ရှမ်း-ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်း နေရာကျဉ်းကြပ်လာခါ လုံခြုံရေးအား ခြိမ်းခြောက်မှုများရှိ

မေလ ၂၃ရက်နေ့ ၂၀၁၉ခုနှစ်

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့် ရှမ်းပြည်နယ်ဒုက္ခသည်များဆိုင်ရာကော်မတီ(ထိုင်းနယ်စပ်)မှ ထုတ်ပြန်ကြေညာချက်

ရှမ်း-ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်း နေရာကျဉ်းကြပ်လာခါ လုံခြုံရေးအား ခြိမ်းခြောက်မှုများရှိ

နိုင်ငံတကာအလှူရှင်များရဲ့ စားနပ်ရိက္ခာထောက်ပံ့ပေးမှု(၁)နှစ်ကျော်ဖြတ်တောက်ခံရသည့် ရှမ်း-ထိုင်းနယ်စပ်တလျှေက်ရှိ အိုးမဲ့အိမ်မဲ့ရွာသူရွာသား( ၆,၀၀၀)ကျော်ကို မြန်မာအစိုးရစစ်တပ်နှင့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့၏ လုံခြုံရေးခြိမ်းခြောက်များ တိုးမြှင့်နေကြောင်းကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့် ရှမ်းပြည်နယ်ဒုက္ခသည်များဆိုင်ရာကော်မတီ (ထိုင်းနယ်စပ်)မှ အစီရင်ခံစာသစ်ထုတ်ဖော်လိုက်ပါသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အပစ်ခတ်ရပ်စဲတည်နေသော်လည်း မြန်မာအစိုးရတပ်က ရှမ်းဒုက္ခသည်များ ခိုလုံရာစခန်း(၅)ခုတဝိုက်တွင် အင်အားဖြည့်တင်းခြင်း၊ လမ်းသစ်ဆောက်လုပ်ခြင်း၊ ဒရုန်းလွတ်တင်ခြင်း၊ နှင့် ဖေဖော်ဝါရီလ ၂၀၁၉တွင် ပြည်တွင်းစစ်ပြေးရှောင်များတည်နေရာစခန်း(၂)ခုကို ၁၂၀ မမ လက်နက်ကြီးဖြင့် (၆)ကြိမ်တိတိ ပစ်ခတ်ခဲ့သည်။ စစ်ပြေးဒုက္ခသည်များလည်း ထပ်မံပစ်ခတ်တိုက်ခိုက်မှုမှ ကင်းလွတ်ရန် ဗုံးခိုကျင်းများနဲ့ လေ့ကျင့်ခန်းများ ပြင်ဆင်ထားနေဆဲဖြစ်သည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်် မတော် (UWSA)သည်လည်း ရှမ်းပြည်နယ်တောင်ပိုင်း စစ်ပြေးရှောင်စခန်းများအနီးတဝိုက်တွင် နယ်မြေတိုးချဲ့မှုများ ပြုလုပ်နေပါသည်။ ၂၀၁၉ ဖေဖော်ဝါရီလတွင် “ဝ“ တပ်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် နယ်နိမိတ်သဘောတူညီချက်ကို ချိုးဖျက်ပြီး လွိုင်ကော်ဝမ်းစစ်ပြေးရှောင်စခန်းအနီးရှိ တောင်ယာစိုက်ခင်းများကို သိမ်းဆည်းသည်။ စစ်ပြေးရှောင်များလည်း စိုက်ပျိုးမြေရှားပါး၍ ၀မ်းစာ ရှာရခက်ခဲခါ ပိတ်ပင်တားဆီးခံနေရကြောင်း သိရသည်။

ရှမ်းစစ်ပြေးရှောင်စခန်းများအနီးတဝိုက်တွင် ရာနှင့်ချီထူထပ်ရှိနေသည့် မြန်မာအစိုးရစစ်တပ်နှင့် “ဝ“ စစ်တပ်ရှိရာကို စစ်အင်အား ဖြည့်သဖြင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ မြေပုံ၌ ရှမ်းပြည်နယ်တောင်းပိုင်းအတွင်း စစ်အင်အားကြီးထွားနေခြင်း၏ အတိုင်းအတာပမာဏကို မီးမောင်းထိုးပြနေပါသည်။

လွန်ခဲ့သော (၂၀) နှစ်က ယခင် မြန်မာစစ်အစိုးရ၏ သွေးခွဲစိုးမိုးအုပ်ချုပ်မှုအောက်တွင် မြောက်အရပ်မှ“ဝ”တိုင်းရင်းသား (၁၂၀,၀၀၀)ကျော် အတင်းပြောင်းရွှေ့အခြေချစေခါ မူလနေထိုင်ကြသော ရှမ်း၊ အားခါ နှင့် လားဟူ တိုင်းရင်းသားကို “၀“ တို့က တွန်းထုတ်ဖယ်ရှားပြီး ရှမ်းပြည်တောင်ပိုင်း နယ်နိမိတ်များကို ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က အခိုင်အမာ ထိန်းချုပ်စိုးမိုးထားသည့် အကျယ်အဝန်းကို မြေပုံ၌လည်း ဖော်ပြထားပါသည်။ ကျေးလက်တွင် ဝမ်းစာစိုက်ပျိုး သည့် သူများသူ၏ မြေကို သိမ်း၍ စစ်တပ်များက ကြီးကြပ်ခါ ရော်ဘာပင်စိုက်ခင်းအဖြစ်သို့ အစားထိုးစိုက်ပြီး အဓိကအားဖြင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချသည်။

အများသိမြင်ကြသည့် လွန်ခဲ့သောလက တရုတ်နယ်စပ်တွင် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ၃၀ နှစ်ပြည့် အပစ်အခတ်ရပ်စဲရေးအခမ်းအနားတွင် ထိုင်းနယ်စပ်မှ ၁၀ ကီလိုမီတာသာ ကွာဝေးသော မိုင်းတုံမြို့နယ် ဟွေအောရှိ ၄င်းတို့၏ ”ဝ”တောင်ပိုင်းစစ်ဌာနချုပ်တွင် အလားတူ ကြီးမားသော ထောင်နဲ့ချီ စစ်အင်အားပြသခြင်းသည် ဒုက္ခသည်များ နေရပ်မပြန်နိုင်ခင် နယ်မြေပြဿနာဖြေရှင်းရန် လိုအပ်သည့် သတိပေးချက်တစ်ခုဖြစ်သည်။

”ကျွန်တော်တို့ရဲ့ရွာနဲ့ လယ်ယာမြေတွေ မြန်မာအစိုးရနှင့်”ဝ“စစ်တပ်တွေရဲ့ လက်ထဲရှိနေတယ်။ အခုအခြအနေနဲ့ဆို ကျွန်တော်တို့နေရပ်ပြန်နိုင်ဖို့က မဖြစ်နိုင်ဘူး“ဟု ရှမ်းပြည်နယ်ဒုက္ခသည်များဆိုင်ရာကော်မတီ(ထိုင်းနယ်စပ်) (SSRC -TB) ရဲ့ အကြီးအကဲ စိုင်းလျန်းက ပြောပါသည်။

၂၀၁၇ခုနှစ် အောက်တိုဘာလတွင် ရှမ်းဒုက္ခသည်စခန်းကို စားနပ်ရိက္ခာထောက်ပံ့မှုရပ်နားဖို့ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းရန် အနောက်တိုင်းအလှူရှင်များသို့ အယူခံခဲ့သော်လည်း ပယ်ချခဲ့သည်။   မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များပြသည့် UN နဲ့ INGO မြေပုံတွင် ယခုအခါ၌ ရှမ်းဒုက္ခသည်စခန်းများ ထည့်သွင်းပြသထားခြင်းလည်း မရှိတော့ပါ။

“အိုးမဲ့အိမ်မဲ့ရှမ်းဒုက္ခသည်တွေကို မျက်ကွယ်ပြုနေတာဟာ ငြိမ်းချမ်းခြင်းကို သယ်ဆောင်လာနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ ဒီစစ်ပွဲတွေ ပြီးဆုံးဖို့ အပြည်ပြည်ဆိုင်ရာကနေ မြန်မာအစိုးရစစ်တပ်ကို ဖိအားပေးဖို့ တိုက်တွန်းချင်ပါတယ်”ဟု စိုင်းလျှန်းကပြောသည်။

ထုတ်ပြန်ကြေညာချက်အား အပြည့်အစုံကြည့်ရန်

PDF File >>> Shan Burmese English Thai

Press release PDF Files: >>> Shan Burmese English Thai

ဆက်သွယ်ရန်

စိုင်းလျဲန်း          +66 (0) 86 188-9827      (ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်)

စိုင်းရွက်လွင်      +66 (0) 97-173-1530      (ရှမ်း၊ မြန်မာ)

နန်းချမ်တောင်း  +66 (0) 87-658-9551       (ရှမ်း၊ထိုင်း၊အင်္ဂလိပ်)

နန်းလွင်းဟွမ်     +66 (0) 82-189-0684       (ရှမ်း၊ထိုင်း )

ထုတ်ပြန်ချက်