နမ္မတူပေါ်တည်ဆောက်သည့်ရေကာတာများရပ်တန့်ရေး တာလုံကျေးရွာသူ/သားများမှ ရပ်ရွာဇာတာ ဆက်ပြုလုပ်ခြင်း

သီပေါ့မြို့နယ် တာလုံကျေးရွာ ထုတ်ပြန်ကြေညာချက်

နမ္မတူပေါ်တည်ဆောက်သည့်ရေကာတာများရပ်တန့်ရေး တာလုံကျေးရွာသူ/သားများမှ ရပ်ရွာဇာတာ ဆက်ပြုလုပ်ခြင်း

ရက်စွဲ။   ။၂၁/၈/၂၀၁၉

ယနေ့ နမ္မတူမြစ်ပေါ်တည်ဆောက်သည့်ရေကာတာများရပ်တန့်ရေးနှင့် တာလုံကျေးရွာ ရေရှည်တည်တန့်စွာနေနိုင်ရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ့မြို့နယ်၊ တာလုံကျေးရွာနှင့် အချို့သော ကျေးရွာ များအတူတကွပူးပေါင်းကာ ရပ်ရွာဇာတာဆက်ခြင်းပြုလုပ်ခဲ့သည်။ အထက်ရဲရွာရေကာတာ ဆောက် လုပ် ပြီးစီးပါက ကျွနု်ပ်တို့၏ ရပ်ရွာလူနေအိမ်ခြေများ ရေလွှမ်းသွားမည်ဖြစ်ပါသည်။

နားမခေါ်ကျေးရွာ၊ ဟိုနား၊ ဝမ်ဟူမ်၊ တုံကြိုက်၊ နိုင်းလုံ၊ နားစလောင်း၊ နမ့်လန်ကျေးရွာ၊ သီပေါ့ပြည်သူလူထု စုစုပေါင်း   (၇၀၀) ဦးကျော် နှင့် သံဃာတော် (၁၂) ပါး ပူးပေါငး်ပြီး တာလုံကျေးရွာရှိ နမ္မတူမြစ်ကမ်း နှံ ဘေး ၌ ရပ်ရွာဇာတာဆက်ခြင်းကို နံနက် ၇ နာရီတွင် ပြုလုပ်ခဲ့သည်။ ဆက်လက်ပြီး ရေကာတာအလိုမရှိ ကြောင်း ဆိုင်းဘုတ်များကို ရပ်ရွာများအတွင်း တပ်ဆင်ခဲ့ကြသည်။

တာလုံကျေးရွာ (၂) ရွာသည် လူဦးရေ (၇၀၀) ခန့်နေထိုင်ပြီး တာလုံရွာ၏ ရှောက်သီးနှင့် ရှောက်ပန်း သီးများကို သဘာဝစိုက်ပျိုးနည်းဖြင့် ချိုမြိန်သောအရသာကြောင့် နာမည်ကြီးလှသည်။ (ဥပမာ)အားဖြင့် ဦး စိုင်းကျော်အေးပိုင် ရှောက်သီးခြံမြေ (၂) ဧကသည် တစ်နှစ်လျှင် ရှောက်သီးပိဿချိန် (၂၈၀၀၀) ထွက်ရှိပြီး ငွေသားဖြင့် သိန်း (၁၉.၆၀၀.၀၀၀) ဝင်ငွေရရှိခဲ့သည်။

တာလုံကျေးရွာနေ နန်းလောဝ်ခမ်းမှ ပြောပြချက်အရ “ကျမတို့ရပ်ရွာဟာ ကျမတို့ဘိုးဘွားစဉ်ဆက် အကျိုး ပြုခဲ့တဲ့ ကျမတို့ရှောက်သီးခြံတွေ ရှောက်ပန်းသီးခြံတွေ မြတ်နိုးတယ်။ ဒီရေကာတာကြောင့် ကျမ တို့ ရပ် ရွာကိုရေမလွှမ်းစေချင်ဘူး” ဟုပြောပါတယ်။

အထက်ရဲရွာရေကာတာဆောက်လုပ်ပြီးပါက တာလုံအရှေ့ကျေးရွာနှင့် တာလုံအနောက်ကျေးရွာ များ ရေ လွှမ်း သွားပါမည်။ အခြားသော ယာဉ်ကျေးမှုအမွေအနှစ်များနှင့် စဉ်ဆက်မပြတ် အသက်မွှေး ဝမ်း ကြောင်း အတွက် အကျိုးပေးခဲ့သည့် သဘာဝမြေဆီလွှာများ ကြွယ်ဝသော ဥယာဉ် ခြံများသည် ရေအောက် သို့နစ်မြုပ်ပျောက်ကွယ်သွားမည်။ ၎င်းရေကာတာများသည် စစ်တလင်း ပြင်းထန်သည့်ဒေသအတွင်း တည်ရှိ နေသော်လည်း တရုတ်ကုမဏီ၊ ဆွစ်ဇာလန်နှင့် ဂျပန်ကုမဏီများမှ ရင်းနှင်းမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ (၁၅/၈/၂၀၁၉) ရက်စွဲ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်မြို့နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ကြပြီး ပြည်သူလူထု (၃၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

နမ္မတူမြစ်ပေါ်တွင် အကြီးစားရေကာတာစီမံကိန်း (၃) ခုရှိပြီး နော်ဝေးနိုင်ငံပိုင် SN Power ကုမဏီ ရင်းနှီး မြုပ်နှံမှုဖြင့် (၇၃၅) မိကာဝပ် ထွက်ရှိမည့် အလယ်ရဲရွာစီမံကိန်းသည် နောင်ချိုမြို့နယ်အတွင်း စစ်ဖြစ်နေ သည့်နေရာတွင် တည်ရှိသည်။

ရပ်ရွာဇာတာဆက်အခန်းအနား ပူပေါင်းကျင်းပသူ “စိုင်းထမ်းအိုက်မှ တိုင်းရင်းသားလက်နက်ကိုင် များနှင့် တပ်မတော်တို့ တိုက်ပွဲရှိနေသ၍တော့ နမ္မတူမြစ်ပေါ်မှာ လုံးဝရေကာတာတွေ မဆောက်လုပ်သင့်ဘူး” ဟုပြောပါတယ်။

ဆက်သွယ်ရန်

စိုင်းထမ်းအိုက်   +၉၅ (၀)၉-၉၇၁-၈၇၉-၉၈၂

နန်းလောဝ်ခမ်း +၉၅ (၀)၉-၂၆၂-၁၀၈-၀၆၂

စိုင်းခေးဆိုင်     +၆၆ (၀) ၈၁ ၆၇၂ ၂၀၃၁

PDF Files >>> Shan Burmese English

ထုတ်ပြန်ချက်