ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ ချိုးဖေါက်မှုထုတ်ပြန်ချက်
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၅ ရက်
၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်ရှမ်းပြည်အရှေ့ပိုင်း မဲခေါင်မြစ်အနီး NDAA (မိုင်းလားတပ်) ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံများက ဖော်ထုတ်ပြသနေ
Download PDF >> Shan | Burmese | English | Thai
၂၀၂၅ ခုနှစ် မေလမှ ဂြိုဟ်တုဓာတ်ပုံများနှင့် ဗီဒီယိုများမှ ရှမ်းပြည်အရှေ့ဘက်အစွန်ဆုံး မိုင်းယောင်းမြို့နယ်အတွင်းရှိ အမျိုးသား ဒီမို ကရေစီမဟာမိတ်တပ်မတော် (NDAA သို့မဟုတ် “မိုင်းလား” တပ်ဖွဲ့) ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မြေရှား သတ္တုတူးဖော်သည့်နေရာ ၁၉ ခုကို ဖော်ထုတ်ပြသနေသည် သည်။ အဆိုပါနေရာများသည် မဲခေါင်မြစ်နှင့် ကီလိုမီ တာ ၄၀ ထက်နည်းသော အကွာအဝေးတွင် တည်ရှိသည်။
၂၀၂၁ ခုနှစ် အစောပိုင်းက ဓာတ်ပုံများတွင်မူ အဆိုပါဒေသ၌ မြေရှားသတ္တုတွင်း သုံးခုသာ တွေ့ရှိရပြီး ယင်းတို့အနက်နှစ်ခုမှာ အသုံးမပြုတော့သည့် သတ္တုတွင်းများ ဖြစ်နေပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် အသုံးပြုနေခဲ့သည့် သတ္တုတွင်းတစ်ခုမှာလည်း ယခုအခါ အသုံးမပြုတော့သဖြင့် ၂၀၂၅ ခုနှစ်တွင် တွေ့ရှိရသည့် နေရာ ၁၈ ခု၌ ထည့် သွင်းရေတွက်ထားခြင်း မရှိပါ။ ဤအချက်က လွန်ခဲ့သည့် လေးနှစ်အတွင်း မြေရှားသတ္တုတူးဖော်မှုမှာ အဆမတန် တိုးပွားလာခဲ့ကြောင်း ပြသနေသည်။
လက်ရှိတည်ရှိနေသော သတ္တုတွင်းနေရာ ၁၉ ခုစလုံးမှာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းများကဲ့သို့ စက်ဝိုင်းပုံစံ ဓာတ်ပြုကန်များကို အတန်းလိုက်တွေ့မြင်ရပြီး၊ ၎င်းမှာ မြေရှားသတ္တုများ ထုတ်ယူရန် နေရာတွင်ပင် ဓာတုဗေဒ နည်း ဖြင့်ပျော်ဝင်စေခြင်း (in−situleaching) နည်းလမ်းကို အသုံးပြုနေကြောင်း ပြသနေသည်။ NDAA နယ်မြေရှိ သတ္တုတွင်းများမှ အလုပ်သမားများ လူမှုကွန်ရက်တွင် တင်ထားသည့် ဗီဒီယိုများတွင်လည်း အဆိုပါ ဓာတုဗေဒ နည်း ဖြင့်ပျော်ဝင်စေသည့် နည်းလမ်းများနှင့် စက်ပစ္စည်းများကို တွေ့မြင်ရပြီး၊ ဓာတုဗေဒပစ္စည်းများ ထည့်ထား သည့် အိတ် ထောင်ပေါင်းများစွာနှင့် ဓာတုဆေးရည်များ ထိုးသွင်းရန် ပိုက်လိုင်းများဖြင့် ဖုံးလွှမ်းနေသည့် တောင် စောင်း များကိုလည်း တွေ့ရသည်။
လက်ရှိသတ္တုတွင်းများအနက် ၁၆ ခုမှာ လည်ပတ်နေဆဲဖြစ်သည်ကို ဓာတ်ပြုကန်များအတွင်း အရည်များ ပြည့်နေ ခြင်းအားဖြင့် တွေ့မြင်နိုင်ပြီး၊ ကျန်သုံးခုမှာ မေလအတွင်း တည်ဆောက်နေဆဲဖြစ်သော်လည်း တည်ဆောက်ဆဲ စက်ဝိုင်းပုံကန်တန်းများကြောင့် ခွဲခြားသိရှိနိုင်ပြီ ဖြစ်သည်။
သတ္တုတွင်းအများစုသည် တရုတ်နယ်စပ်နှင့် လေးကီလိုမီတာခန့်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ မှ ၅,၀၀၀ ကြားရှိသော မြင့်မားသောတောင်တန်းဒေသတွင် တည်ရှိသည်။ ထိုဒေသမှ ရေများသည် နပ်ချောင်း (Nap stream) အတွင်းသို့ စီးဝင်ပြီး၊ ထိုချောင်းသည် တောင်ဘက်သို့ ဆက်လက်စီးဆင်းကာ မဲခေါင် မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော လွေမြစ် (Lwe River) အတွင်းသို့ စီးဝင်သည်။ သတ္တုတွင်းလေးခုသာ လွေ မြစ်၏တောင်ဘက်ရှိ တောင်တန်းများတွင် တည်ရှိပြီး၊ ထိုသတ္တုတူးဖော်ရာနေရာမှ ရေများသည် မြောက်ဘက်သို့ စီးဆင်းကာ လွေမြစ်အတွင်းသို့ ဝင်ရောက်သည်။
လွေမြစ်သည် လာအို၊ မြန်မာ၊ ထိုင်း နယ်စပ်များ ဆုံရာ ရွှေတြိဂံမြစ်ဆုံ၏ အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာ ခန့် အကွာ၊ လာအိုနိုင်ငံ လုံနမ့်သာ (Luangnamtha) ခရိုင်၏ တစ်ဖက်ကမ်းဖြစ်သော ဆွပ်လွေ နေရာတွင် မဲခေါင်မြစ် နှင့် ပေါင်းဆုံသည်။
မြေရှားသတ္တုတွင်းများအားလုံးသည် ၁၉၈၉ ခုနှစ် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီး ချိန်မှစ၍ NDAA က ထိန်းချုပ်ထားသည့် အထူးဒေသ (၄) နယ်မြေအတွင်းတွင် တည်ရှိသည်။
မြေရှားသတ္တုအပြင် အခြားသတ္တုတူးဖော်မှုများလည်း လွေမြစ်တစ်လျှောက်တွင် လုပ်ဆောင်နေပြီး ရေထုညစ် ညမ်းမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။ မြေရှားသတ္တုတွင်းများသည် တရုတ်နိုင်ငံနှင့် နယ်စပ် တောင်တန်း တစ် လျှောက်တွင် ရှစ်ကီလိုမီတာရှည်လျားစွာ တည်ရှိနေသည့် မင်းဂနိစ် (manganese) သတ္တုတွင်းတန်း၏ အနောက် ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် တည်ရှိသည်။ ၂၀၀၆ ခုနှစ်ကတည်းက လားဟူအမျိုးသားဖွံ့ဖြိုးရေးအဖွဲ့ (LNDO) သည် တရုတ်သတ္တုတွင်းအလုပ်သမား ၁,၀၀၀ ကျော်က လုပ်ဆောင်နေသော ဤဒေသရှိ မင်းဂနိစ် သတ္တု တူးဖော်မှု က အနီးအနားရှိ တိုင်းရင်းသား အန်း (En) နှင့် လွယ်လ (Loila) လူမျိုးများ နေထိုင်သည့် တောင်ပေါ် ရွာနှစ်ရွာ၏ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို မည်သို့ထိခိုက်စေကြောင်း ဖော်ထုတ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း မင်းဂနိစ်သတ္တုတူးဖော်မှုသည် သိသိသာသာ တိုးမြင့်လာခဲ့ပြီး သတ္တုရိုင်းအညစ်အကြေးရေများသည် တောင်ဘက်သို့ စီးဆင်းကာ လွေမြစ်အတွင်းသို့ ဝင်ရောက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ တွင် စစ်ကောင်စီခန့် ရှမ်းပြည်နယ် ဝန်ကြီး ဦးအောင်အောင်နှင့် စစ် ကောင်စီ ၏ တြိဂံဒေသတိုင်းစစ် ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်တို့ သည် တရုတ်နိုင်ငံသို့ အဓိကဝင် ထွက်ရာနယ်စပ် ကုန်သွယ်ရေး တံခါး ပေါက် တစ်ခုဖြစ်သည့် NDAA ဌာန ချုပ် မိုင်းလားမြို့သို့ သွားရောက် ကာ NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ကြသည်။ ဆွေးနွေးမှုများ၏ အသေးစိတ်ကိုမူ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ထိုမတိုင်မီတစ်ရက်ဖြစ်သည့် ဩဂုတ်လ ၆ ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် ဝ ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ မြောက်ပိုင်းနယ်မြေရှိ မိုင်းပေါက်နှင့် ပန်ဆန်းမြို့များတွင် UWSA ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ဆက်သွယ်ရန်
ယိင်းလျန်းဟန် +1 825 425 4099 Signal (မြန်မာ)
ယိင်းဟွမ် +44 7418 602 464 Signal (ထိုင်း)
စိုင်ဟတ်စစ် +1 343 304 5332 Signal (အင်္ဂလိပ်၊ ရှမ်း)