လျှပ်စစ်စွမ်းအင်ဝန်ကြီး၏ နမ္မတူမြစ်ပေါ် တည်ဆောက်နေသည့် အထက်ရဲရွာရေကာတာကိစ္စ ဦးတည်ဖော်ဆောင်သော အစည်းအဝေးကို တာလုံကျေးရွာသူ/သားများမှ ဆန္ဒပြကန့်ကွက်

တာလုံကျေးရွာသူ/သားများ ထုတ်ပြန်ချက်

လျှပ်စစ်စွမ်းအင်ဝန်ကြီး၏ နမ္မတူမြစ်ပေါ် တည်ဆောက်နေသည့် အထက်ရဲရွာရေကာတာကိစ္စ ဦးတည်ဖော်ဆောင်သော အစည်းအဝေးကို တာလုံကျေးရွာသူ/သားများမှ ဆန္ဒပြကန့်ကွက်

နိုဝင်ဘာလ၊ ၂၄၊ ၂၀၁၉

ယနေ့ နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ်ပေါ် တည်ဆောက်နေသည့် အထက်ရဲရွာရေကာတာစီမံကိန်းကိစ္စအား ရှမ်း ပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တာလုံကျေးရွာသူ/သားများနှင့် တွေ့ဆုံရန် လျှပ်စစ်စွမ်း အင်ဝန် ကြီး ဦးစိုင်ဆိုင်တစ်နှင့်အဖွဲ့သားများ အစည်းအဝေးကို ကျေးရွာသူ/သားများမှ ဆန္ဒပြကန့်ကွက်ခဲ့ပါသည်။

“ကျမတို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး မတွေ့ချင်ဘူးဘာကြောင့်လဲဆိုတော့သူတို့က ကျမတို့ကို တစ်ခါမှ ကျမ တို့အသံနားမထောင်ပါဘူး။ သူတို့လာတာဟာ ရေကာတာဆောက်ဖို့အရေးပဲ လာပြောမှာပါ။ ကျမတို့ ရပ်ရွာ ကို ပျက်စီးဆုံးရှုံးစေမည့် ရေကာတာကို အလိုမရှိဘူး။ ကျမတို့ ရပ်ရွာကို ရေလွမ်းသွားစေမည့် ဒီရေကာတာ ရပ်တန့်ပေးရန်အတွက် ကျမတို့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့တယ်။ ဒီရေကာတာက ကျမတို့ ရပ်ရွာ တခုလုံး ရေအောက်ရောက်သွားစေမယ်။ အဲကြောင့် ကျမတို့က ဝန်ကြီးနဲ့တွေ့ဖို့ ငြင်းပယ်တာ။ တာလုံကျေး ရွာသူ နန်းလောဝ်ခမ်း မှပြောကြားခဲ့ပါတယ်။”

တာလုံကျေးရွာ၂ ရွာသည် လူဦးရေ ၇၀၀ ခန့်နေထိုင်ပြီး ချိုမြိုင်သော ရှောက်သီးနှင့် ရှောက်ပန်း သီးများကို သဘာဝစိုက်ပျိုးနည်းဖြင့် နာမည်ကြီးလှသည်။ ရွာသူ/သားများ အများစုသည် ၎င်းတန်ဖိုးကြီးလာစွာသော ရှောက်သီးနှင့် ရှောက်ပန်းသီးခြံများ ပိုင်ဆိုင်ထားကြသည်။ ဥပမာအားဖြင့် ဦးစိုင်းကျော်အေးပိုင် ရှောက်သီး ၂ ဧက ကို ပိဿချိန် ၂၈၀၀၀ ထွက်ရှိပြီး သိန်း ၁၉.၆၀၀.၀၀၀ ဝင်ငွေရရှိခဲ့သည်။

 

နမ္မတူမြစ်ပေါ်တွင် အကြီးစားရေကာတာစီမံကိန်း ၃ ခုရှိပြီး နော်ဝေးနိုင်ငံပိုင် SN Power ကုမဏီ ရင်းနှီး မြုပ်နှံမှုဖြင့် ၇၃၅ မိကာဝပ် ထွက်ရှိမည့် အလယ်ရဲရွာစီမံကိန်းသည် နောင်ချိုမြို့နယ်အတွင်း စစ်ဖြစ်နေသည့် နေရာတွင် တည်ရှိသည်။

ဒေသတွင်းရှိ ရှေ့ဟောင်းသာသနာ့အဆောက်အအုံများ၊ ဘဝရပ်တည်နိုင်ရေးအတွက် မှီခို လုပ်ကိုင်စား သောက် လာခဲ့သောဥယျာဉ်ခြံမြေများ အထက်ရဲရွာရေကာဆောက်လုပ်ပြီးပါက ရေအောက်သို့ရောက်ရှိ သွား မည်။ ၎င်းရေကာသည် စစ်မက်ဖြစ်ပွားရာဒေသအတွင်းဖြစ်ပြီး တရုတ်၊ ဂျပန်၊ ဂျာမဏီနှင့် ဆွဇ်ဆလန်နိုင်ငံ ကုမ္ပဏီများမှ ပါဝင်ဆောက်လုပ်လျှက်ရှိသည်။ ယခုနှစ် သြဂုတ်လတွင် တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်များ စစ်ဖြစ်ခဲ့ပြီး ဒေသခံပေါင်း ၅၀၀၀ ကျော် နေရပ်ရွေ့ပြောင်းခဲ့ရသည်။

“အစိုးရကတော့ ကျမတို့ရွာသူ/သားများရဲ့ နာကြင်ခြင်းနှင့် အခက်အခဲများ မတွေ့ဘူး။ ရေကာတာ ဆောက် လုပ်ခြင်း ဆက်ပြီးအကောင်အထည်မဖော်သင့်ဘူး ဘာကြောင့်လဲဆိုတော့ကျမတို့ ရွေ့ပြောင်းခြင်းခံရမှာ။ ကျမတို့ မျိုးဆက်ပေါင်းများစွာနေထိုင်လာခဲ့တဲ့ ရပ်ရွာကိုမစွန့်ပစ်နိုင်ဘူး။ ရေကာတာကြောင့် ကျမတို့ရွာ များ ရေလွမ်းခြင်းကို မတွေးရဲဘူး။ နန်းလောဝ်ခမ်းမှ ပြောကြားခဲ့သည်။”

စိုင်းထမ်အိုက်   ၀၉ ၄၅၃ ၁၃၂ ၇၅၅

နန်းလောဝ်ခမ်း ၀၉ ၂၆၂ ၁၀၈ ၀၆၂

PDF files:>>> Shan Burmese English

ထုတ်ပြန်ချက်