ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရသတင်းထုတ်ပြန်ချက်
ဇွန်လ ၁ ရက် ၂၀၁၆ ခုနှစ်
ကျောက်မဲမြို ့နယ်တွင်း အထက်ရဲရွာ ရေကာတာ ဆိုဒ်အနီးတွင် ဗမာအစိုးရစစ်သားတို့ က အရပ်သားတို့ကို ညှင်းပန်းနှိပ်စက်မှု၊ဥပဒေမဲ့ သတ်ဖြတ်မှုများ
ကျောက်မဲမြို့နယ်တွင်း အထက်ရဲရွာ ရေကာတာ ဆိုဒ်အနီးတွင် ဗမာအစိုးရစစ်သားတို့ က အရပ်သားတို့ကို ညှင်းပန်းနှိပ်စက်မှု၊ဥပဒေမဲ့ သတ်ဖြတ်မှုများအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် SSPP/SSA တို့တိုက်ခိုက်စဉ်အရပ်သား တို့ကို တိုက်ပွဲတွင်း လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။
မေလ ၂၀၁၆ ခုနှစ်မှ စပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်းရှိ အထက်ရဲရွာ ရေကာတာဆိုဒ်အနီးတွင် ဗမာစစ်အစိုးရတပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့နှင့်ရင်ဆိုင်တို်က်ခိုက်မှုမှ စပြီး ဗမာစစ်အစိုးရတပ်မတော် တို့က လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက် ခါ စစ်ရာဇဝတ်မှုကိုကျူးလွန်နေသည် ။
မေလ ၃ ရက်နေ့ ၂၀၁၆ ခုနှစ် ဗမာအစိုးရတပ်မတော် (ခမရ ၃၂၅၊ ၅၀၂၊ ၅၀၃ ၊၁၁၄) (၄)တပ် မှ စစ်သား (၅၀၀) တို့မှာ အကြောင်းကြား သတိပေးခြင်းမရှိပဲ ကျောက်မဲမြို ့တောင်ဘက်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)ဌာနချုပ် ရှိရာသို့ တိုက်ခိုက်သည်။
ဗမာအစိုးရတပ်တော်နှင့် ရှမ်းပြည််တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့မှာ အပစ်ခတ်ရပ်စဲထားသော်လည်း တစ်ကယ့်လက်ရှိတွင် (SSPP/SSA) တို့ နှစ်ပေါင်းများစွာ ကတည်းကပင် ထိုနေရာတွင်လှုပ်ရှားလာခဲ့သည်။
တစ်ပတ်ကျော် ပြီးနောက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့သည်။ ဗမာအစိုးရစစ်တပ်တို့ က မေလ ၁၃ ရက်နေ့တွင် စစ်ရဟတ်ယာဉ် ဖြင့် ရွာပေါင်း (၈)ရွာ ကိုဗုံးကျဲ ပြီး မေလ လယ်တွင် နေရာ အများ ကို ဗမာအစိုးရတပ်မတော် ခလရ ၂၃၊ (ခမရ ၅၀၁၊ ၅၀၄၊၁၁၅၊၁၇) စစ်သား (၁၀၀၀) လောက်က ထိန်းချုပ်ခဲ့သည်။ ရွာသူ၊ရွာသား (၁၀၀၀) တို့မှာ ၎င်းစစ်ပွဲတို်က်ခိုက်မှု တွေကြောင့် အခြားသို့ထွက်ပြေးတိမ်းရှောင်လိုက်ရသည်။
ဤစစ်ပွဲ အတွင်းတွင် ဗမာအစိုးရတပ်မတော််က လူ့အခွင့်အရေးချိုးဖောက်မှု တို့ကို စိုးရိမ်ဖွယ်ရာ ကျူးလွန်နေပြီး ရွာသား (၄၃) ယောက်တို့အပါအဝင် အမျိုးသမီး နှင့် အရပ်သားတို့ကို သူတု့ိအ ကာအကွယ် လူသားဒိုင်းအဖြစ်အသုံးချခဲ့သည်။ ရွာသား(၅) ယောက်တု့ိကိုညှင်းပန်းနှိပ်စက်ရိုက် နှက် ပြီး ဥပဒေမဲ့အရပ်သား(၃) ယောက်တို့ကိုသတ်ဖြတ်ခဲ့သည့်ပြင် နောက်အလောင်း (၅) ခုကိုတွေ့ရသည်။
အောက်တွင်ဖော်ပြထားသော ကျူးလွန်မှုတို့၏ အကျဉ်းချုပ်
ရက်စွဲ
|
ကျူးလွန်ခံရသူ | ကျူးလွန်မှုပုံစံ ကျူးလွန်ရာ နေရာ |
မေ ၁၁-၁၂ ရက် ၂၀၁၆
|
ရွာသား(၃၀) အပြင်အမျိုးသမီးအပါဝင် | အရပ်သားတို့ကိုလူသားဒိုင်းအဖြစ်လုပ် နမ့်အွန်ရွာမှ ဖါလျဲုမ်း
ကျောက်မဲမြို ့နယ် |
မေ ၁၃ရက်၂၀၁၆ | ရွာသား(၁) ဦး | စိတ်ဖောက်ပြန် အရပ်သားတို့ကို ဦးတည်ပြီး ရဟတ်ယာဉ် မှဗုံးကျဲ၊ပစ်ခတ်အက်ကြီးရွာ ကျောက်မဲမြို ့နယ်
|
မေ ၁၄ရက်၂၀၁၆ | ရွာသား (၅)ယောက် | ထင်တိုင်းဖမ်းဆီး၊ရိုက်နှက်၊ အဓမ္မ ပစ္စည်းထမ်းခိုင်း နမ့်ဖတ်
ကျောက်မဲမြို ့နယ် |
မေ ၁၄ ရက်
၂၀၁၆ |
ရွာသား (၃)ဦး (၁)ဦး
ဒဏ်ရာရရှိ |
ဥပဒေမဲ့သတ်ဖြတ်(မီးရှိူ ့သတ်ဖြတ်မှု အလောင်း) နမ့်ဖတ်ရွာ
ကျောက်မဲမြို ့နယ် |
မေ ၁၄ရက်
၂၀၁၆ |
အိမ်ခြေပေါင်း (၉၇)အိမ်ခန့် | ရွာသူ၊သား တို့၏ အစားအစာ၊တစ်ခြားပိုင်ဆိုင်မှု အပြင် အိမ်(၂)အိမ် မီးရှိူ ့နမ့်ဖတ်၊အက်ကြီး၊ ဝိုးလုံရွာကျောက်မဲမြို ့နယ်
|
မေ ၁၈-၁၉ရက်
၂၀၁၆ |
ရွာသား(၆) ဦး | ရွာသားတွေအား စစ်အကာအကွယ်လုပ်ခိုင်းပန်လော့မှ နောင်ကွမ်ရွာထိ
ကျောက်မဲမြို ့နယ် |
မေ၂၀-၂၁ရက်၂၀၁၆ | ရွာသား (၆)ဦး
(ရွာသူကြီးအပါဝင်) |
ရွာသားအား စစ်ပွဲ၏အကာကွယ်အဖြစ်လုပ်ခိုင်းနောင်ကွမ်ကျောက်မဲမြို ့နယ်
|
မေ ၂၀ရက်
၂၀၁၆ |
အလောင်းတွေ့(၅) ဦးမှာ (အမည်မသိရသေးပေ) | ဥပဒေမဲ့သတ်ဖြတ်(မီးရှိူ ့သတ်ဖြတ်) ဝိုးလုံ
ကျောက်မဲမြို ့နယ် |
ထိုု်သို့သောရာဇဝတ် ပြစ်မှုကျူးလွန်၍ စစ်ပွဲဖြစ်အောင်လုပ်ဆောင်မှုကို ကျွန်တော်တို့ ရှမ်းလူ့ အခွင့်ရေးမဏ္ဍိုင်မှပြင်းပြင်းထန်ထန်ရှူတ်ချလို်က်သည်။ပြစ်မှုကျူးလွန်သူတို့ကို တရားဥပဒေအရအရေးယူရန်၊တားမြစ်ပေးရန် တောင်းဆိုသည်။
ဗမာအစိုးရတပ်မတော်မှခုလို SSPP/SSA တို့ကို ဆက်လက်တိုက်ခို်က်မှုသည် ငြိမ်းချမ်းရေး ကိုလောင်ပြောင်မှု အဖြစ် နိုင်ငံတကာအသိုင်းဝိုင်းက ထုတ်ဖော် ရှုတ်ချသင့်ပေသည်။ မေလ ၁၆ ရက်နေ့တွင် အီယူ(EU) မှ သံတမန်ကိုယ်စားလှယ် (ကျောက်မဲအရှေ့) သီပေါမြို ့သို့လာ ရောက်ခဲ့စဉ်တွင် ဗမာအစိုးရတပ်မတော်မှ ရက်စက် ကြမ်းကြုတ်သောတိုက်ခိုက်မှုများ ကိုအပြစ်တင်မှုမရှိခြင်းမှာ ကျနော်တု့ိ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ လွန်စွာဝမ်းနည်းရပါသည်။
အခုဖြစ်ပေါ်နေသောတိုက်ပွဲများသည် အထက်ရဲရွာရေကာတာဆိုဒ်တွင်ဖြစ်နေသည်ကိုကျနော်တု့ိ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ သိသာထင်ရှားစေချင််ပါသည်။ဒေသခံများက ရေကာတာစီမံကိ်န်း ကိုပြင်းပြင်းထန်ထန် ကန့်ကွက်ဆန့်ကျင်သည်။ခုလိုတိုက်ခိုက်မှုဖြစ်နိုင်ချေမှာ ဆက်လက်တည် ဆောက်ဆဲ ရေကာတာ ဆိုဒ်တွင်လုံခြုံရေတွက် နေရာချထားနိုင်ရန် နှင့် သိမ်းယူထိန်းချုပ် နိုင်ရန်ဖြစ်သည်။ နိုင်ငံတကာကုမၸဏီများပါဝင်သည့် ဤရေကာတာအပြင်အခြားသော နမ္မတူ မြစ်ပေါ်မှ ရေကာတာများ တွင် ဆွီစ်၊ ဂျာမန်၊နော်ဝေး၊ဂျပန် နှင့် တရုတ်ကုမၸဏီများ ပတ်သက်ဆ က်နွယ်မှုအားလုံး ချက်ချင်းဆိုင်းငံ့ရပ်စဲပါ ကျနော်တို့ ထပ်တောင်းဆိုပါသည်။ှု ။သို့မဟုတ်ပါက ဗမာအစိုးရတပ်မတော်၏ ပြစ်မှုကျူးလွန်မှုများတွင် တာဝန်ရှိသူများအဖြစ် စွပ်စွဲခံရနိုင်ဖွယ်ရှိပါသည်။
မေလ ၁၁ ရက်နေ့မှ ၂၀ ရက် ၂၀၁၆ ရက်ထိ ကျောက်မဲမြို ့နယ်တွင်း ဗမာအစိုးရတပ်မတော်မှ လူ့အခွင့်ရေးများချိုးဖောက်မှုမှတ်တမ်းအသေးစိတ်
ရွာသား (၃၀) ယောက်တို့ အားလူသားဒိုင်း အဖြစ် ဗမာအစိုးရစစ်တပ်က အတင်းအဓမ္မ အသုံးပြုခဲ့သည်။
မေလ ၁၁ ရက်နေ့တွင် ဗမာအစိုးရစစ်သား (၁၀၀) လောက်တို့မှာ နမ့်အွန်နားမွန်း၊ ကုန်းညု ကျေးရွာအုပ်စု မှ အရပ်သား (၃၀) ယောက်တို့အား ၎င်း တို့ကို ဖါလျဲုမ်း ရွာသို့ ဦးဆောင် ခေါ်သွားရန်မှာကြားသည်။ရွာသားတို့မှာ ဗမာအစိုးရစစ်သားတို့ အတင်းအဓမ္မ ခိုင်းစေမှုကြောင့် ရှေ ့မှဦးဆောင်ခေါ်သွားရသည်။
မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ မှ တစ်နေ့နှင့် တစ်ညလုံးလျှောက်ခိုင်းပြီးနံက်် ၉ နာရီ ဖါလျဲုမ်း ရောက်သည်အထိလျှောက်ခဲ့ပြီး နောက်နေ့နံနက်မိုးလင်းမှသာ ရွာသားတွေပြန် လည်လွှတ်လာ သည်။ ဗမာအစိုးရစစ်သားတို့မှာ ၎င်းတို့ရွာသားအား အစာရေစာကို ခရီး တစ်လျှောက်လုံး မပေးခဲ့ပေ။ အချို ့ရွာသားတို့မှာသူတို့စစ်သားလွယ်အိတ်ကို သယ်ဆောင် ပေးရသည်။
ရဟတ်ယာဉ်ဖြင့် အရပ်သားများသို့ဦးတည်ပစ်ခိုက်တိုက်ခိုက်
မေလ ၁၃ ရက်နေ့ ၂၀၁၆ တွင် အသက် (၆၀) နှစ်ရှိလယ်သမားတစ်ဦးမှာ ဗမာအစိုးရစစ် ရဟတ်ယဉ်ဖြင့် ပစ်ခတ်လိုက်ခြင်းကြောင့် သူအားစိတ်ဝေဒနာတစ်ဦးဖြစ်သွားရသည်။
ထိုနေ့တွင် အက်ကြီးရွာ ဟိုင်းကွေကျေးရွာအုပ်စုမှ လုံးအောင်ထွန်း သည် သူ၏လယ်ကိုကြည့်ရှု ရန် ရွာပြင်ရှိသူ၏ လယ်သို့ သွားနေခဲ့သည်။ ထိုစဉ် လေယာဉ်သံကြားရသဖြင့် ကြည့်ရန် သူ၏လယ်တဲမှ ပြေးထွက်ခဲ့သည်။ ထို်စဉ် စစ်လေ
ကြောင်းမှသူ့အားတွေ့သဖြင့် ဗုံး ၃ လုံးကျဲပြီး စက်သေနတ်ဖြင့် သူ့အားပစ်ခတ် တို်က်ခိုက်ခဲ့သည်။ကံကောင်းစွာဖြင့်သူ့အားမထိခိုက်ပေမဲ့ သူ ဆိုးရွားစွာတုန်လှုပ်ခဲ့သည်။ ထိုရွာသားသည် သူ၏ မိသားစု ဆီသို့ပြေးပြီးသူကြုံတွေ့ဖြစ်ပျက်သ မျှကိုပြောပြခဲ့သော်လည်း အဲ့ဒီနောက်ပိုင်းမှစ၍ သူသည်စိတ်ဝေဒနာခံစားရကာ သူ၏မိသား စုကိုပင် မမှတ်မိနိုင်တော့ပေ။ ၎င်းရွာသားသည် ကလေးနှစ်ယောက် အိမ်ထောင်သည်ဖြစ်သည်။
ရွာသား (၅) ယောက်ကို ရိုက်နှက်ထုထောင်းခြင်း၊ လျှပ်စစ်နှင့် ရှော့(ခ်)တိုက်ပြီး ပစ္စည်းသယ်ခိုင်း
မေလ ၁၄ ရက် ၂၀၁၆ တွင် ဗမာအစိုးရစစ်တပ် ခမရ (၅၀၄) မှ ရွာသား ၅ ယောက်ကိုဖမ်းဆီးပြီးညှင်းပန်းနှိပ်စက်ခါ၂ ည ချုပ်ထားပြီး ပစ္စည်းသယ်ခိုင်းရန်အသုံးပြုခဲ့သည်။
၁. စိုင်းစိန် အသက် ၂၈ နှစ် အက်ကြီးရွာ
၂. စိုင်းပန်စိတ္တ အသက် ၃၆ နှစ် အက်ကြီးရွာ
၃. စိုင်းနန္ဒိယ အသက် ၃၆ နှစ် အက်ကြီးရွာ
၄. လုံးမောင်ခန် အသက် ၄၀ နှစ် အက်ကြီးရွာ
၅. စိုင်းဆုဇေယျ အသက် ၄၅ နှစ် နမ့်ဖတ်ရွာ
ရွာသားအများစုမှာ အက်ကြီးရွာမှ ဖြစ်ပြီး မေလ ၁၂-၁၃ ရက်မှစ၍ ပန်လော့ ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခိုလုံနေခဲ့သည်။ စိုင်းစိန်၊ စိုင်းပန်စိတ္တ၊ စိုင်းနန္ဒိယ၊ လုံးမောင်ခန်၊ တို့မှာ သူတို့အိမ်ကိုစောင့်ကြည့်ရန်နေခဲ့ကြသည်။မည်သို့ပင်ဖြစ်ပါစေ မေလ ၁၄ ရက်နေ့ အစော ပိုင်းကတည်းက ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေကြားပြီးနောက် သူတို့အိမ်ကနေ ပန်လော့ သို့ထွက်ပြေးတိမ်ရှောင်ရန်ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်တွင် စိုင်းဆုဇေယျ သည် ပန်လော့ သို့ထွက်ပြေးတိမ်းရှောင်ခ့ဲသူတစ်ဦးဖြစ်ပြီး ယခုသူ၏ အိမ်မှမွေးထားသောကျွဲနွားတိရိစ္ဆာန်ကိုပြန်လည်ကြည့်ရှူရန်ုပြန်ခ့ဲသည်။စိုင်းဆုဇေယျ သည်နမ့်ဖတ် ဘုန်းကြီးကျောင်းသို့ဖြတ်ကျော်စဉ်ဗမာအစိုးရစစ်မှသူ့အားဖမ်းဆီးခ့ဲသည်။
ရွာသား ၅ ယောက်မှာ ရိုက်နှက်ကန်ကြောက်ချင်း နှင့် ရိုင်ဖယ်သေနတ်ဒင်ဖြင့် ထုထောင်းခြင်း ခံရသည်။ဒါးဖြင့်လည်း လှီးသည်။ ရှမ်းစစ်သားတို့နှင့်အဆက်အသွယ်ရှိသည်ြ့ပင်ရှမ်း စစ်သားတွေကိုစားနပ်ရိက္ခာတတို့နှင့်ငွေတွေကိုထောက်ပ့ံဆက်သွယ်လားဟု ဗမာစစ်သားတို့၏ မေးမြန်းခြင်းခံရသည်။
ရွာသား ၂ ယောက်ဖြစ်သော စိုင်းနန္ဒိယ၊ စိုင်းဆုဇေယျ ခန္ဓာကိုယ်ပေါ်တွင် ဝါယာကြိုး၊ ဘက်ထရီ တို့ကို အသုံးပြုပြီးလျှပ်စစ်ဖြင့်တို့သည်။
ရွာသားများကိုလက်ပြန်ကြိုးတုတ်ပြီးမျက်လုံးကိုမိန်းမထမီစဖြစ်ပိတ်သည်။ဗမာစစ်သားများ ထိုရွာသားများကိုဘုန်းကြီးကျောင်းဆွမ်းချက်ဆောင်တွင်အစာရေစာမပေးပဲ ၂ ည ခေါ်ထားသည်။
စိုင်းနန္ဒိယက ဖြစ်ပျက်သမျှကိုပြန်ပြောပြသည်။ “ ဗမာစစ်သားများက ဓါးကိုအသုံးပြုပြီး ကျနော့်လည်ပင်ကို အကြိမ်ကြိမ်လှီးဖြတ်တယ်။ကျနော့်ကို သူတို့ရိုင်ဖယ်သေနတ်ဒင်နဲ့ မျက်နှာ၊နှာခေါင်း၊ရင်အုပ်နဲ့ ပါးစပ်ကိုထုရိုက်တယ်။ပြီးရင် သူတို့ ဘက်ထရီမှ ဆက်သွယ်ထားသော အီလက်ထရစ် ဝါယာကိုအသုံးပြုပြီး ကျနော်၏ကျော၊ ညာပခုံးနှင့် ရင်အုပ်တို့ကိုေ ရှာ့(ခ်) တိုက်သည်။ သူတို့ ကျနော့်ရဲ့ခြေ နှင့် လက်ကိုကြိုး တုတ်ချည် နှောင်ပြီး ရိုင်ဖယ်သေနတ်ဒင်ဖြင့် ကျနော့် ညို ့သကျည်း ကိုထုထောင်းသ ည်။သူတို့ကျနော့်မျက်စိကိုအဝတ်နှင့် စီးထားသည်။ ထိုအချိန်တွင် ကျနော့်ပါးစပ်မှာ သွေးများယိုးစီးကျလာသည်။ ကျနော့်ရဲ ့အင်္ကျ ီမှာသွေးများဖြင့်ေ ပ ကျံကုန်သည်။ကျနော့်မျက်စိလည်းနာကျဉ်တယ်။ကျနော်တို့ ကို၂ ည ပေးမအိပ်ဘူး။”
မေလ ၁၆ နောက်နေ့ထိမျက်လုံးအဝတ်စပိတ်လျှက် ဗမာစစ်သားများကစစ်ကျော်ပိုးအိပ် ၁၀ ကီလိုဂရမ်လောက် ယောက်တိုင်းကိုသယ်ခိုင်းသည်။နမ့်ဖတ်ဘုန်းကြီးမှပန်လော့ဘုန်းကြီးကျောင်း ၅ ကီလိုမီတာလျောက်ခ်ိ်ုင်းသည်။နောက်မှသာ မျက်စိပိတ်ထားသောအဝတ်စကို ဖယ်ပေးသည်။ပန်လော့ရွာသားနှင့်ဘုန်းကြီးတစ်ချို့က သူတို့သည်ရွာသားတွေ ဖြစ်သည် ၊ရှမ်းစစ်သားတွေ မဟုတ်ကြောင်း အာမခံပေးမှသာ လွတ်လာကြသည်။
စိုင်းနန္ဒိယ သည်ညှင်းပန်းနှိပ်စက်ခြင်းပြင်းထန်သည်ဟု ကျောက်မဲမြို့နယ် ဆေးရုံတွင် ဝန်ခံဆေးကုသမှုခံယူသည်။
ဥပဒေမဲ့ရွာသားများအားသတ်ဖြတ်ခြင်း
မေလ ၁၄ ရက်နေ့ ၂၀၁၆ ခုနှစ် ဗမာစစ်သားများ ဖမ်ဆီးခေါ်ဆောင်သွားရာ သက်သေတွေ့ ပြီးနောက်ပိုင်းတွင် ၁၉ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် မီးလောင်သေဆုံးသူ ရုပ်ကြွင်းကျန် ရွာသား ၃ ယောက်အား ပန်လော့တောင်ဘက်တွင် တွေ့ရှိခ့ဲသည်။
ထိုရွာသား ၃ ယောက်သည် နောင်ကွန်ရွာမှဖြစ်သည်။၎င်းရွာသားနာမည်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။
အမည် | အသက် | မိဘအမည် | မိသားစု | |
၁ | စိုင်းအိုက်နောင့်(သို့)အာစိန်န
မှတ်ပုံတင်၊၁၃/ကမန(နိုင်)၁၁၀၈၂၅
|
၂၇ | လုံးပန်+ပါငြိမ်း | ဇနီး၊အေးခမ်းဆာ(၂၃)နှစ်
(၁၀)နှစ်သားတစ်ယောက် |
၂ | စိုင်းအိုက်မတ် (စိုင်းအိုက်နောင့်၏အကို)မှတ်ပုံတင်၊ ၁၃/ကမန(နိုင်)၀၉၀၆၀၈ | ၃၀ | လုံးပန်+ပါငြိမ်း | ဇနီး၊အေးပု(၂၃)နှစ် ကလေး(၃)ယောက် (အသက် ၇နှစ်
တစ်ယောက် အမွှာ (၂)ယောက် ၃နှစ် ) |
၃ | စိုင်းအိုက်တိင့် (သို့)စိုင်းဆု (စိုင်းအိုက်နောင့် ၊ စိုင်းအိုက်မ တ် တို့နှင့်ဆွေမျိုး) | ၂၆ | လုံးခို်+ပါနန်းအွေ့ | ဇနီး၊အေးခမ်းပူး |
မေလ ၁၃ ရက်နေ့တွင် အက်ကြီးရွာ အနီးတွင် စိုင်းအာစိန်န လည်ပင််းကို သေနတ်ထိမှန်ဒဏ် ရာရခဲ့သည်။ ထိုအချိန် ရှမ်းပြည််တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့အား အစာရေစာ ဝေနေချိန် ဗမာအစိုးရစစ်နှင့် တိုက်ပွဲဖြစ်နေစဉ်ဖြစ်သည်။ စို်င်းအာစိန်န သည်သူ၏ဖုန်းဖြင့် သူအမျိုးအားဖုန်းဆက်ကာ အကူညီတောင်းသည်။မေလ ၁၄ ရက်နေ့တွင် သူ၏ အစ်ကိုစိုင်းအိုက်မတ်၊အမျိုးဖြစ်သူစိုင်းအိုက်တိင့် တို့မှာမော်တော်ဆိုင်ကယ်ဖြစ် သူ့အား ခေါ်ခဲ့ သည်။စိုင်းအာစိန်န အားခေါ် ပြန်လာရာ နမ့်ဖတ်ရွာအနီးတွင် ဗမာစစ်သားများက သူတို့အားဖမ်း ဆီးလိုက်သည်။ထိုအဖြစ်ကို နမ့်ဖတ်ရွာသားအချို ့ကတွေ့သည်။
မေလ ၁၉ ရက်နေ့တွင် ပန်လော့ရွာမှ ရွာသား ၆ ယောက်မှာ ဗမာစစ်သားများမှ အတင်းအဓမ္မ နောင်ကွမ် သိုိ့ လမ်း ပြခို်င်းခဲ့ဖူူးသည်။ နမ့်ဖတ်နှင့်ပန််လော့ အကြားရှိ မက်မုံ့ကန့်လျဲန် တွင်သူတို့ သေဆုံးသူ ၃ လောင်းအားသွားရောက်ရှင်းလင်းရန်ကျော်ဖြတ်လာစဉ်တွင်ဖြစ်သည်။ပန်လော့ရော က်ချိန်တွင်သူတို့ ရွာသူကြီးအချို ့ကို သတင်းပေးခဲ့သည်။၎င်း သေဆုံးသူအလောင်း (၃) လောင်းမှာ နောင်ကွမ် ရွာသားဖြစ်နိုင်ပြီး မေလ ၁၄ ရက်နေ့ကဖမ်းဆီးခေါ်ဆောင်သွားသူများ ဖြစ်သည်ဟု ပြောပြသည်။သူတို့မှာ နောင်ကွမ်ရွာ ၏ သူကြီးကို ဖုန်းဆက်ခေါ်ပြီး မေလ ၁၉ ရက်နေ့တွင် အချို ့ရွာသားတို့မှာကားမောင်း၍ သေဆုံးသူအလောင်းရှိရာသို့သွားရောက်ကြည့်ရှုခဲ့သည်။ ရွာသားတို့မှာ သေဆုံးသူ ၃ ဦး မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူတို့ဆောင်းခဲ့တဲ့ ဦးထုတ်ကို မှတ်မိသည်။ ရွာသားများ နောက်တစ်နေ့အထိထား၍ မေလ ၂၀ ရက်နေ့မှ သေဆုံးသူတို့၏ အရိုးတွေကို ပြန်လည်သွား ရောက်ပြီး ပန်လော့ ဘုန်းကြီးကျောင်းသို့ယူဆောင်ခဲ့သည်။မေလ ၂၁ ရက်နေ့တွင် သေဆုံး သူတို့တွက် ရည်စူး၍ ကုသိုလ်ဒါနလုပ်ဆောင်ပေးခဲ့သည်။
ရွာသုံးရွာအတွင်းရိှ စားနပ်ရိက္ခာ နှင့်အသုံးအဆောင်ပစ္စည်းများ ဖျက်ဆီးခံ ရခြင်း။
မေ ၁၄၊ ၂၀၁၆ တွင် အိမ်ခြေ ၄၀ ရှိ တဲ့ နမ့်ဖတ်ရွာ ကို ဗမာ့ အစိုးရတပ်မတော် မှတစ်အိမ် ပြီးတစ်အိမ် တံခါးပေါက်များ ကိုဖျက်ဆီး ခြင်း ၊ စားနပ်ရိက္ခ နှင့် စိုက်ပျိုးရန် မျိုးစေ့ အိ်တ်များ ကိုဖောက် ဖျက်ဆီး ခြင်း၊ မြေဩဇာ အိတ်များ ကို ဖျက်ဆီးပြီး မြေကြီး ပေါ် ပြန် ့ ကျဲသွား သည် အထိ ရစရာ မရှိအောင် အားလုံးဖျက်ဆီးပစ် ထားသည်။ နောက်ပြီး ရွာတွင်းရှိဆိုင်ကယ် များရဲ ့ အင်ဂျင်ဝိုင် ထဲတွင်ဆားများထည့်ထားခဲ့သည်။ ဦးဇင်းတစ်ပါး သည် ဤသို့သော ဖြစ်ရပ်ကို ဘုရားကျောင်းကနေ တွေ ့့မြင်ခဲ့ သည်။
မေလ ၁၄-၁၆ ရက်တွင်လည်း ထိုနည်းတူ အက်ကြီးရွာရှိ အိမ်ခြေ ၂၅ လုံး နှင့် ဝိုးလုံရွာ ရှိ အိမ် ခြေ ၃၂ လုံး တို ့သည်လည်း ထိုနည်းတူဖျက်ဆီးခံခ့ဲရ ပြီး ဝိုးလုံကျေးရွာတွင်း ရှိ နေအိမ်နှ စ်အိမ် မော်တော်ဆိုင်ကယ် နှင့် လယ်ထွန်စက်တို့ မှာ ပြာဖြစ်တဲ့ထိ မီးရိှု. ဖျက်ဆီးခြင်းခံခဲ့ ရသည်။
ဗမာ့ အစိုးရတပ်မတော်သည် ရွာသား ၆ ယောက်အပေါ် စစ်အကာအကွယ်အဖြစ် စေခိုင်းခြင်း။
မေလ ၁၈ ရက်နေ ့ တွင် ၉ မိုင်အကွာ ရှိတဲ့ ပန်လော့ကျေးရွာကနေ နောင်ကွမ်ကျေးရွာ အသွား ဗမာ စစ်အစိုးရစစ်တပ်တို ့သည် ရွာသား ၆ ယောက်ကို အတင်းခေါ်ယူပြီးစစ် အကာ အကွယ်အဖြစ် စေခိုင်းခဲ့သည်။
ဗမာအစိုးရစစ်သား ၁၀၀ လောက်က အရှေ ့မှ ဦးဆောင်ခါ တညလုံးလျှောက််ရသည်။ လမ်းတစ် လျောက်တွင် အစားအစာ နှင့် ရေ တိုက်ကျွေးခြင်း လုံးဝမရှိခဲ့ ပါ။ နောက်နေ ့မေလ ၁၉ ရက်တွင် ပန်လော့ ကျေးရွာ အတွင်းတွင် ပြန်လွှတ်ခဲ့သည်။
ဗမာ့အစိုးရတပ်မတော်သည် ရွာသား ၆ ယောက်အပေါ် စစ်အကာအကွယ်အဖြစ် စေခိုင်းခြင်း။
မေလ ၂၀ ရက်နေ ့တွင် နောင်ကွမ်ကျေးရွာကနေ နမ့်ဝါ ကျေးရွာ အသွား ရွာသူကြီး ဥိီးတေဝိန် နှင့် အတူ ရွာသား ၅ ယောက် ကို အယောက် ၁၀၀ ရှိတဲ့ ဗမာ့တပ်မတော် ၏ စစ်အကာအကွယ်အဖြစ် စေခိုင်းခြင်းခံခဲ့ ရသည်။ ဗမာ့စစ်တပ် တို ့သည်နောင်ကွမ်ကျေးရွာကနေ မနက် ၂ နာရီခန် ့တွင် စထွက်ပြီး နောက်နေ ့ မေလ ၂၅ ရက် မနက် ၅ နာရီ အချိန်တွင် နမ့်ဝါ ကျေးရွာကို ရောက်လာ သည်။ လမ်းတစ်လျောက်လုံး အတွင်း အစားအစာအပြင် ရေတိုက်ကျွေးခြင်းလုံး ဝမရှိခဲ့ပါ။ နမ့်ဝါ ကျေးရွာရောက်တဲ့ချိန် မှ သူတိုလွှတ်မြောက်ပြီး အိမ်ပြန်ခွင့် ရလာခဲ့သည်။ ရွာသားနှစ်ယောက်၏ နာမည် မှာ စိုင်းမြင့် အသက် ၃၅ နှစ်နှင့် စိုင်းစန္ဒီမာ အသက် ၃၂ နှစ်တို ့့ ဖြစ်သည်။
ဝိုးလုံရွာမှ သေဆုံးသူ ၅ ယောက်အလောင်းတွေ့ရှိ
မေလ ၁၂ – ၁၃ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် ဝိုးလုံရွာတွင် စစ်ပဲွပြင်းထန်စွာဖြစ်ခဲ့သည်။ ထိုအချိန်တွင် ဝိုးလုံရွာသား အများမှာ သူတို့အိမ်မှ ပန်လော့ သို့ စစ်ပြေးဒုက္ခသည် အဖြစ်ထွက်ပြေးတိမ်းရှောင်ခဲ့ သည်။ပြင်းထန်သောတိုက်ပွဲ ငြိမ်သက်ပြီးနောက်
မေလ ၂၀ ရက်နေ့တွင် ရွာသူ၊သား များ မိမိအိမ်ကို ပြန်လာခဲ့ရာ သူတို့၏ ပိုင်ဆိုင်ရာပစ္စည်း နှင့် အိမ်တို့မှာ ပျက်စီးဆုံးရှူံးသည်ကိုမြင်လိုက်ရသည်။အိမ် ၂ အိမ်မှာမီးလောင်ကျခဲ့သည်။ အိမ်တစ်အိမ်အားသွားရောက်ရှင်းလင်းရာ ထိုအိမ်သည် ဆရာဝန်လောင်းဖြစ်သူ လုံးစောဗေဒ အိမ်ဖြစ်ပြီး သေဆုံးသူ ၂ လောင်းကိုတွေ့ရှိခဲ့သည်။
လုံးထွန်းအောင် ၏ အိမ်အနောက်ဘက်တွင် ရှိသောအိမ်သာကျင်းထဲတွင် သေဆုံးသူ ၂ ယောက်ကိုတွေ့ရှိသည်။
ရွာအပြင်ဘက်တွင် သေဆုံးသူတစ်ယောက်၏ အလောင်းကိုတွေ့ရှိသည်။ရွာမှ ၁၅ မိနစ် လမ်းလျှောက်ရသည်။
သေဆုံးသူအလောင်း မှာမည်သူမည်ဝါ ဖြစ်ကြောင်းမမှတ်မိနိုင်ပေ။သို့သော် မေလ ၁၃ ရက်နေ့ကပျောက်ဆုံးသွားသောရွာသားတို့မှာ ထိုလူသေလောင်းတို့ဖြစ်နိုင်သည် စိုးရိမ် နေကြသည်။ပျောက်ဆုံးသွားသောလူများမှာ –
၁။ စိုင်းကျော်လွန်း အသက် ၄၀ နှစ်် ဝိုးလုံရွာသား ( မိဘ အမည် ၊ လုံးလိုင်းခမ်း ၊ နိုင်းတိ )
၂။ စို်င်းပေါ် အသက် ၂၃ နှစ် ဝိုးလုံရွာသား (မိဘ အမည် ၊ လုံးစော၊ ပါညွှန့် )
၃။ စိုင်းထွန်းရွှေ အသက် ၃၃ နှစ် အက်ကြီးရွာသား ( ဇနီး ။ နန်းဆိုင်လှ )
၄။ စို်င်းကျော် အသက် ၂၂ နှစ် ပန်ကျန်ရွာသား ( မိဘ ။ လုံးစံထွန်း ၊ ပါထွန်း)
ဆက်သွယ်ရန် –
စိုင်းဟော်ရှဲန် + ၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (ရှမ်း | အင်္ဂလိပ်)
စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉ (ဗမာ| အင်္ဂလိပ်)
PDF File >>>