ရှမ်းပြည်နယ်အလယ်ပိုင်းအတွင်းမြန်မာစစ်တပ်မှစစ်ဆင်တိုက်ခိုက်မှုများပြန်လည်လုပ်ဆောင်လျက်ရှိရာလက်နက်ကြီးများအသုံးပြုခြင်းကြောင့်ဒေသခံပြည်သူများမှအသက်ဆုံးရှုံးမှုနှင့်ကြုံတွေ့ကာရာနှင့်ချီသည့်ပြည်သူလူထုတို့နေရပ်မှတိမ်းရှောင်နေကြရ

ရှမ်းလူ့အခွင့်အရေးဖောင်းဒေးရှင်းမှထုတ်ပြန်ချက်

အောက်တိုဘာလ ၁၀ ရက်၊၂၀၁၄

ရှမ်းပြည်နယ်အလယ်ပိုင်းအတွင်းမြန်မာစစ်တပ်မှစစ်ဆင်တိုက်ခိုက်မှုများပြန်လည်လုပ်ဆောင်လျက်ရှိရာလက်နက်ကြီးများအသုံးပြုခြင်းကြောင့်ဒေသခံပြည်သူများမှအသက်ဆုံးရှုံးမှုနှင့်ကြုံတွေ့ကာရာနှင့်ချီသည့်ပြည်သူလူထုတို့နေရပ်မှတိမ်းရှောင်နေကြရ

အောက်တိုဘာလအစပိုင်းမှစပြီးမြန်မာအစိုးရတပ်မှရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အားဦးတည်ကာထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခြင်းကြောင့်ကျေးသီးမြို့နယ်အတွင်းရှိဒေသခံပြည်သူတို့မှာကြီးမားသည့်ပျက်ဆီးဆုံးရှုံးမှုများ၊ထိခိုက်ဒါဏ်ရာရမှုများအပြင်အသက်ဆုံးရှုံးကြရသည်အထိကြုံတွေ့နေကြရသဖြင့်ပြည်သူလူထုတို့မှာနေရပ်မှထွက်ပြေးသိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ၂ရက်နေ့မှ၄ရက်နေ့အတွင်းမြန်မာစစ်တပ်၏စစ်ကြောင်း၉ကြောင်းမှလူအင်အား၂၀၀၀ခန့်မနည်းသည့်စစ်ဆင်အားဖြင့်ကျေးသီးမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းများအားစတင်ကာထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ယင်းတို့စစ်ဆင်တိုက်ခိုက်ရာ ( ၆၀, ၈၀နှင့်၁၂၀မမ ) မော်တာစက်သေနတ်များလက်နက်ကြီးများကိုအသုံးပြုပစ်ခတ်ခဲ့ရာဒေသခံပြည်သူလူထုများနေထိုင်သည့်ရွာအတွင်းသို့ထိမှန်ကျရောက်လျက်ရှိသည်။ယင်းသို့ပစ်ခတ်ခဲ့ခြင်းကြောင့်မော်တာကျည်ထိမှန်သဖြင့်သက်ကြီးရွာသားနှစ်ဦးမှာသေဆုံးသွားပြီးတစ်ဦးမှာအပြင်းအထန်ဒါဏ်ရာရရှိခဲ့သည်။ရပ်ရွာလူကြီးနှစ်ဦးမှာသေဆုံးသွားပြီးတစ်ဦးမှာအပြင်းအထန်ဒါဏ်ရာရရှိခဲ့သည်။ရပ်ရွာလူကြီးနှစ်ဦးမှာလည်းစျေးဝယ်သွားရာလမ်းတွင်ပစ်သတ်ခံခဲ့ရသည်။ထို့အပြင်မြန်မာစစ်တပ်မှဒေသခံရွာသားများအားရိုက်နှက်ခြင်းနှင့်ပစ္စည်းဥစ္စာများအားလုယူခြင်းစသည့်အခွင့်အရေးချိုးဖောက်မှုများကိုလုပ်ဆောင်လျက်ရှိသည်။

တာဖာဆောင်ကျေးရွာအုပ်စုအတွင်းလက်နက်ကြီးများမော်တာကျည်များဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့်ရာနှင့်ချီသည့်ဝမ်ငူးလိမ်ရွာမှရွာသားများမှရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည်။ယင်းသို့ပစ်ခတ်လိုက်သည့်မော်တာကျည်များမှာလည်းပြီးခဲ့သည့်ဇွန်လကတိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာကြရသည့်တာဖာဆောင်ရွာမှစစ်ပြေးဒုက္ခသည်ပေါင်း၂၀၀ကျော်ခန့်ခိုလှုံနေသည့်ဝမ်ဝပ်ဘုန်းကြီးကျောင်းတည်ရှိရာဝမ်ဝပ်ရွာအတွင်းလည်းမော်တာကျည်များကျရောက်ခဲ့သည်။

မြန်မာစစ်တပ်မှတိုက်ပွဲအတွင်း SSPP/SSA တပ်စခန်းအချို့ကိုသိမ်းပိုက်ထားပြီးနောက်အောက်တိုဘာလ၅ရက်နေ့နောက်ပိုင်းတွင်ထိုးစစ်ဆင်တိုက်ခိုက်မှုများတစ်ခဏရပ်တန့်သွားသော်လည်းမြန်မာစစ်တပ်မှယင်းဒေသခံပြည်သူများမှအချိန်မရွေးတိုက်ပွဲများထပ်မံဖြစ်ပွားမည်ကိုစိုးရိမ်ကြောက်လန့်လျက်ရှိသည်။

ထို့ကြောင့်ဒေသခံပြည်သူလူထုများအားကြီးမားသည့်ပျက်စီးဆုံးမှုနှင့်ထိခိုက်မှုစသည့်အန္တရယ်များဖြင့်ကြုံတွေ့စေရုံမျှမကလက်ရှိငြိမ်းချမ်းရေးဖော်ဆောင်လျက်ရှိသောလုပ်ငန်းစဥ်ကိုတိုက်ရိုက်ထိခိုက်ပျက်ပြားစေသည့်မြန်မာအစိုးရစစ်တပ်မှထိုးစစ်ဆင်တိုက်ခိုက်နေမှုများကိုကျွန်ုပ်တို့ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်မှပြင်းထန်စွာရှုတ်ချလိုက်ပါသည်။ထို့အပြင်မြန်မာအစိုးရအား၎င်းသည်လက်ရှိတွင်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အားသဘောရိုးသဘောမှန်ဖြင့်ဖော်ဆောင်နေကြောင်းပြသလိုပါကလက်ရှိစစ်ဆင်တိုက်ခိုက်နေမှုများအားလုံးကိုရပ်တန့်ရုံမျှမကတပ်များအားလည်း SSPP/SSA ထိန်းချုပ်နယ်မြေများအတွင်းမှပြန်လည်ရုပ်သိမ်းဆုတ်ခွာပေးရန်တိုက်တွန်းလိုပါသည်။

ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ချိန်အတောအတွင်းမြန်မာစစ်တပ်မှလူ့အခွင့်အရေးချိုးဖောက်မှုများအသေးစိပ် ( အောက်တိုဘာလရက်နေ့မှရက်နေ့အထိ )

မော်တာကျည်ထိမှန်ကာအသက်၅၃နှစ်အရွယ်ရွာသားတစ်ဦးသေဆုံး

အောက်တိုဘာလ၃ရက်နေ့တွင်မြန်မာစစ်တပ်မှပစ်ခတ်လိုက်သည့်မော်တာကျည်မှာရှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ်ဝမ်ဝပ်ကျေးရွာအုပ်စုငူးလိမ်ရွာအတွင်းသို့ထိမှန်ကျရောက်ခဲ့သည်။ယင်းသို့ပစ်ခတ်လိုက်သည့်လက်နက်ကြီးမှာအသက်၅၃နှစ် ( ဦး ) လုံးဝါလိန်လျန်းနေအိမ်အားထိမှန်သဖြင့်၎င်းမှာပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ထို့ပြင်မော်တာကျည်အပိုင်းအစများထိမှန်သဖြင့်နွား၅ကောင်သေဆုံးသွားပြီးငူးလိမ်ရွာမှအခြားရွာသားတစ်ဦးဖြစ်သူစိုင်းရွှေအောင်၏နေအိမ် ( ၂၉၀၀၀၀၀ကျပ်တန်ဖိုးရှိ ) နှင့်လုံးထွန်း၏နေအိမ် ( ၃၈၅၀၀၀ကျပ်တန် ) တို့မှာပျက်ဆီးဆုံးရှူံးသွားခဲ့သည်။အိမ်ခြေ၁၀၀ခန့်ရှိငူးလိမ်ရွာမှရွာသားများမှာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရွာသားနှစ်ဦးမှမိုင်းရယ်စျေးသို့သွားရာလမ်းတွင်ပစ်သတ်ခံရ

ပြီးခဲ့သည့်အောက်တို့ဘာ၃ရက်နေ့တွင်ရွာသားနှစ်ဦးမှာမိုင်းရယ်စျေးသို့သွားရာလမ်းတွင်မြန်မာစစ်တပ်မှပစ်သတ်ခြင်းခံခဲ့ရသည်။ယင်းရွာသားနှစ်ဦးမှာဝလူမျိုးနမ့်ပေါင်ရွာလူကြီးတစ်ဦးဖြစ်သူ ( ဦး ) လုံးမွန်းနှင့်တန့်ယန်းမြို့နယ်လွယ်မိုင်းပတ်ရွာမှရွာသားတစ်ဦးဖြစ်သူစိုင်းဆွေတို့ဖြစ်သည်။စိုင်းဆွေမှာဒေသအတွင်းရှိ “ဗိုလ်မွန်း” ပြည်သူ့စစ်မှတပ်သားဟောင်းတစ်ဦးဖြစ်သည်။

ယင်းရွာသားနှစ်ဦးမှာပုံအမ်းရွာမှမိုင်းရယ်သို့ဆိုင်ကယ်ဖြင့်ကျွဲဝယ်ရန်သွာရာလွိုင်ဂျုကျိအနီးတပ်စွဲထားသည့်မြန်မာစစ်တပ်မှာ၎င်းတို့နှစ်ဦးအားပစ်သတ်ခဲ့သည်။ယင်းသို့ပစ်သတ်ခဲ့ပြီးနောက်မြန်မာစစ်တပ်တပ်သားများမှ၎င်းတို့ဆိုင်ကယ်နှစ်စီးအားမီးရှို့ဖြတ်ဆီးခဲ့သည်။

မိုင်းရယ် အသွားလမ်းမကြီးပေါ်တွင် မြန်မာစစ်တပ်မှ ရွာသားနှစ်ဦးအား ပစ်သတ်အပြီး မီးရှို့ဖြတ်ဆီးထားသည့် သေဆုံးသူများ၏ ဆိုင်ကယ်နှစ်စီး

မော်တာကျည်ထိမှန်ခြင်းကြောင့်အသက်၇၇နှစ်အရွယ်ရွာသားတစ်ဦးသေဆုံးပြီး၎င်း၏သားမက်မှာလည်းပြင်းထန်စွာဒါဏ်ရာရရှိ

အောက်တိုဘာလ၄၇က်နေ့ကမြန်မာစစ်တပ်မှကျေးသီးမြို့နယ်မိုင်းကောင်-နောင်ဆွမ်းကျေးရွာအုပ်စုဝမ့်မတ်ဟု ( ရွာ ) အတွင်းသို့မော်တာကျည်များပစ်ခတ်ခဲ့သည်။ထိုသို့ပစ်ခတ်ရာယင်းရွာနေ ( ဦး ) ပေါထောဝ့်ဥအသက်၇၇နှစ်မှာ၎င်း၏နေအိမ်ခြံဝင်းအတွင်းထင်းပုံနီးအကာအကွယ်ပုန်းခိုနေရာမှမော်တာကျည်ထိမှန်သဖြင့်ယင်းနေရာ၌ပွဲခြင်းပြီးသေဆုံးသွားခဲ့ရသည်။၎င်း၏သားမက်ဖြစ်သူစိုင်းယာစိန်အားလည်းကျည်အပိုင်းအစများထိမှန်ကာပြင်းထန်စွာဒါဏ်ရာရရှိသဖြင့်ဆေးရုံသို့ပို့လိုက်ရသည်။မော်တာကျည်အပိုင်းအစများကြောင့် ( ဦး ) ပေါထောင့်ဥနေအိမ်မှာပျက်ဆီးကာ၎င်း၏နွားအချို့မှာလည်းထိခိုက်ကာဒါဏ်ရာရှိသွားသည်။မပေါက်ကွဲသေးသည့်၆၀မမမော်တာကျည်တစ်လုံးအားလည်း၎င်းနေအိမ်အနီးကျရောက်လျက်ရှိသည်။

( ရွာ ) ဝမ်မက်ဟုမှ အသက် ၇၇ နှစ် အရွယ် ရွာသားတစ်ဦး အောက်တိုဘာလ ၄ ရက်နေ့တွင် မော်တာကျည် ထိမှန်ကာ သေဆုံး
ဝမ်မတ်ဟုရွာမှ ရွာသားတစ်ဦး အောက်တိုဘာလ ၄ ရက်နေ့တွင် မော်တာကျည်အပိုင်းအစ ထိမှန်ဒါဏ်ရာရ

 

ဝမ်မတ်ဟုရွာအတွင်း အပေါက်ကွဲဘဲ ကျရောက်သည့် ၆၀ မမ မော်တာကျည်

ရွာသားတစ်ဦးမှာရိုင်ဖယ်သေနတ်ဒင်ဖြင့်အရိုက်ခံရ

အောက်တိုဘာလ၄ရက်နေ့တွင်ဝမ်ဖြတ်ရွာအတွင်းအသက်၁၈နှစ်ရွာသားတစ်ဦးမှာမြန်မာစစ်တပ်မှတပ်သားများကပြင်းထန်စွာရိုက်နက်ခဲ့ခြင်းကိုခံခဲ့ရသည်။ယင်းမြန်မာစစ်တပ်မှာဝမ်ဖြတ်စောင့်တပ်တပ်ရင်း၂၂မှစစ်သားများဖြစ်သည်။၎င်းတပ်သားများမှာရွာအတွင်းသို့ဝင်ရောက်လာပြီးစိုင်းမောင်နုကိုတွေ့ရာတစ်စုံတစ်ရာမေးမြန်းခြင်းမပြုဘဲ၎င်းအားရိုင်ဖယ်သေနတ်ဒင်းဖြင့်ရိုင်ဖယ်သေနတ်ဒင်းဖြင့်ရိုက်နက်ခဲ့သည်။ယင်းသို့ရိုက်နှက်ရာစိုင်းမောင်နု၏အမေဖြစ်သူ ( ဒေါ် ) ပါယုံတောင်းပန်သော်လည်း၎င်းတို့စိတ်ကျေနပ်သည်အထိရိုက်နက်ခဲ့ပြီးနောက်၎င်းတို့တပ်စခန်းရှိရာသို့ပြန်လည်ထွက်ခွာခဲ့သည်။

ရွာသားပိုင်ပစ္စည်းများအားလုယူခြင်း

အောက်တိုဘာလ၄ရက်နေ့တွင်အင်အား၃၀ခန့်ရှိသည့်ဝမ်ဖြတ်တပ်စခန်းမှမြန်မာတပ်သားများသည်ဝမ်ဖြတ်ရွာအတွင်းဝင်ရောက်ကာရွာသားတစ်ဦးဖြစ်သည့် ( ဦး ) လုံးအွန်အသက်၅၀ပိုင်ဆိုင်သည့်ပစ္စည်းများအားလုယူသွားခဲ့သည်။ယင်းသို့မြန်မာတပ်သားများလုယူသွားသည့်ပစ္စည်းများမှာTV နှစ်လုံး၊မိုဘိုင်းဖုန်းတစ်လုံး၊ဝတ်စုံတစ်စုံနှင့်၎င်း၏ကြက်များဖြစ်သည်။

ရွာသားများအားတန့်ယန်းမြို့အပြင်ဖက်သို့ ရိက္ခာများသယ်ယူခြင်းမပြုရန် ပိတ်ပင်ထား

အောက်တိုဘာလ ၆ ရက်နေ့တွင် တန့်ယန်းမြို့အတွင်း တပ်စွဲထားသော မြန်မာစစ်တပ်မှ ရွာသားများအား ဘက်ထရီများ၊ ဖယောင်းတိုင်များ၊ ဆားနှင့် ဟင်းချိုမုန့်များ နှင့် စားသုံးဆီများအား ရောင်းဝယ်ခြင်းနှင့် မြို့ပြင်သို့ ပို့ဆောင်ခြင်းများ မပြုလုပ်ရန် ပိတ်ပင်ထားခဲ့သည်။

အသေးစိတ်သိရှိလိုပါက ။           ။ ယိင်းကွမ်နွံ + 66 930478875 ( Shan, English )

နန်းခွမ်လိတ်  + 66 846680984 ( Burmese,English )

PDF File >>>  Shan Burmese English

ထုတ်ပြန်ချက်