ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့တွင် စစ်ကောင်စီ တပ်ဖွဲ့၏လက်နက်ကြီးရမ်းသမ်း ပစ်ခတ် မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဆယ်ကျော်သက်မိန်းကလေး ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးကာ၇ ဦး ဒဏ်ရာရခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့တွင် စစ်ကောင်စီ တပ်ဖွဲ့၏လက်နက်ကြီးရမ်းသမ်း ပစ်ခတ် မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဆယ်ကျော်သက်မိန်းကလေး ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့

၂၀၂၃ သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင် စီတပ်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကချင်လွတ်လပ်ရေးတပ် မတော် (KIA) တို့ကြားဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းမှ တိုက် ခိုက်မှုတို့ကြောင့်အသက် ၁၅ နှစ်အရွယ်မိန်းကလေး ၁ ဦး အပါအဝင်ပြည်သူ ၃ ဦးသေဆုံးကာ ၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်၊ ဘုရားကျောင်း၊ဘုန်းကြီးကျောင်းနှင့်မူကြိုကျောင်းတို့အပါအဝင်အဆောက်အအုံ ၅လုံး ထက် မနညိး မီးလောင်ပြာကျခဲ့ရသည်။

၂၀၂၃ ခုနစ် သြဂုတ်လ ၂၇ ရက်တွင် မန္တလေး-မူဆယ်လမ်းမကြီးဘေး နမ့်အွမ် ကျေးရွာအနီးတွင် လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များကို မူဆယ် ၁၀၅ မိုင်အခြေစိုက် အမြောက်တပ်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာမှ တိုက် ပွဲများဖြစ်ပွားခဲ့သည်။

ထို့နောက် သြဂုတ် ၂၇ရက်၌ပင် စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့သည် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာ၊ နမ့်အွမ် ကျေးရွာနှင့် မူဆယ်မြို့ရှိ စယ်လန့်ကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။သြဂုတ် ၂၇ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးသည် နမ့်အွမ်ကျေးရွာအတွင်းသို့ကျရောက်ကာ KBC ဘုရား ကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။

သြဂုတ်လ ၂၈ ရက်နေ့ မနက်၁၁နာရီခန့်မှစတင်ကာ မူဆယ်မြို့ ၁၀၅ မိုင်အခြေစိုက်အမြောက်တပ်နှင့် စယ်လန့် ကျေးရွာမှာ 1ကီလိုမီတာအကွာမှ ဆုတောင်းတောင်ပေါ်တွင်တပ်စွဲထားသော စစ်ကောင်စီတပ်တို့မှ TNLA တပ်ဖွဲ့ ဝင်များ အခြေချနေထိုင်သော စယ်လန့်ကျေးရွာ လွယ်တေးမိန်းတောင်ပေါ်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ ညပိုင်းတွင် လွယ်တေးမိန်းတောင်ပေါ်ရှိ ဘုန်းကြီးကျောင်းကိုလက်နက်ကြီးထိမှန်ခဲ့ပြီး မီးလောင်ပြာ ကျခဲ့သည်။

သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်သည် လွယ်တေးမိန်းတောင်နှင့်  စယ်လန့်ကျေးရွာ အ တွင်းသို့ လေကြောင်းမှ တစ်ဆင့် သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စယ်လန့်ကျေးရွာအတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အ သက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၀ အမျိုးသားတစ်ဦးတို့ လည်ပင်းနှင့်ပေါင်တွင်တို့တွင် အသီးသီးဒဏ်ရာရရှိခဲ့သည်။

သြဂုတ်လ ၂၉ ရက်နေ့ညပိုင်းတွင် စယ်လန့်ကျေးရွာ အတွင်း သို့ TNLA တပ်သားများ ဝင်ရောက်လာခဲ့ပြီးနောက် စစ်ကောင် တပ်မှ ကျေးရွာအတွင်းသို့လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ညနေပိုင်းတွင် စယ်လန့်ကျေး ရွာ မူကြိုကျောင်းအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး မီးလောင်ခဲ့သည်။ ည ၈နာရီဝနိးကျင်တွင် စစ်ကောင် စီ၏ လက်နက်ကြီးသည် စယ်လန့်ကျေးရွာအုပ်စု ဖိုင်ကျောင်းရွာအတွင်းသို့ ကျရောက်ခဲ့ပြီး နေအိမ် ၂လုံး၊ ကားတစ် စီး၊ လယ်ထွန်စက်တစ်စီး လုံးဝမီးလောင်ပြာကျခဲ့ပြီး၊နေအိမ် ၄လုံးထိခိုက်ပျက်စီးခဲ့သည်။

စယ်လန့်ကျေးရွာတွင်းမပေါက်ကွဲသေးသောဗုံး
စယ်လန့်ကျေးရွာတွင်ပျက်စီးသွားသောဒေသခံများ၏နေအိမ်

တိုက်ပွဲများကြောင့် စယ်လန့်ကျေးရွာအုပ်စု ဖိုငိမောဝ်ရွာ နှင့် ဖိုင်ကျောင်းရွာ၊ နမ့်ကတ်ကျေးရွာအုပ်စု မန်ကန်ရွာ၊ နမ့်ကတ်ရွာ၊ နမ့်ဟုတ်ရွာများမှ ဒေသခံပြည်သူ ၂၀၀၀ ခန့်သည် မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ဟိုနားရပ်ကွပ် ခန်းမ နှင့် နမ့်ခမ်းမြို့ တုန်ခွမ်ရွာ ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည်။

လက်နက်ကြီးများနှင့်တိုက်ပွဲများမှထွက်ပြေးတိမ်းရှောင်သောဒေသခံများ

သြဂုတ်လ ၂၉ ရက်၌ပင် စစ်ကောင်စီတပ်သည် နမ့် အွမ်ကျေးရွာ အနောက်ဘက် တောင်များအတွင်းရှိ KIA တပ်စ ခန်းများကို စစ် ကြောင်း ထိုးတိုက်ခိုက်ခဲ့ပြီး ၁၀၅ မိုင် အမြောက်တပ်မှ လက်နက် ကြီးဖြင့် ပစ်ခတ်ကူ ခဲ့ ရာ နမ့်အွမ်ကျေး ရွာ အတွင်းလက်နက် ကြီးကျရောက် ခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့သည်။

သြဂုတ်လ ၃၀ ရက် မနက်ပိုင်းတွင် TNLA တပ်ဖွဲ့မှ နမ့်ဖတ်ကာအခြေစိုက် ခလရ ၁၂၃ တပ်ကို သွားရောက် ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ နမ့်ဖတ်ကာကျေးရွာ အတွင်းသို့ လက်နက်ကြီးသုံးနေရညကျရောက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ၇တန်းကျောင်းသူတစ်ဦး သေဆုံးကာ ၁၉နှစ်အ ရွယ် အမျိုးသားတစ်ဦး၊အသက် ၁၃ နှစ်အရွယ်ကလေးနှစ်ဦး စုစုပေါင်း၃ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ (၁) ရက်နေ့ နေ့လည်တစ်နာရီခွဲ ဝန်းကျင်တွင် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ ခလရ (၁၂၃) မှမည်သည့်တိုက်ပွဲမှမရှိဘဲ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာကျေးရွာ ဇီးသဘန်းရပ် အ တွင်း သို့ လက်နက်ကြီးများ ကျရောက်ကာ  အသက် ၃၇ နှစ်အရွယ် ဦးဘောက်လာ ပွဲချင်းပြီးသေဆုံးပြီး အသက် ၅၈ နှစ်အရွယ် ဦးဇော်ထုန်လဒွဲမှာ  ဆေးရုံသို့အသွားလမ်းတွင်သေဆုံးခဲ့သည်။ ထို့အပြင် အမျိုးသမီးနှစ်ဦးကိုလဲ ထိ မှန်ခဲ့ပြီး လားရိူးဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

လက်ရှိမူဆယ်မြို့နှင့်ကွတ်ခိုင်မြို့တို့တွင်  ရှမ်းပြည်တောင်ပိုင်းမှတပ်ရင်း ၃ ခုဖြစ်သော  ခမရ (၄၂၁), (၄၂၃), (၅၇၇) တပ်တို့သည် ခြေမြန်တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့များနှင့်အတူလှုပ်ရှားလျက်ရှိသည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်          66 94 728 6696                   Signal (ရှမ်း၊ အင်္ဂလိပ်)

ယိင်းလျန်းဟန်       66 981 18 3767                              (မြန်မာ)

 

Download PDF files >>>   Shan Burmese English

ထုတ်ပြန်ချက်