နမ္မတွင်းရှိ သတ္ထုတူးဖော်မှု ချက်ချင်းရပ်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ အစီရင်ခံစာသစ်ထုတ်ပြန်

၂၀၁၇ ခုနှစ် ဇွန်လ ၂၈ ရက်

နမ္မတွင်းရှိ သတ္ထုတူးဖော်မှု ချက်ချင်းရပ်

နိဒါန်း

သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ ကျောက်မီးသွေးများကို ငွေရည်ပုလဲကုမ္မဏီ မှ ၂၀၀၄ခုနှစ်တွင်စတင်တူးဖော်သည်။ သတ္တုတူးဖော်မှုကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေများနှင့် စိုက်ပျိုးခြံများပျက်ဆီးဆုံးရှုံးစေမှု၊ရေ နှင့် လေထုညစ်ညမ်းခြင်းကို ဖြစ်ပေါ်သောကြောင့်ထိုဒေသခံ ရွာသူရွာသား ၃၀၀၀ ကျော်သည် ကျန်းမာရေးများစွာ ထိခိုက်နေပါသည်။ သတ္တုတူးဖော်မှုရပ်တန့်ရန်အတွက် ဒေသခံရွာသူရွာသားများ ဧပြီလ ၁ ရက်နေ့ ၂၀၁၆ ကတည်းက စုဝေးဆန့်ကျင် တောင်းဆိုပေမဲ့လည်း ကုမ္မဏီက သတ္တုရှိရာဧရိယာများကိုဆက်လက်တူးဖော်နေသည်။ သတ္တုတူးဖော်မှုများလုပ်ငန်း စဉ်များက်ို ကာကွယ်ရန် မြန်မာအစိုးရတပ်မတော်သည် ထိုနယ်မြေတွင်းအခြေစိုက်တပ်စခန်းရှိသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို နယ်မြေမှထွက်ခွာရန် မေလ ၂၀၁၆ တွင်ထိုးစစ်ဆင်ရှင်းလင်းခဲ့သည်။ဒေသခံရွာသားများကိုလည်း ဖမ်းဆီးရိုက်နှက်သည့်အပြင် ဥပဒေမဲ့စွာသတ်ပစ်သည်။ ယခုချိန်ထိ တစ်နေ့ကို သတ္တုတွင်းဧရိယာကနေ လော်လီကားကြီး အစီးတစ်ရာကျော်နှင့် သယ်ယူပို့ဆောင်နေသည်။

သတ္တုတွင်းကြောင့်ဒေသခံ၏ကျန်းမာရေး၊ပတ်ဝန်းကျင်နှင့်သူတို့ရဲ့အသက်မွေးဝမ်းကြောင်းဖြစ်တဲ့လယ်ယာမြေများအစရှိသည်တို့ ထိခိုက်ပျက်စီးနေသောကြောင့် နမ္မဒေသခံရွာသူရွာသားများက အစိုးရကိုသတ္တုတူးဖော်မှုချက်ချင်းရပ်တန့်ပေးရန် လေးလေးနက်နက်တိုက်တွန်းသည်။

PDF Files:

Shan

Burmese

English

ထုတ်ပြန်ချက်