အစိုးရစစ်တပ်၏ဒရုန်းများပျံခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်းတို့ကြောင့်ရှမ်း-ထိုင်းနယ်စပ်တလျှောက်ရှိ ပြည်တွင်းဒုက္ခသည် များကို ကြောက်ရွံ့ထိတ်လန့်စေသည်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေညာချက်

၄ ရက် အောက်တိုဘာလ ၂၀၁၈ ခုနှစ်

အစိုးရစစ်တပ်၏ဒရုန်းများပျံခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်းတို့ကြောင့်ရှမ်း-ထိုင်းနယ်စပ်တလျှောက်ရှိ ပြည်တွင်းဒုက္ခသည် များကို ကြောက်ရွံ့ထိတ်လန့်စေသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်အနီး မြန်မာနယ်စပ် လွယ်လမ်၌ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတခု ရှိ သည်။ မိုင်းထားမှ သံလွင်မြစ်အထိ လမ်းဖောက်လုပ်ခြင်းပြီးစီးတော့မည်ဖြစ်ရာ မြန်မာအစိုးရတပ် မှ ဒရုန်းဖြင့် ၄င်းအနီးတဝိုက်တွင်ပျံသန်းမှုပြုလုပ်ခဲ့သောကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များအား စိုးရိမ် ထိတ် လန့်မှု ဖြစ်စေခဲ့ သည်။

၁၆.၀၉.၂၀၁၈ ရက်နေ့တွင် အစိုးရစစ်တပ် ခလရ (၂၉၃) မှ ဒရုန်းဖြင့် နယ်စပ်တလျှောက် လွတ်တင်ခဲ့ သည်။ ၂၃.၀၉.၂၀၁၈ ရက်နေ့တွင် ၄င်း ခလရ (၂၉၃) သည် ဒုတိယအကြိမ် နယ်စပ်တလျှောက် ဒရုန်းကို ထပ်မံလွှတ် တင်ပြီး စစ်ကား(၇) စီးဖြင့် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင် ဦးဆောင် သော အဖွဲ့သည်မိုင်း တော့ကို ခလရ (၂၉၃) တပ်ရှိရာ မှရောက်ရှိလာခဲ့သည်။

အစိုးရစစ်တပ် လွှတ်တင်သော ဒရုန်း ယာဉ်သည် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ ထိန်းချုပ်ရာနယ်မြေဖြစ်ပြီး၊ လွယ်လမ်စစ်ဘေးရှောင်ဒုက္ခသည် အ ယောက် (၂၀၀) ကျော်ကို လုံခြုံရေးပေးနေသောနေရာလည်းဖြစ်သည်။

၄င်းနယ်မြေများသည် မိုင်းထားနယ်များဖြစ်ပြီး မိုင်းတုံမြို့နယ်ခွဲဖြစ်သည်။ ထိုနယ်မြေများတွင် အစိုးရ တပ် နှင့် UWSA ဝတပ်ဖွဲ့တို့ စစ်အင်အားဖြည့်တင်းထားပြီး တပ်စွဲထားကြသောဒေသလည်းဖြစ်သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)သည် ၂၀၁၁ ခုနှစ် နှစ်ဖက်သတူစာချုပ် လက် မှတ် ရေးထိုး ပြီး ၂၀၁၅ ခု တွင် တနိုင်ငံလုံးအပစ် ခတ်ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့ အစည်းဖြစ်သည်။ နှစ်ဖက် သဘော တူလက်မှတ်ရေးထိုးထားရာတွင် မိုင်းထားနှင့် ဟိုမိန်းသည် (RCSS/ SSA)တို့ ထိန်းချုပ်ရာနယ်မြေအဖြစ် ထည့်သွင်းထားသော်လည်း ၄င်းနယ်မြေအတွင်း၌တပ်စွဲထားသော အစိုးရတပ်များ ဆုတ်ခွာပေးခြင်း မရှိသည့်အတွက် ဘာမျှ အကောင်အထည်မဖော်နိုင်ပါ။၄င်းနယ်မြေ ဒေသများတွင် အစိုးရတပ်နှင့် UWSA တပ်တို့ တပြိုင်နက်တည်း စစ်အင်အားဖြည့်တင်းခြင်း တပ်စခန်း ငယ်များတိုးချဲ့ကြခြင်းဖြင့် ယခုဆိုလျှင် လွိုင်လမ်ရဲ့ အရှေ့ဖြတ်၍ ပိန်းလုံ၊ လတ်တျန်နှင့် အနောက် ဘက် ရှိ RCSS/SSA လွိုင်တိုင်းလျန်းရဲ့ ဌာနချုပ်တို့ကြားဖြစ်တဲ့ နယ်စပ် (၄၀) မီတာတ လျှောက်တွင် UWSA တပ်စခန်း စုစုပေါင်း (၄၀) ပင်ကျော်လာခဲ့ပါ ပြီ။

အစိုးရတပ်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့်အပစ်ခတ်ရပ်စဲထားပြီး နောက် မိုင်းထား မှသံလွင်မြစ်၏တဘက်ကမ်းအထိ လမ်းတိုး ချဲ့ဖောက်လုပ်နေပြီး ၄င်းလမ်းပြီး ပါက မိုင်းပန်အထိ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။ ၄င်းတို့ရည်ရွယ်ချက်မှာ မိုင်းပန်တွင် အခြေ စိုက် တပ် စွဲထားသော စကခ (၁၇) မှ စစ်လက်နက်ခဲယမ်းများ သယ်ဆောင်ရာတွင် လွယ်ကူသွားခါ ၄င်းတပ်ကို လည်း တပ်ရင်း တပ်မအဖြစ် တိုး ချဲ့ပြောင်းလဲရန်သာဖြစ်သည်။

ယခုအခါ အစိုးရတပ်ဖောက်လုပ်လျက်ရှိသော ၄င်းလမ်းသည် မကြာခင်အချိန် တွင်ပြီးစီး တော့မည် ဖြစ်ရာ အစိုးရတပ်တို့စီမံထားသည့်အတိုင်း စစ်လက်နက်ခဲယမ်း သယ်ဆောင်ရာတွင် အလွန်လွယ် ကူ သွားပြီး စစ်အင်အားလည်း ထပ်မံဖြည့်တင်းလာမည်ဖြစ်ရာ ထိုနယ်စပ်တလျှောက်တွင် အစိုးရတပ်နှင့် သျှမ်း ပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ ကြီးမားသောစစ်ပွဲများ မလွဲမသွေ ဖြစ်လာ ဖွယ်ရှိနိုင်သည်။ ဒီလမ်း သစ်သည် အရင်းအနှီးမြုပ်နှံမှုကို ကာကွယ်ပေးရန်ဖြစ်သည်။ ဥပမာအားဖြင့် သံ လွင်မြစ်ပေါ်တွင် တည်ဆောက် ရန် စီမံထားသည့် မိုင်းတုံ ရေကာတာဆောက်လုပ်ရေးအတွက် ၂၀၁၈ နှစ် အစောပိုင်းကတည်းကလျှိုဝှက် လေ့လာရေးလုပ်နေသည့် (Three Gorges Corporation) မှတရုတ် အင် ဂျင်နီယာများကို လုံခြုံရေးပေး ပုံမျိုးဖြစ်သည်။

ရှမ်းပြည်ပြန်လည်းထူထောင်ရေးကောင်စီ (RCSS/SSA) သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲ ရေး (NCA) လက်မှတ် ရေး ထိုးထားသော်လည်း အစိုးရတပ်နှင့်မကြာခဏ တိုက်ပွဲများဖြစ်နေကြဆဲဖြစ်သည်။ ၂၆၊ ၉၊ ၂၀၁၈ ခုနှစ်တွင် ကွန်ဟိန်းမြို့နယ်၊ ကျိုင်းလုံးကျေးရွာအုပ်စု တွင် အစိုးရတပ် ခမရ (၃၃၂)သည် အင်အား (၈၀) ကျော်လက်နက်ကြီး များဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)အား စတင် တိုက် ခိုက်ခဲ့သေးကြောင်းသိရသည်။ ထိုဒေသသည် မိုင်းတုံရေကာတာ ဆောက်ပါက ရေအောက်သို့ ရောက်မည့် ဒေသဖြစ်သည်။ ကွန်းဟိန်းဆိုသည်မှာ ကျွန်းတထောင်ဟု အဓိပ္ပါယ်ရှိသည်။ သံလွင်မြစ်ထဲ စီး ဝင်သော နမ့်ပန်မြစ်တွင် ကျွန်းများစွာရှိသည်။

မိုင်းတုံရေကာတာသည် တရုတ်နှင့်ထိုင်းတို့ ပူးပေါင်းပြီး ရှမ်းပြည်ရှိ သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် စီမံ လျက် ရှိသော ရေကာတာသုံးခုအနက်အ ကြီးဆုံးရေကာတာဖြစ်သည်။ လျှပ်စစ်အားမဂ္ဂဝပ် ၉၀% နှုန်း ကို ထိုင်းနိုင်ငံသို့ပို့ဆောင်မှာဖြစ်သည်။ မြန်မာနိုင်ငံ၏အာဏာရ NLD ပါတီ၏ ဗဟိုကော်မတီဝင် ၁၈ ဦး သည် ပြီးခဲ့သည့်လက ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့သွား၍ Three Gorges ရေကာတာသို့ သွားခဲ့ သည်။

ဗိုလ်မှူးချုပ် ခင်လှိုင်သည် တြိဂံဒေသ တိုင်းမှူးအဖြစ် ပြောင်းရွေ့လာခဲ့သည်မှာ ၂၀၁၈ ခု ဧပြီလအ တွင်း က ဖြစ်သည်။ သူသည် တြိဂံဒေသ စစ်တိုင်းမှူးအဖြစ် ရောက်မလာမှီ နံမည်ဆိုးသည့် တပ်မ ၉၉ တွင် တပ် မမှူး၊ အရှေ့ မြောက် ပိုင်းတိုင်းမှူးအဖြစ်တာဝန်ယူခဲ့သည်။

ဗိုလ်မှူးချုပ် ခင်လှိုင်သည် ၂၀၁၆ ခု နိုဝင်ဘာ တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းကိုး၌တာဝန် ထမ်း စဉ် သူ့အမိန့်ဖြင့် စစ်ရာဇဝတ်မှုချိုးဖောက်ခဲ့သည့်အတွက် ၁၇၊ ၈၊၂၀၁၈ တွင်အမေရိကန်မှ၄င်း အား နံမည် ပျက် စာရင်းသွင်းထားခြင်း ခံရသည်။ ၄င်းအသုံးပြုသော Facebook အကောင့်သည် ပြဿနာ ဖန်တီး သော အမုန်းစကား အကောင့် ဖြစ်သဖြင့် Facebook စည်းမျဉ်းနှင့်မညီသည့် အတွက် Facebook ကုမ္ပဏီ မှဖျက်သိမ်းလိုက်သော အကောင့် ၁၈ ကောင့်တွင် ဗိုလ်မှူးချုပ် ခင်လှိုင်အသုံးပြုသော Facebook အ ကောင့်အပါအဝင်ဖြစ်သည်။

ဗိုလ်မှူးချုပ် ခင်လှိုင်

လွယ်လမ်စစ်ဘေးရှောင်ဒုက္ခသည်စခန်းသည် ရှမ်းပြည်တွင်းတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင် လာသော ဒုက္ခသည်စခန်းများထဲကတခုဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းပေါင်း ၆ ခုရှိ သည်။ ဒုက္ခသည်ဦး ရေမှာ (၆၀၀၀)ကျော်ရှိသည်။ အများဆုံးမှာ အမျိုးသမီးများနှင့်ကလေး သူငယ်များ ဖြစ်ကြသည်။ စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီထောက်ပံ့နေကြသော ပြည်ပနိုင်ငံများမှ အလှူရှင် များသည် အောက်တိုဘာလ ၂၀၁ရ ခုနှစ် တွင်အကူအညီ ရပ်ဆိုင်းထားခဲ့သည်။ အစိုးရတပ် ဖန်တီးသော စစ်ပွဲများကြောင့် ရှမ်းပြည်နယ်တွင် စစ်ပွဲများ မငြိမ်သက်နိုင်သေးပါ။ ထိုကြောင့် ဤဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်ဒုက္ခသည်များသည် မိမိတို့နေရပ်သို့ မပြန် နိုင်ကြသေးဘဲ သောင်တင်လျက်ရှိနေပါသည်။

 

 

 

 

ဆက်သွယ်ရန်

နန်းစံတောင်း                +66: 81-603-6655       (ရှမ်း၊ ထိုင်း၊ အင်္ဂလိပ်)

စိုင်းဟော်ရှဲန်                 +66: 62- 941-9600       (ရှမ်း၊ အင်္ဂလိပ်)

စိုင်းရွက်လွင်                 +66: 97- 173-1530      (ရှမ်း၊ မြန်မာ)

စိုင်းရှဲန်တိုင်း                 +66: 81- 474-5604      (ရှမ်း၊ မြန်မာ)

PDF Files >>> Shan Burmese English Thai

ထုတ်ပြန်ချက်