ဒေသခံရှမ်းတိုင်းရင်းသားများက Engie ရဲ့ အထက်ရဲရွာရေကာတာမှ နုတ်ထွက်ခြင်းကို ကြိုဆိုပြီး အခြားသောကုမ္ပဏီများလည်း ၎င်းကဲ့သို့ နုတ်ထွက်ဖို့လည်း တိုက်တွန်း

ရှမ်းပြည်နယ်မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ယက်မှ သတင်းထုတ်ပြန်ချက်

ဖေဖော်ဝါရီလ ၁၁ ရက် ၊ ၂၀၁၉ ခုနှစ်

ဒေသခံရှမ်းတိုင်းရင်းသားများက Engie ရဲ့ အထက်ရဲရွာရေကာတာမှ နုတ်ထွက်ခြင်းကို ကြိုဆိုပြီး အခြားသောကုမ္ပဏီများလည်း ၎င်းကဲ့သို့ နုတ်ထွက်ဖို့လည်း တိုက်တွန်း

အထက်ရဲရွာရေကာတာစီမံကိန်းမှ ပြင်သစ်ကုမ္ပဏီ Engie ရဲ့ နုတ်ထွက်လိုက်ခြင်းကို ရှမ်းပြည် နယ်မြောက်ပိုင်းဒေသခံအသိုင်းအဝိုင်းများက လှိုက်လှဲစွာဝမ်းမြောက်ဝမ်းသာကြိုဆိုပါ ခဲ့ကြောင်းနှင့် နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်ပေါ်ရှိ ရေကာတာများတွင် ပါဝင်ပတ်သက်နေတဲ့ အခြားသော နိုင်ငံခြားကုမ္ပဏီများအားလုံးကို လည်း၎င်းကဲ့သို့နည်းတူနုတ်ထွက်ဖို့လည်း တိုက်တွန်းထားကြောင်း သိရပါသည်။

အထက်ရဲရွာရေကာတာစီမံကိန်းတွင် မကြာသေးမီက ပါဝင်ပတ်သက်ခဲ့တဲ့ ဂျာမနီ Lahmeyer ကုမ္ပဏီက ၎င်းတို့ရဲ့ထောက်ခံမှုဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးချိုးဖောက်မှုနှင့်ဆက် စပ်နေသော BCUK ရဲ့ နာမည်ပျက်တဲ့ကုမ္ပဏီစာရင်း (Dirty List)မှ ပယ်ဖျက်ပေးရန် တောင်း ဆိုခဲ့ကြောင်း 2019 ဇန်နဝါရီလ 21 ရက်နေ့က Burma Campaign UK လက်ခံရရှိသော Engie ကုမ္ပဏီမှ စာတစ်စောင်တွင် ဖော်ပြထားကြောင်းသိရပါသည်။

Engie အနေနဲ့ နုတ်ထွက်ခြင်းအတွက် အကြောင်းပြချက် မပေးခဲ့ပါ။ သို့သော် ၎င်းတို့ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးရိမ်ဖွယ်ရှိပါသည်။ အထက်ရဲရွာရေကာတာစီမံကိန်းကို ဒေသခံဆန္ဒပြဆန့်ကျင် ကန့် ကွက်တဲ့သတင်းလည်း မကြာခဏ ထွက်ရှိနေကြောင်းနှင့် ၎င်းဧရိယာဒေသပတ်လည်တွင်လည်း စစ်ရေးပဋိပက္ခ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်သည်။ ရေကာတာရဲ့ကြံ့ခိုင်မှု အ တွက်လည်း စိုးရိမ်ဖွယ်ရှိနေပြီး အဆိုပါ ရေကာတာလုပ်ငန်းခွင်တွင် မြေပြိုမှုများလည်း ရှိခဲ့ပါ သည်။

“ဒါဟာ ကျွန်မတို့အတွက် ကောင်းတဲ့အောင်မြင်မှုတစ်ခုပဲ”ဟု ရေလွှမ်းမည့် တာလုံရွာမှ နေ ထိုင်သူ နန်းလောဝ်ခမ်းက ပြောပါသည်။ “နမ္မတူမြစ်ပေါ်မှာ ရှိသမျှရေကာတာအားလုံးမှ ကုမ္ပဏီ များအား Engieလို နုတ်ထွက်ပေးဖို့ ကျွန်မတို့တိုက်တွန်းပါတယ်” ဟု ၎င်းက ဆက်ပြောပါသည်။

လွန်ခဲ့တဲ့ 2018 ဒီဇင်ဘာလ 5 ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ် ပြီးတဲ့နောက် အကျိုးသက်ရောက်မှုခံစားနေရသော ရွာသားများက ရန်ကုန်မြို့ရှိ တရုတ်၊ ဂျပန်၊ EU၊ နော်ဝေး၊ ဂျာမနီနှင့် ဆွဇ်ဆလန်တို့ဖြစ်ကြတဲ့ နိုင်ငံခြားသံရုံးများသို့ ရေကာတာများ ရပ် တန့်ရန် တောင်းဆိုစာ တစ်စောင်ပေးပို့ခဲ့ကြောင်း၊ ၎င်းတောင်းဆိုစာတွင် နမ္မတူမြစ်ပေါ် ရေကာ တာစီမံကိန်း(၄)ခု၌ ပါဝင်ပတ်သက်နေတာကို ရပ်တန့်ရန် တောင်းဆိုခြင်းဖြစ်ပါသည်။ တရုတ် သံရုံးမှ လွဲ၍ အခြားသောသံရုံးများအားလုံးက ၎င်းတောင်းဆိုစာကို လက်ခံခဲ့ကြပါသည်။

“Engie နုတ်ထွက်တာကို ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု သီပေါက ကျားခေါင်းပါတီ SNLDရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က ပြောပါသည်။ “ရေကာတာဟာ ဒေသခံပြည်သူတွေ ရဲ့ အခွင့်အရေးကို ချိုးဖောက်နေတယ် ပြီးတော့ ပဋိပက္ခကို တိုးပွားစေတယ်” ဟု ၎င်းက ဆက် ပြောပါသည်။

2018 စက်တင်ဘာလတွင် နေပြည်တော်အောက်လွှတ်တော်၌ အထက်ရဲရွာရေကာတာအတွက် ဘတ်ဂျက်ငွေခွဲဝေသတ်မှတ်ပေးခြင်းကို စိုင်းသန့်ဇင်က ကန့်ကွက်ခဲ့သော်လည်း 28မဲကို 501 မဲဖြင့် ဘတ်ဂျက်ငွေကို မဲခွဲအတည်ပြုနိုင်ခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက်ငြင်းခုန်နေစဉ်အတွင်း ဒုဥက္ကဌ စွမ်းအင်ဝန်ကြီး ဦးထွန်းနိုင်က အဆိုပါရေကာတာစီမံကိန်းတွင် ၎င်းတည်ငြိမ်မှုအတွက် ယုံကြည်မှု ထက်သန်ဖို့ရန် ပါဝင်ပတ်သက်နေသော ဥရောပကုမ္ပဏီများရဲ့ နာမည်စာရင်းများ သွင်းခဲ့ပြီးဖြစ်ပါသည်။ သို့သော် ရာနှင့်ချီသေစေပြီး ထောင်နှင့်ချီအိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သော 2018 ခုနှစ် ဇူလှိုင်လက လာအိုနိုင်ငံတွင် ပြိုကျပျက်စီးခဲ့သော Xe-Pian Xe-Namnoy ရေကာတာ အ တွက် အတိုင်ပင်ခံ အင်ဂျင်နီယာမှ Engie/Tractabel သို့ Lahmeyer ရဲ့ အချိတ်အဆက်များကို ဖော်ပြရန်ပျက်ကွက်ခဲ့သည်။

အထက်ရဲရွာရေကာတာတွင် ပါဝင်ပတ်သက်နေဆဲဖြစ်သော နိုင်ငံခြားကုမ္ပဏီများမှာ ဆွဇ်ဇာ လန်ရဲ့ Stucky SA၊ ပြင်သစ်ရဲ့ IPGRB၊ တရုတ်ရဲ့ Yunnam Machinery Import and Export Co. Ltd.,၊ နှင့် Zhenjiang Orient Engineering၊ နှင့် ဂျပန်ရဲ့ Toshiba နှင့် High Tech Concrete Technology Co Ltdတို့ဖြစ်ကြသည်။

ဆက်သွယ်ရန်

နန်းလောဝ်ခမ်း                      ၀၉ ၂၆၁၂၁၀၈၀၆၂

နန်းစမ်းစမ်းအေး                   ၀၉ ၇၈၄၂၉၁၂၉၉

စိုင်းထမ်းအိုက်                        ၀၉ ၄၅၃၁၃၂၇၅၅

စိုင်းဟော်ရှဲန်                          ၀၆၂-၉၄၁-၉၆၀၀

PDF Files: >>> Shan Burmese English

ထုတ်ပြန်ချက်