ရှမ်းပြည်နယ်အရှေ့ပိုင်း ရွာသူ/သားများမှ ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်စေသည့် ရွှေတူးဖော်ရေးစီမံကိန်းများ အား ချက်ချင်းရပ်တန့်ပေးရန် အစီရင်ခံစာထုတ်ပြန်တောင်းဆို

ရှမ်းတောင်သူလယ်သမားများကွန်ယက်မှ သတင်းထုတ်ပြန်ကြေညာချက်

(၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့)

ရှမ်းပြည်နယ်အရှေ့ပိုင်း ရွာသူ/သားများမှ ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်စေသည့် ရွှေတူးဖော်ရေးစီမံကိန်းများ အား ချက်ချင်းရပ်တန့်ပေးရန် အစီရင်ခံစာထုတ်ပြန်တောင်းဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလင်းကျေးရွာအုပ်စုအတွင်း ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ် စေသည့် ရွှေတူးဖော် ရေးစီမံကိန်းများအား ချက်ချင်းရပ်တန့်ပေးရန်အတွက် ရှမ်းတောင်သူလယ်သမား များကွန်ယက်နှင့် သက်ရောက်မှုခံရသူရွာသူရွာသားများမှ သတင်းစာရှင်းလင်းပွဲကို ယနေ့တောင်ကြီးမြို့တွင် ကျင်းပပါသည်။

၂၀၀၇ ခုနှစ်မှစ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ခွဲ အရှေ့ဖက် မိုင်းလင်းအနောက် အုပ်စု လွယ်ခမ်းတောင်ကြောများပေါ်တွင် ကုမ္ပဏီပေါင်း ၁၀ ကျော်တို့မှ ရွှေများတူးဖော်လျက်ရှိသည်။ အဆိုပါ ကုမ္မဏီများသည် စိမ်းလန်းစိုပြေသည့်သဘာဝ သစ်တောများအားဖျက်ဆီးကာ ဧရိယာ ၁၁ မိုင်ပတ်လည်ကျယ် ဝန်းသည့် လွယ်ခမ်းတောင်ကြောတစ်လျောက် ရွှေကြောများအား လိုက်လံတူးဖော်နေလျက်ရှိသည်၊ အဆိပ်တောက် ဖြစ်သည့် (cyanide) အမြောက်အများအသုံးပြုကာ ရွှေများစစ်ယူလျက်ရှိသည်။ ယင်းသို့လုပ်ဆောင်ရာ မြေတိုက်စားမှုများ ရေထုညစ်ညမ်းမှုများ သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုများ ဖြစ်ပေါ်စေပါသည်။ အဆိုပါ ရွှေတူးဖော်ရေးစီမံကိန်းအနှီးနေထိုင်သည့် ဝိန်းမနော် ကျေးရွာနှင့် နားဟိုင်းလုံကျေး ရွာနှင့် နားဟိုင်းလုံကျေးရွာမှ ဒေသခံလူဦးရေပေါင်း ၃၄၀ ကျော်ခန့် မှီခိုလုပ်ကိုင်စားသောက်လျက်ရှိသော လယ်ယာမြေစိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်း မှာလည်းပျက်ဆီးဆုံးရှုံးသွားခဲ့ရသည်။

ဒေသခံရွာသူရွာသားများ တောင်သူလယ်သမားများ၏ အဓိက မှီခိုအားထားရာ ရေအရင်းအမြစ်ဖြစ်သည့် နမ့်ခမ်းချောင်းမှာ ယခုလက်ရှိတွင် ညစ်ညမ်းကာတိမ်ကောပျောက်ကွယ်နေပါပြီ။ စိုက်ပျိုးမြေယာများ၊ ဟင်းသီးဟင်းရွက်ခြံများ ပျက်ဆီးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ အဆိပ်သင့်ခြင်း နှင့် ဒေသခံများမှ အရေပြားယားယံခြင်း စသည့်ရောဂါများဖြင့် ကြုံတွေ့နေရသည်။ မိသားစုများမှ မိမိတို့သားသမီးများအား ကျေင်းသို့ အပို့နိုင်ကြတော့ခြင်းနှင့် ရွာတွင်းရှိလူငယ်များမှာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင် လာကြရသည်။ တူးဖော်ရေးကုမ္ပဏီများမှလည်း လျော်ကြေးငွေအနည်းငယ် ခန့်ကိုသာပေးသည်။

“ရွေတူးလို့ ချောင်းရေက တိမ်ကောြပီး ရေတစ်အားနည်းလာတယ်၊ လယ်ထဲသွင်းဖို့ ရေမလောက်တော့ဘူး။ အဲဒါ ကျွန်တော်လယ်စိုက်လို့မရတော့တာ ၂ နှစ်လောက်ရှိပြီ” ဟု နားဟိုင်းလုံရွာသား စိုင်းတွန်မှ ပြောသည်။

“ ဒီလယ်တွေစိုက်မရတော့လို့ ထမင်းနပ်တောင် မမှန်တော့ဘူး” ဟု ရွာခံ စိုင်းဆိုင်က လည်းပြောသည်။ ရွှေတူးဖော်ရေးစီမံကိန်းများအားရပ်ဆိုင်းရန် ဆိုးကျိုးအလူးအလဲခံနေရသည့် ဒေသခံများမှ တာဝန်ရှိလူကြီးမင်းများထံ အကြိမ်ကြိမ်စာရေးတောင်းဆိုခဲ့ပါသည်။ ထို့ကြောင့် ဧပြီလ လယ်ပိုင်းက ရှမ်းပြည်နယ်အစိုးရမှ တစ်ဆင့်မြို့နယ် အုပ်ချူပ်ရေးမှူးများထံ ရွှေတူးဖော်ရေးစီမံကိန်းများ ခေတ္တ ရပ်ဆိုင်းရန် ညွန်ကြားခဲ့သော်လည်း ရပ်ဆိုင်းခြင်းမရှိသေးပေ။ ထို့အပြင် လက်ရှိတွင် ရွှေတူးဖော်ရေးစီမံကိန်းများအား ၎င်းတို့၏ တောင်းဆိုမှုများအားလုံး ပြန်လည်ရုပ်သိမ်းပေးရန် အကြိမ်ကြိမ် လာရောက် ဖိအားပေးခဲ့သည်။

သို့ပါသက်ရောက်မှုခံ ရသူဒေသခံ ရွာသူရွာသားများနှင့် ကျွန်ုပ်တို့ ရှမ်းတောင်သူလယ်သမားများကွန်ယက်မှ အောက်ဖော်ပြပါ အချက်များအား တောင်းဆိုအပ်ပါသည်။

၁) မိုင်းလင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းစဥ်များအား ချက်ချင်းရပ်ဆိုင်းရန်၊ နယ်မြေအတွင်းရှိ စက်ယန္တရားများပြန် လည်သိမ်းဆည်းရန်နှင့် ဝန်ထမ်းများအားလုံး ပြန်လည်ခေါ်ဆောင်သွားရန်။

၂) နယ်မြေအတွင်းရှိပျက်စီးသွားသောရေချောင်းများနှင့် လယ်ယာမြေများအားလုံး ကိုနဂိုမူလ ရွှေတူးဖော်ရေး လုပ်ငန်းစဥ်မစခင် အတိုင်းပြန်လည်ပြုပြင်ပေးရန်။

၃) ရွှေတူးဖော်ရေးကြောင်း ဒေသခံ ရွာသူ/သားများမှ ဆုံရှုံးသွားရသည်များအားလုံ အတွက် သက်ဆိုင်ရာကုမ္ပ ဏီများမှ လျော်ကြေးအပြည့်ဝ ပေးရန် စသည်တို့ဖြစ်သည်။

တူးဖော်ရေးစီမံကိန်းကြောင့် ပျက်ဆီးဆုံးရှုံမှု ဆိုင်ရာ အချက်လက်များအသေးစိပ်ဖော်ပြထားသည့် ထုတ်ဖော်ကြေငြာချက် လက်ကမ်းစာစောင်များရယူနိုင်ပါသည်။ အခြားအချက်လက်များ ပိုမိုသိရှိလိုလျှင် shanfarmers@gmail.com ကိုဆက်သွယ်နိုင်ပြီး www.shanhumanrights.org အင်တာနက်စာမျက်နှာ ပေါ်၌ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

ဆက်သွယ်ရန် 

နန်းလာ 09 492 57194 (မြန်မာ)

စိုင်းနွမ် 09 250 841 617( ရှမ်း)

 

PDF File >>> Shan Burmese English

ထုတ်ပြန်ချက်