အရပ်သားလိုက်ပါလာသောလှေတစ်စင်းကို ရှမ်းပြည်တောင်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းသည် သံလွင်ရေဂါတာများ လုံခြုံရေးကင်းမဲ့ခြင်းကို ဖေါ်ပြသည်

ရှမ်းပြည်မြစ်ချောင်းများအတွက် လှုပ်ရှားမှု – မှ ထုတ်ပြန်ချက် –

မေလ – ၁၁ရက်၊ ၂၀၁၈ခုနှစ်။

အရပ်သားလိုက်ပါလာသောလှေတစ်စင်းကို ရှမ်းပြည်တောင်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းသည် သံလွင်ရေဂါတာများ လုံခြုံရေးကင်းမဲ့ခြင်းကို ဖေါ်ပြသည်။

၁၀ ရက် ဧပြီလ ၂၀၁၈ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ဆောက်ရန် စီစဉ်နေသည့် ကြီးမားသော မိုင်းတုံ ရေကာတာအတွက် မြေတိုင်းထွာနေတဲ့တရုတ်အင်ဂျင်နီယာတို့ရှိ်ရာ အလုပ်ခွင်အနီးတွင် သံလွင်မြစ်တလျှောက် ခရီးသွား နေတဲ့ စက်လှေတစ်စင်း အပစ်ခံရသဖြင့် လူတစ်ဦးသေဆုံးရသည်သာမက အသက်(၉)နှစ်အရွယ် ကလေးတစ်ဦးပါ ထိခိုက်ဒဏ်ရာခဲ့ပါတယ်။

ဧပြီလ (၉)ရက်နေ့တွင် မိုင်းတုံမြို့နယ်၊ ဝမ်ဆာလားရွာ နေထိုင်သူ(၉)ဦး-(ကျား-လေးဦး၊ မ-လေးဦးနှင့်ကလေးတစ်ဦး)တို့သည် ရွာမှသစ်ထုတ်လုပ်ရေးစခန်းသို့ သံလွင်မြစ်တလျှောက် ရေဆန်ခရီးကို စက်လှေဖြင့်သွားခဲ့ရာ ၎င်းစခန်းတွင် တစ်ညတည်းခဲ့ကြတယ်။ နောက်တစ်နေ့မှာပင် ၎င်းတို့အနက် ၅ ဦးသည် မြစ်တလျှောက် စက်လှေဖြင့် ပြန်လာခဲ့ကြသည်။ မွန်းလွဲ(၂)နာရီအချိန်တွင် ဝမ်ဆာလားရွာမှအထက် (၆)မိုင်ခန့်၌ အနောက်ဘက်ကမ်းပါးက သေနတ် ဖြင့် ပစ်ခတ်ခဲ့တယ်။ အသက် (၄၂)နှစ် လှေခရီးသည်ယောက်ျားတစ်ဦး၏ တင်ပါးဆုံရိုးကို ထိမှန်ခဲ့ရာနှင့် (၉)နှစ်အရွယ်ရှိ လှေမောင်းသူစိုင်းထွန်းငွေ၏သား စိုင်းဟိုလုံရဲ့ ညာဘက်ခြေသလုံးကိုပါ ထိမှန်ခဲ့သည်။

လှေမောင်းသူသည် ကြောက်လန့်ခါ လှေကို ချက်ချင်းစက်ရပ်လိုက်ပြီး ဒဏ်ရာရသူတွေကို မိုင်းတုံဆေးရုံးသို့ ပို့ဆောင်ရန် ကားစီစဉ်နိုင်သည့် နေရပ်ဝမ်ဆာလားရွာရောက်သည့်တိုင်အောင် လှေကို ရေစုန်မျောလာခဲ့ကြသည်။ သို့သော်လည်း စိုင်းပေတိသည် ဒဏ်ရာပြင်းထန်သောကြောင့် ကားပေါ် မရောက်ခင် အသက်ဆုံးရှုံးခဲ့ရသည်။ ခြေထောက်တွင် ဒဏ်ရာရတဲ့ ၎င်းကလေးသည် မိုင်းတုံဆေးရုံးတွင် ပို့ဆောင်ကုသခဲ့သည်မှာ ယခုတိုင် ဆက်လက်၍ ကုသမှု ကို ခံယူနေဆဲဖြစ်ပါသည်။

စိုင်းပေတိရဲ့အလောင်းကို သူ့၏နေအိမ်ဆီ ယူဆောင်ခဲ့ ပြီး နောက်တစ်နေ့ နေ့ခင်းအချိန်တွင် တာဆန်းတံတား လုံခြုံရေးပေးနေသော အစိုးရစစ်သားသုံးယောက်သည် ၎င်း၏နေအိမ်ကို လာရောက်ပြီး မှုခင်းဖြစ်ရပ်များ မေးမြန်းခဲ့သည်။ ၎င်း၏အလောင်းကို အိမ်တွင် နှစ်ညထားပြီး ဧပြီလ (၁၂)ရက်နေ့တွင် မိုင်းတုံရဲက ထို့အလောင်းကို မိုင်းတုံဆေးရုံးသို့ ယူဆောင်ခွဲစိတ် စစ်ဆေးရန် စီစဉ်ရာ စိုင်းပေတိ၏ ဆွေမျိုးများက လက်မခံပေ၊ သို့သော် မလွန်ဆန်နိုင်သောကြောင့် အလောင်းကို မိုင်းတုံသို့ ယူဆောင်သွားစေခဲ့ပါသည်။ ခွဲစိတ်စစ်ဆေးပြီးတဲ့နောက် ၎င်း၏ဆွေမျိုးအားအလောင်း ကို ထိုနေ့တွင် မိုင်းတုံသုသာန်မှာ မီးသင်းဂြိုလ်စေခဲ့ သည်။

စိုင်းပေတိသည် မိုင်းတုံတောင်ဘက် မယ်ခန်း တွင် အခြေစိုက်နေသော ဦးတင်ဝင်း ဦးဆောင် သည့် မိုင်းကန်ဌာနေ ပြည်သူ့စစ်အဖွဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ စိုင်းပေတိသည် နန်းနိမ်းနှင့် လက်ထပ်ခဲ့ပြီး နန်းခမ်းခင်ခေါ် သမီးတစ် ယောက်ထွန်းကားခဲ့ပါတယ်။ သူသည် ဒေသခံ လုပ်သားများ အလုပ်ခန့်ပြီး သေးငယ်တဲ့သစ် ထုတ်လုပ်ရေးလုပ်ငန်းကို လည်ပတ်နေခဲ့သည်။ အပစ်ခံရတဲ့နေ့မှာ သူသည်အစိမ်းရောင်ပြည်သူ့စစ်ယူနီဖောင်းရှပ်အင်ကျီ ဝတ်ခဲ့တယ်။ ယခင်က သူသစ်ထုတ်လုပ်ရန် တောထဲသွားအခါ ထိုယူနီဖောင်းကို ဝတ်မသွားခဲ့သော်လည်း ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် မိုင်းတုံရေဂါတာအတွက် မြေတိုင်းမြေထွာမှုစစ်ဆေးရန်ဒေသအတွင်း ရောက်လာခဲ့သည်စ၍ ၎င်းယူနီဖောင်းကို ဝတ်လာခဲ့တာလို့ သိရပါတယ်။ အခြားရွာသားတွေရဲ့ ပြောဆိုချက်အရ တရုတ်တွေ ရောက်ခဲ့ပြီးနောက်ပိုင်းမှာ လုံခြုံရေးတင်းကျပ်လာသဖြင့် သူ့ရဲ့မြန်မာပြည်သူ့စစ်ယူနီဖောင်းက စိတ်ထဲပိုလုံခြုံတယ်လို့ မှတ်ယူခဲ့တာဖြစ်ပါသည်။

သံလွင်မြစ်အရှေ့ဘက်ရှိ မိုင်းတုံမြို့နယ် ဝမ်ဆာလားရွာ

ထိုပစ်ခတ်မှုကို တာဝန်ယူသူမရှိသောကြောင့် ရွာသားများ ကြောက်ရွံ့နေကြသည်။ ဝမ်ဆာလားရွာတွင် အိမ်ထောင်(၅၀)ခန့် ရှိပြီး အများစုမှာ ရှမ်းလူမျိုးတွေဖြစ်ပါသည်။

တရုတ်မြေတိုင်းစစ်ဆေးအဖွဲ့အတွက် လုံခြုံရေးတင်းကြပ်

05 11 2018 Letter from Presidents Office
သမ္မတရုံးမှာ စာ

၂၆နေ့ရက် ဇန်နဝါရီလ ၂၀၁၈ခုနှစ်တွင် မိုင်းတုံရေအားလျှပ် စစ်စီ မံကိန်းကိုအကောင်အထည်ဖော်ဖို့ ဧရိယာသို့ ခရီးဆိုက်ရောက်လာကြတဲ့ (China Three Gorges Corporation) တရုတ်ကုမ္ပဏီမှ ကျွမ်းကျင်သူ(၁၀) ယောက်ကို စစ်လုံခြုံရေးအစီအစဉ်ချပေးရန် သမ္မတရုံး အထွေထွေညွှန်းကြားရေးမှူးချုပ် ဦးနိုင်ဆွေဦးက လျှပ်စစ်စွမ်း အင်ဝန်ကြီးဌာန(MOEE)သို့ လျှို့ဝှက်စာတစ်စောင်ပို့ခဲ့သည်။ ၎င်းတရုတ်တွေကို လုံခြုံရေးချပေးရေးအစီအစဉ်အပေါ် ပူးပေါင်းဆောင်ရွက်ရန် အထူးတောင်းဆိုခံရသည့် ကာကွယ် ရေးဦးစီးချုပ်တပ်မှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲ ရေးဝန်ကြီးဌာနသို့ မိတ္တူဖြင့် ပေးပို့ခဲ့သည်။ အဆိုပါစာတွင် “တရုတ်တို့ ရန်ကုန်မှ တာချီလိတ်နှင့် မိုင်းတုံမှတဆင့် ဝမ်ဆာလားရွာသို့ သွားလာမယ်”လို့ ရေးထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် ရွာသားများက တရုတ်လူမျိုးအယောက်(၂၀) ကားများဖြင့် ဝမ်ဆာလားရွာ ကိုဖြတ်ပြီး ဝမ်ဆာလားရွာမှ (၁၂)မိုင်ခန့်ကွာဝေးသည့် မယ်ပါ့အလုပ်ခွင်ဆီသို့ မောင်းနှင်သွားခဲ့တာကို တွေ့ မြင်ခဲ့ပါတယ်။ တာချီလိတ်မှ SURF မော်တော်ကားဖြင့် လာခဲ့တာဖြစ်ပြီး ၎င်းတို့အနက် အချို့မော်တော်ကား များသည် မိုင်တုံရေကာတာစီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံထားတဲ့ မြန်မာကုမ္ပဏီ IGOEC (International Group of Entrepreneurs Company) ပိုင်မော်တော်ကားများဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်အင်ဂျင်နီယာများနေသည့် မယ်ပါ့စခန်း

လုံခြုံရေးအတွက်ကိုလည်း ခိုင်ခိုင်မာမာ ချထားပြီး အဆိုပါတရုတ်တို့သည်လည်း ၎င်းအလုပ်ခွင်မှလွဲ၍ ဝမ်ဆာလားရွာဘက်ကိုလည်း လာရောက်ခြင်းမပြု ခဲ့သည်သာမက သူတို့ကို မိုင်းဆတ်တွင် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ၁၄ ၏လက်အောက်ခံ ခမရ(၅၈၀)စစ်တပ်နှင့် ပြည်သူ့စစ်( မိုင်းကန်ဌာနေပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ၁၀၀၇)တို့ လုံခြုံရေးပေးနေပါတယ်။ မြစ်တစ်လျှောက်တွင် အလုပ်လုပ်ရန် တရုတ်တယောက် ထွက်သည့်အခါ တိုင်းမြန်မာအစိုးရစစ်သားနှစ်ယောက်လိုက်ပြီး လုံခြုံရေးပေးနေတာကိုလည်း တွေ့ရတယ် လို့ဆိုပါတယ်။

ရွာသားတွေက သူတို့စရောက်ကတည်းက ဘာအကျိုးအမြတ်တစ်ခုမှ သူတို့ဆီက မရခဲ့ပါဘူး။ ဘယ်ရွာသူရွာသားတစ်ဦး တစ်ယောက်ကိုမျှ ထိုအလုပ်ခွင်တွင် အလုပ်ဝန်ထမ်းအဖြစ်လည်း မခန့်အပ်သလို မော်တော်ကား အခပေးငှားရမ်းတာလည်း မရှိပါဘူး။ ဟင်းသီးဟင်းရွက်တောင်မှ တာချီလိတ်ကနေ ဝယ်လာတာ ဝမ်ဆာလားရွာကိုလာရောက်ဝယ်ယူအားပေးခြင်း လုံးဝ မရှိပါဘူး။ ရွာသူရွာသားတွေရတာက သူတို့ရွာဘက်ကို ကားနဲ့လာခဲ့ရင် ကားနောက်ကပ်ပါလာတဲ့ တထောင်းထောင်း ထနေတဲ့ဖုန်မှုန့်တွေပဲ ရတယ်လို့ ရွာသားတစ်ဦးက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ထိုတရုတ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေ ပြောဆိုခြင်း၊ စပ်စုခြင်းရှိခဲ့ရင် ရဲတွေ မကြာခဏ လာရောက်စစ်ဆေး မေးမြန်းတာရှိတယ်လို့ ဆိုပါတယ်။

မိုင်တုံရေဂါတာ၏ နောက်ခံသမိုင်း

ရှမ်းပြည်နယ်တွင် တည်ဆောက်လျက်ရှိသော ရေဂါတာ ရေအားလျှပ်စစ်စီမံကိန်းသုံးခုအနက် မိုင်းတုံရေဂါတာစီမံကိန်း တစ်ခုအပါအဝင်ဖြစ်သည်။ ဤရေဂါတာမူလက လျှပ်စစ်အား (၇၀၀၀) မဂ္ဂဝပ် ထွက်ရှိမည်ဖြစ်ပြီး အမြင့်ပေ(၂၃၁) မီတာမြင့်ကာ အရှေ့တောင်အာရှ၌ အကြီးဆုံးရေအားလျှပ်စစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။ ရေလှောင်တမံ၏ အကျယ်အဝန်း မှာလည်း စင်ကာပူနိုင်ငံလောက် ကျယ်ဝန်းမှာဖြစ်ပြီး အရှည်မှာရှမ်းပြည်နယ် သုံးပုံနှစ်ပုံစာ နေရာယူသွားမှာဖြစ်သည်။ အနီးဝန်းကျင်ရှိဒေသခံရွာနှင့် မိဘပြည်သူများ၏ အိုးအိမ်များ သောင်းဂဏန်းနီးပါး ရေအောက်ရောက်သွားစေမှာဖြစ်သည်။ ကွန်ဟိန်းမြို့နယ် နမ့်ပန်ချောင်း အနီးအနားဝန်းကျင်ရှိ သဘာဝရှုခင်း၏အလှတရားများလည်း ပျက်စီးဆုံးရှူံးသွားမှာ မည်ဖြစ်သည်။ ကွန်ဟိန်းမြို့ဟု ခေါ်တွင်လာရခြင်မှာ ကျွန်းတထောင်ဟု အဓိပ္ပါယ်ရသည်။ ထိုကျွန်းတို့မှာပျောက်ဆုံးသွား ပေမည်။

ဤရေဂါတာသည် တရုတ်ကော်ပိုရေးရှင်း ကုမ္ပဏီသုံးခုတို့နှင့် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။ China Three Gorges Corporation, Sinohydro နှင့် China Southern Grid က 56% ပိုင်ကြသည်။Electricity Generating Authority of Thailand International Company-EGATiက 30%။Myanmar Department of Hydropower Planning(DHPP)က10%။ International Group of Entrepreneurs- (IGOEC)က 4% ပိုင်ထားသည်။ IGOEC ကို စက်မှုဝန်ကြီးဟောင်းဦးအောင်သောင်း(ကွယ်လွန်)၏ မိသားစု ကပိုင်သည်။ ဦးအောင်သောင်းသည် ၂၀၁၂ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်ရှိ သံလွင်တစ်လျှောက်တွင် လှုပ်ရှားလျက်ရှိ သော တိုင်းရင်းလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးရာတွင် စေ့စပ်ပေးသူအဖြစ်ဆောင်ရွက်သူတစ်ဦး ဖြစ်သည်။

EGATဝက်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်မှာ ဤစီမံကိန်းသည် ယခုအခါကို ပြန်လည်ပြင်ဆင်ထားပြီး သဘာဝဘေး ဒဏ်များနှင့်ပြည်သူများ၏ အကျိုးစီးပွားများအား ထိခိုက်စေမှုကို ပို၍လျှော့ချနိုင်ရန်အတွက် ယခုအချိန်တွင် ၃ဝဝဝမဂ္ဂဝပ် ထွက်ရှိမည့် ရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း။ မိုင်းတုံရေဂါတာမှ ထွက်ရှိလာမည့် ၉၀ ရာခိုင်နှုန်းကိုု ထိုင်းနိုင်ငံသို့ တင်သွင်းပေးသွားဖွယ်ရှိကြောင်း ဖော်ပြထားသည်။ (https://www.egati.co.th/en/investment/en-mongton.html)။

ဒေသခံအတွင်းရှိ မိဘပြည်သူများနှင့်တကွ ရှမ်းပြည်နယ်အရပ်ရပ်ရှိ မိဘပြည်သူများက ၎င်းစီမံကိန်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်လျှက်ရှိပြီး ၎င်းစီမံကိန်းများ ရပ်တန့်စေရန် လက်မှတ်များ ခဏခဏစုဆောင်းတင်ပြပြီး ကန့်ကွက်သွားခဲ့သည်။ ရှမ်းပြညနယ််ညီညွတ်ရေးကော်မီတီဖြစ်သည့် (CSSU)သည် ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပါတီများအသင်းအဖွဲ့များဖြင့် ဖွဲ့စည်းထားသောအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့ကြီးသည်လည်း ၂၉ .၀၈. ၂၀၁၆ခုနှစ်တွင် ဤစီမံကိန်းများနှင့်ပတ်သက်၍ ကန့်ကွက်စာထုတ်ပြန်ထားပြီးဖြစ်သည်။ ဒီစီမံကိန်းများဟာ ပြည်သူများ၏ အသက်အိုးအိမ်၊ ရိုးရာအမွေအနှစ်၊ သဘာသ ဂေဟစံနစ်ကို ထိခိုက်စေမှာဖြစ်တယ်။ ဒါ့အပြင် ဒီစီမံကိန်းများကို ဆက်လက်လုပ်ဆောင်ပါက တိုက်ပွဲတွေ ဖန်တီးပေးရာ ကျပါသည်။

ရေဂါတာ တည်ဆောက်သည့်နေရာနှင့် ရေလှောင်တမံတည်ဆောက်မည့်နေရာများသည် ပဋိပက္ခဖြစ်ပွားခဲ့သောနေရာများ ဖြစ်သည့်အပြင် လွန်ခဲ့သည့် နှစ်(၂၀)အတွင်း အစိုးရတပ်မြေလှန်မီးရှို့စနစ်ကို ကျင့်သုံးခဲ့သည်။ တို့ဘက်က အမျိုးသမီးများ အား အဓမ္မပြုကျင့်ခြင်း အပြစ်မဲ့ပြည်သူများအား လူမဆန်စွာညှင်းပန်းနှိပ်စက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော နေရာတစ်ခုလည်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ သံလွင်မြစ်ကို ဖြတ်ကူးသည့် တံတားများနှင့်တချို့ စခန်းများတွင်လုံခြုံရေးယူပေးထားသည့် အစိုးရတပ်များရှိသည်ဆိုသော်လည်း တောတောင်ဒေသများကို မစိုးမိုးနိုင်ပေ။ ဤသံလွင်မြစ်သည် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်(RCSS/SSA)တပ်နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း လှုပ်ရှားလျက်ရှိသည်။

တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို ၂၀၁၅ ခုတွင် နှစ်ဖက်လက်မှတ်ရေး ထိုးထားသော်လည်း မကြာသေးခင်လက ဝမ်ဆာလားရွာ မြောက်ဖက် မိုင်းပျဉ်းတွင် အစိုးရစစ်တပ်နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်သည်။ RCSS/SSA ကို အားပေးသည် ဆိုကာ ဒေသခံရွာသားများကို အစိုးရစစ်တပ်က ဖမ်းဆီးနှိပ်စက်သည်။

၂၀၁၁ ခုနှစ်က မိုင်းတုံရေဂါတာ အတွက် လေ့လာရေးလုပ်နေသည့် စကားပြန်နှင့်အတူ တရုတ်အင်ဂျင်နီယာ သုံးယောက်ကို (အမည်မသိ)ဒေသခံ လက်နက်ကိုင် အဖွဲ့တခုကဖမ်းဆီးသွားခဲ့သည်။ သုံးလကြာဖမ်းထားပြီးနောက် ကောင်းမွန်စွာ ပြန်လွှတ်ပေးလိုက်သည်။ (http://burmariversnetwork.org/news/china-asks-shan-army-to-chase-its-four-missing-guys) ရေဂါတာအတွက် အရင်းအနှီးမြုပ်နှဲသူတို့ အတွက် သတိပေးချက်

အရပ်သားများကို သယ်ဆောင်လာသော သင်္ဘောအား နေ့ခင်းမှာပင် အတိုက်ခံရခြင်းက အပစ်အခတ်ရပ်စဲထားသော်လည်း ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်တလျှှောက်တွင် လုံခြုံမှုမရှိကြောင်း ထင်ရှားစေပါသည်။

ထိုတိုက်ခိုက်မှုကို မည်သူကလုပ်သည်ဆိုသည်မှာ မသိရသော်လည်း လုံခြုံရေးတင်းကြပ်ထားသည်ကြားမှ တရုတ် အင်ဂျင်နီယာတို့ရှိနေသည့် ထိုနေရာတွင် ဖြစ်ရသည်မှာ တိုက်ဆိုင်မှု ဟု မဆိုနိုင်ပေ။

ဤတိုက်ခိုက်မှုက ရေဂါတာကို အရင်းအနှီးမြုတ်နှံသူတို့ အတွက် သတိပေးချက်အဖြစ်ယူဆနိုင်သည်။ စစ်ဖြစ်နေသော နေရာတွင် ကြီးမားပြီး အငြင်းပွါးဖွယ်ရာ စီမံကိန်ကို ဆက်လုပ်ရန်မှာ အင်မတန်အန္တရာယ်များပါသည်။ သဘာဝအရင်း အမြစ်ကို ထိန်းချုပ်နိုင််ရေးမှာ ပဋိပက္ခ၏ အကြောင်းရင်းတခုဖြစ်ပါသည်။

မြန်မာပြည်ရှိ အငြင်းပွါး ဒေသများဖြစ်သော သံလွင်မြစ်နှင့် ၎င်းထဲစီးဝင်သည့် မြစ်ချောင်းများပေါ်တွင် တည်ဆောက်မည့် ရေဂါတာများကို ချက်ချင်းရပ်တန့်ရန် ရှမ်းပြည် မြစ်ချောင်းများအတွက် လှုပ်ရှားမှု (ASSR)က အရင်းအနှီမြုတ်နှံသူများကို တိုက်တွန်းလိုက်ပါသည်။ ထိုရေဂါတာများ ဆက်လက်လုပ်ဆောင်နေခြင်းသည် ရာစုနှစ်ချီကြာနေသည့် ပဋိပက္ခကို မီးမွေးပေးရာကျခါ ဒေသခံပြည်သူများ၏ဘဝကို ဘေးအန္တရာယ် ပိုကျရောက်စေပါသည်။

ဆက်သွယ်ရန်

စိုင်းခေးရှဲန်                    +95: 926-436- 2973          (ရှမ်း, အင်္ဂလိပ်, မြန်မာ)

နန်းစံတောင်း                  +66: 81-603-6655            (ရှမ်း, ထိုင်း, အင်္ဂလိပ်)

စိုင်းဟော်ရှဲန်                  +66: 62- 941-9600            (ရှမ်း, အင်္ဂလိပ်)

စိုင်းရွက်လွင်                 +66: 97- 143-1530            (ရှမ်း, မြန်မာ)

PDF Files: >>> Shan Burmese English Thai

ထုတ်ပြန်ချက်