ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ် ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊တရားဥပဒေမဲ့သတ်ဖြတ်မှူနှင့် အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု များကြားမှ ဒေသခံ ၆၀၀၀ ကျော် နေရပ် စွန့်ခွာထွက်ပြေးနေရ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊တရားဥပဒေမဲ့သတ်ဖြတ်မှူနှင့် အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု များကြားမှ ဒေသခံ ၆၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်မှ ဖေဖော်ဝါရီလ ၂ရက်နေ့အထိ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ ၏လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ နှိပ်စက်မှုများကြောင့် မိုးမိတ်မြို့နှင့်အနီးပတ်ဝန်း ကျင်ရှိကျေးရွာများမှ ဒေသခံအရပ်သားပြည်သူ ၆၀၀၀ ကျော်နေရပ်စွန့်ခွါထွက်ပြေး ခဲ့ရကာ ၂၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ၍ မြို့၏အစိတ်အပိုင်းအများစု မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

သေဆုံးခဲ့သောအရပ်သားများအနက် ၁၇ ဦးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ PDF နှင့်တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့က မိုးမိတ်မြို့တွင်စစ်ဆင်ရေးစတင်ပြီး မြို့ကိုသိမ်းပိုက်ရန်ကြိုး ပမ်းသည့်နောက်ပိုင်း ဇန်နဝါရီလ ၂ ရက်နေ့တွင်မန္တလေးမြို့မှ မိုးမိတ်မြို့သို့ စစ်ကားများဖြင့် ရောက်လာသော စစ်ကောင်စီ တပ်မ(၉၉)တပ်သားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ တပ်မ(၉၉) တပ်သားများသည်ရွာသားများကို ၎င်းတို့၏ နေအိမ်၌ သော်လည်းကောင်း၊ တောထဲ၌သော်လည်းကောင်းပစ်သတ်ခဲ့ပြီး အချို့ရုပ်အလောင်း များသည် မီးရှို့ခြင်းခံ ထား ရကာ ဆယ်ကျော်သက်နှစ်ဦးမှာ ဦးခေါင်းဖြတ်ခံခဲ့ရသည်။ မိုးမိတ်မြို့တွင်းနှင့် အနီးအနား စစ်ကောင်စီ တပ်မ(၉၉) တပ်သားများ အုပ်စုဖွဲ့အဓ္ဓမပြုကျင့်မှုကျူးလွန်သည့် နေရာသုံးခုအနက် တစ်နေရာမှ အမျိုးသမီးတစ်ဦးမှာ ပစ်သတ်ခြင်းမခံရမီ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသည်။

တပ်မ(၉၉)တပ်သားများသည် လုယက်ဖောက်ထွင်းခိုးယူမှုများနှင့် မီးရှို့ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့ပြီး တော်လှန် ရေးတပ်များ မြို့မှဆုတ်ခွာသည့် ဇန်နဝါရီလ ၂၇ ရက်နေ့နောက်ပိုင်းတွင် စုပေါင်းဒဏ်ခတ်သည့်အနေဖြင့် နေအိမ် ၁၅၀ ကျော်ကို မီးရှို့ခဲ့သည်။

နေရပ်စွန့်ခွာထွက်ပြေးသော ဒေသခံ ၄၀၀၀ ကျော်သည် မိုးမိတ်မြို့စွန်မြို့ဖျားရှိရွာများ၊ လယ်ကွင်းများ၊ တောတောင်များတွင် ပုန်းရှောင်ခဲ့ရပြီး အခြား ၂၀၀၀ ဦးခန့်သည် မန္တလေး၊ ပြင်ဦးလွင်နှင့် ကျောက်မဲမြို့များသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ တိုက်ပွဲများသည် ဇန်နဝါရီလအကုန်ကတည်းက ရပ်တန့်သွား ခဲ့သော်လည်း စစ်ကောင်စီ တပ်မ(၉၉)တပ်သားများက မြို့တွင်း အခြေစိုက်တပ်စွဲထား ဆဲဖြစ်သော ကြောင့် နေရပ်စွန့်ခွာထွက် ပြေးခဲ့ သော ဒေသခံများက ၎င်းတို့အိမ်ကို မပြန်ရဲကြသေးပေ။

မိုးမိတ်မြို့သည် တွင်းထွက်ပစ္စည်းကြွယ်ဝခြင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးကိုဆက်သွယ်ထားသော ဝင်ပေါက်ဖြစ်နေခြင်းစသော နည်းဗျူဟာအရအချက်အချာကျသည့်မြို့ဖြစ်နေသောကြောင့် စစ်ကောင်စီအနေဖြင့် နောက်ပိုင်းတွင်လည်း ၎င်းတို့၏ တပ်များကိုဆုတ်ခွာခြင်းပြုမည် မဟုတ်ပေ။

မိုးမိတ်မြို့နယ်မြောက်ဖက်အစွန်သည် စစ်ကောင်စီက ၂၀၂၃ခုနှစ်တွင်စီစဥ်ခဲ့သော ဒေါ်လာ ၁.၅ဘီလီ ယံတန် ဖိုးရှိသည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းဖြစ်သော ရွှေလီသုံးရေကာတာစီမံကိန်း ရှိသည့်နေရာဖြစ်သည်။ အဆိုပါစီမံကိန်းသည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းထွက်ခွာသွားသည့် ပြင်သစ် EDF စီမံကိန်းနောက် အမည်မဖော်ထားသည့် ရင်းနှီးမြှုပ်နှံသူများ ပြုလုပ်နေသည့် စီမံကိန်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ခိုးဝှက်လုယက်မှုများနှင့် မီးရှို့ဖျက် ဆီးမှုများနှင့် ပက်သတ်သည့် အသေးစိတ်အချက်အလက်များ

ဇန်နဝါရီလ အစတွင် တော်လှန်ရေးတပ်များသည် မိုးမိတ်မြို့အရှေ့ဖက်ရှိ စစ်ကောင်စီ၏ရှေ့တန်းတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၁ရက်နေ့တွင် အင်အား ၁၀၀ ကျော်ရှိသော KIA, ABSDF နှင့် PDF တပ်သား များသည် မိုးမိတ်မြို့အရှေ့တောင်ဖက် ၁၂ကီလိုမီတာခန့်အကွာရှိ  မန်ပတ် ကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ် ခလရ 276 ကိုတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၂ရက်နေ့တွင် TNLA သည် မိုးမိတ်မြို့ အရှေ့ မြောက် ဖက် ၅ ကီလိုမီတာအကွာ၊ နမ့်မစ် မြစ်ပေါ်ရှိ စဥ့်ကင် ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် ပြန်လည်တုန့်ပြန်သည့်အနေဖြင့် မြို့အနီးအခြေစိုက်သော၎င်းတို့၏ တပ်စခန်းမှ လက်နက်ကြီးများဖြင့် အဆင်အခြင်မဲ့ပစ်ခတ်ခဲ့ပြီး မန္တလေးမှလည်း စစ်ကူများခေါ်ခဲ့သည်။ ဇန်နဝါရီလ ၂ရက်နေ့တွင် စစ်ကားသုံးစီဖြင့်ရောက်လာသော အင်အား၂၀၀ဝန်းကျင်ရှိ တပ်မ(၉၉)တပ်သားများသည် မိုးမိတ်မြို့သို့ ရောက်ရှိလာပြီး အုပ်စုများခွဲကာ အချို့သည် မြို့ထဲတွင်တပ်စွဲ၍ အချို့သည် နမ့်မစ် မြစ်ကြောင်းတလျှောက် တပ်စွဲထားကြသည်။

ဇန်နဝါရီလ ၃ရက်မှ ၉ရက်နေ့အထိ TNLA သည် မိုးမိတ်မြို့အရှေ့ဖက်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေ ကြောင်းနှင့် လက်နက်ကြီးများဖြင့် ပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့သဖြင့် လယ်သမားနှစ်ဦးဒဏ်ရာရကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ဇန်နဝါရီလ ၈ရက်နေ့တွင် KIA, ABSDF နှင့် PDF တပ်များသည် မဘိမ်းမြို့နယ်အစွန်းနယ်နိမိတ်ရှိ ရွှေလီမြစ်နှင့် နမ့်မစ်မြစ်တို့ဆုံရာ၊ မိုးမိတ်မြို့မြောက်ဖက် ၂၀ကီလိုမီတာခန့်ရှိ မြစ်ဆုံကျေးရွာတွင် အခြေစိုက်သော ခလရ 276 တပ်စခန်းကို တိုက်ခိုက်ခဲ့သည်။

မိုးမိတ်မြို့နယ်လက်ခုပ်တန်းရပိကွက်တွင်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောအိမ်များ
မိုးမိတ်မြို့နယ်လက်ခုပ်တန်းရပိကွက်တွင်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောအိမ်များ

ဇန်နဝါရီလ ၁၁ရက်နေ့နှင့် ၁၂နေ့တွင် စစ်ကောင်စီတပ်သည် မိုးမိတ်မြို့ရှိ ၎င်းတို့အခြေစိုက်စခန်းမှ မြောက်ဖက်သို့ လက်နက်ကြီးများဖြင့် အဆင်အခြင်မဲ့ပစ်ခတ်ခဲ့သဖြင့် အုန်းကြောရွာသစ်မှ ကျေးရွာသားနှစ်ဦးသေဆုံးကာ ယောက်ျားလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၁ကျောင်းနှင့် နေအိမ်၁၀လုံးထိခိုက်ပျက်စီးခဲ့သည်။

ဇန်နဝါရီလ ၁၈ရက်နေ့ ညနေတွင် KIA, ABSDF နှင့် PDF ပူးပေါင်းတပ်သည် မိုးမိတ်မြို့တောင်ဖက်ရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းနှင့် မြို့မရဲစခန်းကို တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီက ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ဂျက်လေ ယာန်နှစ်စီးဖြင့် မြို့တွင်းအနှံ့ အဆင်အခြင်မဲ့ ဗုံးကြဲခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦးနှင့် ကလေးလေးဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှစ်ကျောင်းနှင့် နေအိမ် ၁၂လုံးထိခိုက်ပျက်စီးခဲ့သည်။.

ဇန်နဝါရီလ ၁၉ရက်နေ့တွင် KIA နှင့် မဟာမိတ်တပ်တို့သည် မိုးမိတ်မြို့မရဲစခန်းကို တိုက်ခိုက်ခဲ့သည်။ ထိုည ၇နာရီတွင် မိုးမိတ်မြို့မဈေးသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပြာကျခဲ့ပြီး အရပ်သားများ၏ ပိုင်ဆိုင်မှုများစွာ ဆုံးရှုံးခဲ့သည်။ မီးသည် နာရီနှင့်ချီ လောင်ကျွမ်းခဲ့သည်။ ထိုနေ့ ညသန်းခေါင်တွင် စစ်ကောင်စီတပ်သားများသည် ပေါက်ပင်တန်းရပ်ကွက်သို့ ဝင်ရောက်ပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားသည့် ဒေသခံများ၏ နေအိမ် ၄၀လုံးခန့်မှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူခဲ့သည်။  ထိုနေ့တွင် အင်တာနက်နှင့် ဖုန်းလိုင်းများအပါအဝင် ဆက်သွယ်ရေးအားလုံးကို အာဏာပိုင်များက ဖြတ်တောက်ထားသည်။

ဇန်နဝါရီလ ၂၀ရက်နေ့တွင် စစ်ကောင်စီသည် မိုးမိတ်မြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့သဖြင့် အမျိုးသမီးလေးဦးအပါအဝင် အရပ်သား၆ဦးသေဆုံးခဲ့သည်။

ဇန်နဝါရီလ ၂၇ရက်နေ့အထိ မိုးမိတ်မြို့တွင်းနှင့် ပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထို့နေ့တွင် KIA နှင့် မဟာမိတ်တို့သည် မိုးမိတ်မြို့မြောက်ဖက်ရှိ ရွှေဇာလီနှင့် အုန်းကြော ကျေးရွာများသို့ ဆုတ်ခွာခဲ့ရသည်။ ထို့နောက် စစ်ကောင်စီတပ်က ထိုကျေးရွာများကို လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ မီးလောင်ဗုံးများကြဲချသဖြင့် နေအိမ် ၂၀၀လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဇန်နဝါရီလ ၂၇ရက်နေ့ ညနေ၄နာရီတွင် စစ်ကောင်စီတပ်သည်လက်ခုပ်တန်းရပ်ကွက်သို့ ဝင်ရောက်ခဲ့ပြီး နေအိမ် ၅၀ခန့်မှ အရပ်သားပိုင်ဆိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ အိမ်များကို မီးရှို့ခဲ့သည်။ နောက်ထပ် ၆ ရက်ကြာအထိ စစ်ကောင်စီတပ်သည် မိုးမိတ်မြို့တောင်ဖက်ရပ်ကွက်ရှိ အိမ်များကို ဖောက်ထွင်းခိုးယူလုယက်ခြင်းများ၊ မီးရှို့ခြင်းများ ဆက်လက်ပြုလုပ်ခဲ့ပြီး နေအိမ် အလုံး ၁၀၀ ကျော်ကို မီးရှို့ခဲ့သည်။

၂၀၂၄ ဇန်န၀ါရီလမှ ဖေဖော်၀ါရီလအတွင်း မိုးမိတ်မြို့နယ်တွင်စစ်ကောင်စီတပ်သားများ၏ လေကြာင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် လုယက်မှုများကြောင့်အရပ်သားထိခိုက်သေဆုံးမှုနှင့်ပျက်စီးမှု

စဉ် ရက်စွဲ ကျေးရွာ/ ရပ်ကွက် အသေးစိတ်အချက်အလက် အရပ်သားသေဆုံးမှု အရပ်သားထိခိုက်ဒဏ်ရာရမှု အရပ်သားပိုင်ပစ္စည်းများထိခိုက်မှု
၁. ၁.၁.၂၀၂၄ မန်ပတ်ရွာ ညနေပိုင်းတွင် စစ် ကောင်စီတပ်က ရွာ အတွင်းသို့ လက်နက် ကြီးဖြင့်ပစ်ခတ်     နေအိမ်၁၂လုံးထိခိုက် ပျက်စီး
၂. ၃.၁.၂၀၂၄ မြို့သစ်ကျေးရွာအနီး ညနေ၅:၂၀နာရီခန့်တွင် စစ်ကောင်စီက မိုးမိတ်မြို့ကို လက်နက် ကြီးဖြင့်ပစ်ခတ်၊ လယ်ကွင်းထဲရှိ လယ်သမားနှစ်ဦးထိခိုက်ဒဏ်ရာရ   အမျိုးသားတစ်ဦးနှင့် သူ၏သမီး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရ  
၃. ၅.၁.၂၀၂၄ မိုးမိတ်မြို့ ညပိုင်းတွင် စစ်ကောင် စီက စဉ့်ကင် ရွာကို လက် နက်ကြီးဖြင့်ပစ်ခတ်     မိုးမိတ်မြို့ရှိ နေအိမ်၁လုံး ထိခိုက်ပျက်စီး
၄. ၆.၁.၂၀၂၄ လယ်ကြီးကျေးရွာအုပ်စု မန်ကျည်းပင်ရွ သန်းခေါင် ၁၂:၁၀ နာရီ တွင် စစ်ကောင် စီတပ် ခလရ ၃၄၈ တပ်သား များက ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်     နေအိမ်၁လုံး ထိခိုက်ပျက်စီး
၅. ၉.၁.၂၀၂၄ ဖိုင်ခမ်းရွာ စစ်ကောင်စီက ဂျက် တိုက် လေယာဉ်နှစ်စီးနှင့် ရဟတ်ယာဉ်၁စီးဖြင့် ဗုံးကြဲ     ဖိုင်ခမ်း ကျေးရွာရှိ နေ အိမ် နှစ်လုံးထိခိုက် ပျက်စီး
၆. ၁၁-၁၂.၁.၂၀၂၄ အုန်းကြောရွာသစ် စစ်ကောင်စီက ရွာ အတွင်းသို့ လက်နက် ကြီးဖြင့် ပစ်ခတ် ကျား ၁

မ၁

၉ နှစ်အရွယ် ယောက်ျားလေးဒဏ်ရာရ ဘုန်းကြီးကျောင်း၁ကျောင်းနှင့် နေအိမ် ၁၀ လုံးထိခိုက်ပျက်စီး
၇. ၁၈.၁.၂၀၂၄ မိုးမိတ်မြို့တွင်း နံနက် ၆နာရီခန့်တွင် စစ်ကောင်စီက ဂျက် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲ အမျိုးသား၁ဦး (၂၈နှစ်) ယောက်ျားလေး၃ဦး(၁၀ နှစ် ဝန်း ကျင်)၊ အမျိုးသမီး၁ဦး(၃၀နှစ်ဝန်းကျင်)၊ မိန်းကလေး ၁ဦး(၁၀နှစ်ဝန်းကျင်) ဘုန်းကြီးကျောင်း၂ကျောင်း(မိုးမိတ်ဟော်နန်းမှ ရှေးဟောင်း အမွေ အ နှစ်များရှိသည်) နှင့် နေအိမ် ၂၀လုံးထိခိုက် ပျက်စီး
၈. ၁၉.၁.၂၀၂၄ မိုးမိတ်မြို့တွင်း ည၇ နာရီခန့်တွင် စစ် ကောင်စီက လေကြောင်း မှတိုက်ခိုက် အမျိုးသမီးအိုတစ်ဦး ထိတ်လန့် ၍သေဆုံး   ဈေးနှစ်ခု မီး လောင်ပြာကျ
၉. ၁၉.၁.၂၀၂၄ ပေါက်ပင်တန်းရပ် ဇန်နဝါရီလ ၁၉ ရက် ညသန်းခေါင်တွင် စစ်ကောင်စီတပ်သားများက ပေါက်ပင်တန်းမှ ကြည်တော်စုရွာအထိ ၊ ထွက်ပြေးသွားသော ဒေသခံများ၏ နေအိမ်မှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူခဲ့     နေအိမ် ၄၀ကျော်မှ ပိုင်ဆိုင်ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ
၁၀. ၂၀.၁.၂၀၂၄ တောင်ရပ် ကွက်မိုးမိတ် မြို့ စစ်ကောင်စီက မြို့ကို လေကြောင်းမှတိုက်ခိုက်

 

အမျိုးသား၁ဦး၊ အမျိုးသမီး၁ဦး   အနည်းဆုံးနေ

အိမ် ၂

လုံးပျက်စီး

၁၁. ၂၀.၁.၂၀၂၄ လက်ခုပ် တန်း ရပ် ကွက် ၊မိုး မိတ်မြို့ စစ်ကောင်စီက မြို့ကို လေကြောင်းမှတိုက်ခိုက်

 

အမျိုးသား၁ဦး(၃၀နှစ်ဝန်းကျင်)၊ အမျိုးသမီး၃ဦး(၂၀-၅၀နှစ်)   အနည်းဆုံးနေ

အိမ် ၄

လုံးပျက်စီး

၁၂. ၂၀.၁.၂၀၂၄ မိုးမိတ်မြို့ စစ်ကောင်စီတပ်မ(၉၉)တပ်သားများက မြို့မှ ထွက်ပြေးလာသောရွှေကုန်သည်၂ဦးကို တားပြီးရွှေ ၇ ပိဿာ (၁၂ကီလိုဂရမ် ခန့်)နှင့် ကျပ်ငွေသိန်း ၆၀၀ ကိုခိုးယူ      
၁၃. ၂၇.၁.၂၀၂၄ ရွှေဇာလီ၊ အုန်းကြောရွာသစ် စစ်ကောင်စီက ကျေးရွာ တွင်းသို့ လက်နက် ကြီးနှင့်လေကြာင်းမှမီးလောင်ဗုံးပစ်ခတ်     နေအိမ် ၁၀၀ မှ ၂၀၀ ကြားလုံးခန့် ထိခိုက် ပျက်စီး(အများစု မှာ ရွှေဇာလီရွာမှဖြစ်)
၁၄. ၂၇.၁.၂၀၂၄ လက်ခုပ် တန်းရပ် ကွက်မိုးမိတ် မြို့ ညနေ ၄နာရီတွင် စစ် ကောင်စီတပ်သားများက နေအိမ်၅၀လုံးကျော်မှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူပြီး အိမ်များကို မီးရှို့ခဲ့     နေအိမ် ၅၀ လုံးခန့်မှ ပစ္စည်းများဖောက်ထွင်းခိုးယူခံရပြီး မီးရှို့ ဖျက်ဆီးခံရ
၁၅. ၂၇.၁.၂၀၂၄ – ၂.၂.၂၀၂၄ မြောက်ရပ်ကွက်၊တောင်ရပ်ကွက် နေ့ပိုင်းတွင် စစ်ကောင်စီ တပ်သားများက လူမရှိ သောနေအိမ်များမှ ပစ္စည်းများကို ဖောက် ထွင်းခိုးယူပြီး အိမ်များကို မီးရှို့ခဲ့     နေအိမ်၁၀၀လုံးခန့်မှ ပစ္စည်းများဖောက်ထွင်းခိုးယူခံရပြီး မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီတပ်၏ တရားဥပဒေမဲ့သတ်ဖြတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပက်သတ်သော အသေးစိတ်အချက်အလက်များ

ဇန်နဝါရီလ ၁၉ရက်နေ့မှ ဖေဖော်ဝါရီလ ၂ရက်နေ့အထိ စစ်ကောင်စီတပ်မ(၉၉) တပ်သားများ မိုးမိတ်မြို့စွန်၌ ကင်း လှည့်ချိန်တွင် ကျေးရွာသား ၁၇ဦးအသတ်ခံခဲ့ရသည်။ ပစ်ခတ်သတ်ဖြတ်ခံရသူများအနက် အများစုမှာ အမျိုးသားများဖြစ်ပြီး ၎င်းတို့မိသားစုဝင်များ ထွက်ပြေးတိမ်းရှောင်စဉ် အိမ်ကိုကြည့်ရန် နေရစ်ခဲ့သောသူများဖြစ်သည်။ ရွှေဇာလီကျေးရွာတစ်ရွာတည်းမှာပင် အမျိုးသား၇ဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ၂ဦးအား ပစ်ခတ်ပြီးနောက် မီးရှို့ခဲ့ ကြသည်။ ကြည်တော်စုရပ်ကွက်မှ အမျိုးသား ၅ဦးနှင့် အမျိုးသမီး ၁ဦးပစ်သတ်ခံခဲ့ရပြီး အမျိုးသားများမှာ အပစ်မသတ်ခံရမီ ကြိုးဖြင့်တုပ်နှောင်ခံထားရပြီး အမျိုးသမီး၏ ရုပ်အလောင်းမှာ မီးရှို့ဖျက်ဆီးခံ ထားရသည်။ တပ်မ (၉၉) တပ်သားများ ၎င်းတို့သတ်ခဲ့သော သူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်ထား ခဲ့သည်။ ဆယ်ကျော်သက်အမျိုးသားနှစ်ဦးမှာ မိုးမိတ်မြို့အဝင်ရှိ တံတားအနီးတွင် ဦးခေါင်းဖြတ်ခံထားရသည်။

စစ်ကောင်စီတပ်မ(၉၉)တပ်သားများ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ၃မှုရှိခဲ့သည်။ ဇန်နဝါရီလ ၁၉ရက်နေ့ နံနက် ၄နာရီတွင် စစ်ကောင်စီတပ်သား၃ဦးသည် မိုးမိတ်မြို့အနောက်အစွန်ရှိ ရွာတော်လေးရပ်မှ နေအိမ်တစ်လုံးသို့ဝင်ကာ မိသားစုဝင်များကို သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ၂၄နှစ်အရွယ်အမျိုးသမီးကို သူမ၏ အိပ်ရာပေါ်တွင် အုပ်စုဖွဲ့အဓ္ဓမပြုကျင့်ခဲ့သည်။

ဇန်နဝါရီလ ၂၀ရက်နေ့တွင် အုန်းကြောရွာသစ် ကျေးရွာဒေသခံ လင်မယားနှစ်ဦး ၎င်းတို့၏ ကျွဲနွားများကို အစာ ကျွေးရန် တောထဲမှ ရွာသို့ပြန်လာစဉ် စစ်ကောင်စီတပ်သားများသည် အဆိုပါအမျိုးသားအား ပစ်သတ်ကာ အမျိုးသမီးအား အဓ္ဓမပြုကျင့်ပြီးနောက် လည်မြိုအားပစ်သတ်ခဲ့သည်။

ဇန်နဝါရီလ ၂၆ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် ရွှေဇာလီ ကျေးရွာအနီးတွင် တော၌ပုန်းနေသည့် ၃၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့အဓ္မပြုကျင့်ခဲ့ပြီး အဆိုပါအမျိုးသမီးသည် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်သားများက အမျိုးသမီးငယ် ၅ဦးပါသော သရက်တောကျေးရွာမှ ထွက် ပြေး လာသည့် ကျေးရွာသားတစ်စုကို တွေ့သည့်အခါ၌လည်း လိင်အကြမ်းဖက်ရန် ကြိုပမ်းခဲ့သေးသည်။ စစ် ကောင်စီတပ်သားများသည် အဆိုပါအမျိုးသမီးငယ်လေးဦးကို အနောက်တွင်သီးသန့်နေရန်အမိန့်ပေးပြီး လိင်ပိုင်း ဆိုင်ရာ စော်ကားရန် ကြံစည်ခဲ့သည်။ သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ကျေးရွာသားအမျိုးသားတစ်ဦးက စစ် ကောင်စီတပ်သားများနှင့် စကားများခဲ့သဖြင့် အမျိုးသမီးများကို ပြန်လည်လွှတ်ပေးခဲ့သည်။ သို့သော် စစ်သားများက အဆိုပါအမျိုးသားကို ကြိုးနှင့်တုပ်ပြီး ပြင်းထန်စွာရိုက်နှက်ကြသည်။ ထိုအမျိုးသားအသက် ရှင်မ ရှင်ကို မသိရပေ။

၂၀၂၄ ဇန်န၀ါရီလမှ ဖေဖော်၀ါရီလအတွင်း မိုးမိတ်မြို့နယ်တွင်စစ်ကောင်စီတပ်သားများ၏ တရားလက်လွတ် သတ်ဖြတ်မှုနှင့် လိင်အကြမ်းမှုများ

စဉ် ရက်စွဲ ကျေးရွာ/ ရပ်ကွက် အသေးစိတ်အချက်အလက် အရပ်သားသေဆုံးမှု အရပ်သားထိခိုက်ဒဏ်ရာရမှု အရပ်သား ပိုင်ပစ္စည်းများထိခိုက်မှု
၁. ၁၉.၁.၂၀၂၄ ရွာတော်လေးရပ် နံနက်၄နာရီတွင် စစ် ကောင်စီတပ်မ(၉၉) တပ်သား၃ဦး က အိမ်တစ် အိမ်သို့ဝင်ကာ ၂၄နှစ်အ ရွယ်အမျိုးသမီးတစ်ဦးကို သူ၏အိပ်ရာတွင် အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ခဲ့   အမျိုးသမီး၁ဦး (၂၄နှစ်)  
၂. ၁၉.၁.၂၀၂၄ ကြည်တော်စု စစ်ကောင်စီတပ်မ(၉၉) တပ်သားများက အိမ် ကိုစောင့်ရှောက်နေသည့် ရွာသားတစ်ဦးအား ကြိုးတုပ်၊ ရိုက်နှက်ပြီး သေနတ်ဖြင့်ပစ်ခဲ့သည်   အမျိုးသား၁ဦး (၂၈နှစ်)  
၃. ၂၀.၁.၂၀၂၄ အုန်းကြောရွာသစ် စစ်ကောင်စီတပ်မ(၉၉) တပ်သားများသည် ကျွဲနွား များကို အစာကျွေး ရန် ရွာသို့ပြန်လာသည့် လင်မယားနှစ်ဦးကိုတွေ့၊ အမျိုးသားကို ပစ်သတ်ပြီး အမျိုးသမီးကို အဓ္ဓမပြု ကျင့်ကာ ပစ်သတ် အမျိုးသား၁ဦး(၃၀နှစ်ခန့်)၊

အမျိုးသမီး၁ဦး(၃၀နှစ်ခန့်)

 

   
၄. ၂၁.၁.၂၀၂၄ သရက်တောရွာ စစ်ကောင်စီတပ်မ(၉၉) တပ်သားများက ကျေးရွာမှ အမျိုးသမီးငယ်လေးဦး ကိုလိင်ပိုင်းဆိုင်ရာ စော် ကားရန်ကြံစည်မှုကို တား ဆီး ခဲ့သည့် ရွာသားအမျိုးသားတစ်ဦးကို ကြိုးတုပ်၊ ရိုက်နှက်   အမျိုးသား၁ဦး(၅၀နှစ်ခန့်) သူအသက်ရှင်မရှင်ကိုမသိရ

 

 
၅. ၂၆.၁.၂၀၂၄ ရွှေဇာလီရွာ စစ်ကောင်စီတပ်မ(၉၉) တပ်သား၅ ဦး ကျေးရွာ အနီးရှိ တောတွင်ပုန်း အောင်းနေသည့် အမျိုး သမီးတစ်ဦးကို အုပ်စု ဖွဲ့အဓ္မမပြုကျင့်ခဲ့   အမျိုးသမီး၁ဦး(၃၂နှစ်)  
၆. ၂.၂.၂၀၂၄ ရွှေဇာလီရွာ စစ်ကောင်စီတပ်မ(၉၉) တပ်သားများက ကျေးရွာ အတွင်းသို့ ပတ်ရှာပြီး နေအိမ်ကိုစောင့်ရှောက်ရန် နေခဲ့သည့် ကျေးရွာသား များကို တွေ့သည့်အခါ ပစ်သတ်ခဲ့ အမျိုးသား၅ဦး (၂၀-၅၀နှစ်)    
၇. ၁၂.၂.၂၀၂၄ ရွှေဇာလီရွာ ရွာသားများအိမ်ပြန်လာသောအခါ စစ်ကောင်စီ တပ်သားများက သေနတ် နှင့်ပစ်သတ်ပြီး မီးရှို့ထား သည့် အလောင်းနှစ် လောင်းကို တွေ့ရှိ အမျိုးသား ၂ ဦး    
၁၂.၂.၂၀၂၄ မိုးမိတ်မြို့အ၀င်တံတား ခေါင်းဖြတ်ခံထားရသော ဆယ်ကျော်သက် ၂ ဦး အလောင်းတွေ့ အမျိုးသား ၂    
၁၃.၂.၂၀၂၄ ကြည်တော်စု ရွာသားများအိမ်ပြန်လာသောအခါ အိမ်တစ်အိမ်  တွင် စစ်ကောင်စီတပ် သားများက ကြိုးနှင့်တုပ် ပြီးပစ်သတ်ထားသော အလောင်းတစ်လောင်းကိုတွေ့ရှိအဆိုပါအိမ် အနီး တွင်အရိုး ကျနေသော အမျိုးသမီး တစ်ဦးကိုတွေ့ရှိလယ် ကွင်း နောက်တွင် လက်ပြန် ကြိုး တုပ်သတ်ခံထားရသော အလောင်း ၄ လောင်းတွေ့ အမျိုးသား ၅ဦး

အမျိုသမီး ၁ ဦး

   

နေရပ်စွန့်ခွာမှု အသေးစိတ်အချက်အလက်

စစ်ကောင်စီက မိုးမိတ်မြို့နှင့် ပတ်ပတ်လည်ရှိရွာများကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ရာ ဇန်နဝါရီလ ဆန်းပိုင်းမှစ၍ ရွာသားများသည် မြို့တွင်းရှိ ဘုန်းကြီးကျောင်းများသို့လည်းကောင်း၊ မြို့စွန်ရှိရွာများ သို့လည်းကောင်း၊ လယ်ကွင်းနှင့် တောတောင်များထဲသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ မြို့တွင်းတွင် တိုက်ပွဲများပျံ့နှံ့လာသောအခါ ဒေသခံများသည် မြို့ပြင်သို့ စစ်ဘေးတိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။ ဒေသခံ ၂၀၀၀ ခန့် မြို့ကိုစွန့်ခွာပြီး မန္တလေးသို့လည်းကောင်း၊ ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်များသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဇန်နဝါရီလကုန်တွင် တိုက်ပွဲများမရှိတော့သော်လည်း စစ်ကောင်စီတပ်များက မြို့ပတ်ပတ်လည်တွင် တပ်စွဲထားလျက်ရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်သွားသော ကျေးရွာသားများက ၎င်းတို့အိမ်ပြန်လာရမည်ကို အလွန် စိုးရိမ်လျက်ရှိကြသည်။

စဉ် မိုးမိတ်စစ်ဘေးရှောင်များခိုလှုံသည့် နေရာများ ခန့်မှန်းခြေစစ်ဘေးရှောင်ဦးရေ
၁. မိုးမိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်းများ၊ မြို့စွန်ရှိရွာများ၊ လယ်ကွင်းများ၊ တောများ ၄၃၀၀
၂. မန္တလေးတိုင်း ၁၅၆၀
၃. ကျောက်မဲမြို့နယ် ၂၀၀
၄. ပြင်ဦးလွင်မြို့နယ် ၁၀၀
စုစုပေါင်း ၆၁၆၀

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                           +66 99 246 5673/  +66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                         +66 99 289 6080                                          Signal (မြန်မာ)

 

Download PDF files >>>>> Shan Burmese English

ထုတ်ပြန်ချက်