ငြိမ်းချမ်းရေးဖြစ်စဥ်အတွင်းသံယံဇာတထုတ်ယူမှုကိုရပ်ဆိုင်ရန်အရေးပေါ်လိုအပ်မှုကိုရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်အတွင်းရှိလယ်သမား၏ဆန္ဒပြမှုကမီးမောင်းထိုးပြလျက်ရှိ

ရှမ်းလူထုအခြေပြုအဖွဲ့များ၏ထုတ်ပြန်ချက်

စက်တင်ဘာ ၈ ရက်၊ ၂၀၁၄

ငြိမ်းချမ်းရေးဖြစ်စဥ်အတွင်းသံယံဇာတထုတ်ယူမှုကိုရပ်ဆိုင်ရန်အရေးပေါ်လိုအပ်မှုကိုရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်အတွင်းရှိလယ်သမား၏ဆန္ဒပြမှုကမီးမောင်းထိုးပြလျက်ရှိ

၂၀၁၄ခုနှစ်စက်တင်ဘာ၅ရက်နေ့ရှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့၌လယ်သမား၃၀၀၀ကျော်ကသတ္တုတူးဖော်ရေးလုပ်ငန်းကိုဆန့်ကျင်ဆန္ဒပြခဲ့သည့်ဖြစ်ရပ်ကသတ္တုတူးဖော်ရေးကြောင့်ဖြစ်ပေါ်လာသောဆိုးကျိုးမှအကာအကွယ်အပေးနိုင်ခြင်းကိုမီးမောင်းထိုးပြနေသည်။ထို့အပြင်မြန်မာနိုင်ငံအတွင်းစစ်မှန်သောနိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်ငြိမ်းချမ်းရေးမရသရွေ့တိုင်းရင်းသားဒေသများတွင်သံယံဇာတထုတ်ယူမှုများကိုရပ်တန့်ရန်အရေးပေါ်လိုအပ်ကြောင်းသိသာထင်ရှားစေသည်။

၂၀၁၂ခုနှစ်အစောပိုင်းကတည်းကနမ့်ခမ်းမြို့အရှေ့တောင်ဘက်ရှိတောင်တန်းများပေါ်၌ဆီလီကွန်သတ္တုများကိုကုမ္မဏီ၆ခုကတူးဖော်ပြီးတရုတ်နိုင်ငံသို့တင်ပို့ခဲ့ကြသည်။သတ္တုတူးဖော်ရေးလုပ်ငန်းများမှအမြောက်အများထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများသည်လယ်ယာလုပ်ငန်းနှင့်သောက်သုံရေးအရင်အမြစ်အတွက်ဒေသခံရွာ၉ရွာကမှီခိုအားထားနေသည့်နမ့်ဆီးရီးချောင်းအတွင်းစုပုံနေခဲ့သည်။စွန့်ပစ်ပစ္စည်းများကြောင့်ချောင်းရေသည်ညစ်ညမ်းလာပြီးရေစီးရေလာကိုပိတ်ဆို့စေသည့်အတွက်အနီးပတ်ဝန်းကျင်ရှိလယ်ယာမြေအနည်းဆုံဧက၁၀၀ခန့်ပျက်စီးခဲ့သည်။

သတ္တုတွင်းထွက်များကိုတရုတ်နိုင်ငံသို့နေ့ညမနားသယ်ယူနေသည့်၁၀ဘီးကားများကလူနေအိမ်များကိုဖြတ်သန်းသွားသည့်အတွက်လမ်းများကိုပျက်စီးစေခြင်း၊ဖုန်ကြောင့်လေထုညစ်ညမ်းခြင်း၊ယာဥ်တိုက်မှုများကြောင့်ရွာသူရွာသားများ၏အသက်ကိုခြိမ်းခြောက်ဆုံးရှုံးစေသည့်ဖြစ်ရပ်များဖြစ်ပွားလာခဲ့သည်။

၂၀၁၃ခုနှစ်သြဂုတ်လတွင်လယ်သမား၅၉၀၀ခန့်ကအစိုးရရုံးစိုက်ရာနေပြည်တော်ရှိသက်ဆိုင်ရာအစိုးရဌာနများသို့သတ္တုတူးဖော်ရေးလုပ်ငန်းကိုရပ်တန့်ပေးရန်လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည်။အစိုးရဌာနများသို့သတ္တုတူးဖော်ရေးလုပ်ငန်းကိုရပ်တန့်ပေးရန်လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည်။ထို့နောက်ရှမ်းပြည်နယ်သတ္တုတွင်းဝန်ကြီးစိုင်းအိုက်ပေါဝ်းကထိခိုက်ပျက်စီးမှုများကိုလာရောက်စစ်ဆေးခဲ့ပြီးကုမ္မဏီများကိုရပ်တန့်ရန်ညွန်ကြားခဲ့သည်။သို့သော်လည်းသတ္တုတူးဖော်ရေးလုပ်ငန်းကိုဆက်လက်လုပ်ဆောင်နေကြသည်။

ထို့ကြောင့်စက်တင်ဘာလ၅ရက်နေ့တွင်နမ့်ခမ်းရှမ်းလယ်သမားများအဖွဲ့ကဆန္ဒပြဖော်ထုတ်ခဲ့ပြီးသတ္တုတူးဖော်မှုကိုအမြန်ဆုံးရပ်ဆိုင်းပေးရန်တောင်းဆိုခဲ့သည်။ထို့အပြင်ပျက်စီးသွားသောလယ်သမားများကိုနဂိုမူလအနေအထားသို့ပြန်လည်ရောက်ရှိစေရေးအတွက်လုပ်ဆောင်ပေးရန်တောင်းဆိုခဲ့ကြသည်။မြို့နယ်၁၁မြို့နယ်ရှိရှမ်းလယ်သမားကွန်ယက်အဖွဲ့ဝင်များကဆန္ဒပြမှုကိုပူးပေါင်းခဲ့ကြပြီးနမ့်ခမ်းလယ်သမားများ၏တောင်းဆိုမှုကိုထောက်ခံခဲ့ကြသည်။

နမ့်ခမ်းမြို့သည်ပဠိပက္ခများဖြစ်ပွားနေသည့်ဒေသတခုလည်းဖြစ်သည်။မြန်မာအစိုးရကကချင်၊တအောင်းနှင့်ရှမ်းတော်လှန်ရေးအင်အားစုများကိုယင်းဒေသတွင်ထိုးစစ်ဆင်နေမှုကြောင့်ဒေသခံပြည်သူများယခုနှစ်အတွင်းရွှေ့ပြောင်းခဲ့ရသည်။ဒေသခံအစိုးရလိုလားသည့်ပြည်သူ့စစ်များ၏အကာအကွယ်ကိုရယူကာဆီလီကွန်သတ္တုတူးဖော်ရေးကိုလုပ်ဆောင်နေကြသည်။ထိုဒေသ၌ပြည်သူ့စစ်များနှင့်ချိန်ဆက်သောသတ္တုတူးဖော်နေသည့်ကုမ္ပဏီများမှာမြန်မာ့မြှားဦး၊ငွေကမ္ဘာကျော်နှင့်ပန်းသစ္စာကုမ္ပဏီတို့ဖြစ်သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်လွတ်တော်အမတ်ဦးကျော်မြင့်ခေါင်းဆောင်သည့်ပန်းဆေးပြည်သူ့စစ်နှင့်ပန်းသစ္စာကုမ္မဏီတို့သည်ဆက်နွယ်မှုရှိသည်။ဝန်ကြီးဟောင်းဦးအောင်သောင်းနှင့်ပတ်သက်ဆက်နွယ်နေသည့်ဂျီအက်စ်အမ်ကုမ္ပဏီကထိုဒေသ၌သတ္တုတူးဖော်ရေးလုပ်ငန်းကိုပထမဆုံးစတင်ခဲ့သည်။

သတ္တုတူးဖော်ရေးလုပ်ဆောင်ချက်များသည်ပွင့်လင်းမြင်သာမှုမရှိခြင်း၊ထိခိုက်ပျက်စီးမှုများအတွက်ဒေသခံလူထုကိုအကာအကွယ်ပေးရန်ပျက်ကွက်ခြင်း၊တရုတ်နိုင်ငံသို့တင်ပို့နေသည့်သဘာဝဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းအပါအဝင်ဤဒေသအတွင်းရှိသံယံဇာတတူးဖော်ရေးစီမံကိန်းများနှင့်ဆက်စပ်နေသည့်လုံခြုံရေးများအတွက်စစ်အင်အားများတိုးချဲ့ချထားခြင်းများ၊ဆက်လက်ဖြစ်ပွားနေသည့်ပဠိပက္ခများကိုရှမ်းလူထုအခြေပြုအဖွဲ့အစည်းများကအထူးစိုးရိမ်လျက်ရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အရနိုင်ငံရေးဆွေးနွေးနေသည့်ကာလအတွင်းသဘာဝသံယံဇာတများစီမံခန့်ခွဲထိန်းချုပ်မှုများမစတင်မီသတ္တုတူးဖော်ရေးလုပ်ငန်းများ၏ဆိုးကျိုးကိုရှမ်းပြည်တဝန်းလုံးထိခိုက်ခံစားနေရသည်။”စေ့စပ်ဆွေးနွေးတဲ့စားပွဲဝိုင်းပေါ်ကိုမရောက်ခင်ကျမတို့ရဲ့အဖိုးတန်တဲ့သံယံဇာတတွေကိုနေပြည်တော်ကရောင်းချနေပါတယ်။အဘက်ဘက်ကသဘောတူညီချက်ရတဲ့အချိန်ရောက်ရင်ဘာမှကျန်တောမှာမဟုတ်ဘူး” ဟုရှမ်းလူထုအခြေပြုအဖွဲ့အစည်းများပြောခွင့်ရမွေနွမ်ဟွမ်ကပြောသည်။

နမ့်ခမ်းလယ်သမားများ၏တောင်ဆိုချက်အတိုင်းလုပ်ဆောင်ပေးရန်ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများကထပ်မံတောင်းဆိုသည်။ယင်းအပြင်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်ဒေသခံလူထု၏အခွင့်အရေးများကိုခိုင်မာစွာအကာအကွယ်ပေးသည့်ငြိမ်းချမ်းရေးဆွေးနွေးငြိနိုင်းမှုများလုပ်ဆောင်ပြီးသည့်အချိန်ထိတိုင်းရင်သားဒေသများရှိသံယံဇာတထုတ်ယူမှုများကိုအမြန်ဆုံးရပ်ဆိုင်းပေးရန်တောင်းဆိုသည်။

နမ့်ခမ်းသတ္တုတူးဖော်ရေးမြေပုံနှင့်သတ္တုတူးဖော်မှု၏သက်ရောက်မှုများဓါတ်ပုံ

ပါဝင်သည့်ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများ

-Shan Human Rights Foundation

-Shan Sapawa Environmental Organisation

-Shan State Development Foundation

-Shan Students’ Union (Thailand)

-Shan Women’s Action Network

-Shan Youth Network Group

-Shan Youth Organisation (Taunggyi)

-Shan Youth Power

-Tai Literature and Culture Society

-Tai Youth Network, Workers’ Solidarity Association,

ဆက်သွယ်ရန်

နန်းမွေနွမ်ဟွမ်  + ၆၆၈၁၉၉၂၈၆၈၃ ( မြန်မာ )

ဟော်ရှဲန်            + ၆၆၉၃၂၆၄၉၄၈၇ ( အင်္ဂလိပ်၊ရှမ်း)

Website: www.burmese.shanhumanrights.orgwww.shanwomen.org

PDF >>> Shan Burmese English

Map >>> Shan Burmese English

 

ထုတ်ပြန်ချက်