မိုင်းဆတ်မြို့အရှေ့ဘက်တွင် တိုးချဲ့လာသော ရွှေတူးဖော်မှုများကြောင့် မယ်ဆိုင်မြစ်ရေညစ်ညမ်းမှုကို ဖြစ်လာစေနိုင်

မိုင်းဆတ်မြို့အရှေ့ဘက်တွင် တိုးချဲ့လာသော ရွှေတူးဖော်မှုများကြောင့် မယ်ဆိုင်မြစ်ရေညစ်ညမ်းမှုကို ဖြစ်လာစေနိုင်

၂၀၂၄ မတ်လ

၂၀၂၄ ခုနစ်ဇန်န၀ါရီလလည်မှစတင်ကာ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်မှ မယ်ဆိုင်ဒေသခံများသည်  ၄င်းတို့မြို့၏ အဓိကရေပေး၀ေမှုစနစ်ကိုထောက်ပံ့နေသော မယ်ဆိုင်မြစ်အတွင်း ပုံမှန်မဟုတ်သော အနည်ကျညစ်ညမ်းမှုများကို သတိထားမိခဲ့ကြသည်။မြေပုံများ၏ ဖော်ပြချက်အရ ၄င်းဖြစ်ရပ်မှာ မယ်ဆိုင်၏မြစ်ဖျားအထက်ပိုင်း ၃၀ ကီလိုမီတာခန့်ရှိ မိုင်းဆတ်မြို့အရှေ့ပိုင်းတွင် တိုးချဲ့လာသော ရွှေတူးဖော်မှုများကြောင့်ဖြစ်ရာ ရေထုအရည်အသွေးနှင့် အဆိပ်သင့်မှုအတွက် အနီးကပ်စောင့်ကြည့်သင့်သည်။

၂၀၂၄ ဇန်န၀ါရီလလည်တွင် သတိပြုမိသော  ပုံမှန်မဟုတ်သောအနည်ကျ ညစ်ညမ်းမှု

၁၉၉၉-၂၀၀၁ ခုနစ်များတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)သည် ရှမ်းပြည်အရှေ့မြောက်ပိုင်းမှ ၀လူမျိုး ၁၆၀၀၀ကျော်ခန့်ကို တာလန်းကျေးရွာသို့အဓမ္နပြောင်းရွှေ့စေခဲ့ပြီး ၄င်းထဲမှ၁၂၆၀၀၀သည် မိုင်းတုံ၊မိုင်းဆတ်နှင့်တာချီလိတ်မြို့များတွင် အခြေချရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ။မူလနေထိုင်သူ ဒေသခံရှမ်းလယ်သမား ၁၂၀၀ ခန့်သည် အဓမ္မမောင်းထုတ်ခံခဲ့ရကာ ထိုင်းနယ်စပ်ရှိ လွယ်ကော်၀မ်းဒုက္ခသည်စခန်းတွင် ရွေ့ပြောင်းနေထိုင်ခဲ့ရသည်။သစ်တောများမှာလည်း ပြောင်စင်အောင်ခုတ်ထွင်ခံခဲ့ရပြီး နှစ်ရှည်ရာဘာစိုက်ပျိုးမှုများ ဖြင့်အစား ထိုးခဲ့သည်။

ဆိုင်ယာနိုက်ကဲသို့ အဆိပ်ဖြစ်စေသောဓာတုပစ္စည်းများမှာ သတ္တုတွင်းများ၌ ရွှေကိုရှာဖွေရန်အသုံးပြုကြသည်။

မယ်ကြုတ်- ၂၀၂၁ ခုနစ်တွင် စစ်ကောင်စီ၏လက်အောက်ခံ ဌာနေပြည်သူ့စစ်သည် တရုတ်သတ္တုလုပ်ငန်းရှင်များ ကို မယ်ကြုတ်ကျေးရွာအနောက်ဘက်ရှိ တောင်ကုန်းများတွင် ရွှေတူးဖော်မှုများလုပ်ကိုင်ရန်ခွင့်ပြုပေးခဲ့သည်။ သတ္တုတွင်းနှင့် ရွှေသန့်စင်ကန်များမှ အကြွင်းအကျန်များသည် မယ်ဆိုင်မြစ်ထဲသို့စီး၀င်သော ချောင်းထဲသို့ အတားဆီးသန့်စင်မှုမရှိဘဲ စီး၀င်သွားသည်။

မိုင်းကန်း နှင့်နားယောင်း- ၂၀၂၂ ခုနစ် နှောင်းပိုင်းတွင် UWSA တပ်ဖွဲ့သည် တရုတ်သတ္တုတွင်းလုပ်ငန်းရှင်များနှင့် ထောင်ချီသော လုပ်သားများကို  မိုင်းကန်း၌မယ်ဆိုင်မြစ် တလျောက်တွင် ရွှေတူးဖော်ရန်ခွင့်ပြုခဲ့သည်။ တောင်ကုန်းများသည် ဖြိုချခံရပြီး ကျယ်ပြန့်သောမြေနေရာများ သည် မြစ်ထဲသို့တိုက်ရိုက်စီး၀င်သော ရွေသန့်စင်ကန်များ အဖြစ်သို့ပြောင်းလဲသွားသည်။၂၀၂၃ နှစ်ကုန်ပိုင်းတွင် ရွှေသတ္တုတွင်းများသည် နားယောင်းအနီး မယ်ဆိုင်မြစ် အထက်ပိုင်းတလျောက်အထိ တိုးချဲ့များပြားလာသည်။၂၀၂၃ ဒီဇင်ဘာအစောပိုင်းတွင် တရုတ်အလုပ်သမားများ ကိုသယ်ဆောင်လာသော  ၆ဘီးကားယဥ်တန်းသည် တာချီလိတ်မှ မိုင်းကန်းသို့ ညပိုင်းတွင်ဖြတ်သန်းသွားခဲ့သည်။

Download Update : English Thai Burmese Shan

ထုတ်ပြန်ချက်