သံလွင်မြစ်အပေါ်ရေကာတာများတည်ဆောက်ခွင့်ကိုရုပ်သိမ်းပေးရန်ဒေါ်အောင်ဆန်းစုကြည်ထံသို့အိတ်ဖွင့်စာ
သို့ /
နိုင်ငံတော်အတိုင်ပင်ခံပုဂိ္ဂုလ်နှင့်
နိုင်ငံခြားရေးဝန်ကြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊
သံလွင်မြစ်အပေါ်ရေအားလျှပ်စစ်စီမံကိန်းဆက်လက်လုပ်ဆောင်ရန်အတွက် ဩဂုတ်လ ၁၂ ရက်တွင် မြန်မာ့လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုု ဖြည့်တင်းပေးရန်အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်ဟုဆိုသည့် အပေါ် ကျွန်ုပ်တို့နှင့်လွန်စွာပက်သက်နေသောကြောင့်စိတ်ပူပြီးခုလိုစာရေးလိုက်ခြင်းဖြစ်သည်။
သံလွင်မြစ်သည်မြန်မာနို်င်ငံ၏ အရှေ့ဘက်ခြမ်းရှိတိုင်းရင်းသားတို့၏ လူဦးရေသန်းပေါင်းများစွာအတွက် အလွန်အရေးပါသောမြစ်ကြောင်းတစ်ကြောင်းဖြစ်သည်။ ရေစီးဆင်းနုံးအားကောင်းနေသော မြစ်ရေကိုပိတ်ဆို့ ပါက ပြန်ပြင်မရသည့်ထိခိုက်မှုဆိုးကျိုးများမှာ ထိုင်းနိ်ုင်ငံနှင့်တရုတ်နိုင်ငံအပါအဝင်ဖြစ်သည်။ ထို့ကြောင့် မြစ်ကြောင်းတလျှောက်နေထိုင်ကြသော မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်နီ ၊ရှမ်း ပြည်နယ်ရှိလူထုများနှင့် မြန်မာပြည်တခြားအပိုင်းနှင့်အိမ်နီးချင်းနိုင်ငံများမှလူထုများသည် သံလွင်မြစ်ပေါ် ရေကာတာများတည်ဆောက် မှုနှင့်ပတ်သက်ပြီးအခိုင်အမာဆန့်ကျင်ကန့်ကွက်ကြသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂိ္ဂုလ်ကို အကြံပေးလိုသည်မှာ သံလွင်မြစ်ကြောင်းတလျှောက်သည်လွန်ခဲ့သော ဆယ်စုနစ်ကတည်းက ပဋိပက္ခဖြစ်ရာဒေသဖြစ်သည်။ တိုင်းရင်းသားနယ်မြေအတွင်းရှိသဘာဝသယံဇာတ
များနှင့် နယ်မြေထိန်းချူပ်ရေးအတွက် အစိုးရစစ်တပ်မှစနစ်တကျ အစီစဉ်ချမှတ်ပြီးစစ်အင်အားတိုးချဲ့ကာ နယ်မြေရှင်းလင်းခဲ့သည်။ အစိုးရစစ်တပ်စစ်အင်အားတိုးချဲ့မှုအတူ အဘက်ဘက်မှစစ်ကြောင်းများကြောင့် ပဋိိပက္ခ ပိုမိုဖြစ်စေသည့်အပြင် ပြည်သူလူထုများအား နှိပ်စက်ညှင်းပန်းမှုများ ဆက်လက်ဖြစ်ပွားစေပါမည်။
ဖက်ဒရယ်စနစ်ကိုနိုင်ငံရေးစားပွဲဝို်င်းမရောက်မှီစတင်နေမည့် သံလွင်ရေကာတာ တည်ဆောက်ခွင့်ပြုလိုက် ခြင်းသည်တစ်ဖက်သတ်ဆုံးဖြတ်လိုက်သည့်အတွက် ခေတ်အဆက်ဆက်နေထိုင်လာသောတိုင်းရင်းသား လူမျိုးများ၏နယ်မြေတွင်းရှိသံယံဇာတများကိုယ်ပိုင်ဆုံးဖြတ်ခွင့် မပါရှိသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်လည်းယုံကြည်မှုအားနည်းလာမည်။ ၂၁ ပင်လုံညီလာခံကိုကျင်းပရန်နှစ်ပတ်ခန့်အလိုတွင် ဤသံလွင်မြစ် ရေကာထာစီမံကိန်းများကိုခွင့်ပြုလိုက် မည်ဆိုပါက များစွာစိုးရိမ်ပူပန်မှုကိုဖြစ်စေပါသည်။
ကျွနု်ပ်တို့အကြံပြုလိုသည်မှာ ဤရေကာတာများကိုတည်ဆောက်ရာတွင် မြန်မာနိုင်ငံအတွက်လိုအပ်သော လျှပ်စစ်မီးတည်ဆောက်ပေးသည်ဟုဆိုရာတွင် ကြီးမားစွာလွဲမှားနေပါသည်။ ဥပမာအားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သံလွင်မြစ်အပေါ်ကွန်လုံရေကာတာကနေထွက်သော၁၄၀၀မဂ္ဂါဝပ်နှင့် နောင်ဖာရေကာတာမှ ထွက်သော ၁၂၀၀ မဂ္ဂါဝပ်လျှပ်စစ်ဓါတ်အား ၉၀% (ရာခိုင်နှုန်း) ခန့်သည်တရုတ်နိုင်ငံသို့သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ထိုဒေသရှိတိုင်းရင်းသားများ အတွက်ကြီးမားသော ဒုက္ခကိုခံစားရပေ တော့မည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတရေရှည်တည်တန့်ခိုင်မြဲရေးအတွက် ကျွန်ုပ်တို့လေးနက်စွာ တိုက်တွန််းလိုသည်မှာ သံလွင်မြစ်အပေါ်ရေကာတာတည်ဆောက်မည့်အစီစဉ်များ အားလုံးကိုချက်ချင်းပြန်လည်ရုတ်သိမ်းရန်တောင်းဆိုသည်။ တိုင်းရင်းသားများအားလုံးတန်းတူညီမျှမှုနှင့်အတူ ဖက်ဒရယ်မူဝါဒချမှတ်နိုင်မှသာ မြန်မာနိုင်ငံပြည်တွင်းစစ်သည်ရပ်တန့်နိုင်မည်ဖြစ်ပြီးကျွန်ုပ်တို့အိမ်နီးချင်းနိုင်ငံ များ ကလည်းငြိမ်းချမ်းရေးအတွက်လှိုက်လှဲစွာအားပေးကြပေလိမ့်မည်။
လေးစားစွာဖြင့်
1. Action for Shan State Rivers
2. Shan State Farmers’ Network
3. Shan Farmers’ Network
4. Shan Sapawa Environmental Organization
5. Shan Human Rights Foundation
6. Shan Women’s Action Network
7. Shan Students Union-Thailand
8. Shan Youth Power
9. Shan Youth Organization (Taunggyi)
10. Shan Youth Network Group
11. Kaw Dai
12. Workers’ Solidarity Association
13. Zao Khur Tai
14. Nong Zarng Customary Land Committee
15. Toom Toan Tai
16. Shan Relief and Development Committee
17. Community Action for Development Education (Shan State)
18. Mong Pan Youth Committee
19. Koong Jor Refugee Camp Committee
20. Wan Paing Fah IDPs Camp Committee
21. Laikha Youth Association
22. Capacity Building for Youth (Laikha)
23. Shan State Women’s Organisation
24. Shan State Youth Network Committee
25. Tai Literature and Culture Association (KarLi)
26. Tai Youth Organization (Karli)
Contact:
Nang Kham Mai +95: (0)97 904 137 28
Nang Noan Mo +95: (0) 97-911-00443
Sai Khur Hseng +66: (0) 81-6722-031
Ying Harn Fah +66: (0) 89 062 7848
PDF files >>>