Unienergy co.ltd မှ သီပေါမြို့နယ် နမ္မဒေသခံများမှUnienergy co.ltd အား နမ္မမြစ်ပေါ် ရေကာတာဆောက်လုပ်ရန်အစီအစဉ်များ ပိတ်ပင်တားစီးသည့် သတင်းထုတ်ပြန်ချက်

Unienergy co.ltd မှ သီပေါမြို့နယ် နမ္မဒေသခံများမှUnienergy co.ltd အား နမ္မမြစ်ပေါ် ရေကာတာဆောက်လုပ်ရန်အစီအစဉ်များ ပိတ်ပင်တားစီးသည့် သတင်းထုတ်ပြန်ချက်

၁၀ အောက်တိုဘာလ ၂၀၁၉

ယနေ့ Uniengery ကုမ္ပဏီမှ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ္မမြစ်ပေါ်ရေကာတာ တည် ဆောက် ရန်အတွက် ၎င်းကုမ္ပဏီဝန်ထမ်းများသည် ရပ်ရွာဒေသခံများနှင့်တွေ့ဆုံရန် ရွာအဝင်လမ်းတွင် နမ္မဒေသခံလူအင်အားများနှင့် ဝါးလုံးများဖြင့် ပိတ်ပင်တားမြစ်ခဲ့ပါသည်။

၁၄ သြဂုတ်လ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်အခြေစိုက် Uniengery ကုမ္ပဏီနှင့် ရှမ်းပြည်နယ်အစိုးရတို့ သည် ၂၅ မိကာဝပ်ထွက်ရှိမည့် နမ္မမြစ်ပေါ်ရေကာတာတည်ဆောက်ရာတွင် ဒေသခံများ ဆန့်ကျင်ကန့်ကွက် နေသော်ဌားလည်း လေ့လာစမ်းစစ်မှုများ ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ MOU လက်မှတ် ရေးထိုးခဲ့သည်။

၇ အောက်တိုဘာလတွင် ကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်မှ လားရှိုးမြို့တွင် ဒေသခံတစ်ဦးနှင့် တွေ့ဆုံခဲ့ ပြီး လာမည့်အောက်တိုဘာလ ၁၀ ရက်နေ့တွင် နမ္မမြစ်ပေါ်ရေကာတာတည်ဆောက်ရန်အတွက် ကုမ္ပဏီမှ ဒေသခံများနှင့် လာရောက်တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။ ၎င်းသည် ဒေသအတွင်းရှိ လက်နက် ကိုင်အဖွဲ့ကိုလည်းတွေ့ဆုံသွားမည်ဟု ပြောကြားခဲ့သေးသည်။

နမ္မကျေးရွာသူရွာသားများနှင့် ကျေးရွာအုပ်ချူပ်ရေးမှူးအတူ ကုမ္ပဏီမှ တွေ့ဆုံမည့်အစီအစဉ်များကို လုံး ဝ ငြင်းပယ်ခဲ့ပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူ ဦးစိုင်းပီး မှ “ကျွန်တော်တို့နဲ့လာမတွေ့ပါနဲ့၊ သင်တို့ကိုမကြိုဆိုဘူး၊ ဒေသခံတွေ အနေနဲ့လည်း သင်တို့ကိုမတွေ့ချင်သလို ဒီအကြောင်းနဲ့ပတ်သက်ပြီး မဆွေးနွေးချင်ဘူး၊ ကျွန်တော်တို့က ငြိမ်းချမ်းရေးကိုပဲအလိုရှိတာပါ ” ဟုပြောခဲ့သည်။

သီပေါမြို့ရှိ နမ့်ပေါင်မြစ်နှင့် နမ္မမြစ်တို့ ဆုံရာတွင်ရေကာတာဆောက်လုပ်ရန်အတွက် ကုမ္ပဏီသည် ဒေသ ခံများနှင့် တွေ့ဆုံရန် အကြိမ်ကြိမ်ချဉ်းကပ်ခဲ့သည်မှာ ၂၀၁၇ ခုနှစ် ကတည်းကပင်ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း ကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်မှ သီပေါမြို့နယ် ဆိုင်းလျန်ရွာရှိ ဒေသ ခံများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ခဲ့သေးသည်။ မည်သို့ပင်ဖြစ်စေ ဒေသခံများမှ ဆိုးကျိုးများကို ခံစားရရန် သာ ရှိသောကြောင့် မတွေ့ဆုံလိုကြောင်းနှင့် ရေကာတာကိုလုံးဝအလိုမရှိကြောင်း ကန့်ကွက်ငြင်းပယ် ခဲ့ သည်။

ထို့အပြင် ယင်းဒေသသည် ဗမာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား မကြာခဏ စစ်မက်ဖြစ်ပွားရာ ပဋ္ဋိပက္ခနယ်မြေအတွင်းတည်ရှိနေသည်။ ၂၀၁၆ ခုနှစ်တွင် ဗမာ့တပ်မတော်နှင့် ရှမ်း ပြည်တိုးတက်ရေးပါတီ / ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့သည် အပြင်းအထန် စစ်ပွဲဖြစ် ပွားခဲ့ ခြင်း ကြောင့် ဒေသခံပေါင်း ၁ဝဝဝကျော် နေရာပြောင်းရွေ့ခံရခြင်း၊ အသတ်ခံရခြင်း၊ ပျောက်ဆုံးခြင်း များကြုံ တွေ့ခဲ့ရသည်။

ဆက်သွယ်ရန်

စိုင်းဝီး                          +95 (0) 97 306 429

စိုင်းဆာလူ                    +95 (0) 427 251 315

စိုင်းသိန်းမြင့်                 +95 (0) 94 231 660 69

 

PDF Files:>>> Shan Burmese English

ထုတ်ပြန်ချက်