ရှမ်းပြည်မြောက်ပိုင်းရှိနမ္မတူမြစ်ပေါ်တည်ဆောက်မည့်ရေကာတာများကိုရပ်တန့်ရန်အတွက်ဒေသခံရွာသူရွာသား၄၀၀ကျော်စုဝေးတောင်းဆို

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှနောက်ဆုံးရသတင်း

မတ်လ ၂၂ ရက် ၂၀၁၇

ရှမ်းပြည်မြောက်ပိုင်းရှိနမ္မတူမြစ်ပေါ်တည်ဆောက်မည့်ရေကာတာများကိုရပ်တန့်ရန်အတွက်ဒေသခံရွာသူရွာသား၄၀၀ကျော်စုဝေးတောင်းဆို

မတ်လ၂၁ရက်နေ့ ၂၀၁၇ ခုနှစ်တွင်    ဒေသခံရွာသူရွာသားများအင်အား၄၀၀ကျော်စုဝေးပြီးရေအရင်းအမြစ်များကိုကာကွယ်ထိန်းသိမ်းရန်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းရှိနမ္မတူမြစ်ပေါ်တွင်တည်ဆောက်မည့်ရေကာတာများကိုရပ်တန့်ရန်တောင်းဆိုမှုနှင့်ဆုတောင်းမှုများပြုလုပ်ခဲ့သည်။

နံက်ပိုင်း ၉ နာရီအချိန်ကနေ၁၁နာရီထိတာတေရွာသူရွာသားများ၊တာလုံရွာသူရွာသားများနှင့်သီပေါမြို့တစ်ဝိုက်ရှိဒေသခံရွာသူရွာသားများအပါအဝင်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏အဖွဲ့ဝင်နှင့်ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) အဖွဲ့ဝင်တို့သည်သီပေါမြို့နယ်မြောက်ဘက်ရှိတာတေကျေးရွာ၏မြစ်ကမ်းပါးပေါ်တွင်စုဝေးပြီးအပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့ကိုအသိအမှတ်ပြုကျင်းပခဲ့သည်။

နမ္မတူမြစ်ကြောင်းတစ်လျောက်တွင်ရေကာတာလေးခုတည်ဆောက်ဖို့အတွက်စီစဉ်ထားခြင်းခံရ            မှုကလူမှုအဖွဲ့အစည်းများကိုတုန်လှုပ်စေခဲ့သည်။  သဘာဝမြစ်ချောင်းစီးဆင်းမှုသည်လည်း  ရေမြေအနေထားအလိုက်ပြောင်းလဲနိုင်သည်။ဒီမြစ်ချောင်းပေါ်တွင်အထက်ရဲရွာရေကာတာတစ်ခုတည်ဆောက်လျက်ရှိပြီးတရုတ်၊ဂျာမနီ၊ဆွစ်ဇလန်ကုမ္မဏီများကအရင်းအနှီးမြုပ်နှံထားသည်။ထိုမြစ်ကြောင်းတစ်လျောက်တွင်မကြာခဏစစ်ရေးပဋိပက္ခများဖြစ်ပွားသည့်နေရာလည်းဖြစ်သည်။

အထက်ရဲရွာရေကာတာသည်ဝမ်တာလုံကျေးရွာလုံးလုံးနှစ်မြှပ်နိုင်ပြီးထိုရွာတွင်လူဦးရေပေါင်း၆၅၀မှီတင်းနေထိုင်လျှက်ရှိသည်။ထိုနေရာသည်ရှေးဟောင်းသမိုင်းဝင်နေရာလည်းဖြစ်ပြီးစိုက်ပျိုးရန်အတွက်မြေသြဇာကောင်းသောနေရာလည်းဖြစ်သဖြင့်သားစဉ်မြေးဆက်အတွက်လက်ဆင့်ကမ်းအမွေဆက်ခံခဲ့သည့်နေရာလည်းဖြစ်ခဲ့သည်။

နမ္မတူမြစ်သည်ကျောက်ကြံ့ငလျင်ကြောတစ်လျောက်တွင်စီးဆင်းနေပြီး၁၉၁၂ခုနှစ်တွင်မြန်မာနိုင်ငံတွင်အကြီးမားဆုံးသောငလျင်ကြောနေရာဖြစ်သည်ဟုသမိုင်းရှိခဲ့သည်။ငလျင်ကြောသည်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်၊ကျောက်မဲခရိုင်ကိုုဖြတ်သည့်ငလျင်ကြောနေရာဖြစ်သည်။ထိုနေရာကို   မီဂါဝပ်၇၀၀ထွက်မည့်  အလယ်ရဲရွာရေကာတာအားနော်ဝေမှတည်ဆောက်ဖို့စီစဉ်လျက်ရှိသည်။

‘အစိုးရကဒေသခံပြည်သူလူထုများရဲ့အသံကိုနားထောင်သင့်တယ်။ဘာကြောင့်လဲဆိုတော့အစိုးရဟာပြည်သူတို့ရွေးချယ်တင်မြောက်လိုုက်တဲ့အစိုးရဖြစ်တယ်လေ။ဒေသခံပြည်သူလူထုများကန့်ကွက်နေတဲ့နမ္မတူမြစ်ချောင်းပေါ်မှာရေကာတာလုပ်ဆောင်ဖို့မပြုလုပ်သင့်ဘူး’ ဟုနန်းလောဝ်ခမ်းကပြောဆိုသည်။သူမသည်တာလုံကျေးရွာဒေသခံဖြစ်ပြီးရေထဲနှစ်မြှပ်မည့်ရွာတွင်နေထိုင်နေသူဖြစ်သည်။သူသည်ဤအခမ်းနားကိုစီစဉ်ကျင်းပသူတစ်ဦးလည်းဖြစ်သည်။

နမ္မတူမြစ်ကိုလွတ်လပ်စွာစီးဆင်းစေရေးဆုတောင်းပွဲအခမ်းအနားတွင်ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ပါတီအဖွဲ့ဝင်များက  ဒေသခံပြည်သူလူထုများဘက်တွင်ရပ်တည်ခဲ့သည်ဟုဆိုသည်။ ‘ကျတော်တို့ဟာပြည်သူလူထု၏ဆန္ဒသဘောထားဘက်မားမားရပ်တည်ပြီးကျွန်ုပ်တို့မြစ်ချောင်းကိုကာကွယ်သွားမယ်’ ဟုဒေသခံနိုင်ငံရေးပါတီအဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။

 

ဆက်သွယ်ရန်

စိုင်းထမ်းအိုက်  +၉၅ (ဝ) ၉၇၁၈-၇၉၉-၈၂

နန်းလောဝ်ခမ်း   +၉၅ (ဝ) ၉၂၆၂-၁၀၈-၀၆၂

 

PDF file >> Shan Burmese English 

ထုတ်ပြန်ချက်