ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ ချိုးဖေါက်မှုထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်
ထိုင်းအစိုးရ၏လေ့လာမှုများက မယ်ဆိုင်တွင်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုအတွင်း မကြုံစဖူး နုံးမြေများတင် ကျန်မှုသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ရှိရွှေတူးဖော်မှုများကြောင့်ဟုဖော်ပြနေ
ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါ လေ့လာမှုအရ မယ်ဆိုင်မြို့မြောက်ပိုင်း နယ်စပ်ဒေသတစ်လျှောက်တွင် ရေကြီးရေလျှံမှုအတွင်း မကြုံစဖူးနုံးမြေများ တင်ကျန်မှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ခြင်းမှာ မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိအကြီးစား ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့် ဖြစ်သည်ဟုဆိုသည်။
မယ်ဆိုင်မြစ်သည် ရှမ်းပြည်နယ်အရှေ့ဘက်ရှိမဲခေါင်မြစ်လက်တက်များအနက်မှတစ်ခုဖြစ်ပြီး ယခုနှစ်များအတွင်း သတ္တုတူးဖော်မှုများ၏ အကျိုးဆက်ကို ခံခဲ့ရသောမြစ်တစ်စင်းဖြစ်သည်။ အခြားသော မြစ်များဖြစ်သည့် နမ့်ခုတ်မြစ်သည်လည်းကျောက်မီးသွေးနှင့် ရွှေထုတ်လုပ်မှုများကြောင့် လည်းကောင်း၊ နမ့်ဟုတ်မြစ်သည်လည်း မန်ဂန်းနိစ့် ထုတ်လုပ်မှုများကြောင့်လည်းကောင်း၊ နမ့်လင်းမြစ်သည်လည်း ရွှေထုတ်လုပ်မှုများကြောင့်လည်းကောင်း ထိခိုက်မှုများရှိခဲ့သည်။
သတ္တုတူးဖော်မှုများသည် ယင်းဒေသအနီးအနားရှိ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေပြီး သတ္တုတွင်းမှ စွန့်ပစ် ပစ္စည်း များ မြစ်အတွင်းသို့ စီးဝင်သောကြောင့် မြစ်ရေညစ်ညမ်း စေသည့်အပြင် ပတ်ဝန်းကျင်အနီး နေထိုင် သူများအပါ အဝင် ထိုင်နိုင်ငံအတွင်းနေထိုင်သူများအထိ ကျန်းမာရေး အကျိုးသက်ရောက်မှုများ ဖြစ်ပေါ် စေသည်။
ယခင်ကာလ၌ မယ်ဆိုင်မြို့နှင့်တာချီလိတ်မြို့များတွင် ရေကြီးရေလျှံမှုများမကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်းနုံးပါ ဝင်မှုမများခဲ့ဘဲ ယခုတစ်ကြိမ် ရေကြီးမှုမှာ နုံးပါဝင်မှု အများဆုံးဖြစ်ခဲ့ပြီး ပြန်လည်ဖယ်ရှားရန် အခက်ခဲဆုံးနှင့် ကုန်ကျစားရိတ် အများဆုံးဖြစ်ခဲ့သည်။
ယခုနှစ်အတွင်းထိုင်းအစိုးရ၏ လေ့လာမှုများအရ မယ်ဆိုင်မြစ်၏ ရေကြောင်းတစ်လျှောက် မျောပါလာသော နုံးများတွင် အာဆင်းနစ်၊ နီကယ်လ်နှင့်ဇင့် ပါဝင်မှုအများဆုံးဖြစ်ပြီး ဇင့်ပါဝင်မှုမှာသတ်မှတ် ထားသည့်ပမာဏထပ် ၁၈ ဆပိုများ နေသည်.။
ဂြိုလ်တုမြေပုံများကို လေ့လာမှုများအရလည်း မြို့အတွင်းရှိတင်ကျန်နေသာနုံးများ အဓိကဖြစ်ပေါ်စေသည့် အကြောင်းမှာ မိုင်းဆတ်မြို့အရှေ့ပိုင်း မယ်ဆိုင်မြစ်တစ်လျှောက် (မယ်ဆိုင်အထက်ပိုင်း) ရှိ ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့်ဖြစ်သည်ဟုဖော်ပြထားသည်။
မိုင်းဆတ်မြို့ အရှေ့ပိုင်းတွင်ရွှေတူးဖော်မှုများပြားလာခြင်း
မိုင်းဆတ် မြို့အေရှ့ပိုင်းရှိ UWSA (ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) လက်အောက်ခံဒေသများဖြစ်သော မိုင်းကန်း အနီးတစ်ဝိုက်၊ နားယောင်း အနီးတစ်ဝိုက်နှင့် စစ်ကောင်စီလက်အောက်ခံရွာများဖြစ်သော မယ်ကြုတ်ရွာများတွင် လွန်ခဲ့သည့် ၂နှစ်ခန့် မှစပြီးရွှေတူးဖော်ထုတ်လုပ်မှုများပိုမိုများပြားလာခဲ့သည်။
မိုင်းကန်း နှင့် နားယောင်း အနီးတစ်ဝိုက်ရှိ ရွှေတူးဖော်မှုများမှာ မိုင်းဆတ် မြစ်တစ်လျှောက်တွင် ၂၀၂၂ နှောင်းမိုင်း မှစ၍များပြားလာခဲ့ခြင်းဖြစ်ပြီး ထိုသို့များပြားလာမှုကြောင့် မြစ်ဘေးရှိ တောင်၏ အစိတ်အပိုင်းတချို့မှာ တိုက်စားခံရကာ ခဲဓာတ်များသော ကန်များအဖြစ်သို့ ပြောင်းလဲသွားသည်။ အဆိုပါ ကန်များတွင် ရွှေတူးဖော်ရာ၌ အသုံးပြုသည့် ဆိုင်ယာနိုက်ကဲ့သို့သော အဆိပ်ရှိဓာတုပစ္စည်း များ ပါဝင်နေကြောင်းတွေ့ရှိရသည်။
UWSA သည် မိုင်းကန်း နှင့် နားယန်း ဒေသများသို့ ၁၉၉၉ ခုနှစ်က စတင်အခြေစိုက်ခဲ့ခြင်းဖြစ်ပြီး နောက်၂ နှစ် အ ကြာ တွင် ရှမ်းပြည်အရှေ့မြောက်ပိုင်းမှ ဝ လူမျိုး ၁၆၀၀၀ ကျော် ခန့် (၁၉၉၉ နှင့် ၂၀၀၁ ခုနှစ်အကြား တွင်မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်မြို့များသို့ အဓမ္မရွေ့ပြောင်းရန် ဖိ အား ပေးခံ ရ သော ၀တိုင်းရင်းသား ၁၂၆၀၀၀ ထဲတွင်ပါ ၀င်သူများ) ကို လည်းယင်းဒေသများ သို့အခြေချနေ ထိုင်စေခဲ့သည်။ အဆို ပါ ဒေသများ ၌ မူလနေထိုင်သော ရှမ်းလူမျိုး လယ်သမား ၁၂၀၀ ကျော် ခန့်သည်လည်း အဓမ္မ မောင်းထုတ်ခံခဲ့ ရ သည်။ အဆိုပါဒေသများတွင် UWSA ၏ စိုက်ပျိုးရေး ပေါ်လစီများအတိုင်းဆက်လက် ကျင့်သုံးခဲ့ပြီး အထူးသဖြင့်မယ်ဆိုင်မြစ် တစ်လျှောက် တွင်နိုင်ငံခြား တင်ပို့နိုင်သောထုတ် ကုန်ဖြစ်သည့် ရာဘာထုတ်လုပ်မှု များကို အဓိက ဆောင် ရွက်ခဲ့သည်။
မယ်ကြုတ်ဒေသတွင်လည်း ၂၀၂၁ နှောင်း ပိုင်းမှစရျ် ရွှေတူးဖော် မှုများစတင်ခဲ့ပြီး ထိုသို့သော တူးဖော်မှုများကြောင့် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် စီးဆင်းလျက်ရှိသော ချောင်းများမှတစ်ဆင့် မိုင်းကန်းအထက်ပိုင်း မယ်ဆိုင်မြစ် အတွင်း သို့စွန့်ပစ်ပစ္စည်းအများ အပြားစီးဝင်ခဲ့သည်။
အဆိုပါ မယ်ကြုတ်ဒေသသည် စစ်ကောင်စီနှင့် မဟာမိတ်ဖြစ်သောလားဟူလက်နက်ကိုင် ထိန်းချုပ်နယ်မြေ အတွင်း တွင်တည်ရှိပြီး ယင်းသတ္တုတူးဖော်ရေးလုပ်ငန်းများအနီးတွင်လည်း ကင်းစခန်းများအများအပြား ချထား သည်။
နမ့်ခုတ် မြစ်တစ်လျှောက် သတ္တု တူးဖော်မှုများ
ထိုင်းနိုင်ငံ၏ Sahakol Company ကမြန်မာစစ်တပ်စီးပွားရေးကော်ပိုရေးရှင်းဖြစ်သော Golden Lake company နှင့် ပူးပေါင်းပြီး နမ့်ခူတ် မြစ်အနီး မိုင်းခုတ် ဒေသတွင် ၂၀၁၉ ခုနှစ်မှစတင်ကာ နှစ် ၂၀ တူးဖော်ခွင့်ဖြင့် စတင်တူးဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းအရ မိုင်းခုတ်ဒေသတစ်လျှောက်ရှိ ကျေးရွာပေါင်း ၉ ခုရှိသည့်အနက် ၈ ရွာကို ေရွှ့ပြောင်းစေခဲ့ပြီးကျောက်မီးသွေးဓာတ်ပေါင်းဖိုများတည်ဆောက်ခဲ့သည်။
ကိုဗစ် -၁၉ ကပ်ရောဂါ စတင်ပြန့်ပွားလာချိန်မှစ၍ ယနေ့အထိ အဆိုပါ သတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားသော်လည်း သတ္တုတူးဖော်ရေးစက်ပစ္စည်းများ နှင့် ပိုက်လိုင်းများဆက်လက်ထား ရှိနေသေးသည့်အတွက် လေထုအတွင်း အလိုအလျောက် လောင်ကျွမ်းမှုများဆက်လက်ဖြစ်ပေါပြီး ပိုက်လိုင်းများမှစီးဆင်းလားသော အညစ်အကြေးများကြောင့်လည်း နမ့်ခုတ်မြစ်ရေမှာ ညစ်ညမ်းမှုများဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ ရပ်နားထားသော သတ္တုတူးဖော်ရေး လုပ်ငန်းမျာ မည်သည့်အချိန်တွင်ပြန်လည်စတင် သည်ဖြစ်စေနမ့်ခုတ် မြစ်ရေ၏ အရည်အသွေးကို များစွာထိခိုက်နိုင်သည့်အခြေအနေတွင် ကျရောက်လျက်ရှိသည်။
နမ့်ခုတ်မြစ်အထက်ပိုင်း၊ မိုင်းဆတ်မြို့တောင်ဘက် တွင် ၂၀၂၃ ခုနှစ်မှစရျ် တရုတ်ကုမ္ပဏီ ၇ ခုမှ UWSA (ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော်) နှင့် ချိတ်ဆက်ကာ ရွှေတူးဖော်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် အဆိပ်အတောက် နှင့်စွန့်ပစ်ပစ္စည်းများမှာ ထိုင်းနိုင်ငံနယ်စပ် မီတာ ၃၀ အကွာ အထိ မြစ်များအတွင်းသို့စီး ဆင်း လျက် ရှိသည်။
၂၀၂၄ စက်တင်ဘာလ တွင်လည်း ထိုင်းနိုင်ငံနယ်စပ် ၃ ကီလိုမီတာ အကွာရှိ နမ့်ခုတ်မြစ် တစ်လျှောက်၌ ရှိသော မိုင်းယွမ်း ဒေသအတွင်းရှိ ပိန်းခမ်း (ရှမ်းရွာ) တွင်နုံးတင်ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ ဖြစ်ပေါ် ရခြင်းမှာ မြစ်အထက်ပိုင်းရှိ ရွှေ တွင်း အသစ်များကြောင့် ဖြစ်သည်ဟုယူဆရသည်။ထိုင်းနိုင်ငံနယ်၊ ချင်းမိုင်မြောက်ပိုင်း၊ နမ့်ခုတ် မြစ်တစ်လျှောက်၌ရှိသော တာတွန်း ရွာနှင့် အခြားရွာများတွင်လည်း ဆိုးရွားသည့် နုံးတင်ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။
UWSA က ၁၉၉၉-၂၀၀၁ခုနှစ်အတွင်း ရှမ်းပြည်အရှေ့မြောက်ပိုင်းဒေသမှ “ဝ” ရွာသား ၂၉၀၀၀ခန့်ကို အတင်း အဓမ္မ ရွှေ့ပြောင်းစေပြီး နမ့်ခုတ်မြစ်တကြောရှိ တောင်ကုန်းများပေါ်တွင် ရာဘာစိုက်ပျိုးမှုတစ်ခုတည်းကိုသာ အကြီး အကျယ် ပြုလုပ်မှုကြောင့် မိုင်းယွမ်း ဒေသ၏ဂေဟစနစ်မှာ လွန်ခဲ့သောနှစ်နှစ်ဆယ်မှစတင်ကာ အကြီးအ ကျယ်ပြောင်းလဲလာခဲ့သည်။
သတ္တုတူးဖော်မှုများကြောင့်နမ့်ဟုတ် မြစ်အပေါ်သက်ရောက်မှုများ
SHRF ၏ အစောပိုင်း အစီရင်ခံစာ တင်ပြချက်အသေးစိတ်အရ တာချီလိတ်မြို့မြောက်ဘက် ၁၀ ကီလိုမီတာအကွာ မိုင်းကိုး အထက်ပိုင်းတွင်ရှိသော မန်ဂန်းနိစ့် သတ္တုတွင်း ကုမ္ပဏီ များကြောင့် နမ့်ဟုတ် မြစ်အတွင်း အန္တရာယ် ရှိ သော မန်ဂန်းနိစ့် ပါဝင်မှုကိုဖြစ်ပေါ်စေလျက်ရှိသည်။
အဆိုပါမြစ်ရေသည် မယ်ဆိုင်မြို့ရေပေးဝေရေးတွင်အသုံးပြုလျက်ရှိသော ရေအရင်းအမြစ်ဖြစ်သောကြောင့် ထိုင်း နိုင်ငံ ဒေသဆိုင်ရာအစိုးရနှင့်ရေပေးဝေရေးဌာနမှ အထူးစစ်ထုတ်သန့်စင်မှုများလုပ်ဆောင်ရန်လိုအပ်သည်။
နမ့်လင်း မြစ်တစ်လျှောက်သတ္တုတူးဖော်မှုများ
SHRF၏ ၂၀၂၂ သြဂုတ်လ အတွင်းတင်ပြချက်အရ နမ့်လင်းမြစ် တစ်လျှောက် ရှိတောင်ကုန်းများတွင် လည်းရွှေ တူး ဖော်မှူများ ဆက်တိုက်မြင့်တက် လျက်ရှိ ပြီး တူးဖော်လျက်ရှိသော ကုမ္ပဏီ အများစုမှာ တရားဝင်ခွင့်ပြုချက် ရရှိ ထားခြင်းမရှိပေ။
ထို့ပြင်သတ္တု တူးဖော်မှုများမှတဆင့် ထွက်လာသောအဆိပ်အတောက်နှင့်နုံးများမှာ နမ့်လင်းမြစ်တစ်လျှော်က တွင် နေ ထိုင်သူပြည်သူလူထုအတွက် ကြောက်မက်ဖွယ် သက်ရောက်မှုများဖြစ်ပွားစေလျက်ရှိသည်။ အထူးသဖြင့် နုံး တင် ရေကြီးခြင်း၊ နေအိမ်သုံးရေများ နှင့် စိုက်ပျိုးရေများကိုညစ်ညမ်းစေခြင်းကြောင့် စိုက်ပျိုးရန် မဖြစ်နိုင်သော အခြေအနေများနှင့်တွေ့ကြုံနေရသည်။
နမ့်လင်းမြစ်သည် ထိုင်း၊မြန်မာ၊လာအို သုံးနိုင်ငံနယ်စပ်ရှိ မဲခေါင်မြစ်နှင့် နမ့်ဟုတ်မြစ်တို့ဆုံရာ ရွှေတြိဂံဒေသဟု လူ သိများသောမြစ်ဆုံ၏ အထက်ဘက် ၄၀ ကီလိုမီတာခန့်တွင် မဲခေါင်မြစ်အတွင်းသို့စီး၀င်သည်။
ဆက်သွယ်ရန်
စိုင်းဟော်ရှဲန် 66 94 728 6696 Signal (ရှမ်း, အင်္ဂလိပ်)
ယိင်းလျန်းဟန် 1 825 425 4099 Signal (မြန်မာ)
Download PDF files: