စစ်ဘေးရှောင် ရှမ်းရွာသားများက ၎င်းတို့နေအိမ် နှင့်ခြံ များတွင် ရှိနေသည့် မြန်မာစစ်သားများကိုဖယ်ရှားပေးရန် သမ္မတဦးသိန်းစိန်ထံ အသနားခံစာ တင်ခြင်း

ရှမ်းလူ့အခွင့်အရေးဖောင်းဒေးရှင်းမှ နောက်ဆုံးရသတင်း

သြဂုတ်လ ၂၆ ရက် ၂၀၁၄ 

စစ်ဘေးရှောင် ရှမ်းရွာသားများက ၄င်းတို့နေအိမ်နှင့် ခြံများတွင်ရှိနေသည့် မြန်မာစစ်သားများကို ဖယ်ရှားပေးရန် သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာတင်ခြင်း

ကျေးသီးမြို့နယ် ဖာဆောင်ရွာတွင် တပ်စွဲထားသည့် မြန်မာစစ်သားများကိုဖယ်ရှားရန် ၃၀၀ ခန့်ရှိစစ်ဘေးရှောင် ရွာသားများက သမ္မတဦးသိန်းစိန်ထံ ယနေ့ အသနားခံစာတ စောင်တင်လိုက်သည်။ လွန်ခဲ့သည့် နှစ်လ အတွင်းပျက်စီးခဲ့သော အိမ်များ၊ လယ်ကွက်များ အတွက်လည်းလျှော်ကြေးတောင်းဆိုလိုက်သည်။

တည်ရှိစဲ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်လျှက် ၂၀၁၄ ခု ဂျွန်လ မှစ ၍ အက်စ်အက်စ်အေ ( မြောက် ပိုင်း) / ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) နယ်မြေများကို ထိုးစစ်ဆင်သိမ်းယူရန် မြန်မာအစိုးရ စစ်တပ် ၃၀၀၀ ခန့်ကို ကျေးသီး၊ မိုင်းရှုး ၊ တန့်ယန်း မြို့နယ်များသို့ ဖြန့်ကျက်ချထားခဲ့သည်။ ဂျွန်လ ၂၆ ရက်နေ့မှစ၍ ဖာဆောင်ကိုသိမ်းပိုက်ပြီး ထိုရွာမှ လက်နက်ကြီးများ လှမ်းပစ်ခတ်နေသည်။ ရွာသား ၃၀၀ ခန့်မှာ အနီးနားရှိ ဝမ်ဝပ်ရွာသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။  ယနေ့တိုင် လက်နက်အပြည့်ဖြင့် စစ်သား ၅၀၀ ကျော် သည်ပါဇောင်းရွာတွင် တပ်စွဲထားလျှက်ရှိသည်။ အိုးအိမ် နှင့် လယ်ယာသီးနှံများ ပျက်စီးရသည်။

သြဂုတ်လ ၇ ရက်နေ့က ရှမ်းလူတုအခြေပြု အဖွဲ့အစည်းများသည် မြန်မာပြည်သို့ အလည်လာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံ ရှမ်းပြည်နယ်အတွင်း ထိုးစစ်များနှင့် ပတ်သက်၍ တင်ပြရန် စာတစောင်ပေးပို့ခဲ့သည်။ သူ၏ခရီးစဥ်အတွင်း မြန်မာစစ်တပ်သည် ထိုးစစ်များကို ဆက်လက်လုပ်ခဲ့သည် သာဖြစ်သည်။ ဖာဆောင်ရွာတောင်ဘက် ၄ မိုင် မျှသာ ဝေးသော နေရာတွင်  SSPP/SSA  နှင့် သြဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့တွင် တိုက်ပွဲများဖြစ်ခဲ့သည်။ မကြာသေးသော သြဂုတ် ၂၂ ရက်ကပင် မြန်မာအစိုးရ တပ်များသည် SSPP/SSA နယ်မြေထဲဝင်တိုက်ခါ ဖာဆောင်ရွာ အရှေ့တောင်ဘက် ၆ မိုင်လောက်တွင် ရှိ SSPP/SSA တပ်ကိုလက်နက်ကြီးဖြင့်ပစ်နေသည်။

စစ်ဘေးရှောင်ရွာသားများမှာ ဝမ်ဝပ်ရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြရသည်။ လှူဒါန်းသည့် အစားအစာနှင့် ပစ္စည်းများအပေါ်သာ မှီခိုနေကြရသည်။ သူတို့ကို မြန်မာစစ်သားများက စောင့်ကြပ်နေပြီး ချုပ်ချယ်ကန့်သတ် နေသည်။ နားမကြားသော ရွာသားတဦးမှာ စစ်သားတို့ပေးသော အမိန့်ကို မကြားသောကြောင့် အရိုက်ခံ၊ အကန်ခံရသည်။

သမ္မတဦးသိန်းစိန်ထံ တင်သော အသနားခံစာတွင် စစ်ဘေးရှောင်ရွာသား ၂၉၀ ဦးက သူတို့ရွာကို မြန်မာစစ်တပ်တို့ သိမ်းပိုက်မှုကြောင့် ပျက်စီးသွားသော စပါး၊ မြေပဲ နဲ့ ပြောင်းခင်းများပါဝင်သည့် လယ်မြေ ၄၂၂.၅ ဧက၊ စစ်တပ်မှ သတ်ဖြတ်စားသည့် ကျွဲ၊ နွား၊ ဝက်၊ ကြက် ဆုံးရှုံးမှုများ အတွက်လျှော်ကြေး တင်ပြ ထားသည်။

ထိုမိတ္တူကို တွဲ၍ ပို့ထားပါသည်။  www.burmese.shanhumanrights.org မှာလည်းဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်ရန် – နန်းခွမ်လိတ် +၆၆ ၈၄ ၆၆၈ ၀၉၈၄ ( သို့ ) + ၆၆ ၉၃ ၂၉၇ ၇၇၅၄

PDF File >>> Shan Burmese English

Tar Pasaung IDP Appeal: Burmese English 

ထုတ်ပြန်ချက်