နမ္မတူမြစ်ပေါ်တည်ဆောက်မည့် ရေကာတာများ ရပ်တန့်ရန် အစီရင်ခံစာသစ် ထုတ်ပြန်
March 30, 2016
အထက်ရဲရွာရေကာတာ နှင့် နမ္မတူမြစ်ပေါ်တည်ဆောက်မည့် အခြားသောရေကာတာများ ရပ်တန့်ရန် အစီရင်ခံစာသစ် ထုတ်ပြန်လိုက်ပါသည်။
ဒီကနေ့ ရှမ်းအဖွဲ့အစည်းများက အစီရင်ခံစာသစ် ထုတ်ပြန်ရခြင်းအကြောင်းရင်းမှာ နမ္မတူမြစ်ပေါ် တည်ဆောက်နေသည့် အထက်ရဲရွာရေကာတာ နှင့်အခြားသော ရေအားလျှပ်စစ်စီမံကိန်းများအားရပ်ရန် တောင်းဆိုုလိုက်ပါသည်။ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်း၊ သဘာဝလူနေမှုပတ်ဝန်းကျင် အသိုင်း အဝိုင်းများကိုပျက်စီးစေခြင်းနှင့် ရွာသူ၊ရွာသားတို့ သဘောတူညီမှု မရှိခြင်းကြောင့်ဖြစ်သည်။
ဤ အစီရင်ခံစာသည် နမ္မတူ (သို့မဟုတ်) မြစ်ငယ် ပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်း (၄) ခုအပေါ် ပွင့်လင်းမြင်သာမှုမရှိပါ။ရဲရွာရေကာတာနှင့် အတူ ရေကာတာသစ် (၄) တို့တည်မည့် ဤမြစ်သည် လူအများတို့ မှီခိုအားထားသောမြစ်ဖြစ်ပြီး ရှမ်းပြည်နယ်၏နံမည်ကြီးသောမြစ်ဖြစ်သည်။ရေကာထာတို့က ထိုမြစ်၏တစ်ဝက် လောက်ကိုပိတ်မည်ဖြစ်သဖြင့် ဂေဟစနစ် ဖြစ်သော သက်ရှိသတ္တဝါ၊ သစ်ဥသစ်မြစ် ဆေးဖက်ဝင် အပင်တို့နှင့် ထောင်ပေါင်းများစွာသော ပြည်သူလူထုတို့ ၏ ဘ၀ရပ်တည်ရေးကိုထိိခိုက်မည်ဖြစ်သည်။
အထက်ရဲရွာရေကာတည်ဆောက်ရာတွင် ပါဝင်သည့် နိုင်ငံများမှာ တရုတ်၊ ဆွစ်ဇလန်၊ ဂျာမနီ နှင့် ဂျပန် ကုမၸဏီများ ပါဝင်ပြီး ၎င်းရေကာတာသည်ဆောက်လုပ်ဆဲဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင်ပြီးစီးရန် စီစဉ်ထားသည်။
ဆောက်လုပ်ဆဲအထက်ရဲရွာ ရေကာတာသည် နောင်ချိုမြို့နယ် တွင်ရှိပြီး တည်ဆောက်မည့် ရေလှောင်ကန်မှာ (၆၀)ကီလိုမီတာကျယ်ဝန်းသည်။ ရှမ်းရွာကြီး ဖြစ်သော တာလုံရွာသည် လူဦးရေ ၅၀၀ ခန့်နေထိုင်ပြီး နာမည်ကြီး သည့် သဘာဝ လိမေ္မာ်စိုက်ခင်း တို့သည်ရေအောက်လုံး၀မြုပ်သွားမည်ဖြစ်ပြီး သီပေါမြို့ ၏တစ်စိတ်တပိုင်းတို့မှာလည်း ရေအောက်မြှပ်သွားနိုင်သည်။ရေကာတာ အမြင့်ပေသည် (၁၀၂) မီတာမြင့်ပြီး ရေအားလျှပ်စစ် (၃၀၈) မီကာဝပ်အထိထုတ်မည်ဖြစ်သည်။
ရေကာတာ မတည်ဆောက်မှီခင်ကတည်းက တာလုံရွာသားတို့အား အကြောင်းကြားခြင်း မရှိသည့်ပြင် ညိှနှိုင်းတိုင်ပင်မှုများမရှိခဲ့ပေ။ တာလုံ ရွာသူ၊သားများလည်း ပြောင်းရွှေ့ခြင်းကို မလိုလား ကြပေ။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် တာလုံ ရွာသူ၊ရွာသားများမှ ရေကာတာကြောင့်ရွှေ့ပြောင် းကြရမည်ကို ဆန့်ကျင်ကန့် ကွက် သည့်လက်မှတ်ရေးထိုးသည့် စာရွက်မှတ်တမ်း ကို ရှမ်းတို်င်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်စိုင်းခမ်းအောင် အား ပေးခါ မရွှေ့ပြောင်းရေး အတွက် ကူညီရန် တောင်းစာပေး ပို့ခဲ့သည်။
စိုးရိမ်ပူပန်စရာကောင်းသည်မှာနမ္မတူမြစ်ပေါ်ပိုင်းတွင်သတ္တုတူးဖော်မှုကြောင့် နမ္မတူမြစ် ပေါ်တည်ဆောက်မည့် ရေကာတာ တို့မှာ ကန်ထဲရှိရေကို ပိုညစ်ညမ်းစေခြင်း၊ ရေအတက်၊အကျကို ခန့်မှန်းရခက်စေခြင်းနှင့် ရေကာ တာများသည်လည်း ကျိုးပဲ့ပျက်စီးနိုင်သည်။ကျောက်ကြံ့ ငလျှင်လှိုင်းဗဟိုသည် နမ္မတူမြစ််ပေါ်ကျော် ဖြတ်လျှက်ရှိသည်။ထိုနေရာတွင် ၁၉၁၂ ခုနှစ်က ရိတ်တာစကေး ၈ ခန့်ရိှသည် မြန််မာ့သမိုင်းတွင်အကြီး မားဆုံးငလျှင်လှုပ်ဖူးသည်။ အလယ်ရဲရွာရေကာတာသည် ၎င်းငလျှင်လှိုင်းပေါ်တည်ရှိရာ နောင်ချိုမြို့ နယ်တွင်တည်ရှိပြီး နော်ဝေးနိုင်ငံပိုင် SN Power မှစီမံကိန်းဖြစ်သည်။
ရေကာတာ တည်ဆောက်မှုစီမံကိန်းတည်ရှိရာနေရာသည် ပဋိပက္ခ ဖြစ်ရာဧရိယာဖြစ်ပြီး တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရန် ၊အပြင် သဘာဝသံယံဇာတ ကိုထိန်းသိမ်းကာကွယ်ရန်တိုက်ခိုက်နေ ကြခြင်း ဖြစ်သည်။
“နေပြည်တော်သည် ပဋိပက္ခဖြစ်ရာဇုန်ဒေသတွင် ရေကာတာတည်ဆောက်မှုကိုပိုမိုိ လုပ်ဆောင်လျှက် တိုင်းရင်း သားများ၏လူနေမှုပတ်ဝန်းကျင်ကိုဆန့်ကျင်ဖျက်ဆီးနေသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်ရယ်ပြုခြင်း လည်းဖြစ်သည်။”ဟု ရှမ်းသဘာဝအဖွဲ့မှ စိုင်းခေးဆိုင် ကပြောသည်။”အကယ်၍သာ အစိုးရသစ်ဖြစ်သော အန်အယ်ဒီ NLD က ငြိမ်းချမ်းရေးကိုလိုလားပါက ပဋိပက္ခ ဇုန်အတွင်း ကျနေသော နမ္မတူမြစ်ပေါ်တည် ဆောက်မည့်ရေကာတာများနှင့် အခြားမြစ်များပေါ်တွင်တည်ဆောက်မည့် ရေကာတာများအားလုံးရပ်တန့် ရန်ဖြစ်သည်။”
ငွေကြေးထောက်ပံ့သော ဆွစ်ဇလန်၊နော်ဝေး တို့မှာ ငြိမ်းချမ်းရေးလမ်းစဉ်ကိုပံ့ပိုးနေသယောင်ဖြင့် နေပြည်တော် နှင့်ပူးပေါင်းပြီး တိုင်းရင်းသားနယ်မြေတွင်းမှ သဘာဝသံယံဇာတ များကို အကျိုးအမြတ်ရရန်ပူးတွဲလုပ်ကိုင် နေခြင်းသာဖြစ်သည်။
အစီရင်စာ PDF ဖိုင်ရယူရန်
သတင်းစာရှင်းလင်းချက် PDF ဖိုင်ရယူရန်
ဆက်သွယ်ရန်
နန်းလောင်(ဝ်)ခမ်း (တာလုံ) +၉၅ (၀) ၉-၂၆၂-၁၀၈-၀၆၂ (ဗမာ၊ ရှမ်း)
စိုင်းခမ်းမြတ် (ရှမ်းလယ်သမား) +၉၅ (၀) ၉-၉၆၁-၈၀၄-၇၆၇ (ဗမာ၊ ရှမ်း)
စိုင်းခေးဆိုင် (ရှမ်းသဘာ၀) +၆၆ (၀) ၈၁-၆၇၂-၂၀၃၁ (ဗမာ၊ အင်္ဂလိပ်၊ ထိုင်း)
စိုင်းဟော်ရှဲန် (ရှမ်းလူ့အခွင့်ရေး) +၆၆ (၀) ၆၂-၉၄၁-၉၆၀၀ (အင်္ဂလိပ်၊ ရှမ်း)