မိုင်းဆတ်မြို့နယ်အရှေ့ဘက်ခြမ်း၌မြန်မာအစိုးရစစ်တပ်မှစစ်အင်အားဖြည့်တင်းမှု ကြောင့်၎င်းဒေသအနီးရှိ စစ်ဘေးရှောင်ဒုက္ခသည် များ စိုးရိမ်ထိတ်လန့်နေကြရ

မိုင်းဆတ်မြို့နယ်အရှေ့ဘက်ခြမ်း၌မြန်မာအစိုးရစစ်တပ်မှစစ်အင်အားဖြည့်တင်းမှု ကြောင့်၎င်းဒေသအနီးရှိ စစ်ဘေးရှောင်ဒုက္ခသည် များ စိုးရိမ်ထိတ်လန့်နေကြရ

၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်

၂၀၂ဝ ခုနှစ် ဇွန်လအတွင်း မိုင်းဆတ်မြို့နယ်အရှေ့ဘက်ခြမ်း၊ မြန်မာ-ထိုင်းနယ်စပ် လွိုင်ကော်ဝမ်း စစ်ဘေးရှောင် ဒုက္ခသည် စခန်း အနီးရှိကြသော ၎င်းတို့ ၏တပ်စခန်းများသို့မြန်မာအစိုးရစစ်တပ်မှ စစ်အင် အား(၈၀၀)ကျော်ဖြင့် ထပ်မံဖြည့်တင်းသောကြောင့် COVID-19 ကပ်ရောဂါကာလ နှစ်နိုင်ငံအကြားနယ်စပ် ပေါက်ဂိတ်များပိတ်ထားနေရချိ န်တွင် နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းေရှာင် နေကြ ရသောစစ်ဘေးရှောင်ဒုက္ခ သည်(၂,၅၀၀) ကျော်တို့အတွက် ပိုမို၍အခက်အခဲ များကြုံနေကြရပြီး စိုးရိမ်ထိတ်လန့်နေ ကြရ သည်။

၎င်းမြန်မာအစိုးရစစ်တပ်များသည် သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ မိုင်းဖြတ်၊ တာလေ နှင့်တာချီလိတ် အခြေစိုက်တပ်များမှ မော်တော်ယာဉ်များ ဖြင့်လည်းကောင်း၊ ခြေကျင်များဖြင့် လည်းကောင်းဝင်ရောက် အင်အားဖြည့်တင်းလာ ခဲ့ကြ ခြင်းဖြစ်သည်။

ဤကဲ့သို့စစ်ရေးအရနယ်မြေစိုးမိုးရေးလုပ်ဆောင်ခြင်းဖြင့် မြန်မာအစိုးရစစ်တပ်နှင့် RCSS/SSA အကြား လည်းစစ်ရေး ပိုမို တင်းမာ နေကြပြီး၊ လွန်ခဲ့သောလအနည်းငယ်အတွင်းသျှမ်းပြည်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင်မြန်မာနှင့် RCSS/SSA အကြားတိုက် ပွဲ များဖြစ်ပွားခဲ့ကြသည်။

မြန်မာအစိုးရစစ်တပ်မှဤကဲ့သို့စစ်အင်အားဖြည့်တင်းခြင်းသည် နေပြည်တော်အစိုးရ၏ စီးပွားရေးအတွက် တူးဖော်ခွင့် ပေးထားသော၊ သျှမ်းပြည်အရှေ့ပိုင်း၌ရင်းနှီး မြုပ်နှံထားသော တရုတ်-ဩစတေးလျရွှေတူး ဖော်ရေးကုမ္ဗဏီနှင့် မိုင်းခုတ်ကျောက်မီးသွေးတူးဖော်ရေး သဟာကွန်း SQ ထိုင်းကုမ္ဗဏီတို့၏ လုံခြုံရေးတို့နှင့်လည်းဆက်စပ်နေပါသည်။ အဆိုပါမိုင်းဆတ်မြို့နယ်အရှေ့ဘက်ခြမ်းသည် မြန်မာ အစိုးရစစ်တပ်မှတပ်အင်အားဖြည့်တင်း ထားသောရှေ့တန်းစစ်မျက် နှာတစ်ခုဖြစ်ပြီး ၎င်း၏ကွပ်ကဲမှုအောက် ရှိဒေသတွင်းပြည်သူ့စစ် တပ်ဖွဲ့များနှင့် UWSA တပ်တို့လည်းရှိနေပါသည်။

မူးယစ်တိုက်ဖျက်ရေးအကြောင်းပြစစ်အင်အားဖြည့်တင်းခြင်းမြန်မာအစိုးရစစ်တပ်သည်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်းပြချက်ဖြင့် မိုင်းဆတ်မြို့နယ်အတွင်းသို့စစ်အင်အားဖြည့်တင်းနေပါသည်။ ၂၀၂ဝခု နှစ် ဇွန်လ (၁၈)ရက်နေ့ကမြန်မာစစ်တပ်သည် မူးယစ်ဆေးဝါးထုတ်လုပ်သည်ဟုနာမည်ပျက်စာရင်းဝင်သော ဘိုနားကိုပြည် သူ့စစ် တပ်ဖွဲ့စခန်း အနီး၌ အိတ်ကြီး (၂)လုံးဖြင့် သိုဝှက်ထားသော ကာလတန်ဖိုးအမေရိကန်ဒေါ်လာ (၃၇၀,၀၀၀) ရှိမူးယစ်ဆေးဝါးများသိမ်းဆည်းရမိ သည်ဟုသတင်းထုတ်ပြန်ခဲ့သည်။ သို့ရာ တွင်၎င်းဒေသခံ တို့အနေဖြင့် သံသယပွားစေသော မြန်မာအစိုးရစစ်တပ်မှဖမ်းဆီးရမိ သော မူးယစ်ဆေးဝါးများသည် အိတ်ကြီး(၂)လုံးဖြင့်တဲအိုပျက်တစ် ခုအတွင်း ရှာဖွေ တွေ့ရှိခဲ့သည်ဟုဖော်ပြထားသော်လည်း၎င်းမူးယစ်ဆေး ဝါးများ၏ ပိုင် ရှင်ကိုမူဖမ်းဆီး နိုင်ခြင်းမရှိသောကြောင့်ပင်ဖြစ်သည်။

Infographics:Shan Burmese English Thai

ထုတ်ပြန်ချက်