နမ့်တူမြစ်ကိုကာကွယ်စို့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ အစီရင်ခံစာသစ်ထုတ်ပြန်

၂၀၁၆ ခုနှစ် ေမလ ၁၀ ရက

နမ့်တူမြစ်ကိုကာကွယ်စို့

၂၀၁၆ ခုနှစ်ဇန်နဝါရီလတွင် မြန်မာနိုင်ငံသတင်းဌာနမှသတင်းထဲတွင် နေပြည်တော်သည် ရေကာတာရေအားလျှပ်စစ်စီမံကိန်း ၄ ခုကို နမ္မတူ(မြစ်ငယ်(သို့)ဒုဋ္ဌဝတီ)မြစ်ပေါ်တွင် တည်ဆောက်ရန်စီစဉ်လျှက်ရှိကြောင်း၊ ၎င်းအနက် ရေကာတာ (၃)ခုသည် ယခုရှမ်းပြည်နယ် ပဋိပက္ခ ဖြစ်ရာနေရာအတွင်းတွင်ဖြစ်နေသည်။ ၎င်းရေကာတာသစ်များနှင့်ရဲရွာရေကာတာတို့သည် မြစ်ကြောင်းတခုလုံး၏ထက်ဝက်ကိုပိတ်ဆို့လိုက်ရမည်ဖြစ်သည်။

ဆောက်လုပ်ဆဲအထက်ရဲရွာရေကာတာသည် နောင်ချိုမြို့နယ်တွင်ရှိပြီး ဗမာစစ်အစိုးရက ၂၀၀၈ ခုနှစ်မှစ၍ တည် ဆောက်ခဲ့သည်။ ၂၀၁၈ခုနှစ်တွင်ပြီးရန်ခန့်မှန်းထားသည်။ တည်ဆောက်မည့်ရေလှောင်ကန်သည် အကျယ်အဝန်း (၆၀) ကီလိုမီတာ ရှိသည်။ လူဦးရေ (၅၀၀) ခန့်နေထိုင်သည့် ရှမ်းရွာကြီးဖြစ်သော တာလုံရွာသည် ရေအောက်လုံးဝမြုပ်သွားပြီးသီပေါမြို့ ၏တစ်စိတ်တပိုင်း တို့မှာ လည်း ရေအောက်မြှပ်သွားနိုင်သည်။

တာလုံ ၏အဓိပ္ပါယ်မှာ (ဆိပ်ကမ်းကြီး)ဟုဆိုသည်၊စည်ကားသာယာသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွက် အော်ဂင်းနစ် သဘာဝလိမ္မော်သီး၊ ကျွဲကောသီးတို့မှာ နမ္မတူမြစ်ကမ်းတစ်လျှေက်တွင် စိုက်ပျိုးကြ၍ လူသိများသည်။ နှစ်ပေါင်းတစ်ရာကျော် ရှေးပဝေသဏီကတည်းက တည်ထားကိုးကွယ်သော စေတီပုထိုးများလည်းရှိသည်။ ရေကာတာ မတည်ဆောက်မှီကတည်းက တာလုံရွာသားတို့အား အကြောင်းကြားခြင်း မရှိသည့်ပြင် ညှိနှိုင်းတိုင်ပင်မှုများမရှိခဲ့ပေ။ သဘာဝနှင့် လူမှုဝန်းကျင်ထိခိုက်မှု အကဲခတ်အဖွဲ့ (ESIA) Environment and Social Impact Assessment တို့က၂၀၁၄ ခုနှစ်မှသာ စလုပ်ဆောင်လာသဖြင့် ရေကာတာစဆောက်ပြီး(၆) နှစ်မှ ရောက်လာခဲ့ခြင်းဖြစ်သည်။(ESIA)လုပ်နေစဉ်တွင်လည်း တာလုံရွာမှ ဒေသခံပြည်သူလူထုတို့မှာ ပြောင်းရွှေ့မှုကို မလိုလားကြကြောင်းရှင်းရှင်း ဖေါ်ပြ ကြသည်။

သို့သော်လည်း ဒီရေကာတာတည်ဆောက်မှုကို တရုတ်အရင်းအနှီး နှင့်ဆက်လက်လုပ်ဆောင်နေပြီး တရုတ်၊ဂျပန်၊ဂျာမန် နှင့် ဆွစ်ကုမ္မဏီ တို့လည်းပါဝင်ပတ်သက်နေသည်ရေလွှဲပေါက်ဥမင်လိုဏ်ခေါင်း မှ ပြီးစီးနေပြီဖြစ်ပြီး ရေကာတာ၏ အဓိကနံရံကို၂၀၁၆ ခုနှစ် အစောပိုင်းတွင် တည်ဆောက်သွားမည်ဖြစ်သည်။

ရှမ်းပြည်နယ် နမ္မတူမြစ်ပေါ်တွင်တည်ဆောက်မည့် အခြားသော ရေကာတာစီမံကိန်းများမှာ နောင်ချိုမြို့နယ် တည်ဆောက်နေသော အလယ်ရဲရွာ ရေကာတာစီမံကိန်းသည် နော်ဝေနိုင်ငံပိုင် အက်စ်အင်န်ပါဝါ ( SN Power) တာဝန်ယူတည်ဆောက်သည်။ သီပေါမြို့နယ်ရှိနမ္မတူမြစ် ပေါ်တည်ဆောက်နေသည့် ရေကာတာလည်း ပွင့်လင်းမြင်သာမှုမရှိသလိုထိခိုက်နစ်နာမည့်လူထူကို ဆွေးနွေးအကြောင်းကြားခြင်းမရှိပေ။

၎င်းရေကာတာ များ၏ အဆင့်များကြောင့် မြစ်ချောင်းပေါ်ရှိ သဘာ၀ဂေဟ စံနစ်ကို ပြင်းထန်စွာထိခိုက်နိုင်သည်။ငါးများသွားလာကျက်စားရာကို အနှောက်အယှက်ဖြစ်စေသဖြင့် သီပေါမြို့မှ ထောင်ပေါင်းသော ရပ်သူ၊ရွာသားအများ မှီခိုစားသောက်ရသော ငါးများ ထိခိုက်နစ်နာနိုင်သည်။ အထက်တွင်ရှိ သတ္တုတူးဖေါ်သည့် လုပ်ငန်းများကြောင့် ရေလှောင်ကန်များ အဆိပ်သင့်ရကာ ငါးတွေနှင့် အမှီပြုသည်သူများ၏ကျန်းမာလည်း ထိခိုက်နိုင်သည်။သဘာဝပေါက်ပင်များရေဠေယင်ကန်တွင် ပုပ်သိုးပြီးမီသိန်းဓါတ်များထုတ်လွှတ်သဖြင့်ကမာ္ဘကြီးကိုပိုမိုပူနွေးလာမှုကို ပိုဖြစ်စေသည်။

အခြားသောစိုးရိမ်ပူပန်မှုမှာ သီပေါမြို့နယ် နမ္မတူရေကာတာ စီမံကိန်းအောက်ပိုင်းတွင် နေသောသူများသည်ရေကာတာလုပ်ငန်း၏ ရေအတက်အကျကိုမခန့်မှန်းနိုင်ရကာမြစ်ကမ်းတစ်လောက်တွင် ရု တ်တရက်တစ်ရှိန်ထိုးရေကြးလာနိုင်သောအန္တရာယ်များကြုံနိုင်သည်။အကယ်၍ မိုးသည်းထန်စွာရွာသွန်းပါက ကြီးမားသောရေထုထည်ကိုရေဂါတာက လွှတ်ချမည်ဖြစ်သဖြင့် မြစ်အောက်ပိုင်းတွင်ရေဖုံးလွှမ်းနိုင်ပါသည်။

ထိုထက်ပို၍ စိုးရိမ်ပူပန်စရာကောင်းသည်မှာ ရေကာတာကျိုးပျက်နိုင်ခြင်းဖြစ်သည်။မိုးသည်ထူးကဲစွာသဲထန်ရွာခြင်း၊မြေပြိုခြင်း၊ငလျှင်လှုပ်ခြင်းများကြောင့်လည်းဖြစ်နိုင်သည်။အလယ်ရဲရွာ ရေကာတာစီမံကိန်းသည် ကျောက်ကြံ့ ငလျှင်လှိုင်းပေါ်တွင် တည်ရှိသည်၊၎င်းကျောက်ကြံငလျှင်လှိုင်း သည် ၁၉၁၂ ခုနှစ်က ရိတ်တာစကေး ၈ ခန့်ရှိပြီး မြန်မာ့သမိုင်းတွင်အကြီးမားဆုံးငလျှင်လှုပ်ဖူးသည်။

ရေဂာတာရေလှောင်ကန်၏ အလေးချိန်ကြောင့်မြေနိမ့်ကျခါ ငလျှင်ဖြစ်ပေါ်န်ိုင်ခြင်းကြောင့်လည်း ကြီးစွာစိုးရိမ်ပူပန်ရပါသည်။ရေကာတာကျိုးပဲ့ပျက်စီးပါက အောက်ပိုင်းရှိ ရေကာတာများလည်းကျိုးခါ အနိမ့်ပိုင်းရှိ မရေတွက်နိုင်သောရပ်ရွာများကိုပါ ဆူနာမီဘေးဆိုးကဲ့သို့ ကျရောက်ခံစားရနိုင်သည်။

နောက်ဆုံးတွင် နေပြည်တော်သည်တိုက်ပွဲဖြစ်ရာဇုန်တွင် သိသာမြင်သာမှုမရှိသည့်ရေကာတာ စီမံကိန်းက်ိုအတင်း ဆက်လက် ဖိလုပ်နေခြင်းသည် အမျှော်အမြင်နည်းရာကျသည်။ ရှမ်းပြည်နယ် အတွင်းရေကာတာစီမံကိန်းဆောက်မည့်နေရာတွင် ၂၀၁၆ ခုနှစ်အစောပိုင်းကတည်းကပင် တိုက်ခိုက်မှု သည် ပိုမိုများပြားလာသည်။ နေပြည်တော်ကသဘာဝသံယံဇာတကို လက်ဝါးကြီးအုပ်နေမှုသည် ဒေသခံတိုင်းရင်းသားတို့နှင့် ပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်းဖြစ်ရာ စိတ်ထိခိုက်ခြင်းနှင့် ပဋိပက္ခများသာ တိုးပွါးလာစရာသာရှိပေသည်။

ထို့ကြောင့် ကျွန်တော်တို့မှ အစိုးရသစ်ဖြစ်သော NLD (အန်အဲယ်ဒီ) အား အထက်ရဲရွာရေကာတာ အပါအဝင် နမ္မတူ ရေကာတာသစ်တည်ဆောက်မှုစီမံကိန်းအကောင်ထည်ဖော်မှု အားလုံးချက်ချင်း ရပ်တန့်ပေးပါရန်တ်ိုက်တွန်းတောင်းဆိုပါသည်။ ပဋိပက္ခဖြစ်နေသောတိုင်းရင်းသားနယ်မြေများတွင် ဖက်ဒရယ်အတွက် သဘောတူညှိနှိုင်းမှု တည်ဆောက်မှု၊စစ်မှန်သော တစ်နိုင်ငံလုံးငြိမ်ချမ်းရေးနှင့် သဘာဝသံယံဇာတ စီမံခန့်ခွဲမှုတို့ကို ခွဲဝေမှုတို့ဖြင့်သာ နမ္မတူမြစ်ချောင်းတစ်လျှောက်အနာဂတ် ရေအားလျှပ်စစ်ဖွံဖြိုးရေးကို စဉ်းစားနိုင်မည်။

နမ္မတူမြစ်ပေါ်တည်ဆောက်မည်ဆိုပါက ရေအားလျှပ်စစ်စီမံကိန်းကိုမဆို မြစ်ကြောင်းတစ်လျှောက် သက်ရောက်မည့် ကောင်းကျိုးဆိုးပြစ်ကိုထင်ရှားသိသာမှုရှိခြင်း၊သက်ဆိုင်ရာတိုင်းရင်းသားဌာနေ လူမျိုးများအားကြိုတင်ညှိနှိုင်း သဘောတူညီမှုရယူရမည်။

PDF Files:

Shan

Burmese

English

ထုတ်ပြန်ချက်