယက်အဖွဲ့ဝင်များကဆန္ဒပြမှုကိုပူးပေါင်းခဲ့ကြပြီးနမ့်ခမ်းလယ်သမားများ၏တောင်းဆိုမှုကိုထောက်ခံခဲ့ကြသည်။ နမ့်ခမ်းမြို့သည်ပဠိပက္ခများဖြစ်ပွားနေသည့်ဒေသတခုလည်းဖြစ်သည်။မြန်မာအစိုးရကကချင်၊တအောင်းနှင့်ရှမ်းတော်လှန်ရေးအင်အားစုများကိုယင်းဒေသတွင်ထိုးစစ်ဆင်နေမှုကြောင့်ဒေသခံပြည်သူများယခုနှစ်အတွင်းရွှေ့ပြောင်းခဲ့ရသည်။ဒေသခံအစိုးရလိုလားသည့်ပြည်သူ့စစ်များ၏အကာအကွယ်ကိုရယူကာဆီလီကွန်သတ္တုတူးဖော်ရေးကိုလုပ်ဆောင်နေကြသည်။ထိုဒေသ၌ပြည်သူ့စစ်များနှင့်ချိန်ဆက်သောသတ္တုတူးဖော်နေသည့်ကုမ္ပဏီများမှာမြန်မာ့မြှားဦး၊ငွေကမ္ဘာကျော်နှင့်ပန်းသစ္စာကုမ္ပဏီတို့ဖြစ်သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်လွတ်တော်အမတ်ဦးကျော်မြင့်ခေါင်းဆောင်သည့်ပန်းဆေးပြည်သူ့စစ်နှင့်ပန်းသစ္စာကုမ္မဏီတို့သည်ဆက်နွယ်မှုရှိသည်။ဝန်ကြီးဟောင်းဦးအောင်သောင်းနှင့်ပတ်သက်ဆက်နွယ်နေသည့်ဂျီအက်စ်အမ်ကုမ္ပဏီကထိုဒေသ၌သတ္တုတူးဖော်ရေးလုပ်ငန်းကိုပထမဆုံးစတင်ခဲ့သည်။ သတ္တုတူးဖော်ရေးလုပ်ဆောင်ချက်များသည်ပွင့်လင်းမြင်သာမှုမရှိခြင်း၊ထိခိုက်ပျက်စီးမှုများအတွက်ဒေသခံလူထုကိုအကာအကွယ်ပေးရန်ပျက်ကွက်ခြင်း၊တရုတ်နိုင်ငံသို့တင်ပို့နေသည့်သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းအပါအဝင်ဤဒေသအတွင်းရှိသံယံဇာတတူးဖော်ရေးစီမံကိန်းများနှင့်ဆက်စပ်နေသည့်လုံခြုံရေးများအတွက်စစ်အင်အားများတိုးချဲ့ချထားခြင်းများ၊ဆက်လက်ဖြစ်ပွားနေသည့်ပဠိပက္ခများကိုရှမ်းလူထုအခြေပြုအဖွဲ့အစည်းများကအထူးစိုးရိမ်လျက်ရှိသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အရနိုင်ငံရေးဆွေးနွေးနေသည့်ကာလအတွင်းသဘာဝသံယံဇာတများစီမံခန့်ခွဲထိန်းချုပ်မှုများမစတင်မီသတ္တုတူးဖော်ရေးလုပ်ငန်းများ၏ဆိုးကျိုးကိုရှမ်းပြည်တဝန်းလုံးထိခိုက်ခံစားနေရသည်။”စေ့စပ်ဆွေးနွေးတဲ့စားပွဲဝိုင်းပေါ်ကိုမရောက်ခင်ကျမတို့ရဲ့အဖိုးတန်တဲ့သံယံဇာတတွေကိုနေပြည်တော်ကရောင်းချနေပါတယ်။အဘက်ဘက်ကသဘောတူညီချက်ရတဲ့အချိန်ရောက်ရင်ဘာမှကျန်တောမှာမဟုတ်ဘူး” ဟုရှမ်းလူထုအခြေပြုအဖွဲ့အစည်းများပြောခွင့်ရမွေနွမ်ဟွမ်ကပြောသည်။ နမ့်ခမ်းလယ်သမားများ၏တောင်ဆိုချက်အတိုင်းလုပ်ဆောင်ပေးရန်ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများကထပ်မံတောင်းဆိုသည်။ယင်းအပြင်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်ဒေသခံလူထု၏အခွင့်အရေးများကိုခိုင်မာစွာအကာအကွယ်ပေးသည့်ငြိမ်းချမ်းရေးဆွေးနွေးငြိနိုင်းမှုများလုပ်ဆောင်ပြီးသည့်အချိန်ထိတိုင်းရင်သားဒေသများရှိသံယံဇာတထုတ်ယူမှုများကိုအမြန်ဆုံးရပ်ဆိုင်းပေးရန်တောင်းဆိုသည်။ နမ့်ခမ်းသတ္တုတူးဖော်ရေးမြေပုံနှင့်သတ္တုတူးဖော်မှု၏သက်ရောက်မှုများဓါတ်ပုံ ပါဝင်သည့်ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများ -Shan Human Rights Foundation -Shan Sapawa Environmental Organisation -Shan State Development Foundation -Shan Students’ Union (Thailand) -Shan Women’s Action Network -Shan Youth Network Group -Shan Youth Organisation...
စစ်ဘေးရှောင် ရှမ်းရွာသားများက ၄င်းတို့နေအိမ်နှင့် ခြံများတွင်ရှိနေသည့် မြန်မာစစ်သားများကို ဖယ်ရှားပေးရန် သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာတင်ခြင်း။
August 26, 2014
ရှမ်းလူ့အခွင့်အရေးဖောင်းဒေးရှင်းမှ နောက်ဆုံးရသတင်း သြဂုတ်လ ၂၆ ရက် ၂၀၁၄ ။ စစ်ဘေးရှောင် ရှမ်းရွာသားများက ၄င်းတို့နေအိမ်နှင့် ခြံများတွင်ရှိနေသည့် မြန်မာစစ်သားများကို ဖယ်ရှားပေးရန် သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာတင်ခြင်း ကျေးသီးမြို့နယ် ဖာဆောင်ရွာတွင် တပ်စွဲထားသည့် မြန်မာစစ်သားများကိုဖယ်ရှားရန် ၃၀၀ ခန့်ရှိစစ်ဘေးရှောင် ရွာသားများက သမ္မတဦးသိန်းစိန်ထံ ယနေ့ အသနားခံစာတ စောင်တင်လိုက်သည်။...
စစ်ဘေးရှောင် ရှမ်းရွာသားများက ၎င်းတို့နေအိမ် နှင့်ခြံ များတွင် ရှိနေသည့် မြန်မာစစ်သားများကိုဖယ်ရှားပေးရန် သမ္မတဦးသိန်းစိန်ထံ အသနားခံစာ တင်ခြင်း
August 26, 2014
ရှမ်းလူ့အခွင့်အရေးဖောင်းဒေးရှင်းမှ နောက်ဆုံးရသတင်း သြဂုတ်လ ၂၆ ရက် ၂၀၁၄ စစ်ဘေးရှောင် ရှမ်းရွာသားများက ၄င်းတို့နေအိမ်နှင့် ခြံများတွင်ရှိနေသည့် မြန်မာစစ်သားများကို ဖယ်ရှားပေးရန် သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာတင်ခြင်း ကျေးသီးမြို့နယ် ဖာဆောင်ရွာတွင် တပ်စွဲထားသည့် မြန်မာစစ်သားများကိုဖယ်ရှားရန် ၃၀၀ ခန့်ရှိစစ်ဘေးရှောင် ရွာသားများက သမ္မတဦးသိန်းစိန်ထံ ယနေ့ အသနားခံစာတ စောင်တင်လိုက်သည်။ လွန်ခဲ့သည့်...
ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများမှအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီထံသို့အိတ်ဖွင့်ပေးစာ
August 7, 2014
ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများမှအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီထံသို့အိတ်ဖွင့်ပေးစာ သြဂုတ်လ ၇ ရက် ၊ ၂၀၁၄ ခုနှစ် လေးစားအပ်ပါသောဝန်ကြီးကယ်ရီခင်ဗျာ- ရှမ်းပြည်နယ်အလယ်ပိုင်းမှာမြန်မာအစိုးရစစ်တပ်တွေတိုးချထားတာနဲ့ပတ်သက်လို့လူကြီးမင်းမှဂရုထားပေးဖို့ကျွန်တော်တို့လိုလားပါတယ်။ဒီစစ်တပ်တွေကြောင့်လက်ရှိလုပ်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကိုထိခိုက်နိုင်ပါတယ်။အပြစ်မဲ့ရွာသားတွေရဲ့ဘဝကိုခြိမ်းခြောက်ရာလည်းရောက်နေပါတယ်။ တည်ရှိနေတဲ့အပစ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ပြီးရှမ်းပြည်တပ်မတော်မြောက်ပိုင်းနယ်မြေတွေကိုသိမ်းယူဖို့၂၀၁၄ခုနှစ်ဂျွန်လကစပြီးမြန်မာအစိုးရစစ်တပ်အင်အား၃၀၀၀ကိုကျေးသီး၊မိုင်ရှုး၊တန့်ယန်းမြို့နယ်တွေမှာဖြန့်ချထားပါတယ်။ရွာသားတွေနေတဲ့ဒေသတွေကိုရာချီတဲ့အမြှောက်ဆံတွေနဲ့ပစ်ခတ်တဲ့အတွက်ရွာသားများကြောက်လန့်ပြီးထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ကျေးသီးမြို့နယ်ဝမ်ဝပ်ရွာကိုမကြာမှီကပင်ပြေးထွက်လာတဲ့ရွာသား၃၀၀ကျော်အပါအဝင်ရွာသား၈၀၀ကျော်ရဲ့လုံခြုံရေးအတွက်ကျွန်ုပ်တို့စိုးရိမ်ပူပန်နေရပါတယ်။လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့မြန်မာအစိုးရစစ်သား၅၀၀ကျော်ဟာဝမ်ဝပ်ရွာအတွင်းနဲ့အပြင်မှာစခန်းချထားပါတယ်။ရွာသားတွေရဲ့ နေစဥ်လုပ်ကိုင်မှုတွေကိုလည်းချုပ်ချယ်ထားပါတယ်။စစ်သားတွေဟာဒီကနေ့ထိတပ်စွဲနေစဲဖြစ်သည်။ ဝမ်ဝပ်ရွာရဲ့နောက်ဖက်၂မိုင်လောက်ဝေးတဲ့တာဖာဆောင်ရွာကိုမြန်မာစစ်တပ်ကလက်နက်ကြီးတွေနဲ့ဂျွန်လ၂၆ရက်နေ့ကပစ်လို့ ရွာသားတွေဝမ်ဝပ်ရွာကိုပြေးလာကြရပါသည်။နှစ်ရက်ကြာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပေမဲ့တာဖာဆောင်မြစ်ကူသည့်နေရာကိုသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိချေ။ဒါကြောင့်ရွာသူရွာသားတွေရဲ့မြေယာများပေါ် မှာတပ်စွဲပြီးဒေသကိုပိတ်ဆို့ထားပါသည်။ တာဖာဆောင်ရွာမှာတပ်စွဲထားတဲ့စစ်သားတွေကရွာသားတွေရဲ့အိမ်မွေးတိရိစ္ဆာန်တွေ၊ပစ္စည်းတွေကိုလုယက်နေပါတယ်။လယ်ယာမြေကွက်ထဲကိုဖြတ်ပြီးလည်းကင်းလှည့်ကြပါတယ်။စည်းရိုးများကိုချိုးဖျက်ကြလို့ကျွဲနွားတွေကစိုက်ခင်းတွေထဲဝင်စားကြပါတယ်။အခုတော့တာဖာဆောင်ရွာဟာလုံးဝပျက်စီးသွားလို့နေပါပြီ။ရွာသားတွေကသူတို့ပစ္စည်းပြန်သိမ်းဖို့တောင်စစ်သားတွေကအခွင့်မပေးတော့ပါ။ ထွက်ပြေးလာတဲ့ရွာသူရွာသား၃၀၀လောက်ကဝမ်ဝပ်ဘုန်းကြီးကျောင်းမှာခိုအောင်းနေကြရပါတယ်။စေတနာရှင်တွေလှူတန်းပေးကမ်းတဲ့အစားအစာတွေအပေါ်မှာဘဲမှီခိုကြရတယ်။စစ်သားတွေကတော့ရွာထဲရှိမူလတန်းကျောင်းမှာတပ်စွဲပြီးရွာသားတွေကိုစောင့်ကြပ်နေပါတယ်။ကျောင်းတက်နေတဲ့ခလေးငယ်၁၀၀ကျော်ကိုလည်းကြောက်ရွံ့နေစေခဲ့သည်။ အပစ်ခတ်ရပ်စဲထားတဲ့ရှမ်းနယ်မြေမှာစစ်ရေးအရတိုးချဲ့တာ၊ရွာသားတွေကြောက်ရွံ့ပြီးနေရပ်စွန့်ခွာထွက်ပြေးစေတာကြောင့်တိုင်းရင်းသားနယ်မြေကပဠိပက္ခတွေကိုငြိမ်းချမ်းစွာအဖြေရှာနေတယ်ဆိုတဲ့မြန်မာအစိုးရရဲ့ပြောဆိုချက်ကို ပိုပိုသံသယရှိလာနေကြပါတယ်။ထိုးစစ်ကြောင့်တနေ့တည်းမှာပင်ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေရဲ့တန်ဖိုးကဒေါ်လာသိန်းချီကုန်တဲ့နိုင်ငံတော်ဘတ်ဂျတ်ကိုလည်းကျွန်ုပ်တို့ပြည်သူလူထုဆီကဘဲကျခံရတာဖြစ်ပါတယ်။ လူကြီးမင်းခင်ဗျားနေပြည်တော်ရောက်လာတုန်းကာလမှာငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ်ယုံကြည်မှုရရှိလာရေးအတွက်ဒီစစ်ဆင်ရေးအကြောင်းနဲ့၊သမ္မတဦးသိန်းစိန်ကိုလည်းဤရှမ်းပြည်ဒေသနဲ့တခြားတိုင်းရင်သားဒေသတွေမှာထိုးစစ်ဆင်တာတွေကိုအမြန်ရပ်တန့်ပြီးတပ်တွေဆုတ်ခွာပေးစေရေးပြောဆိုပေးဖို့ကျွန်ုပ်တို့တောင်းဆိုပါတယ်။ တိုင်းရင်းသားတွေအပေါ်ထိုးစစ်ဆင်ခြင်းကိုကန့်ကွက်သည့်အနေဖြင့်အမေရိကန်အစိုးရနဲ့မြန်မာအစိုးရတို့စစ်ရေးအရပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်းရပ်ဆိုင်းဖို့ကျွန်ုပ်တို့အနေနဲ့တိုက်တွန်းပါတယ်။ ရိုသေလေးစားစွာဖြင့် ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းများ - Migrant Students Group - Migrant Workers Federation - ...
ရှမ်းပြည်နယ်အရှေ့ပိုင်း ရွာသူ/သားများမှ ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်စေသည့် ရွှေတူးဖော်ရေးစီမံကိန်းများ အား ချက်ချင်းရပ်တန့်ပေးရန် အစီရင်ခံစာထုတ်ပြန်တောင်းဆို
July 16, 2014
ရှမ်းတောင်သူလယ်သမားများကွန်ယက်မှ သတင်းထုတ်ပြန်ကြေညာချက် (၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့) ရှမ်းပြည်နယ်အရှေ့ပိုင်း ရွာသူ/သားများမှ ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်စေသည့် ရွှေတူးဖော်ရေးစီမံကိန်းများ အား ချက်ချင်းရပ်တန့်ပေးရန် အစီရင်ခံစာထုတ်ပြန်တောင်းဆို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလင်းကျေးရွာအုပ်စုအတွင်း ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ် စေသည့် ရွှေတူးဖော် ရေးစီမံကိန်းများအား ချက်ချင်းရပ်တန့်ပေးရန်အတွက် ရှမ်းတောင်သူလယ်သမား များကွန်ယက်နှင့် သက်ရောက်မှုခံရသူရွာသူရွာသားများမှ သတင်းစာရှင်းလင်းပွဲကို ယနေ့တောင်ကြီးမြို့တွင် ကျင်းပပါသည်။ ၂၀၀၇...
မြန်မာအစိုးရမှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ငြိမ်းချမ်းရေး လက်နက်ကိုင် အင်အားဦးတည်သည့်စစ်ဆင်ရေး သစ်ပြုလုပ်နေခြင်းကို ရပ်ရန်
July 10, 2014
ရှမ်းလူ့အခွင့် အရေးဏ္ဍိုင်မှ ထုတ်ပြန်ကြေငြာချက် ၂၀၁၄ ခုနှစ်ဇွန်လိုင်၁၀ ရက် မြန်မာအစိုးရမှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ငြိမ်းချမ်းရေး လက်နက်ကိုင် အင်အားဦးတည်သည့်စစ်ဆင်ရေး သစ်ပြုလုပ်နေခြင်းကို ရပ်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ဇွန်လမှစ ၍ ငြိမ်းချမ်းရေးလက်နက်ကိုင် အင်အားစုတစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) သို့ (SSA-N ရှမ်းပြည်မြောက်ပိုင်းတပ်မတော်) အားဦးတည်သည့်စစ်ဆင်ရေးပြုလုပ်ရာ တပ်ရင်း ၁၀ ရင်းမှစစ်အင်အားပေါင်း ၂၀၀၀...
အချက်အချာကျရာ နယ်စပ်ဒေသက ထိန်းချုပ်ရန် စစ်ရေးဆင်ရာလှူပ်ရှားမှုများပြုလုပ်ရာတွင် မြန်မာစစ်တပ်မှ ဒေသခံပြည်သူများကို ဦးတည်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိ
July 5, 2014
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ သတင်းထုတ်ပြန်ချက် ဇွန်လ ၅ ရက် ၊ ၂၀၁၄ အချက်အချာကျရာ နယ်စပ်ဒေသက ထိန်းချုပ်ရန် စစ်ရေးဆင်ရာလှူပ်ရှားမှုများပြုလုပ်ရာတွင် မြန်မာစစ်တပ်မှ ဒေသခံပြည်သူများကို ဦးတည်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိ ( ၂၀၁၄ ဧပြီလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ ထိ) ၂၀၁၄ ဧပြီလ ၁၀ ရက်နေ့တွင် မြန်မာစစ်တပ်မှ...
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်က ရွာသားများတုတ်ဖြင့်ရိုက်နှက်၊ ဓားဖြင့်ထိုးကာ ၄င်း၏ ပစ္စည်းများအား လုယူသွားခဲ့
April 8, 2014
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းထုတ်ပြန်ချက် ဧပြီလ ၈ ရက် ၂၀၁၄ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်က ရွာသားများတုတ်ဖြင့်ရိုက်နှက်၊ ဓားဖြင့်ထိုးကာ ၄င်း၏ ပစ္စည်းများအား လုယူသွားခဲ့ ပြီးခဲ့သည့် ၂၃ ရက် မတ်လ ၂၀၁၄ ခုက ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် သားရှင်လောင်းပြုရန်အလှူဖိတ် စာများ သွားဖိတ််ပြေး...
မြောက်ပိုင်း ရှမ်းတောင်သူလယ်သမားများက ၎င်းတို့မြေယာပေါ်ရှိ တရုတ်ပိုက်လိုင်း ရွှေ့ပြောင်းပေးရန်တောင်းဆိုချက်။
April 5, 2013
ရှမ်းလူထု အခြေပြု အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက် ဧပြီလ ၅ ရက် ၂၀၁၃ ခုနှစ် မြောက်ပိုင်း ရှမ်းတောင်သူလယ်သမားများက ၎င်းတို့မြေယာပေါ်ရှိ တရုတ်ပိုက်လိုင်း ရွှေ့ပြောင်းပေးရန်တောင်းဆိုချက်။ အခွင့်အရေးများ ဆုံးရှုံးရခြင်း၊ တည်ဆောက်ပုံ ညံ့ဖျင်းခြင်း၊ လုံခြုံမှုအတွက် စိုးရိမ်ရခြင်း စသော ခိုင်မာသည် အချ်ကတို့ကြောင့် မြောက်ပိုင်းရှမ်းတောင်သူလယ်သမားများက ၎င်းတို့မြေယာပေါ်ရဲ့ တရုတ်ရေနံ နှင့် ဓါတ်ငွေ့ပိုက်လိုင်း...
စစ်ပြေးဒုက္ခသည်များအားစစ်မီးအတွင်း ပြန်မပို့ရန် ရှမ်းလူထုအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာခြင်း
August 27, 2012
သြဂုတ်လ ၂၇ ရက် ၂၀၁၂ ထုတ်ပြန်စာတမ်း စစ်ပြေးဒုက္ခသည်များအားစစ်မီးအတွင်း ပြန်မပို့ရန် ရှမ်းလူထုအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာခြင်း ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်တနေရာမှ စစ်ပြေးဒုက္ခသည်(၅၀၀)ကျော်အား လုံခြုံရေးအာမခံချက် မရှိသေးသည့်ပြင် ခြေလှမ်းပြင်စီစဉ်နေသည်ကို ရှမ်းလူထုအဖွဲ့များမှ လေးနက်စွာစိုးရိမ်ပူပန်မိပါသည်။ ယနေ့ နော်ဝေးဒုက္ခသည်ကောင်စီမှ မြန်မာနိုင်ငံငြိမ်းချမ်းရေးထောက်ပံ့သည့်လုပ်ငန်းအစီအစဉ် နှင့် ကန်ထရိုက်ရေးဆွဲသဘောတူညီချက်အရ ထိုင်းနှိင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင်းရှိ ကုန်းကျော်စစ်ပြေးဒုက္ခသည်ပို့ရေးအတွက် တစ်အိမ်တက်ဆစ်အိမ်ဆင်း စာရင်းစတင်ကောက်ယူနေပါသည်။ ဤလူသူနေထိုင်မှုနည်းပါးလှသောရွာသို့...
1
...
17
18
19
Page 18 of 19
ထုတ်ပြန်ချက်
ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၏ အရပ်သား ပြည်သူများအပေါ် တရားလက်လွတ် သတ် ဖြတ်မှုနှင့် အဓမ္မပြုကျင့်မှုများ
October 6, 2025
UWSA ထိန်းချုပ်ထားသော oမြောက်ပိုင်းဒေသ မြေရှားသတ္တုတွင်းများ၏ အောက်ဘက်တွင်ရှိသော မိုင်းခတ် မြို့နယ် တွင် နှုန်းတင်ရေကြီးများမှုကြောင့် လယ်ယာမြေများပျက်စီး
September 18, 2025
ကျောက်မဲမြို့တွင် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုများဖြစ်စေနိုင်သော လေကြောင်းနှင့် မြေပြင်တိုက် ခိုက် မှု များ ကြောင့် ပြည်သူ ၈,၆၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရ
September 9, 2025
၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်ရှမ်းပြည်အရှေ့ပိုင်း မဲခေါင်မြစ်အနီး NDAA (မိုင်းလားတပ်) ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံများက ဖော်ထုတ်ပြသနေ
August 25, 2025
သီပေါ၊ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်မြို့တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၃၅ ဦး သေဆုံးပြီး ၅၅ ဦးထိခိုက်ဒဏ်ရာရရှိ၊ တရုတ်ပိုက်လိုင်းများကိုလည်း ခြိမ်းခြောက်လျက်ရှိ
August 7, 2025