ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံခြားရေးဝန်ကြီး
နေပြည်တော်
ရက်စွဲ ၂၆. ၅ . ၂၀၁၆
၃၀ ရက် မတ်ချ်လ ၂၀၁၆ တွင် ကျွနု်ပ်တို့ “နမ္မတူမြစ်ကိုကာကွယ်စို့” အစီရင်ခံ စာကိုထုတ်ဝေခဲ့သည်။ ထိုအစီရင်ခံစာတွင် နမ္မတူမြစ်(ခေါ်)မြစ်ငယ်မြစ် အပေါ် ရေကာတာ (၄) ေ နရာ တည် ဆောက်ရာတွင် တစ်ခုဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို ့နယ် ရှိ နော် ဝေးအစိုး ရပိုင် SN Power ကုမၸဏီ၏ အစီအစဉ် ဖြစ်သည် ့ အလယ်ရဲရွာရေအားလျှပ်စစ် (၇၀၀) မီကာဝပ် ထုတ်လု ပ်မှု ရှိ ရေကာတာ အတွက် စိုးရိမ်ပူပန်ကြောင်းဖေါ်ပြထားပါသည်။
အထက်ပါအစီရင်ခံစာကို ထုတ်ဝေပြီးနောက် SN Power ကုမၸဏီမှ ဇွန်လ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်သည့် pre–feasibility study ကို အကျဉ်းချုပ်ထားသော အထောက်အထားကို ကျွန်ုပ်တို့ရရှိထားသည်။ ယခင်လျှပ်စစ်ဓာတ်အားဝန်ကြီးဌာန နှင့် စာချုပ်ချုပ်ဆိုချက်အရ SN Power ကရေကာတာတည်ဆောက်ရန် feasibility study ဆက်လက်လုပ်ဆောင်နေသည်။
ထို pre–feasibility study ၏ ရလဒ် မှာ ရေဂာာတာတည်ဆောက်ရာတွင် ကြီးမားသည့်အဟန့်အတားများမရှိ ဟု ဖော်ပြထားသဖြင့် ကျွန်ုပ်တို့ လွန်စွာစိုးရိမ်နေပါသည်။ ကျွနု်ပ်တို့စိုးရိမ်ရသည့်ချက်များကို အောက်ပါအတိုင်းဖော်ပြလိုက်ပါသည် –
၁။ လေ့လာချက်အရ လက်ရိှဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခအပေါ် ဤစီမံကိန်ကမည်သို့ အကျိုးသက်ရောက်မှုရှ်ိမည်၊ ထို့အပြင် ယခုပဋိပက္ခ ဖြစ်နေမှုပေါ်တွင်မည်သို့သော အကြောင်း ဆက် စပ်မှု ရှိသည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါ။ ကျွနု်ပ်တို့ထုတ်ပြန်ထားသည့်အတိုင်း တိုင်းရင်း သား ပဋိပက္ခဖြစ်ပေါ်လာသည့် အဓိက အကြောင်းအရင်းက သဘာ၀သံယံဇာတ ကြောင့်ဖြစ်သည်။တိုင်းရင်း သား လက်နက်ကိုင်များနှင့် ပဋိပက္ခ ဖြစ်ရသည့် အကြောင်းရင်းမှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေထဲတွင် ပြည်ထောင်စုအစိုးရက သံယံဇာတအပေါ်ထိန်းချုပ် လွမ်းမိုးခြင်း၊ သံယံဇာတ ထုတ်ယူခြင်း ၏ စီမံကိန်း တစ်လျောက်မှာ ဗမာ့တပ်မတော် တပ်အင်အား အများအပြား ထပ်ဖြည့်နေတာကိုတွေ ့ရ သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲ ဟုန်းဟုန်းတောက်ဖြစ်နေချိန်တွင် pre-feasibility study ကောက်ယူနေချိန်လည်းဖြစ်သည်။ သို့သော်လူထုအများသိအောင် ထုတ်ဖော်ပြောဆို ရှင်းပြခြင်းမရှိ ခဲ့ပါ။ အထူးသဖြင့်မကြာသေးမီ က ကျောက်မဲမြို့နယ်(နောင်ချိုအရှေ ့ဘက်ခြမ်းရှိ) SSPP/SSA နဲ့ ဗမာတပ်မတော် စစ်ရေး တင်းမာမှုဖြစ်ပြီး အကြီးအကျယ် ထိုးစစ်ဆင်မှုဖြစ်ခဲ့သည်။ တိုက်ပွဲအတွင်း ဗမာ့တပ်မတော်သည် လေကြောင်းတိုက်ခိုက်ရေးဖြင့်ထိုးစစ်ဆင်သည်။ SSPP/SSA ၏ထိန်းချုပ်ထားသောနယ်မြေသည် ဆောက်လုပ်ဆဲ အထက်ရဲရွာ ရေကာတာ ၏ မြောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဤကိစ္စကို ချန်လှပ်ခြင်းသည် ခွင့်လွှတ်နိုင်စရာ မရှိပေ။ စစ်ပွဲများကို အလေးအနက်မထားခြင်းအတွက် ကျွန်တော်တို့စိတ်ပူပင်မှုဖြစ်စေပါသည်။ ထို့အပြင် SN Power သည် နော်ဝေးအစိုးရ ၏ ကုမ္မဏီ ဖြစ်ပြီး နော်ဝေးအစိုးရက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို အထောက်ပံ့ပေးနေသော ဦးဆောင်နိုင်ငံ လည်းဖြစ်သည်။
၂။ သဘာ၀ပတ်ဝန်းကျင််နှင့် လူမှုအသိုင်းဝိုင်း ထိခိုက်မှုကိုအစပြု လေ့လာရာတွင် အလယ်ရဲရွာေ ရ ကာတာဆောက်မည့် ဧရာယာ၏အနီးဝန်းကျင် ရေလွှမ်းမည့်ဧရိယာခန့်သာ လေ့လာပြီး မြစ်ကြောင်းတစ်လျောက်အပေါ် တည်ဆောက်မည့် ရေကာတာ (၅) ခုကြောင့် ဖြစ်ပေါ်လာမည့် သဘာ၀ပတ်ဝန်းကျင် နှင့် ဒေသခံလူထု အပေါ် ထိခိုက် မှုကို မဖေါ်ပြထားပေ။ သူတို့က “သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အဓိက အကြောင်းအချက် အားလုံးတို့၏ အခြေခံ စစ်တမ်း ကောက်ယူပြီးဖြစ်သည် ”ဟု ဆိုသည်မှာ မဟုတ်မှ န် ပေ၊ သူတို့က “ဤမြစ်ကြောင်းနှင့် ရေလွှမ်းမည့် ဧရိယာတို့မှာ လူထုတို့၏ အစာရိက္ခာ ရရာ အဓိက မကျ”ဟု ဆိုထား သည်မှာ လုံး၀ မှားယွင်းပါသည်။
၃။ “ဒေသခံများနှင့် ၄င်းတို့တွေ့ဆုံရာတွင် စီးပွားရေး လူမှုရေး အကြောင်းများသာမေးပြီး ဒေသခံများ၏သဘောထားကိုရယူသည်ဟုသော်လည်းကောင်း ကုမၸဏီရှင်းပြချက်ကြောင့် ဒေသခံများသဘောတွေ့ကြသည်” ဟုဆို ထားပါသည့် ၄င်းတို့၏လေ့လာကွင်းဆင်းမှုအစီရင်ခံစာတွင်း ဖေါ်ပြထားချက်ကို ကျွန်တော်တို့ နမ့်တူမြစ်ချောင်း တလျှောက်နေ ဒေသခံများက ကန့်ကွက်ပါသည်။
ရေကာတာဆောက်မည့် အနီးတစ်ဝိုက်တွင်နေထိုင်လျက်ရှိသည့် ဒေသခံ တစ်ချို့ကို ကျွန်တော်တို့မေးမြန်းချက်အရ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ ကုမၸဏီအဖွဲ့က ဆိုးကျိုးအကြောင်းကိုလာရောက် ဆွေးနွေးခဲ့ ခြင်း မရှိခဲ့ပါ။ သူတို့ ပြောတာက ရေကတာတည်ဆောက်ဖို့အစီအစဉ်ရှိတာကိုဘဲပြောဆိုခဲ့တာပါ ကျွန်တော်တို့ရဲ့ စားဝတ်နေရေးအကြောင်းကို မေးခဲ့တယ်။ ရေကာတာတည်ဆောက်ခြင်းရဲ့ ဆိုးကျိုးအကြောင်းကိုသူတို့ပြောပြခြင်းမရှိတဲ့အပြင် ဆွေးနွေးခြင်းလည်း မရှိခဲ့ဘူးလို့” ဒေသခံဖြေကြားခဲ့ပါသည်။ ဤသို့ဆိုလျှင် ဒေသခံများ ရေကာတာတည်ဆောက်ခြင်းအပေါ် သဘောတွေ့သည် ဆိုသည်မှာ မဖြစ်နိုင်ချေ။
၄။ ကုမၸဏီ၏လေ့လာဖေါ်ပြထားသည့် စာအတွငး်တွင် ဤရေကာတာ တည်ဆောက်မည့်ေ နရာသည် ဘူမိ ဗေ ဒအရ အနှောက်အယှက် မရှိ၊ ငလျှင်အန္တရာယ်အကြောင်းလုံး၀ မဖေါ်ပြထားပေ။၊ ဤရေကာတာတည်ဆောက်သည့် နေရာသည် ကျောက်ကြံ ပြတ်ရွေ့ကြောရှိသည့်နေရာဖြစ်သည်။ ထိုကြောပေါ်တွင် မြန်မာ့သမိုင်းအရ ၁၉၁၂ တွင် အပြင်းထန်ဆုံးငလျင်လုပ်ခဲ့သည်။
SN Power ကအထက်ပါအချက်များကို ထိန်ချန်ထားခြင်း၊ အကြောင်းအကျိုး မဆီလျှော်စွာ တင်ပြနေခြင်း မှာ များ စွာ စိုးရိမ်ပူပန်စရာဖြစ်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် လူထောင်ပေါင်းများစွာ မှီခိုနေ ရသော၊ ကျွနု်ပ်တို့ချစ်မြတ် နိုးသော နမ္မတူမြစ်(ဝါ)မြစ်ငယ်မြစ် ကံကြမ္မာကို နော်ဝေးကုမၸဏီ၏ လက်အတွင်း သို့မ ကျရောက် စေသင့်ပါ။
အထက်ပါအချက်များကြောင့်ကျွန်တော်တို့ဆက်လက်တောင်းဆိုချင်သည်မှာ –
– အထက်ရဲရွာ ရေကာတာ အပါအဝင်၊ တည်ဆောက်နေသည့် နမ္မတူမြစ်ပေါ်မှ ရေကာတာများနှင့် တည်ဆောက်ရန် စီစဉ်ထားသည့် ရေကာတာ များအားလုံးချက်ချင်းရပ်ဆိုင်းထားရန်။
– အနာဂါတ်တွင်နမ္မတူမြစ်ပေါ်ရေကာတာတည်ဆောက်ရန်စီစဉ်ရာတွင်ပွင့်လင်းမြင်သာပြီး မြစ်ကြောင်းတလျှောက်ထိခိုက်မည့် ရေအောင်းဒေသအားလုံးကိုကြိုတင် လေ့လာရမည်။
– အနာဂါတ်တွင် နမ္မတူမြစ်တလျှောက် မည်သည့်ရေကာတာစီမံကိန်း များကိုမဆိုစီစဉ်မည်ဆိုပါက သက်ရောက်မှု ခံစားရမည့် ဒေသခံပြည်သူများအား ကြိုတင်အသိပေးခြင်း၊ လွတ်လပ်သည့် သဘောတူညီချက် ဦးစွာရယူရမည်။
– တိုင်းရင်းသားဒေသအတွင်းဖြစ်ပေါ်နေသည့်ပဋိပက္ခများအားစေ့စပ်ဆွေးနွေးပြီးဖက်ဒရယ်စံနစ်ပေါ်ထွန်းကာ စစ်မှန်သည့်ငြိမ်းချမ်းရေး၊ သဘာ၀သံယံဇာတများအား ဗဟိုမှ ချုပ်ကိုင်ခြင်းမှရပ်တန့်၍ ပြည်သူလူထုကို ထိခိုက်စေမည့် နမ္မတူရေကာတာများ ပြန်လည်သုံးသပ်ပြီး လူထုအားပွင့်လင်းစွာ ရှင်းလင်းချပြရန်။
လေးစားစွာဖြင့်
ရှမ်းတောင်သူလယ်သမားကွန်ယက်
ထမ်းအိုက် + ၉၅ (၀) ၉၄-၅၃၁၃-၂၇၅၅
ရှမ်းလူ့ အခွင့်အရေး မဏ္ဏိုင်
စိုင်းခွန်းမိုင် + ၆၆ (၀) ၉၄-၆၃၈-၆၇၅၉
ရှမ်းသဘာဝပတ်ဝန်းကျင်+ ထိန်းသိမ်းရေးအဖွဲ့
စိုင်းခေးဆိုင် + ၆၆ (၀) ၈၁-၆၇၂-၂၀၃၁
မိတ္တူကို
– လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်)
– ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် / SNLD (ဗဟို)
– လက်ခံ
PDF File >>>