၂၀၂၄ ဇူလိုင်လတွင် သိန္နီမြို့၌ စစ်ကောင်စီ၏ လက်တုံ့ပြန်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရကာ အဆောက်အဦး ၄၀ကျော်ပျက်စီးခဲ့

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှုထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် သြဂုတ်လ ၆ ရက်

၂၀၂၄ ဇူလိုင်လတွင် သိန္နီမြို့၌ စစ်ကောင်စီ၏ လက်တုံ့ပြန်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရကာ အဆောက်အဦး ၄၀ကျော်ပျက်စီးခဲ့

၂၀၂၄ ခုနစ်ဇူလိုင်လအတွင်း သိန္နီမြို့နယ်၌ MNDAA ကိုးကန့်တပ်ဖွဲ့၏ လားရိူးမြို့ကိုပြန်လည်ထိုးစစ်ဆင်ခြင်းအား လက်တုံ့ပြန်သည့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ဦးသေဆုံးကာ၊၂၄ ဦးဒဏ်ရာရပြီး စာသင်ကျောင်း ၃ကျောင်းအပါအဝင် အဆောက်အဦး ၄၀ နီးပါးပျက်စီးခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA တပ်ဖွဲ့မှ သိန္နီမြို့ကိုထိန်းချုပ်နိုင်သည့် ၂၀၂၄ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲတစ်စုံရာမရှိခဲ့ရာ ၎င်းလေကြောင်းတိုက်ခိုက်မှုများသည် စုစည်းလက်တုံ့ပြန်အပြစ်ပေးခြင်းဖြစ်သည်ကို ရှင်းလင်းစွာညွန်ပြနေသည်။

သိန္နီမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုများသည် လားရိူးမြို့ကို  ၂၀၁၇ စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် MNDAA နှင့် ၎င်း မဟာမိတ်တပ်ဖွဲ့များလားရိူးမြို့ကို စတင်တိုက်ခိုက်သည့် ဇူလိုင်လ ၃ရက်နေ့တွင်စတင်ခဲ့ပြီး စစ်ကောင်စီလေယာဥ်များမှ သိန္နီမြို့ရဲစခန်းအနီးသို့ ပေါင် ၅၀၀ ဗုံး ၃ လုံးကြချ ခဲ့ရာ အရပ်သားနေအိမ် ၁၀လုံးခန့်ပျက်စီးခဲ့သည်။

ထို့နောက်ရက်အနည်းငယ်အတွင်း စစ်ကောင်စီတပ်မှ သိန္နီမြို့ပေါ်နှင့်အနီးတစ်ဝိုက်ကျေးရွာများကို နောက်ထပ် ၆ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သိန္နီမြို့အနောက်တောင်ဘက်၁၀ကီလိုမီတာကွာဝေးသောမိုင်းလီ ကျေးရွာလဲအပါအဝင်ဖြစ်သည်။ အထိအခိုက်အများဆုံးဖြစ်စဥ်မှာ ဇူလိုင်လ ၁၈ ရက်နေ့က သိန္နီမြို့မစျေးထဲသို့ပေါင် ၅၀၀ ဗုံးကျရောက် သည့်ဖြစ်စဥ်ဖြစ်ပြီး အရပ်သား ၁၀ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရခဲ့သည်။အချို့ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ အပိုင်းပိုင်းပြတ်တောက်သွားခဲ့သည်။ဒဏ်ရာရသူများမှ ကွတ်ခိုင်နှင့် ချင်းရွှေဟော်ဆေးရုံတို့တွင် ဆေးကုသမှုခံယူနေသည်။

ဇူလိုင်လ ၂၅ရက် နေ့တွင်ကြဲချသောလေကြောင်းဗုံးသည် သိန္နီမြို့ရပ်ကွက် ၂တွင် ကြီးမားသောတွင်း ပေါက်ကြီး ကိုဖြစ်စေခဲ့ပြီး နေအိမ် ၁၀လုံးခန့်ပျက်စီးခဲ့သည်။ ဗုံးကြဲမှုကြောင့်ဖြစ်ပေါ်လာသောတွင်းပေါက်သည် ပေါင် ၅၀၀ ဗုံးကြောင့်ဖြစ်သည်ထက်ပိုမိုကြီးမားသည်

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော ကျောင်းအဆောက်အဦး
စစ်ကောင်စီဗုံးကြောင့်ဖြစ်ပေါ်လာသော ဧရာမတွင်းပေါက်ကြီး

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်                               66 99 246 5673/  66 94 728 6696      Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်                            66 99 289 6080                                          Signal (မြန်မာ)

Download PDF files >>> Shan Burmese English

ထုတ်ပြန်ချက်