ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်း ဒေသခံ ရှမ်းရွာသားနှစ်ဦးအား အစိုးရတပ် (ခလရ-၂၇၈)မှ ညှဉ်းပန်းနှိပ်စက်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်း

စတင်ဘာလ ၂၃ ရက်နေ့ ၂၀၁၉ ခုနှစ်

ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းဒေသခံ ရှမ်းရွာသားနှစ်ဦးအား အစိုးရတပ်(ခလရ-၂၇၈)မှ ညှဉ်းပန်းနှိပ်စက်

အစိုးရတပ်ခြေလျင်တပ်ရင်း(ခလရ-၂၇၈)မှ တပ်သားများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းပျဉ်း မြို့နယ်ရှိ ရွာသားနှစ်ဦးကိုဖမ်းဆီးပြီးရှမ်းလက်နက်ကိုင်အဖွဲ့ရဲ့လှုပ်ရှားမှုသတင်းတွေကိုလျှိုဝှက် ထားသည်ဟု စွပ်စွဲကာ ၄င်းရွာသားနှစ်ဦးရဲ့ ရင်ဘတ်အားခြေထောက်ဖြင့်ကန်။

၁၂.၉.၂၀၁၉ မနက် ၁ဝ နာရီအချိန်တွင် မိုင်းဆတ်အခြေစိုက် အစိုးရတပ်ဖြစ်သည့် (ခလရ-၂၇၈)ခြေ လျင် တပ်မှ တပ်သားအင်အား ၁ဝဝ ကျော်သည် မိုင်းပူးလုံ/မိုင်းပုကြီး တိုက်နယ်ရှိ လွမ်းကျောက်ရွာ ဘက်သို့ ဝင် ရောက်သွားကြသည်။ ၄င်းတပ်သည် နှစ်ဖွဲ့ခွဲကာ တဖွဲ့သည် ရှမ်းလက်နက် ကိုင်အဖွဲ့ကို ရှာဖွေရန်တော တွင်းပိုင်းသို့ထွက်သွားကာ ကျန်တဖွဲ့သည် ရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

ရွာအတွင်းတွင် စခန်းချထားကြပြီး ရွာသားဖြစ်သည့်လုံးစန္ဒအား “ရှမ်းစစ်သားတွေ တွေ့မိသေးလား” ဟု မေးမြန်းခဲ့ကြောင်း၊ လုံးစန္ဒက “ရှမ်းစစ်သားများ မတွေ့မိပါကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

ထိုနေ့ညနေ ၆ နာရီအချိန်တွင် တောတွင်းသို့ထွက်သွားသော အဖွဲ့သည် လွမ်းကျောက်ရွာ၏ အရှေ့ ဘက် မဝေးသောနေရာတနေရာတွင် ရှမ်းလက်နက်အဖွဲ့များ စခန်းချထားသည့်နေရာဟောင်းတခုကို တွေ့ရှိပြီး ရွာတွင် စခန်းချထားသော အဖွဲ့ကို သတင်းပို့သည်။ ထိုနောက် ရွာတွင်စခန်း ချထားသော အဖွဲ့က ရွာသား နှစ်ဦးဖြစ်သည့် လုံးစန္ဒနှင့် လုံးဇေယ တို့ကို ခေါ်ယူပြီး ၄င်းတို့အဖွဲ့ရှိရာ တောတွင်းသို့ ခေါ်ဆောင်သွားခဲ့ သည်။

တောင်တွင်းမှ ရှမ်းလက်နက်ကိုင်အဖွဲ့တို့ စခန်းချခဲ့သောနေရာသို့အရောက်တွင် “ဒီမှာရှမ်းလက်နက် အဖွဲ့ တွေ စခန်းလာချကြတာ ခင်ဗျာ့တို့ရွာနဲ့ နီးနီးလေး ဒါကို ခင်ဗျာ့တို့မသိကြဘူးလား” ဟု ပြောဆိုပြီး ၄င်းရွာ သားနှစ်ဦးကို ထိုင်ခိုင်းပြီး ခြေထောက်ဖြင့် ရင်ဘတ်ကို လေးချက်တိတိ ကန်ကျောက်ခဲ့သောကြောင့် ရွာ သားနှစ်ဦးသည် လဲကျသွားကြသည်။

၄င်းနောက် ဓားဖြင့်လုံးစန္ဒ၏ပုခုံးပေါ်ကို ထောက်ထားပြီးနှစ်ဦးစလုံးကို မတ်တပ်ရပ်ထခိုင်းကာ လက်ပြန် ကြိုးဖြင့် တင်းကြပ်အောင် တုပ်နှောင်ပြီး လွမ်းကျောက်ရွာသို့ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ရွာသို့ပြန်ရောက်လာစဉ် ၄င်းရွာသားနှစ်ဦးတို့၏ ဇနီးနှင့်သားသမီးများက အော်ဟစ် ငိုယိုနေကြသဖြင့် အ စိုးရတပ်က ၄င်းနှစ်ဦးကို ည ၈း၃ဝအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။

ယင်းညတွင် ခြေလျင်တပ်(ခလရ-၂၇၈)သည် လွမ်းကျောက်ရွာတွင် တညစခန်းချခဲ့ကြကြောင်း တပ် သား တချို့ကရွာ့အပြင်တွင်နေကြပြီး အချို့က ရွာအတွင်းတွင်အိပ်ကြကြောင်း၊ ၄င်းနောက် ၁၃.၉.၂၀၁၉ မနက် ၁ဝးနာရီအချိန်တွင် လွမ်းကျောက်ရွာမှ ပိန်းဆန်းရွာ၏တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွား သည်။

လုံးစန္ဒ အသက်(၅၄)နှစ်၊ ဇနီး ပါ့နန်းဆိုင်လူတို့သည် လွမ်းကျောက်ရွာတွင် နေထိုင်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်စားသောက်ကြသည်။ အစိုးရတပ်(ခလရ-၂၇၈)တို့ ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ရင်ဘတ် အောင့် ပြီး အသက်ရှူကြပ်သည့်ဝေဒနာခံစားနေရသဖြင့် ကျိုင်းတုံမြို့ရှိဆေးရုံတွင် ဓါတ်မှန်ရိုက်ပြီး ဆေး ကုသမှုခံယူနေရ သည်။

လုံးစိုင်းဇေယ အသက်(၄၀)နှစ်၊ ဇနီး ပါ့နန်းခမ်း၊ လွမ်းကျောက်ရွာတွင်နေထိုင်ပြီး၊ လယ်ယာများလုပ်ငန်း လုပ်ကိုင်စားသောက်ကြသည်။

လွမ်းကျောက် ရွာသည် မိုင်းဆတ်ခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပူးလုံ/မိုင်းပုကြီး တိုက်နယ်တွင် တည်ရှိပြီး အိမ်ခြေ (၂၁)အိမ်၊ လူဦးရေ(၈၀)ဦးရှိသည်။

အစိုးရစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်နေသည်မှာ (၁၅.၁၀.၂၀၁၅)ခုနှစ်တွင်တနိုင်ငံလုံး အပစ် ခတ် ရပ်စဲရေး(NCA)လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော် (RCSS/SSA)တို့ လှုပ်ရှားရာနယ်မြေ တွင် ဖြစ်ပွားနေသည်ကို တွေ့ရပါသည်။ တဖန် လူ့ အခွင့် အရေးချိုးဖောက်မှုသည် သျှမ်းပြည် ပြန် လည်ထူထောင်ရေး ကောင်စီ/ သျှမ်း ပြည် တပ်မတော် (RCSS/SSA) တို့ နှင့် အ မျိုး သားပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်း ချမ်း ဖော် ဆောင်ရေးအဖွဲ့ (NRPC)၊ အစိုး ရ တပ်ကိုယ်စားလှယ် တို့ (၁၀.၉.၂၀၁၉) ရန်ကုန်မြို့တွင်၂ ရက်အကြာ တွေ့ဆုံမှုပြီး သည့် နောက်ပိုင်း ဖြစ် ပွားခဲ့သောလူ့အခွင့် အရေး ချိုးဖောက်မှုဖြစ်သည်။

၃၁.၈.၂၀၁၉ တွင် အစိုးရတပ်ဘက်က ၂၁.၉.၂၀၁၉ အထိ ရှမ်းပြည်အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် အပါ အဝင် စစ်တိုင်း ၅ တိုင်း ကိုတဖက်သတ်အပစ်ခတ်ရပ်စဲထား ကြောင်းထပ်မံထုတ်ပြန်ကြေငြာထား ပါ သည်။

ဆက်သွယ်ရန်                  

စိုင်းဟော်ရှဲန်        +66: (0) 63-389-5088

စိုင်းရွက်လွင်        +66 (0) 97-173-1530

 

PDF Files: >>> Shan Burmese English

ထုတ်ပြန်ချက်