တာချီလိတ်တွင် ပတ်ဝန်းကျင်ညစ်ညမ်းစေမည့် စက်ရုံကြီးများတည်ဆောက်ရန် UWSA ‘ဝ’ တပ်ဖွဲ့ လုပ်သား များက ကျေးရွာသားတို့ပိုင် စိုက်ခင်းများ ရှင်းလင်းသုတ်သင်နေ

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

စက်တင်ဘာလ (၂၉) ရက်၊ ၂၀၂၁ ခုနှစ်

တာချီလိတ်တွင် ပတ်ဝန်းကျင်ညစ်ညမ်းစေမည့် စက်ရုံကြီးများတည်ဆောက်ရန် UWSA ‘ဝ’ တပ်ဖွဲ့ လုပ်သား များက ကျေးရွာသားတို့ပိုင် စိုက်ခင်းများ ရှင်းလင်းသုတ်သင်နေ

စက်တင်ဘာလ ၆ ရက် မှစ၍ တာချီလိတ်မြို့ပြင် အရှေ့ဖက်တွင် စကစ စစ်တပ်မှ သိမ်းဆည်းထားသော ကျေးရွာ သားတို့ပိုင် ဧက 10 ခန့်ကျယ်ဝန်းသည့် မြေယာကို ‘ဝ’ တပ်ဖွဲ့ပိုင် ဟုန်ပန်းကုမ္ပဏီ အလုပ်သမား 60 ကျော်တို့က စက်ရုံများတည်ဆောက်ဖို့ စတင်ရန် ရှင်းလင်းလိုက်သည်။

ဟုန်ပန်ကုမ္ပဏီ လက်အောက်ခံ လွိုင်ဆမ်ဆောင်းကုမ္ပဏီက ထိုင်းနိုင်ငံ နယ်နိမိတ်နှင့် ၁ ကီလိုမီတာခန့်သာ ခြား သည့် နမ့်ဟုတ်မြစ်ကမ်းနံဘေးရှိ မြေယာဧက ၁၀၀ အကြယ်အဝန်း အကွက်တွင် မန်းဂနိစ်သန့်စင်စက်ရုံ နှင့် ရော် ဘာသန့်စင်စက်ရုံ တည်ဆောက်ရန် စစ်စဉ်နေသည်။ ယင်းမြေနေရာတွင် ဆွေစဉ်မျိုးဆက် သီးနှံစိုက်ပျိုးခဲ့ကြသည့် ဒေသခံလူထုက ယင်းတည်ဆောက်မည့် စက်ရုံမှ လေထု ရေထုညစ်ညမ်းမှုဖြစ်လာမှာ စိုးရိမ်နေတာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

ဒီနှစ် မေလ နှင့် ဇွန်လ က ကုမ္ပဏီဘက်မှ အဆိုပါမြေကွက်ကို ခြံစည်းရိုးခတ်ရန်ကြိုးစားခဲ့ရာ ဒေသခံလူထုက ဖြိုဖျက်နိုင်ခဲ့သည်သာမက ဆောက်လုပ်ရေးများလည်း ရပ်တန့်စေနိုင်ခဲ့သည်။ ဒီတခါမှာတော့ ‘ဝ’ တပ်ဖွဲ့ အလုပ် သမား အများအပြား ‌ရောက်လာကြပြီး ရွာသားများအား တုတ်ဓားကိုင်ဆောင်ကာ ခြိမ်းခြောက်သည်။ အလုပ်သ မားတို့က ရွာသားတို့စိုက်ပျိုးထားသော မယ်ဇလီပင်များ ဟင်းသီးဟင်းရွက် စိုက်ပျိုးထားသည့် ခြံများ မြေတူးစက် ကြီးများဖြင့် ဖျက်ဆီးရှင်းလင်းလိုက်သည်။

စက်တင်ဘာလ ၇ ရက်နေ့စွဲဖြင့် ကျေးရွာသားများက တာချီလိတ်ရဲဌာနသို့ ၎င်းတို့ပိုင်ဆိုင်သည့်မြေယာများ ကျူး ကျော်မှု မပြုပါရန် တိုင်တန်းစာ ပေးပို့ခဲ့သော်လည်း အကြောင်းမထူးခဲ့ပါ။

စက်တင်ဘာ ၁၁ ရက်နေ့တွင် ကုမ္ပဏီ ဘက်က လယ်သမားတို့၏ ကိုယ်စားလှယ်များကို ရဲစခန်းသို့ ခေါ်တွေ့ရာ မြေကွက်တစ်ဧကလျှင် ဘတ် 300,000 (ကျပ်ငွေ သိန်း 148.5 / အမေရိကန် ဒေါ်လာ 9,000 ခန့်) ပေးမည်ဟု အဆို ပြုရာ ယင်းနှုန်းသည် လက်ရှိမြေကွက် ပေါက်ဈေးထက် များစွာလျော့နည်းနေပါသည်။ ယင်းအဆိုကို လယ်သမား များက လက်မခံပါ။ သူတို့က ကုမ္ပဏီကို 50 ဧကသာယူပြီး ကျန်ရှိသည့် ဧက 50 ကို လယ်သမားတို့အား ပြန်ပေး ရန် တောင်းဆိုသည်။ သို့သော် ကုမ္ပဏီက လက်မခံပါ။ ၎င်းအစည်းအဝေး၌ ပါဝင်သည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး မှူးက လယ်သမားတို့ဘက်တွင် ဘာမျှကူညီပြောဆိုခြင်း မရှိပါ။

ဒေသခံ လယ်သမားများ၏ အခွင့်အရေးကို ချိုးဖေါက်မှု၊ ထိုင်း-မြန်မာ နှစ်ဖက်နိုင်ငံ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုင် ရာ ခြိမ်းခြောက်မှု ရှိနေလင့်ကစား အရာရှိများသည် ‘ဝ’ တပ်ဖွဲ့ဘက်သို့ လိုက်ပါရပ်တည်ပေးနေသည်ကိုမူ ထင်ရှား လှပေသည်။ ကျွန်တော်တို့ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ၎င်းစက်ရုံ တည်ဆောက်မှုစီမံချက်များအားလုံး ချက်ချင်း စွန့်လွှတ်ပြီး မြေယာများကို ပိုင်ဆိုင်သင့် ပိုင်ဆိုင်ထိုက်သူ/ပိုင်ရှင်အမှန်ဖြစ်သူများထံ ပြန်လည်ပေးအပ်ရန် ထပ်မံ တောင်းဆိုသည်။

အသေးစိတ် ဖြစ်စဉ်

6 စက်တင်ဘာလ 2021

မနက် 9.00 ခန့် အချိန်တွင် ဟုန်ပန်းကုမ္ပဏီမှ အလုပ်သမား ၆၀ ကျော်တို့က တာချီလိတ် အရှေ့ပိုင်း ဟောင်လိတ် စိုက်ခင်း မြေယာသို့ ထရပ်ကားများဖြင့် ရောက်လာကြသည်။ မြေညှိစက်ကြီးများ အသုံးပြုကာ မယ်ဇလီစိုက် ခင်း များနှင့် သီးနှံစိုက်ခင်းများကို ဖယ်ရှားလိုက်ကြသည်။ ‘ဝ’ တပ်ဖွဲ့ လုပ်သားများက တုတ် ဓား ကိုင်ဆောင်ပြီး သူတို့ အား တားဆီးရန် ကြိုးစားနေကြသော လယ်သမားများကို ဝှေ့ရမ်း ခြိမ်းခြောက်နေလေသည်။ ထိုလုပ်သားများက သူတို့ချင်း ‘ဝ’ ဘာသာစကား ပြောဆိုနေကြကာ အရပ်သားဝတ် ‘ဝ’တပ်သားများ ဖြစ်ဟန်တူပါသည်။

လယ်သမားများက “မည်သူက မြေနေရာတွေ ရှင်းလင်းဖို့ စေခိုင်းသလဲ” သူတို့အားမေးမြန်းရာ ‘အထက်ကအရာရှိ အမိန့်အတိုင်း နာခံလုပ်ဆောင်သာဖြစ်ကြောင်း’ ပြန်ဖြေသည်။

ကုမ္ပဏီမှ မြေနေရာများကို ဘူဒိုဇာဖြင့် ဖျက်ဆီးနေစဥ်

နေ့လည်ပိုင်းတွင် အလုပ်သမားတို့၏ ဘော့စ် လို့ထင်ရသည့် တရုတ်စကားပြော နီခန်း ဆိုသူက စာရွက်တစ် ရွက်နှင့် ရောက်လာပြီး အစိုးရထံမှ စီမံချက် စတင်ရန် ခွင့်ပြုချက်ရထားပြီး ဖြစ်ကြောင်း လယ်သမားတို့အား ပြလေသည်။ လယ်သမားတို့ဖတ်ကြည့်ရာ 1999 ခုနှစ်ရက်စွဲဖြင့် ဟုန်ပန်းကုမ္ပဏီမှ အစိုးရထံသို့ မြေယာကို အသုံးပြုခွင့်ပေးရန် တင်ထားသည့် လျှောက်လွှာပုံစံသာဖြစ်ကြောင်း သိရသည်။

ဤကာလအတွင်း ရဲကားဖြင့် ရောက်လာသည့် ရဲသား ၂ ယောက်က အနီးအနားတွင် ကားထိုးရပ်လျက် ကုမ္ပဏီ လုပ်သားများ မြေနေရာကို ရှင်းလင်းသုတ်သင် နေတာကို ကြည့်နေကြသည်။ ကားပေါ်မှ မဆင်းပဲ ၅ မိနစ်ခန့် အ ကြာတွင် ကားမောင်းထွက်ခွါသွားသည်။

နီခန်း

နေ့ခင်း 1.00 နာရီခန့်တွင် လယ်သမားများက ကုမ္ပဏီ၏ လုပ်ရပ်ကို ဟောင်လိတ် ရဲစခန်းသို့ တိုင်ကြားသည်။ ရဲစခန်းတွင် တာဝန်ရှိ ရဲအရာရှိက ၎င်း၏ရာထူးကို လာရောက်ထမ်းဆောင်တာ မကြာသေးကြောင်း သူ့အနေဖြင့် ယင်းကိစ္စတွင် တစ်စုံတစ်ရာ သိထားခြင်းမရှိကြောင်း ပြောပါသည်။ ရဲမှူးက အခြေအနေစုံလင်စွာရှင်းပြရန် ပြောသော်လည်း နောက်ဆုံးတော့ ကိုဗစ်-၁၉ ရောဂါကြောင့် အစိုးရရုံးတွေ ပိတ်ထားတာမို့လို့ သူ့အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း ပြောသည်။

ကုမ္ပဏီ၏ လုပ်သမားများက ညနေ 6.00 နာရီအထိ စိုက်ခင်းများကို သုတ်သင်ရှင်းလင်းပြီး ပြန်သွားကြသည်။

7 စက်တင်ဘာလ 2021

‘ဝ’ တပ်ဖွဲ့အလုပ်သမားများ စိုက်ခင်းသို့ ထပ်မံရောက်လာကာ နေ့စဉ်ရက်ဆက် ရှင်းလင်းနေလေသည်။

လယ်သမား ၄၅ ဦး တို့က တာချီလိတ်မြို့နယ်ရှိ ဌာနဆိုင်ရာ အစိုးရအုပ်ချုပ်ရေးမှူးများ (ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်အဆင့် မြေယာဦးစီးဌာန နှင့် ဒေသဆိုင်ရာ ရဲစခန်း အပါအဝင်) ထံသို့ ဟုန်ပန်းကုမ္ပဏီ၏ မြေယာကျူးကျော်မှု လုပ်ရပ်ကို တိုင်တန်းစာပေးပို့ထားသည်။ အရေးယူပေးပါရန် တောင်းဆိုထားသော်လည်း ယခုချိန်ထိတော့ အ ကြောင်းပြန်ကြားခြင်း မရှိသေးပါ။

ရွာသားများတို့ပိုင်ဆိုင်သည့်မြေနေရာပေါ်တွင် ထမင်းစားနေကြတဲ့ ဝတပ်ဖွဲ့တို့အလုပ်သမားများကို တွေ့ရစဥ်

8 စက်တင်ဘာလ 2021

‘ဝ’ တပ်ဖွဲ့အလုပ်သမားများက စိုက်ခင်းများကို ဆက်လက်ရှင်းလင်းနေလျက်ရှိပြီး ခုတ်လှဲထားသည့် သစ်ပင်များ ကိုလည်း ရှင်းပစ်လိုက်သည်။

9 စက်တင်ဘာလ 2021

မွန်းလွှဲပိုင်းအချိန်တွင် စိုင်းနော်ခမ်းဆိုသူ ဟုန်ပန်းကုမ္ပဏီ၏ မန်နေဂျာ တစ်ယောက်သည် မြေနေရာသို့ရောက် ရှိလာပြီး လယ်ယာပိုင်ရှင်တို့အား– “ခင်ဗျားတို့က မြေပိုင်ရှင်တကယ် ဟုတ်မဟုတ် စာရွက်စာတမ်းနဲ့ သက်သေ ပြပါ။ ရဲစခန်းကိုလာပြီး ကျွန်‌တော်တို့နဲ့ လာစကားပြောပါ။ စက်တင်ဘာ ၁၁ ရက်နေ့ကျရင် မြေတိုင်းအရာရှိပါ ခေါ်လာခဲ့။ ကုမ္ပဏီ နဲ့ မြေယာပိုင်ရှင်တို့ကြား သဘောတူညီချက် လုပ်ရမယ်။ ပိုင်ဆိုင်ခွင့် မရှိတဲ့သူအစည်းအဝေး သို့ လာစရာမလိုဘူး” ဟု ပြောလေသည်။

11 စက်တင်ဘာလ 2021

မနက် 9.00 မှ 10.00 နာရီအချိန် – ကျေးရွာအုပ်စုဥက္ကဋ္ဌ၊ တာချီလိတ် ထွေအုပ်၊ လယ်သမား ကိုယ်စားလှယ် ၄ ဦး၊ ဟုန်ပန်းကုမ္ပဏီ မန်နေဂျာ ၃ ဦးတို့ ဟောင်လိတ်ရဲစခန်း ဆေခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေး ပြုလုပ်သည်။ ကိုဗစ်-၁၉ ကန့်သတ်ချက်ကြောင့် လယ်သမားတို့ဘက်က ၄ ဦးသာ တက်ရောက်နိုင်သည်။ ကျေးရွာ အုပ်စုဥက္ကဋ္ဌက ‌လေးဦးထက်ပို တက်ရောက်လျင် ဒဏ်တပ်မည်ဆိုသည့်အတွက်ကြောင့် လယ်သမား ၁၀ ဦးတို့က ရဲစခန်းအပြင်ဘက်တွင်သာ စောင့်ဆိုင်းနေရသည်။

ယင်းအစည်းအဝေးတွင် ဟုန်ပန်းကုမ္ပဏီမန်နေဂျာက မြေယာ တစ်ဧကကို ပိုင်ဆိုင်မှုစာရွက်စာတမ်းရှိသူ အဦးဆုံး မြေပိုင်ရှင်ကို ဘတ်ငွေ 300,000 ပေးမည်ဖြစ်ကြောင်း ပြောသည်။ လယ်သမားတို့က သူတို့ပိုင် မြေယာများ ရောင်း ချရန် ငြင်းဆန်သည်။ အကယ်၍ ကုမ္ပဏီက မြေယာဧက 50 ကို လယ်သမားတို့အား စိုက်ပျိုးခွင့်ပေးလျှင် လယ်သ မား ၆၉ ဦးတို့ ခွဲဝေကာ အသက်မွေးဝမ်းကြောင်းလုပ်နိုင်သည်၊ ကျန်ရှိသည့် ဧက 50 ကို ကုမ္ပဏီအားပေးမည်ဟု လယ်သမားတို့အချင်းချင်းကြား သဘောတူကြောင်း ပြောသည်။

သို့သော်လည်း ကုမ္ပဏီက လယ်သမားတို့၏ အဆိုကို ပယ်ချသည်။ ကုမ္ပဏီက ပြောသည်မှာ တကယ်လို့ ပေးထား သည့် ပိုက်ဆံ (တစ်ဧက = ဘတ် 300,000) လယ်သမားတို့က မယူလျှင်လည်း အစိုးရကထံမှ ခွင့်ပြုချက်ရထား ပြီး‌ဖြစ်တာကြောင့် ကုမ္ပဏီက မြေယာများ အားလုံးသိမ်းပြီး ဘာမှ ပေးမည်မဟုတ်ကြောင်းပြောသည်။

လယ်သမားတို့ဘက်ကတော့ မြေယာများရောင်းချရန် ငြင်းဆိုလျက် ကုမ္ပဏီ၏ စီမံချက်လုပ်ငန်းများ အားလုံးရပ် ဆိုင်းရန်နှင့် အစိုးရရုံးများ ပြန်ဖွင့်ချိန်ထိ စောင့်ဆိုင်းပြီး တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းမည်ဟု ပြောသည်။

ထိုနေ့တွင် အဖြေမရပဲ အစည်းအဝေးပြီးဆုံးသွားသည်။ အစည်းအဝေးတက်ရောက်သည့် အရာရှိများကလည်း မြေယာအငြင်းပွါးမှုပြဿနာကို ဖြေရှင်းဖို့ မကြိုးစားသလို လယ်သမားတို့ဘက်ကိုလည်း မရပ်တည်ပေးခဲ့ပါ။ တာချီလိတ် အုပ်ချုပ်ရေးမှူးက မရိတ်သိမ်းရသေးသည့် လယ်သမားတို့၏ စပါးစိုက်ခင်းများကို မဖျက်ဆီးကြ ရန်သာပြောသည်။

ယခုလက်ရှိ အချိန်ထိတော့ ကုမ္ပဏီအလုပ်သမားများက နေ့စဉ်နေ့တိုင်း မနက် 9.00 မှ ညနေ 6.00 နာရီထိ လုပ် မြဲလုပ်နေသည်။ မြေယာအကွက်တွင်ညအိပ်ညနေ မရှိပါ၊ အလုပ်သမားအားလုံးက တာချီလိတ်မြို့ထဲ ဝိန်းကျောက် ရပ်ကွက်တွင် နေထိုင်ကြသည်။ နေ့စဉ်နေ့တိုင်း တုတ်ဓားကိုင်ဆောင်ပြီး အလုပ်ခွင်လာဆင်း တာကြောင့် လယ်သ မားတို့က မရင်ဆိုင်ရဲပါ။

ဤမြေယာအငြင်းပွါးမှုကိစ္စနှင့် ပတ်သက်သည့် နောက်ခံသမိုင်းကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ရွှေတြိဂံ နမ့်ဟုတ် ချောင်းအား ကာကွယ်ပါ ထုတ်ပြန်ချက်တွင် ဖတ်ရှုနိုင်သည်။

 

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်     +66 94-728-6696                         (ရှမ်း၊ အင်္ဂလိပ်၊ ထိုင်း)

စိုင်းရွက်လွင်     +66: 97-173-1530                        (ရှမ်း၊ မြန်မာ)

PDF Files:

Shan Burmese English Thai

 

ထုတ်ပြန်ချက်